Friday, October 18, 2019

“မိုးသုံးမျိုးနဲ့ လူသုံးမျိုး” ••••••••••••••••••• ဘုရားရှင်က လူတွေကို မိုးသုံးမျိုးနဲ့ ဥပမာပေး ဟောကြားတော်မူခဲ့ပါတယ်။ ၁။ လုံး၀မရွာသောမိုးနဲ့တူသောသူ ၂။ ကွက်ကြားမိုးနဲ့တူသောသူ ၃။ အနံ့အပြားရွာသောမိုးနဲတူသောသူ “လုံး၀မရွာသောမိုးနဲ့တူတဲ့သူ” •••••••••••••••••••••••••••••••• လုံး၀မရွာတဲ့မိုးနဲ့တူတဲ့လူဆိုတာ ဘာမှစွန့်ကြဲခြင်းလှူဒါန်းခြင်းမရှိတဲ့သူကို ပြောတာ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ လှူလေ့မရှိပဲ ကိုယ့်အတွက်ပဲ စုဆောင်းနေတဲ့သူပါ။ ကိုယ့်ပစ္စည်းကုန်ခန်းသွားမှာကို ကြောက်နေတယ်။ မျက်စဉ်းဟာ ခတ်ပါများရင် ကုန်သွားသလိုပဲ ပစ္စည်းတွေဟာလည်း တစ်စတစ်စပေးပါများရင်ကုန်သွားမှာကို စိုးရွံ့နေတယ်။ ဒါကြောင့် သူ့ဟာ “လုံး၀မရွာတဲ့မိုး”နဲ့တူတဲ့သူပါ။ “ကွက်ကြားမိုးနဲ့တူတဲ့သူ” •••••••••••••••••••••••••••••••• မိုးဟာ တစ်ခါတစ်လေမှာ အချို့နေရာမှာ ရွာတယ်။ အချို့နေရာမှာ မရွာဘူး။ အလားတူပဲ အချို့သူတွေဟာ ကိုယ်နဲ့ခင်တဲ့ရဟန်းသံဃာ၊ ကိုယ်လေးစားမြတ်နိုးတဲ့ပုဂ္ဂိုလ်၊ ကိုယ်နဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ရွေးချယ်ပြီးလှူတယ်။ ကျန်တဲ့အယုတ်အလတ်အမြတ်ပုဂ္ဂိုလ်တွေကို လှူလေ့မရှိပါဘူး။ သူကတော့ “ကွက်ကြားမိုး”နဲ့တူပါတယ်။ “အနှံ့အပြားရွာတဲ့မိုးနဲ့တူတဲ့သူ” •••••••••••••••••••••••••••••••• အနှံ့အပြားရွာတဲ့မိုးဟာ ကုန်းပြင်၊ မြေညီ၊ ချိုင့်ဝှမ်းအားလုံးကို အနံ့အပြားရေဖြင့်ပြည့်အောင် ရွာတယ်။အဲလိုပဲ အချို့သူတွေဟာ ခင်တာ မခင်တာ၊ သိတာမသိတာ။ ယုတ်လတ်မြတ်မရွေး ရောက်လာတဲ့ အလှူခံမှန်သမျှကို စေတနာ ထက်ထက်နဲ့ ပေးလှူလေ့ရှိပါတယ်။ဒါကြောင့် သူကို “အနှံ့အပြားရွာတဲ့မိုး”နဲ့ တူတယ်လို့ပြောတာပါ။ တတိယမိုးကတော့ စစ်မှန်တဲ့မိုးပါပဲ။ မျှတတယ်။ မခွဲခြားဘူး။ အဲလိုပဲ အလှူလုပ်တဲ့သူတွေဟာလည်း တတိယ မိုးလို ကျင့်ရပါမယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဂိုဏ်းဂဏ၊ နာမည်ကြီးတာ၊ မကြီးတာ မခွဲခြားရပါဘူး။လိုအပ်နေတဲ့နေရာ၊ လိုအပ်နေတဲ့ လူမှုအဖွဲ့အစည်း၊ လိုအပ်နေတဲ့ ပရဟိတလုပ်ငန်းများစသည်တွေမှာ တတ်နိုင်သလို လှူတတ်ရပါမယ်။ ဘုရားလောင်းတို့ရဲ့ အလှူပေးနည်းပါပဲ။ လုံး၀မလှူမရင် လုံး၀အကျိုးမရပါ။ ခွဲခြားလှူရင် ခွဲခြားပြီးတော့ပဲ အကျိုးပေးပါမယ်။ မခွဲခြားပဲနဲ့ တွယ်တာမှုမရှိ လှူရင်တော့ အချိန်အခါ နေရာဒေသမခွဲခြားပဲ ဒါနအကျိုးတရားတွေကို ရရှိခံစားနိုင်ပါတယ်။ အားလုံးအနံ့အပြားရွာတဲ့မိုးနဲ့တူအောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေ။ -(အဝုဋ္ဌိကသုတ်၊ ဣတိဝုတ္တက) - 【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】 Dhamma Dãna Source ► https://ift.tt/1tab2NY “မိုးသုံးမ်ိဳးနဲ႕ လူသုံးမ်ိဳး” ••••••••••••••••••• ဘုရားရွင္က လူေတြကို မိုးသုံးမ်ိဳးနဲ႕ ဥပမာေပး ေဟာၾကားေတာ္မူခဲ့ပါတယ္။ ၁။ လုံး၀မ႐ြာေသာမိုးနဲ႕တူေသာသူ ၂။ ကြက္ၾကားမိုးနဲ႕တူေသာသူ ၃။ အနံ႕အျပား႐ြာေသာမိုးနဲတူေသာသူ “လုံး၀မ႐ြာေသာမိုးနဲ႕တူတဲ့သူ” •••••••••••••••••••••••••••••••• လုံး၀မ႐ြာတဲ့မိုးနဲ႕တူတဲ့လူဆိုတာ ဘာမွစြန့္ႀကဲျခင္းလႉဒါန္းျခင္းမရွိတဲ့သူကို ေျပာတာ။ ဘယ္လိုပုဂၢိုလ္မ်ိဳးကိုမွ လႉေလ့မရွိပဲ ကိုယ့္အတြက္ပဲ စုေဆာင္းေနတဲ့သူပါ။ ကိုယ့္ပစၥည္းကုန္ခန္းသြားမွာကို ေၾကာက္ေနတယ္။ မ်က္စဥ္းဟာ ခတ္ပါမ်ားရင္ ကုန္သြားသလိုပဲ ပစၥည္းေတြဟာလည္း တစ္စတစ္စေပးပါမ်ားရင္ကုန္သြားမွာကို စိုး႐ြံ႕ေနတယ္။ ဒါေၾကာင့္ သူ႕ဟာ “လုံး၀မ႐ြာတဲ့မိုး”နဲ႕တူတဲ့သူပါ။ “ကြက္ၾကားမိုးနဲ႕တူတဲ့သူ” •••••••••••••••••••••••••••••••• မိုးဟာ တစ္ခါတစ္ေလမွာ အခ်ိဳ႕ေနရာမွာ ႐ြာတယ္။ အခ်ိဳ႕ေနရာမွာ မ႐ြာဘူး။ အလားတူပဲ အခ်ိဳ႕သူေတြဟာ ကိုယ္နဲ႕ခင္တဲ့ရဟန္းသံဃာ၊ ကိုယ္ေလးစားျမတ္နိုးတဲ့ပုဂၢိုလ္၊ ကိုယ္နဲ႕ အဆင္ေျပတဲ့သူေတြကိုပဲ ေ႐ြးခ်ယ္ၿပီးလႉတယ္။ က်န္တဲ့အယုတ္အလတ္အျမတ္ပုဂၢိုလ္ေတြကို လႉေလ့မရွိပါဘူး။ သူကေတာ့ “ကြက္ၾကားမိုး”နဲ႕တူပါတယ္။ “အႏွံ႕အျပား႐ြာတဲ့မိုးနဲ႕တူတဲ့သူ” •••••••••••••••••••••••••••••••• အႏွံ႕အျပား႐ြာတဲ့မိုးဟာ ကုန္းျပင္၊ ေျမညီ၊ ခ်ိဳင့္ဝွမ္းအားလုံးကို အနံ႕အျပားေရျဖင့္ျပည့္ေအာင္ ႐ြာတယ္။အဲလိုပဲ အခ်ိဳ႕သူေတြဟာ ခင္တာ မခင္တာ၊ သိတာမသိတာ။ ယုတ္လတ္ျမတ္မေ႐ြး ေရာက္လာတဲ့ အလႉခံမွန္သမွ်ကို ေစတနာ ထက္ထက္နဲ႕ ေပးလႉေလ့ရွိပါတယ္။ဒါေၾကာင့္ သူကို “အႏွံ႕အျပား႐ြာတဲ့မိုး”နဲ႕ တူတယ္လို႔ေျပာတာပါ။ တတိယမိုးကေတာ့ စစ္မွန္တဲ့မိုးပါပဲ။ မွ်တတယ္။ မခြဲျခားဘူး။ အဲလိုပဲ အလႉလုပ္တဲ့သူေတြဟာလည္း တတိယ မိုးလို က်င့္ရပါမယ္။ ဘယ္ပုဂၢိုလ္၊ ဘယ္ဂိုဏ္းဂဏ၊ နာမည္ႀကီးတာ၊ မႀကီးတာ မခြဲျခားရပါဘူး။လိုအပ္ေနတဲ့ေနရာ၊ လိုအပ္ေနတဲ့ လူမႈအဖြဲ႕အစည္း၊ လိုအပ္ေနတဲ့ ပရဟိတလုပ္ငန္းမ်ားစသည္ေတြမွာ တတ္နိုင္သလို လႉတတ္ရပါမယ္။ ဘုရားေလာင္းတို႔ရဲ႕ အလႉေပးနည္းပါပဲ။ လုံး၀မလႉမရင္ လုံး၀အက်ိဳးမရပါ။ ခြဲျခားလႉရင္ ခြဲျခားၿပီးေတာ့ပဲ အက်ိဳးေပးပါမယ္။ မခြဲျခားပဲနဲ႕ တြယ္တာမႈမရွိ လႉရင္ေတာ့ အခ်ိန္အခါ ေနရာေဒသမခြဲျခားပဲ ဒါနအက်ိဳးတရားေတြကို ရရွိခံစားနိုင္ပါတယ္။ အားလုံးအနံ႕အျပား႐ြာတဲ့မိုးနဲ႕တူေအာင္ က်င့္ႀကံေနထိုင္နိုင္ၾကပါေစ။ -(အဝု႒ိကသုတ္၊ ဣတိဝုတၱက) - 【ေ႐ႊစမ္းေျမ အရွင္ကဝိဓဇသာရ】 Dhamma Dãna Source ► https://ift.tt/1tab2NY


via အလင္းေရာင္ ဓမၼ https://ift.tt/2By0W8d