Friday, October 18, 2019

❝ ကိုယ်ကျင့်သီလ အရေးကြီးပုံ ❞ သမထဘဲဖြစ်ဖြစ်၊ ဝိပဿနာဘဲဖြစ်ဖြစ် ကမ္မဋ္ဌာန်းအားထုတ်တော့မယ်ဆိုရင် ပထမဆုံး ကိုယ်ကျင့်တရား ဖြူစင်အောင် သီလ ဆောက်တည်သင့်တယ်။ ကိုယ်ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်မှာ စိတ်ကို ကမ္မဋ္ဌာန်းအာရုံထဲ ထားဖို့ ကြိုးစားတာနဲ့ တစ်ပြိုင်နက် အတိတ်က အာရုံပုံရိပ်တွေ စိတ်ထဲ တိုးဝင်လာတတ်တယ်။ အဲဒီ အာရုံပုံရိပ် အနှောင့်အယှက်တွေ ဝင်မလာရအောင် ကိုယ်ကျင့်သီလကို ဆောက်တည်ပြီး၊ ကိုယ်ကျင့်သီလကို ဆင်ခြင်ပြီး ဝမ်းမြောက်မှု၊ စိတ်ကြည်နူးမှုကို ဖြစ်စေရမယ်။ “သီလံ အဓိပ္ပဋိသာရာယ”တဲ့။ ● သီလဆိုတာ စိတ်နှလုံး ရွှင်ကြည်မှုကို ဖြစ်စေရန်အတွက် ဖြစ်တယ်။ ● စိတ်နှလုံးရွှင်ကြည်မှ ပါမောဇ္ဇ ဆိုတဲ့ ဝမ်းမြောက်မှုဖြစ်တယ်။ ● ဝမ်းမြောက်မှုဖြစ်မှ နှစ်သက်ကြည်နူး ပီတိ ဖြစ်နိုင်တယ်။ ● ပီတိဖြစ်မှ ကိုယ်စိတ်ငြိမ်းချမ်းမှု ပဿဒ္ဓိ ဖြစ်နိုင်တယ်။ ● ပဿဒ္ဓိဖြစ်မှ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု သုခ ဖြစ်နိုင်တယ်။ ● သုခဖြစ်မှ စိတ်တည်ငြိမ်မှု သမာဓိ ဖြစ်နိုင်မယ်။ ● သမာဓိဖြစ်မှ ယထာဘူတဉာဏခေါ် အမှန်အတိုင်းသိတဲ့ဉာဏ် ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်ကျင့်သီလကို ရှေးဦးစွာ စင်ကြယ်အောင် ဆောက်တည်ရခြင်း ဖြစ်တယ်။ လူဝတ်ကြောင်ဖြစ်လျှင် “ငါးပါးသီလ” ကို ထပ်မံဆောက်တည်ရမယ်။ ပြီးရင်… ကိုယ့်သီလကို ဆင်ခြင်လိုက်။ ● အခုအချိန်ကစပြီး ဘယ်သတ္တဝါကိုမှ ငါမသတ်ဘူး။ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တယ်။ ဒီသီလနဲ့ ပြည့်စုံနေတယ်လို့ စဉ်းစားလိုက်။ စိတ်ကြည်နူးမှု ရလာနိုင်တယ်။ ● သူတစ်ပါးဥစ္စာကို ငါမခိုးဘူး။ ငါ့မှာ ဒီသီလလည်း စင်ကြယ်တယ်။ ● သူတစ်ပါး သားမယားအပေါ် မပြစ်မှားဘူး။ ● လိမ်လည်လှည့်ဖျား မုသားစကားကိုလည်း ငါမပြောဘူး။ မှန်တာကိုသာ ပြောတယ်။ ● သေရည်သေရက်၊ ဘီယာကအစ ငါမသောက်ဘူး။ ရှောင်တယ်။ ဒီလို ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကိုယ့်သီလ ကိုယ်တွေးလိုက်ရင် စိတ်ထဲ ကြည်နူးမှုတွေ ဖြစ်လာနိုင်တယ်။ အဲဒီ ကြည်နူးတဲ့စိတ်ကလေးကို သမာဓိတင်ပေးလိုက်ရင် သမာဓိ မြန်မြန်ရလာနိုင်တယ်။ ဒီလိုမှ မဟုတ်ဘဲ၊ ကိုယ်ကျင့်သီလ မစင်ကြယ်ဘဲ ကမ္မဋ္ဌာန်းအားထုတ်ဖို့ ကြိုးစားရင် ကိုယ်ကျင့်သီလ ပျက်ပြားမှုကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ အတိတ်ကပုံရိပ်ကြီးတွေ တိုးဝင်လာလို့… စိတ်တွေဟာ ဂဏှာမငြိမ် ဖြစ်တတ်တယ်။ စိတ်ဂဏှာမငြိမ်သက်ခြင်းဆိုတဲ့ ဥဒ္ဓစ္စတရား လွှမ်းမိုးထားလို့ရှိရင် သမာဓိတရား ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက “သီလံ အဝိပ္ပ ဋိသာရာယ” ကိုယ်ကျင့်သီလဟာ … စိတ်နှလုံးသာယာဖို့အတွက် လုပ်ရတယ်တဲ့။ စိတ်နှလုံးကြည်သာဖို့ဆိုတာ သိပ်အရေးကြီးတယ်ပေါ့ …။ မြတ်စွာဘုရားက သမထကျင့်စဉ်ဖြစ်ဖြစ်၊ ဝိပဿနာကျင့်စဉ်ဖြစ်ဖြစ် ကျင့်တော့မယ်ဆိုရင် … ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်နိုင်အောင် ကြိုးစားပါတဲ့။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (ဓမ္မလက်ဆောင်) ❝ ကိုယ္က်င့္သီလ အေရးႀကီးပုံ ❞ သမထဘဲျဖစ္ျဖစ္၊ ဝိပႆနာဘဲျဖစ္ျဖစ္ ကမၼ႒ာန္းအားထုတ္ေတာ့မယ္ဆိုရင္ ပထမဆုံး ကိုယ္က်င့္တရား ျဖဴစင္ေအာင္ သီလ ေဆာက္တည္သင့္တယ္။ ကိုယ္က်င့္သီလမရွိတဲ့ ပုဂၢိုလ္မွာ စိတ္ကို ကမၼ႒ာန္းအာ႐ုံထဲ ထားဖို႔ ႀကိဳးစားတာနဲ႕ တစ္ၿပိဳင္နက္ အတိတ္က အာ႐ုံပုံရိပ္ေတြ စိတ္ထဲ တိုးဝင္လာတတ္တယ္။ အဲဒီ အာ႐ုံပုံရိပ္ အႏွောင့္အယွက္ေတြ ဝင္မလာရေအာင္ ကိုယ္က်င့္သီလကို ေဆာက္တည္ၿပီး၊ ကိုယ္က်င့္သီလကို ဆင္ျခင္ၿပီး ဝမ္းေျမာက္မႈ၊ စိတ္ၾကည္ႏူးမႈကို ျဖစ္ေစရမယ္။ “သီလံ အဓိပၸဋိသာရာယ”တဲ့။ ● သီလဆိုတာ စိတ္ႏွလုံး ႐ႊင္ၾကည္မႈကို ျဖစ္ေစရန္အတြက္ ျဖစ္တယ္။ ● စိတ္ႏွလုံး႐ႊင္ၾကည္မွ ပါေမာဇၨ ဆိုတဲ့ ဝမ္းေျမာက္မႈျဖစ္တယ္။ ● ဝမ္းေျမာက္မႈျဖစ္မွ ႏွစ္သက္ၾကည္ႏူး ပီတိ ျဖစ္နိုင္တယ္။ ● ပီတိျဖစ္မွ ကိုယ္စိတ္ၿငိမ္းခ်မ္းမႈ ပႆဒၶိ ျဖစ္နိုင္တယ္။ ● ပႆဒၶိျဖစ္မွ ကိုယ္ခ်မ္းသာမႈ စိတ္ခ်မ္းသာမႈ သုခ ျဖစ္နိုင္တယ္။ ● သုချဖစ္မွ စိတ္တည္ၿငိမ္မႈ သမာဓိ ျဖစ္နိုင္မယ္။ ● သမာဓိျဖစ္မွ ယထာဘူတဉာဏေခၚ အမွန္အတိုင္းသိတဲ့ဉာဏ္ ျဖစ္နိုင္တယ္။ ဒါေၾကာင့္ ကိုယ္က်င့္သီလကို ေရွးဦးစြာ စင္ၾကယ္ေအာင္ ေဆာက္တည္ရျခင္း ျဖစ္တယ္။ လူဝတ္ေၾကာင္ျဖစ္လွ်င္ “ငါးပါးသီလ” ကို ထပ္မံေဆာက္တည္ရမယ္။ ၿပီးရင္… ကိုယ့္သီလကို ဆင္ျခင္လိုက္။ ● အခုအခ်ိန္ကစၿပီး ဘယ္သတၱဝါကိုမွ ငါမသတ္ဘူး။ သူတစ္ပါးအသက္ကို သတ္ျဖတ္ျခင္းမွ ေရွာင္ၾကဥ္တယ္။ ဒီသီလနဲ႕ ျပည့္စုံေနတယ္လို႔ စဥ္းစားလိုက္။ စိတ္ၾကည္ႏူးမႈ ရလာနိုင္တယ္။ ● သူတစ္ပါးဥစၥာကို ငါမခိုးဘူး။ ငါ့မွာ ဒီသီလလည္း စင္ၾကယ္တယ္။ ● သူတစ္ပါး သားမယားအေပၚ မျပစ္မွားဘူး။ ● လိမ္လည္လွည့္ဖ်ား မုသားစကားကိုလည္း ငါမေျပာဘူး။ မွန္တာကိုသာ ေျပာတယ္။ ● ေသရည္ေသရက္၊ ဘီယာကအစ ငါမေသာက္ဘူး။ ေရွာင္တယ္။ ဒီလို ကိုယ္က်င့္တရားနဲ႕ ပတ္သက္ၿပီး ကိုယ့္သီလ ကိုယ္ေတြးလိုက္ရင္ စိတ္ထဲ ၾကည္ႏူးမႈေတြ ျဖစ္လာနိုင္တယ္။ အဲဒီ ၾကည္ႏူးတဲ့စိတ္ကေလးကို သမာဓိတင္ေပးလိုက္ရင္ သမာဓိ ျမန္ျမန္ရလာနိုင္တယ္။ ဒီလိုမွ မဟုတ္ဘဲ၊ ကိုယ္က်င့္သီလ မစင္ၾကယ္ဘဲ ကမၼ႒ာန္းအားထုတ္ဖို႔ ႀကိဳးစားရင္ ကိုယ္က်င့္သီလ ပ်က္ျပားမႈကိုအေျခခံၿပီး ျဖစ္ေပၚလာတဲ့ အတိတ္ကပုံရိပ္ႀကီးေတြ တိုးဝင္လာလို႔… စိတ္ေတြဟာ ဂဏွာမၿငိမ္ ျဖစ္တတ္တယ္။ စိတ္ဂဏွာမၿငိမ္သက္ျခင္းဆိုတဲ့ ဥဒၶစၥတရား လႊမ္းမိုးထားလို႔ရွိရင္ သမာဓိတရား ဘယ္လိုမွ မရနိုင္ဘူး။ ဒါေၾကာင့္ ျမတ္စြာဘုရားက “သီလံ အဝိပၸ ဋိသာရာယ” ကိုယ္က်င့္သီလဟာ … စိတ္ႏွလုံးသာယာဖို႔အတြက္ လုပ္ရတယ္တဲ့။ စိတ္ႏွလုံးၾကည္သာဖို႔ဆိုတာ သိပ္အေရးႀကီးတယ္ေပါ့ …။ ျမတ္စြာဘုရားက သမထက်င့္စဥ္ျဖစ္ျဖစ္၊ ဝိပႆနာက်င့္စဥ္ျဖစ္ျဖစ္ က်င့္ေတာ့မယ္ဆိုရင္ … ကိုယ္က်င့္တရားေပၚမွာ ရပ္တည္နိုင္ေအာင္ ႀကိဳးစားပါတဲ့။ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ (ဓမၼလက္ေဆာင္)


via အလင္းေရာင္ ဓမၼ https://ift.tt/32qSrHN