အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, October 18, 2019
💠 ဘဝတစ်သက်တာမှာ အကောင်းဆုံးသမိုင်းတွေ ရှိနေဖို့လိုတယ်။ 💠 သူတစ်ပါးအကြောင်းတွေကို ဝေဖန်နေမည့် အစား မိမိကိုယ်ကိုသာ ဝေဖန်ပါ။ 💠 ငါ့မှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရောက်စေနိုင်သော ကုသိုလ်စိတ်တွေ ဘယ်လောက်ပြည့်စုံလာပြီလဲ။ 💠 တစ်နေ့ကုန်တိုင်း ညအိပ်ရာဝင် နဖူးလက်တင်ပြီး စစ်ဆေးပါ။ 💠 ဒီသံသရာမှ လွတ်မြောက်စေတတ်သော ကုသိုလ်တွေ ဘယ်လောက်ထိ ပြီးပြည့်စုံလာပြီလဲ။ 💠 မိမိကိုယ်ကို မိမိဝေဖန်ပါ။ စစ်ဆေးပါ။ သူတပါးအပြစ်ကို မတွေးပါနဲ့။ မကြံပါနဲ့။ ကိုယ့်အကြောင်းကို သိပါ။ 💠 သူတစ်ပါးအကြောင်းကို သိလို့ဘာမှမထူးဘူးလေ။ 💠 ကိုယ့်ဘဝအကြောင်းကိုသာ ကိုယ်သိနေပါစေ။ 💠 ကိုယ့်ခန္ဓာ ကိုယ့်ကြည့်ရင် ဒုက္ခသစ္စာမှ မဂ္ဂသစ္စာသို့၊ သူတပါးခန္ဓာကို ကြည့်ရင် ဒုက္ခသစ္စာမှ သမုဒ္ဒယသစ္စာ ဖြစ်တယ်ဆိုတာ အသိ၊ သတိရှိနေပါစေ။ ☸️ မြောက်ဦးဆရာတော် ☸️ 💠 ဘဝတစ္သက္တာမွာ အေကာင္းဆုံးသမိုင္းေတြ ရွိေနဖို႔လိုတယ္။ 💠 သူတစ္ပါးအေၾကာင္းေတြကို ေဝဖန္ေနမည့္ အစား မိမိကိုယ္ကိုသာ ေဝဖန္ပါ။ 💠 ငါ့မွာ မဂ္၊ ဖိုလ္၊ နိဗၺာန္ေရာက္ေစနိုင္ေသာ ကုသိုလ္စိတ္ေတြ ဘယ္ေလာက္ျပည့္စုံလာၿပီလဲ။ 💠 တစ္ေန႕ကုန္တိုင္း ညအိပ္ရာဝင္ နဖူးလက္တင္ၿပီး စစ္ေဆးပါ။ 💠 ဒီသံသရာမွ လြတ္ေျမာက္ေစတတ္ေသာ ကုသိုလ္ေတြ ဘယ္ေလာက္ထိ ၿပီးျပည့္စုံလာၿပီလဲ။ 💠 မိမိကိုယ္ကို မိမိေဝဖန္ပါ။ စစ္ေဆးပါ။ သူတပါးအျပစ္ကို မေတြးပါနဲ႕။ မႀကံပါနဲ႕။ ကိုယ့္အေၾကာင္းကို သိပါ။ 💠 သူတစ္ပါးအေၾကာင္းကို သိလို႔ဘာမွမထူးဘူးေလ။ 💠 ကိုယ့္ဘဝအေၾကာင္းကိုသာ ကိုယ္သိေနပါေစ။ 💠 ကိုယ့္ခႏၶာ ကိုယ့္ၾကည့္ရင္ ဒုကၡသစၥာမွ မဂၢသစၥာသို႔၊ သူတပါးခႏၶာကို ၾကည့္ရင္ ဒုကၡသစၥာမွ သမုဒၵယသစၥာ ျဖစ္တယ္ဆိုတာ အသိ၊ သတိရွိေနပါေစ။ ☸️ ေျမာက္ဦးဆရာေတာ္ ☸️
via အလင္းေရာင္ ဓမၼ https://ift.tt/33Gshkw
Newer Post
Older Post
Home