အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 19, 2019
အကြည်ညို ပျက်စေမှု့တဲ့လား —————————— ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ တပါတီနဲ့တပါတီ ဟာ သိက္ခာကျအောင် ပြောဆိုတယ် ဆိုပြီး အပြန်ပြန် အလှန်လှန် တရားစွဲဆိုကြတာတွေ တော်တော်များများတွေ့နေရတယ် နိုင်ငံတော် အကြည်ညို ပျက်စေမှု့ ဆိုတဲ့ ပုဒ်မ နဲ့လည်း ခဏခဏ အစွဲခံရလို့ ထောင်ကျသွားသူတွေလည်း မနည်းမနောပါပဲ ဘုရားရှင်ဟာ သူ့ကို စော်ကားတဲ့ အပြင် အသက်ကိုတောင်ရန်ရှာတဲ့ ဒေဝဒတ်ကို သူကတော့ငါ့ကို ဘယ်လိုပြောတယ် ဘယ်လိုရန်ရှာတယ်ဆိုပြီး တခြားသူသိအောင် တခါမှ မပြောခဲ့ဘူး ဆဲတဲ့သူကိုလည်း ငြိမ်ခံနေတာပဲ တံတွေးနဲ့ထွေးတဲ့သူကိုလည်းအပြစ်မယူဘူး လူဘုံအလည်မှာ ရှင်ကြီးဂေါတမ နဲ့ရတဲ့ကိုယ်ဝန်ပါလို့ စွပ်စွဲခံရတာတောင် ငါနဲ့ရတာ မဟုတ်ပါဘူးလို့ မငြင်းပဲနဲ့ လူအများရဲ့ အထင်အမြင်လွဲမှားမှု့ကို ငါဘုရားတောင်မလွတ်ဘူး ဆိုတာ သက်သေပြသွားပြီး တရားပြခဲ့တယ် ဘုရားရှင်ရဲ့ လောကဓံ ရှစ်ပါးအပေါ် ရင်ဆိုင်နည်းဟာ လောကလူသားတို့ အတုယူဖို့ကောင်းလှပါတယ် ဒေဝဒတ် ကျောက်မောင်းနဲ့ဆင်ပြီးသတ်တော့ ငါ့ကို ဒေဝဒတ် လုပ်ကြံတယ်လို့ပြောလိုက်ရင် ရတာပါပဲဒါပေမဲ့ မပြောခဲ့ပါဘူး အချိန်တန်ရင် အမှန်နဲ့အမှားဟာ ပေါ်လွင်သွားတာပါပဲ ဘုရားရှင်ကို လုပ်ကြံတဲ့သူ ဆဲတဲ့သူ စွပ်စွဲသူ အားလုံးဟာ နောက်ဆုံး ကိုယ့်တရားကိုယ်စီရင်သွားကြတာချည်းပါပဲ ဗုဒ္ဓပြောခဲ့တာ တခွန်းတည်းပါ သိက္ခာဆိုတာ သူတပါးချယုံ နဲ့ ကျတဲ့အရာမဟုတ်ပါဘူး တဲ့ ကိုယ်ကိုယ်တိုင်ချမှ ကျတာပါတဲ့ ချတဲ့သူနဲ့ အချခံရတဲ့သူ နှစ်ဦးမှာ ချတဲ့သူသာ ကျသွားတာပါတဲ့ အစိုးရအကြီးအကဲတွေမှာလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု့ဆိုတဲ့ ပုဒ်မ ဟာ တော်တော်လွဲမှားတဲ့ပုဒ်မ ပါပဲ သည်းမခံနိုင်ဘူး လို့ပြောတာနဲ့ အတူတူပါပဲ သစ်ပင်ဆိုတာ မြင့်လေ လေတိုက်ခံရလေပါပဲ ဒီသဘောကို နားလည်ဖို့လိုပါတယ် အခုတော့ မြန်မာပြည်မှာ နိုင်ငံ့မှာ အကြီးအကဲတွေရော ပြည်သူတွေ တော်တော်များများပါ လောကဓံနည်းနည်းခံလိုက်ရတာနဲ့ သိက္ခာချတယ်ဆိုပြီး လက်တုံ့ပြန်နေကြတာ တွေ့နေရတယ် ဪ——- ဘုရားရှင်ရဲ့ အဆိုးလောကဓံ ကို ရင်ဆိုင်ဖြေရှင်းတဲ့ နည်းလေးကို အတုယူကြစမ်ပါ အခုတော့ အကြီးအကဲတော့လုပ်ချင်တယ် အကြည်ညိုပျက်စေမှု့ ဆိုတော့ ဘယ်လိုနားလည်ရမှန်းကို မသိတော့ဘူး လောကဓံ ဆိုတာအကောင်းလေးပါး အဆိုးလေးပါး ရှိတာပါ အကောင်းချည်းခံစားချင်လို့ဘယ်ရပါ့မလဲဗျာ မြန်မာပြည်သူတွေ လောကဓံကို ရင်ဆိုင်နိုင်ကြပါစေ ဦးမြင့်ခိုင် အၾကည္ညို ပ်က္ေစမႈ႕တဲ့လား —————————— ခုေနာက္ပိုင္း ျမန္မာနိုင္ငံမွာ တဦးနဲ႕တဦး တဖြဲ႕နဲ႕တဖြဲ႕ တပါတီနဲ႕တပါတီ ဟာ သိကၡာက်ေအာင္ ေျပာဆိုတယ္ ဆိုၿပီး အျပန္ျပန္ အလွန္လွန္ တရားစြဲဆိုၾကတာေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ေနရတယ္ နိုင္ငံေတာ္ အၾကည္ညို ပ်က္ေစမႈ႕ ဆိုတဲ့ ပုဒ္မ နဲ႕လည္း ခဏခဏ အစြဲခံရလို႔ ေထာင္က်သြားသူေတြလည္း မနည္းမေနာပါပဲ ဘုရားရွင္ဟာ သူ႕ကို ေစာ္ကားတဲ့ အျပင္ အသက္ကိုေတာင္ရန္ရွာတဲ့ ေဒဝဒတ္ကို သူကေတာ့ငါ့ကို ဘယ္လိုေျပာတယ္ ဘယ္လိုရန္ရွာတယ္ဆိုၿပီး တျခားသူသိေအာင္ တခါမွ မေျပာခဲ့ဘူး ဆဲတဲ့သူကိုလည္း ၿငိမ္ခံေနတာပဲ တံေတြးနဲ႕ေထြးတဲ့သူကိုလည္းအျပစ္မယူဘူး လူဘုံအလည္မွာ ရွင္ႀကီးေဂါတမ နဲ႕ရတဲ့ကိုယ္ဝန္ပါလို႔ စြပ္စြဲခံရတာေတာင္ ငါနဲ႕ရတာ မဟုတ္ပါဘူးလို႔ မျငင္းပဲနဲ႕ လူအမ်ားရဲ႕ အထင္အျမင္လြဲမွားမႈ႕ကို ငါဘုရားေတာင္မလြတ္ဘူး ဆိုတာ သက္ေသျပသြားၿပီး တရားျပခဲ့တယ္ ဘုရားရွင္ရဲ႕ ေလာကဓံ ရွစ္ပါးအေပၚ ရင္ဆိုင္နည္းဟာ ေလာကလူသားတို႔ အတုယူဖို႔ေကာင္းလွပါတယ္ ေဒဝဒတ္ ေက်ာက္ေမာင္းနဲ႕ဆင္ၿပီးသတ္ေတာ့ ငါ့ကို ေဒဝဒတ္ လုပ္ႀကံတယ္လို႔ေျပာလိုက္ရင္ ရတာပါပဲဒါေပမဲ့ မေျပာခဲ့ပါဘူး အခ်ိန္တန္ရင္ အမွန္နဲ႕အမွားဟာ ေပၚလြင္သြားတာပါပဲ ဘုရားရွင္ကို လုပ္ႀကံတဲ့သူ ဆဲတဲ့သူ စြပ္စြဲသူ အားလုံးဟာ ေနာက္ဆုံး ကိုယ့္တရားကိုယ္စီရင္သြားၾကတာခ်ည္းပါပဲ ဗုဒၶေျပာခဲ့တာ တခြန္းတည္းပါ သိကၡာဆိုတာ သူတပါးခ်ယဳံ နဲ႕ က်တဲ့အရာမဟုတ္ပါဘူး တဲ့ ကိုယ္ကိုယ္တိုင္ခ်မွ က်တာပါတဲ့ ခ်တဲ့သူနဲ႕ အခ်ခံရတဲ့သူ ႏွစ္ဦးမွာ ခ်တဲ့သူသာ က်သြားတာပါတဲ့ အစိုးရအႀကီးအကဲေတြမွာလည္း နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈ႕ဆိုတဲ့ ပုဒ္မ ဟာ ေတာ္ေတာ္လြဲမွားတဲ့ပုဒ္မ ပါပဲ သည္းမခံနိုင္ဘူး လို႔ေျပာတာနဲ႕ အတူတူပါပဲ သစ္ပင္ဆိုတာ ျမင့္ေလ ေလတိုက္ခံရေလပါပဲ ဒီသေဘာကို နားလည္ဖို႔လိုပါတယ္ အခုေတာ့ ျမန္မာျပည္မွာ နိုင္ငံ့မွာ အႀကီးအကဲေတြေရာ ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ားပါ ေလာကဓံနည္းနည္းခံလိုက္ရတာနဲ႕ သိကၡာခ်တယ္ဆိုၿပီး လက္တုံ႕ျပန္ေနၾကတာ ေတြ႕ေနရတယ္ ဪ——- ဘုရားရွင္ရဲ႕ အဆိုးေလာကဓံ ကို ရင္ဆိုင္ေျဖရွင္းတဲ့ နည္းေလးကို အတုယူၾကစမ္ပါ အခုေတာ့ အႀကီးအကဲေတာ့လုပ္ခ်င္တယ္ အၾကည္ညိုပ်က္ေစမႈ႕ ဆိုေတာ့ ဘယ္လိုနားလည္ရမွန္းကို မသိေတာ့ဘူး ေလာကဓံ ဆိုတာအေကာင္းေလးပါး အဆိုးေလးပါး ရွိတာပါ အေကာင္းခ်ည္းခံစားခ်င္လို႔ဘယ္ရပါ့မလဲဗ်ာ ျမန္မာျပည္သူေတြ ေလာကဓံကို ရင္ဆိုင္နိုင္ၾကပါေစ ဦးျမင့္ခိုင္
via အလင္းေရာင္ ဓမၼ https://ift.tt/2P7rjcK
Newer Post
Older Post
Home