အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, October 18, 2019
🌻 လူတစ်ယောက်ကို စိတ်ဆိုးလိုက်ပြီဆိုရင် ဟိုလူက ဘာမှ မဖြစ်သေးဘူး။ ကိုယ့်မှာ စိတ်ဒဏ်ရာဖြစ်နေပြီ။ 🌻 အလုပ်ကနေ အိမ်ကိုပြန်ရောက်တယ်။ ဒါပေမဲ့ အလုပ်မှာ အဆင်မပြေတာတွေ၊ ဘယ်သူက ငါ့ကို ဘယ်လိုလုပ်လိုက်တယ်။ ငါ့ကို မကူညီဘူး။ အဲ့ဒါကို စမြုံပြန်ပြီးတော့ ခဏခဏတွေးနေရင် .. 🌻 ဟိုတစ်ယောက်ကတော့ သူ့အိမ်မှာ သူက ငြိမ့်နေတာ။ ကိုယ်ကျတော့ ကိုယ်အတွေးနဲ့ ကိုယ် ဒီမှာ ဒုက္ခရောက်နေတယ်။ စိတ်ဒဏ်ရာဖြစ်စေတယ်။ ဒါ့ကြောင့် တွေးတယ်ဆိုရင် စိတ်ဒဏ်ရာမဖြစ်အောင် တွေးပါ။ အဗျာပါဒ သင်္ကပ္ပ။ 🌻 သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့ စိတ်ခံစားမှုလို့ ပြောတာက မှန်ကန်တဲ့စိတ်ခံစားမှု ရှိမှ မှန်ကန်တဲ့အတွေး တွေးနိုင်တာ။ 🌻 ဥပမာ ကိုယ်က လူတစ်ယောက်နဲ့ မတည့်ဘူးဆိုရင် အဲ့ဒီလူအကြောင်းတွေးတဲ့အခါမှာ ● ငါ့ရဲ့emotion - ငါ့ရဲ့ စိတ်ခံစားမှု မှန်ရဲ့လား။ ● ငါ့ရဲ့ စိတ်ခံစားမှုက ငါ့ကို ပြန်ပြီးတော့ ● ဒဏ်ရာဒဏ်ချက်ဖြစ်အောင် လုပ်နေသလား။ ● ကိုယ့်ကိုယ် ပြန်စဉ်းစား၊ ပြန်သုံးသပ်ရမယ်။ 🌻 စိတ်ဒဏ်ရာဒဏ်ချက် ဖြစ်အောင် ပြန်ပြီးတော့ လုပ်နေတယ်ဆိုရင် ကိုယ့်ကိုယ် ချစ်ရာမရောက်ဘူး။ ကိုယ့်ကိုယ် မေတ္တာထားရာမရောက်ဘူး။ 🌻 ကိုယ့်ကိုယ် မေတ္တာထားရာရောက်အောင် ဆေးထည့်ပြီးတော့ အနာကျက်အောင်၊ အနာပျောက်အောင် healing လုပ်သလို ဒီစိတ်ဒဏ်ရာဒဏ်ချက်ကို ကုသပုံ ကုသနည်းရှာကို ရှာရမယ်။ 🌻 သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့အတွေးဆိုပြီးတော့ ပြောကြတယ်။ ဘာသာပြန်ကြတယ်။ ဒါကလည်းပဲ မှန်တယ်။ Right Though, Right Thinking. ● ဘုန်းဘုန်းက ထပ်ပြီးတော့ ဘာသာပြန်ချင်တာက မှန်ကန်တဲ့စိတ်ခံစားမှု - Right Emotion . ဘာဖြစ်လို့တုန်းဆိုတော့ မြတ်စွာဘုရား ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်သုံးခုရှိတယ်။ ● မှန်ကန်တဲ့ စိတ်ခံစားမှု - သမ္မာသင်္ကပ္ပ ● အကြမ်းမဖက်တဲ့အတွေး - အဝိဟိသ သင်္ကပ္ပ၊ ● ဒေါသမဖြစ်၊ စိတ်ဒဏ်ရာမဖြစ်တဲ့အတွေး - အဗျာပါဒ သင်္ကပ္ပ တဲ့။ ● ကိုယ့်ဦးခေါင်း၊ ဆံပင် မီးလောင်နေတယ်ဆိုရင် အဲ့ဒီအချိန်မှာ "နင်ငါ့ဦးခေါင်းကို ဘာလို့မီးလာရှို့တာတုန်း ပြောစမ်း" လို့ အဲ့ဒီအဖြေ တောင်းနေမလား။ ● "ငါ ဘယ်တုန်းက နင့်ကို ဘာလုပ်ဖူးလို့တုန်း" လို့ အဲ့လို အဖြေ သွားတောင်းမလား။ ● ဒါမှ မဟုတ်ရင်လည်းပဲ သူ့ကို "နင်က ငါ့ခေါင်းကို လာပြီးတော့ မီးနဲ့ရှို့တယ်" လို့ ပြောပြီး သူ့ကို လက်သီးနဲ့ လိုက်ထိုးမလား။ ● "မင်းငါ့ကို ဒီိလိုလုပ်တယ်။ ရဲတိုင်မယ်" ဆိုပြီးတော့ ခေါင်းပေါ်မှာ ရှိတဲ့မီးကို အရင်မငြိမ်းဘဲနဲ့ iphone ကိုင်ပြီးတော့ ရဲကို ဖုန်းဆက်မလား။ ● "မင်းငါ့ကို ဒီလိုလုပ်တယ်နော်" selfie ရိုက်ပြီးတော့ Facebook ပေါ်တင်မလား။ အဲ့ဒီလို လုပ်မလား။ ● ပရိတ်သတ်တို့ အဲ့ဒီလို လုပ်မယ်ဆိုရင် အသက်ပဲ ပါသွားမယ်။ ★ အဲ့ဒီအချိန်မှာ အရေးကြီးဆုံးက ခေါင်းပေါ်မှာ မီးလောင်တာကို မီးငြိမ်းဖို့ပါ။ ● စိတ်ထဲမှာရှိတဲ့ ဒေါသ၊ ● စိတ်ထဲမှာ ရှိတဲ့ မခံချင်တဲ့မာန၊ ● ကိုယ့်ထက် ညံ့တဲ့သူနဲ့တွေ့မှ ပျော်ရွှင်နိုင်တဲ့မာန၊ ● ကိုယ့်ထက်သာရင် ဘယ်လိုမှ မကြည့်နိုင်၊ မရှုနိုင် စိတ်မချမ်းသာနိုင်၊ ● ပီတိမဖြစ်နိုင်တဲ့မာန၊ အဲ့ဒီ မာနတွေ ရှိတယ်ဆိုရင် ကိုယ့်ခေါင်းမီးလောင်တယ်။ ● မြန်မာစကားက "ကိုယ့်ခေါင်း မီးလောင်တယ်" ဆိုရင် ခေါင်းထဲမှာ Negative emotion စားနေပြီလို့ ပြောတာ။ အဲ့ဒီဟာကို အရေးတကြီး ဖြေရှင်းရမယ်။ ● လခတိုးတာထက် ပိုပြီးအရေးကြီးတယ်။ ● ပိုက်ဆံပိုပြီးတော့ ဝင်အောင် လုပ်တာထက် ပိုအရေးကြီးတယ်။ ● ကားကောင်းကောင်းစီးနိုင်တာထက် ပိုပြီးအရေးကြီးတယ်။ ● ကားကောင်းကောင်းစီးပြီးတော့ စိတ်က ညစ်နေတယ်ဆိုရင် ဒီကား ဘာမှ သိပ်တန်ဖိုးမရှိဘူး။ ☆ ငါ ကားကောင်းကောင်းတော့စီးတယ်။ ဒါပေမဲ့ ဟိုဘက်လူတွေက ☆ ငါ ကားကောင်း စီးရမှန်းလည်း မသိဘူး။ ☆ ငါ သူဌေးမှန်းလည်း မသိဘူး။ ☆ ငါ ပညာတတ်မှန်းလည်း မသိဘူး။ ☆ Ph.D ရမှန်းလည်း မသိဘူး။ ☆ ငါ ဆရာဝန်မှန်းလည်း မသိဘူး။ ☆ ငါ အင်ဂျင်နီယာမှန်းလည် မသိဘူး။ ☆ "ဒီလူတွေက ငါ့ကို မလေးမခန့်လုပ်တယ်"ဆိုပြီး ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဒဏ်ရာဖြစ်အောင် လုပ်နေတယ်ဆိုရင် ဒီဘဝနေနည်း မမှန်ဘူး ဆက်ရန် - - 💢အောက်စဖိုဒ့်ဆရာတော်💢 🌟ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ🌟 💎ဤခရီးလျစ်လျူရှုချင်လှပါဘိ တရားတော် 💎 အား ရေးသားပူဇော်ပါသည်။ Photo: Facebook #PhyoeMayOo ဓမ္မဒါန: ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ 🌻 လူတစ်ယောက်ကို စိတ်ဆိုးလိုက်ပြီဆိုရင် ဟိုလူက ဘာမှ မဖြစ်သေးဘူး။ ကိုယ့်မှာ စိတ်ဒဏ်ရာဖြစ်နေပြီ။ 🌻 အလုပ်ကနေ အိမ်ကိုပြန်ရောက်တယ်။ ဒါပေမဲ့ အလုပ်မှာ အဆင်မပြေတာတွေ၊ ဘယ်သူက ငါ့ကို ဘယ်လိုလုပ်လိုက်တယ်။ ငါ့ကို မကူညီဘူး။ အဲ့ဒါကို စမြုံပြန်ပြီးတော့ ခဏခဏတွေးနေရင် .. 🌻 ဟိုတစ်ယောက်ကတော့ သူ့အိမ်မှာ သူက ငြိမ့်နေတာ။ ကိုယ်ကျတော့ ကိုယ်အတွေးနဲ့ ကိုယ် ဒီမှာ ဒုက္ခရောက်နေတယ်။ စိတ်ဒဏ်ရာဖြစ်စေတယ်။ ဒါ့ကြောင့် တွေးတယ်ဆိုရင် စိတ်ဒဏ်ရာမဖြစ်အောင် တွေးပါ။ အဗျာပါဒ သင်္ကပ္ပ။ 🌻 သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့ စိတ်ခံစားမှုလို့ ပြောတာက မှန်ကန်တဲ့စိတ်ခံစားမှု ရှိမှ မှန်ကန်တဲ့အတွေး တွေးနိုင်တာ။ 🌻 ဥပမာ ကိုယ်က လူတစ်ယောက်နဲ့ မတည့်ဘူးဆိုရင် အဲ့ဒီလူအကြောင်းတွေးတဲ့အခါမှာ ● ငါ့ရဲ့emotion - ငါ့ရဲ့ စိတ်ခံစားမှု မှန်ရဲ့လား။ ● ငါ့ရဲ့ စိတ်ခံစားမှုက ငါ့ကို ပြန်ပြီးတော့ ● ဒဏ်ရာဒဏ်ချက်ဖြစ်အောင် လုပ်နေသလား။ ● ကိုယ့်ကိုယ် ပြန်စဉ်းစား၊ ပြန်သုံးသပ်ရမယ်။ 🌻 စိတ်ဒဏ်ရာဒဏ်ချက် ဖြစ်အောင် ပြန်ပြီးတော့ လုပ်နေတယ်ဆိုရင် ကိုယ့်ကိုယ် ချစ်ရာမရောက်ဘူး။ ကိုယ့်ကိုယ် မေတ္တာထားရာမရောက်ဘူး။ 🌻 ကိုယ့်ကိုယ် မေတ္တာထားရာရောက်အောင် ဆေးထည့်ပြီးတော့ အနာကျက်အောင်၊ အနာပျောက်အောင် healing လုပ်သလို ဒီစိတ်ဒဏ်ရာဒဏ်ချက်ကို ကုသပုံ ကုသနည်းရှာကို ရှာရမယ်။ 🌻 သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့အတွေးဆိုပြီးတော့ ပြောကြတယ်။ ဘာသာပြန်ကြတယ်။ ဒါကလည်းပဲ မှန်တယ်။ Right Though, Right Thinking. ● ဘုန်းဘုန်းက ထပ်ပြီးတော့ ဘာသာပြန်ချင်တာက မှန်ကန်တဲ့စိတ်ခံစားမှု - Right Emotion . ဘာဖြစ်လို့တုန်းဆိုတော့ မြတ်စွာဘုရား ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်သုံးခုရှိတယ်။ ● မှန်ကန်တဲ့ စိတ်ခံစားမှု - သမ္မာသင်္ကပ္ပ ● အကြမ်းမဖက်တဲ့အတွေး - အဝိဟိသ သင်္ကပ္ပ၊ ● ဒေါသမဖြစ်၊ စိတ်ဒဏ်ရာမဖြစ်တဲ့အတွေး - အဗျာပါဒ သင်္ကပ္ပ တဲ့။ ● ကိုယ့်ဦးခေါင်း၊ ဆံပင် မီးလောင်နေတယ်ဆိုရင် အဲ့ဒီအချိန်မှာ "နင်ငါ့ဦးခေါင်းကို ဘာလို့မီးလာရှို့တာတုန်း ပြောစမ်း" လို့ အဲ့ဒီအဖြေ တောင်းနေမလား။ ● "ငါ ဘယ်တုန်းက နင့်ကို ဘာလုပ်ဖူးလို့တုန်း" လို့ အဲ့လို အဖြေ သွားတောင်းမလား။ ● ဒါမှ မဟုတ်ရင်လည်းပဲ သူ့ကို "နင်က ငါ့ခေါင်းကို လာပြီးတော့ မီးနဲ့ရှို့တယ်" လို့ ပြောပြီး သူ့ကို လက်သီးနဲ့ လိုက်ထိုးမလား။ ● "မင်းငါ့ကို ဒီိလိုလုပ်တယ်။ ရဲတိုင်မယ်" ဆိုပြီးတော့ ခေါင်းပေါ်မှာ ရှိတဲ့မီးကို အရင်မငြိမ်းဘဲနဲ့ iphone ကိုင်ပြီးတော့ ရဲကို ဖုန်းဆက်မလား။ ● "မင်းငါ့ကို ဒီလိုလုပ်တယ်နော်" selfie ရိုက်ပြီးတော့ Facebook ပေါ်တင်မလား။ အဲ့ဒီလို လုပ်မလား။ ● ပရိတ်သတ်တို့ အဲ့ဒီလို လုပ်မယ်ဆိုရင် အသက်ပဲ ပါသွားမယ်။ ★ အဲ့ဒီအချိန်မှာ အရေးကြီးဆုံးက ခေါင်းပေါ်မှာ မီးလောင်တာကို မီးငြိမ်းဖို့ပါ။ ● စိတ်ထဲမှာရှိတဲ့ ဒေါသ၊ ● စိတ်ထဲမှာ ရှိတဲ့ မခံချင်တဲ့မာန၊ ● ကိုယ့်ထက် ညံ့တဲ့သူနဲ့တွေ့မှ ပျော်ရွှင်နိုင်တဲ့မာန၊ ● ကိုယ့်ထက်သာရင် ဘယ်လိုမှ မကြည့်နိုင်၊ မရှုနိုင် စိတ်မချမ်းသာနိုင်၊ ● ပီတိမဖြစ်နိုင်တဲ့မာန၊ အဲ့ဒီ မာနတွေ ရှိတယ်ဆိုရင် ကိုယ့်ခေါင်းမီးလောင်တယ်။ ● မြန်မာစကားက "ကိုယ့်ခေါင်း မီးလောင်တယ်" ဆိုရင် ခေါင်းထဲမှာ Negative emotion စားနေပြီလို့ ပြောတာ။ အဲ့ဒီဟာကို အရေးတကြီး ဖြေရှင်းရမယ်။ ● လခတိုးတာထက် ပိုပြီးအရေးကြီးတယ်။ ● ပိုက်ဆံပိုပြီးတော့ ဝင်အောင် လုပ်တာထက် ပိုအရေးကြီးတယ်။ ● ကားကောင်းကောင်းစီးနိုင်တာထက် ပိုပြီးအရေးကြီးတယ်။ ● ကားကောင်းကောင်းစီးပြီးတော့ စိတ်က ညစ်နေတယ်ဆိုရင် ဒီကား ဘာမှ သိပ်တန်ဖိုးမရှိဘူး။ ☆ ငါ ကားကောင်းကောင်းတော့စီးတယ်။ ဒါပေမဲ့ ဟိုဘက်လူတွေက ☆ ငါ ကားကောင်း စီးရမှန်းလည်း မသိဘူး။ ☆ ငါ သူဌေးမှန်းလည်း မသိဘူး။ ☆ ငါ ပညာတတ်မှန်းလည်း မသိဘူး။ ☆ Ph.D ရမှန်းလည်း မသိဘူး။ ☆ ငါ ဆရာဝန်မှန်းလည်း မသိဘူး။ ☆ ငါ အင်ဂျင်နီယာမှန်းလည် မသိဘူး။ ☆ "ဒီလူတွေက ငါ့ကို မလေးမခန့်လုပ်တယ်"ဆိုပြီး ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဒဏ်ရာဖြစ်အောင် လုပ်နေတယ်ဆိုရင် ဒီဘဝနေနည်း မမှန်ဘူး ဆက်ရန် - - 💢အောက်စဖိုဒ့်ဆရာတော်💢 🌟ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ🌟 💎ဤခရီးလျစ်လျူရှုချင်လှပါဘိ တရားတော် 💎 အား ရေးသားပူဇော်ပါသည်။ Photo: Facebook #PhyoeMayOo ဓမ္မဒါန: ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ
via အလင်းရောင် ဓမ္မ https://ift.tt/2J1VEFQ
Newer Post
Older Post
Home