အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, October 18, 2019
"တန်ဖိုးရှိသော အသက်ကြီးခြင်း" ~~~~~~~~~~~~~~~~ မိမိကိုယ်ကို တကယ်ကြည်ညိုအောင် နေလိုသူများသည် နံသာဖြူပင်လို ကျင့်ရမည်။ နံ့သာဖြူပင်သည် အသက်ကြီးလာလေလေ ပိုပြီး မွှေးလာလေ , ပိုပြီး အနှစ်ပြည့်လာလေ ဖြစ်၏။ တဖန် ထို့ထက်ပို၍ အသက်ကြီးလာလေ ထို့ထက်ပို၍ မွှေးလာလေ , အနှစ်ပြည့်လာလေ ပင် ဖြစ်၏။ နံ့သာဖြူပင်သည် နာပြီး သေရသောအချိန်တွင် အနှစ်အပြည့်ဆုံး , အမွှေးဆုံးပင် ဖြစ်၏။ ထို့အတူ . . . လူဖြစ်စေ , ရဟန်းဖြစ်စေ အသက်ကြီးလာသည်နှင့်အမျှ သီလ , သမာဓိ , ပညာ ဟူသော အနှစ်များ ပိုပြည့်လာသင့်၏။ အသက်ကြီးလာပြီး သီလ , သမာဓိ , ပညာ . . ဟူသော သိက္ခာသုံးပါး တိုးတက်မလာလျှင် ထိုသူ၏ အသက်ကြီးခြင်းသည် တန်ဖိုးမရှိ။ သေမလို့ ကြီးခြင်းသာ ဖြစ်၏။ နံ့သာဖြူလို ဖြစ်အောင် ကြိုးစားမည်ဆိုလျှင် တစ်ယောက်တည်း တည့်အောင် နေသင့်၏။ တစ်ယောက်တည်း နေသော်လည်း လောဘအာရုံ , ဒေါသအာရုံများနှင့် နေသူသည် တစ်ယောက်တည်းနဲ့ ရန်သူ ဖြစ်နေသူဟု ဆိုအပ်သည်။ တစ်ယောက်တည်း တည့်အောင် မနေသူဟု ဆိုအပ်သည်။ တစ်ယောက်တည်း တည့်အောင် နေလိုလျှင် စိတ်ကို ဘာဝနာတစ်ခုခု အမြဲပွား၍ ရှင်းသန့် နေအောင် ထားရမည်။ တွေးတောလျှင်လည်း လိုချင်စရာများ , သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို မတွေးရ။ ပေးကမ်းဖို့ , သူတပါးအကျိုးဆောင်ဖို့ အကြောင်းအရာများကိုသာ တွေးရ၏။ " မေတ္တာရှင် ရွှေပြည်သာ " Credit - ဓမ္မနှစ်သက်သူ။ #nanghtwephyu " တန္ဖိုးရွိေသာ အသက္ႀကီးျခင္း" ~~~~~~~~~~~~~~~~ မိမိကိုယ္ကို တကယ္ၾကည္ညိုေအာင္ ေနလိုသူမ်ားသည္ နံသာျဖဴပင္လို က်င့္ရမည္။ နံ႕သာျဖဴပင္သည္ အသက္ႀကီးလာေလေလ ပိုၿပီး ေမႊးလာေလ , ပိုၿပီး အႏွစ္ျပည့္လာေလ ျဖစ္၏။ တဖန္ ထို႔ထက္ပို၍ အသက္ႀကီးလာေလ ထို႔ထက္ပို၍ ေမႊးလာေလ , အႏွစ္ျပည့္လာေလ ပင္ ျဖစ္၏။ နံ႕သာျဖဴပင္သည္ နာၿပီး ေသရေသာအခ်ိန္တြင္ အႏွစ္အျပည့္ဆုံး , အေမႊးဆုံးပင္ ျဖစ္၏။ ထို႔အတူ . . . လူျဖစ္ေစ , ရဟန္းျဖစ္ေစ အသက္ႀကီးလာသည္ႏွင့္အမွ် သီလ , သမာဓိ , ပညာ ဟူေသာ အႏွစ္မ်ား ပိုျပည့္လာသင့္၏။ အသက္ႀကီးလာၿပီး သီလ , သမာဓိ , ပညာ . . ဟူေသာ သိကၡာသုံးပါး တိုးတက္မလာလွ်င္ ထိုသူ၏ အသက္ႀကီးျခင္းသည္ တန္ဖိုးမရွိ။ ေသမလို႔ ႀကီးျခင္းသာ ျဖစ္၏။ နံ႕သာျဖဴလို ျဖစ္ေအာင္ ႀကိဳးစားမည္ဆိုလွ်င္ တစ္ေယာက္တည္း တည့္ေအာင္ ေနသင့္၏။ တစ္ေယာက္တည္း ေနေသာ္လည္း ေလာဘအာ႐ုံ , ေဒါသအာ႐ုံမ်ားႏွင့္ ေနသူသည္ တစ္ေယာက္တည္းနဲ႕ ရန္သူ ျဖစ္ေနသူဟု ဆိုအပ္သည္။ တစ္ေယာက္တည္း တည့္ေအာင္ မေနသူဟု ဆိုအပ္သည္။ တစ္ေယာက္တည္း တည့္ေအာင္ ေနလိုလွ်င္ စိတ္ကို ဘာဝနာတစ္ခုခု အၿမဲပြား၍ ရွင္းသန့္ ေနေအာင္ ထားရမည္။ ေတြးေတာလွ်င္လည္း လိုခ်င္စရာမ်ား , သူတပါး ပ်က္စီးရာ ပ်က္စီးေၾကာင္းကို မေတြးရ။ ေပးကမ္းဖို႔ , သူတပါးအက်ိဳးေဆာင္ဖို႔ အေၾကာင္းအရာမ်ားကိုသာ ေတြးရ၏။ " ေမတၱာရွင္ ေ႐ႊျပည္သာ " Credit - ဓမၼႏွစ္သက္သူ။ #nanghtwephyu
via အလင္းေရာင္ ဓမၼ https://ift.tt/33HLClm
Newer Post
Older Post
Home