Wednesday, October 16, 2019

* အလှူခံက အရေးကြီးသလား... အလှူရှင်က အရေးကြီးသလား.* ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတရား တိုတိုလေးနဲ့ ထိပါတယ်။ ( သီလမလုံတဲ့ဘုန်းကြီး မလှူချင်ဆိုသူများအတွက်...) ❀ မြတ်စွာဘုရားအလောင်းတော်ဝေဿန ္တရာမင်း လက်ထက်တုန်းက ဇူဇကာပုဏ္ဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက ဇူဇကာပုဏ္ဏားဟာ ဘယ် သီလရှိတဲ့ပုဂ္ဂိုလ် ဟုတ်မှာလဲ၊ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီးက လာပြီးတော့ တောင်းတာ၊ သီလ လုံးဝမရှိဘူး။ ❀ အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို မြတ်စွာဘုရားလောင်းက သားတော် သမီးတော်တွေကို ရက်ရက်ရောရော လှူလိုက်တယ်။ ❀ အဲဒီအလှူဒါနဟာ ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာ မဟုတ်ဘူး။ ဝေဿန ္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။ အများကြီးရရုံတင် မဟုတ်ဘူး၊ သူ့ရဲ့ စေတနာစွမ်းအားကြောင့် သားသမီးတွေကို လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟီးသွားတယ်လို့ ပြောတယ်။ ❀ လှူတဲ့ အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလားဆိုတော့ နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ်။ သို့သော် တကယ် ပြင်ရဆင်ရမှာက လှူတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ရဆင်ရမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ ကိုယ်သိနိုင်တာ မဟုတ်ဘူး။ ကိုယ်ကျင့်သီလ ရှိသလား မရှိဘူးလား မသိနိုင်ဘူး။ ❀ မြတ်စွာဘုရားဟောထားတာ လောကမှာ `အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ´ ဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့့်တရားရှိတဲ့ အသွင်သဏ္ဍာန်ပေါ်အောင်နေတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ ဒါကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ အတိအကျ မသိနိုင်ဘူးပေါ့။ ❀ ဒါယကာ တစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ ဖူးစဉ် မြတ်စွာဘုရားက မေးတယ်၊ ဒါနကောင်းမှုတွေပြုသလားဆိုတော့ `ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး ရဟန ္တာတွေချည်းပဲ ဘုရား၊ တပည့်တော်က ရဟန ္တာတွေမှ ရွေးလှူတာ´ လို့ ပြောတယ်။ အဲဒီတော့ မြတ်စွာဘုရားက သတိပေးတယ်။ `ဒါယကာ၊ သင်လို လူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန ္တာလား၊ ဒီပုဂ္ဂိုလ်ဟာ ရဟန ္တာ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူးတဲ့ ။ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါ´ လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။ ရဟန ္တာပုဂ္ဂိုလ်ဆိုပြီးတော့ ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။ သံဃာကိုသာ ရည်စူးပြီးတော လှူပါတဲ့။.. ဒီစာလေးကို ဖတ်ပြီး သံဃာကိုလှူတဲ့အခါမှာ ပုဂ္ဂိုလ်ကိုမရည်ညွှန်းဘဲ သံဃာတော်အများကို ရည်ညွှန်းပြီးလှူနိုင်ကြပါစေ... Credit - ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ * အလႉခံက အေရးႀကီးသလား... အလႉရွင္က အေရးႀကီးသလား.* ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး ေဟာတရား တိုတိုေလးနဲ႕ ထိပါတယ္။ ( သီလမလုံတဲ့ဘုန္းႀကီး မလႉခ်င္ဆိုသူမ်ားအတြက္...) ❀ ျမတ္စြာဘုရားအေလာင္းေတာ္ေဝႆန ၱရာမင္း လက္ထက္တုန္းက ဇူဇကာပုဏၰားႀကီးကို သားေတာ္နဲ႕ သမီးေတာ္ေတြ လႉလိုက္တုန္းက ဇူဇကာပုဏၰားဟာ ဘယ္ သီလရွိတဲ့ပုဂၢိုလ္ ဟုတ္မွာလဲ၊ မိန္းမေၾကာက္လို႔ ကေလးေတြကို အေဝးႀကီးက လာၿပီးေတာ့ ေတာင္းတာ၊ သီလ လုံးဝမရွိဘူး။ ❀ အဲဒီ သီလမရွိတဲ့ ပုဏၰားကို ျမတ္စြာဘုရားေလာင္းက သားေတာ္ သမီးေတာ္ေတြကို ရက္ရက္ေရာေရာ လႉလိုက္တယ္။ ❀ အဲဒီအလႉဒါနဟာ ဇူဇကာဆိုတဲ့ အလႉခံပုဂၢိုလ္ေၾကာင့္ အက်ိဳးႀကီးတာ မဟုတ္ဘူး။ ေဝႆန ၱရာမင္းဆိုတဲ့ ကိုယ္က်င့္တရားေကာင္းတဲ့ ဘုရားေလာင္းဘက္က အက်ိဳးေက်းဇူးဟာ အမ်ားႀကီးရတာ။ အမ်ားႀကီးရ႐ုံတင္ မဟုတ္ဘူး၊ သူ႕ရဲ႕ ေစတနာစြမ္းအားေၾကာင့္ သားသမီးေတြကို လႉလိုက္တဲ့အခါ ေျမငလ်င္ေတာင္ တုန္ဟီးသြားတယ္လို႔ ေျပာတယ္။ ❀ လႉတဲ့ အခါမွာ အလႉခံပုဂၢိုလ္က ပိုၿပီးေတာ့ အေရးႀကီးသလား၊ အလႉဒါယကာက ပိုၿပီးေတာ့ အေရးႀကီးသလားဆိုေတာ့ ႏွစ္ဖက္စလုံး အေရးႀကီးတယ္လို႔ေတာ့ ေျပာရမယ္။ သို႔ေသာ္ တကယ္ ျပင္ရဆင္ရမွာက လႉတဲ့ ပုဂၢိုလ္က ပိုၿပီးေတာ့ ျပင္ရဆင္ရမယ္။ အလႉခံပုဂၢိုလ္ဆိုတာ ကိုယ္သိနိုင္တာ မဟုတ္ဘူး။ ကိုယ္က်င့္သီလ ရွိသလား မရွိဘူးလား မသိနိုင္ဘူး။ ❀ ျမတ္စြာဘုရားေဟာထားတာ ေလာကမွာ `အေပၚယံ ေ႐ႊမႈန္ႀကဲ၊ အထဲက ေနာက္ေခ်းခံ´ ဆိုတာလို ကိုယ္က်င့္တရားမရွိေပမယ့္ ကိုယ္က်င့့္တရားရွိတဲ့ အသြင္သ႑ာန္ေပၚေအာင္ေနတဲ့ပုဂၢိုလ္ေတြ အမ်ားႀကီးရွိတယ္၊ ဒါေၾကာင့္ အလႉခံပုဂၢိုလ္ သီလရွိမရွိ အတိအက် မသိနိုင္ဘူးေပါ့။ ❀ ဒါယကာ တစ္ေယာက္က ျမတ္စြာဘုရားကို လာၿပီးေတာ့ ဖူးစဥ္ ျမတ္စြာဘုရားက ေမးတယ္၊ ဒါနေကာင္းမႈေတြျပဳသလားဆိုေတာ့ `ျပဳပါတယ္၊ တပည့္ေတာ္ရဲ႕ အလႉကိုႂကြတဲ့ ပုဂၢိုလ္ေတြဟာ အကုန္လုံး ရဟန ၱာေတြခ်ည္းပဲ ဘုရား၊ တပည့္ေတာ္က ရဟန ၱာေတြမွ ေ႐ြးလႉတာ´ လို႔ ေျပာတယ္။ အဲဒီေတာ့ ျမတ္စြာဘုရားက သတိေပးတယ္။ `ဒါယကာ၊ သင္လို လူတစ္ေယာက္အေနနဲ႕ ဒီပုဂၢိုလ္ဟာ ရဟန ၱာလား၊ ဒီပုဂၢိုလ္ဟာ ရဟန ၱာ မဟုတ္ဘူးလားဆိုတာ မသိနိုင္ဘူးတဲ့ ။ သံဃာကိုသာ ရည္စူးၿပီးေတာ့ လႉပါ´ လို႔ ျမတ္စြာဘုရားက ဆုံးမဖူးတယ္။ ရဟန ၱာပုဂၢိုလ္ဆိုၿပီးေတာ့ ေ႐ြးလႉတာမ်ိဳး မလုပ္ပါနဲ႕တဲ့။ သံဃာကိုသာ ရည္စူးၿပီးေတာ လႉပါတဲ့။.. ဒီစာေလးကို ဖတ္ၿပီး သံဃာကိုလႉတဲ့အခါမွာ ပုဂၢိုလ္ကိုမရည္ၫႊန္းဘဲ သံဃာေတာ္အမ်ားကို ရည္ၫႊန္းၿပီးလႉနိုင္ၾကပါေစ... Credit - ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ


via အလင္းေရာင္ ဓမၼ https://ift.tt/2OTH3QC