Saturday, October 19, 2019

ရင့်ကျက်ချင်ပါတယ် ************************ ဘယ်သူမှ မသိစေချင်ပါဘူး ကိုယ့်ဘဝထဲက အခက်အခဲတွေကို။ ဘယ်သူမှ မသိစေချင်ပါဘူး ကိုယ့်ဘဝထဲက အရှုတ်အထွေးတွေကို။ ဘယ်သူမှ မသိစေချင်ပါဘူး ကိုယ့်ကြုံနေရတဲ့ ပြဿနာတွေကို။ ဘယ်သူမှ မသိစေချင်ပါဘူး ကိုယ့်ဖြေရှင်းနေရတဲ့ ဒုက္ခတွေကို။ ဘယ်သူမှ မသိစေချင်ပါဘူး ကိုယ့်မိသားစုရဲ့ အခက်အခဲတွေကို။ ဘယ်သူမှ မသိစေချင်ပါဘူး ကိုယ်ခံစားနေရတဲ့ စိတ်ဆင်းရဲမှုတွေကို။ ဘယ်သူမှ မသိစေချင်ပါဘူး တကယ်ကို မသိစေချင်တာပါ။ ဘာလို့လဲ ပြောရရင် လူတိုင်းမှာ အခက်အခဲတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ ပြဿနာတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ ကြေကွဲစရာတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ စိတ်ခံစားချက်တွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ ဝမ်းနည်းကြေကွဲစရာတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ အရှုတ်အထွေးတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ ဝေဖန်ခံရမှုတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ အတိုက်အခံတွေ ကိုယ်စီရှိကြတယ် လူတိုင်းမှာ အကြပ်အတည်းကြုံရမှုတွေ ကိုယ်စီရှိကြတယ် ဆိုတဲ့အကြောင်းကို . . . ကောင်းကောင်းသိလာပြီးတဲ့နောက်ပေါ့။ ကိုယ်ပြဿနာ ကိုယ်ရှင်းမယ် ကိုယ့်အခက်အခဲ ကိုယ်ဖြေရှင်းမယ် ကိုယ်ရွေးချယ်ထားတဲ့လမ်း ကိုယ်ရဲရဲလျှောက်လှမ်းမယ် ကိုယ်ရေးသီထားတဲ့ဇာတ်လမ်းကို ကိုယ်ပိုင်ပိုင်ကပြမယ် ခက်ခဲမှုတွေကို မျိုသိပ်မယ် ခံစားရသမျှကို ထိန်းချုပ်ထားမယ် မခံစားနိုင်တော့လို့ ငိုချချင်ရင်တောင် လူမသိအောင် ငိုမယ်။ ဒီလို ဒီလိုတွေ ခံယူထားတတ်လာခဲ့ပါတယ်။ ဘယ်သူ့ကိုမှ အပူတွေမပေးချင်တော့ပါဘူး။ သူတို့မှာလဲ အပူအပင်တွေရှိမှာပဲလေလို့ စာနာတတ်လာတယ်။ နားလည်ပေးချင်မိလာတယ်။ ကိုယ်ကြုံသမျှ ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းတာဟာ ကိုယ့်ကိုကိုယ် အားကိုးခြင်းပီသပါတယ်လို့ သိလာတယ်။ ဒါမှသာ ကိုယ်ဟာ တည်ငြိမ်ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာမှာ မဟုတ်လား . . ? လူသားတွေအားလုံး အပူအပင်အပေါင်းမှ ကင်းဝေးကြပါစေ . . . စိတ်ဝေဒနာတွေ ကင်းရှင်းကြပါစေ . . . ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ . . .။ Credit _" အတွေးလှဆရာတော် " ____________________________________________ ရင့်ကျက်လာတဲ့အခါ ============ လူတစ်ယောက်က ..... ရင့်ကျက်လာတဲ့အခါ တစ်ပါးသူဆီက ရယူတာထက် ပေးဆပ်ရတာကို နှစ်ခြိုက်လာတယ်။ ရင့်ကျက်လာတဲ့အခါ ကိစ္စသေးသေးတွေထက် ကိစ္စကြီးကြီးတွေကို ပညာသားပါပါ ဖြေရှင်းတတ်လာတယ်။ ရင့်ကျက်လာတဲ့အခါ ရင်ထဲက ခံစားမှူတွေကို လူမမြင်အောင် မြိုသိပ်တတ်လာတယ်။ ရင့်ကျက်လာတဲ့အခါ ကိုယ့်အရေးထက် သူများကိစ္စတွေကို ဖြေရှင်းပေးတတ်လာတယ်။ ရင့်ကျက်လာတဲ့အခါ ငိုနေဖို့ထက် အသက်ပါပါပြုံးပြဖို့ပဲ ကြိုးစားလာတယ်။ ရင့်ကျက်လာတဲ့အခါ ကိုယ့်အပေါ် မကောင်းကြံနေသူကို အောက်တန်းကျတဲ့ နည်းလမ်းကိုမသုံးဘဲ မေတ္တာတရားဖြင့် အနိူင်ယူတတ်လာတယ်။ ရင့်ကျက်လာတယ်ဆိုတာက အသက်အရွယ်နဲ့ မဆိုင်ဘဲ ကြုံတွေ့ခဲ့ရတဲ့ လောကဓံနဲ့ပဲဆိုင်တယ်။ ရင့်ကျက်လာတယ် ဆိုတာက ဟန်ဆောင်တတ်လာတာ မဟုတ်ဘဲ ဖြစ်လာတဲ့ အဆိုးအကောင်းကို လက်ခံလာနိူင်ပီး ပညာသားပါပါ တုန့်ပြန်တတ်လာခြင်း ၊ ဖြေရှင်းလာနိူင်ခြင်းပဲ ဖြစ်ပါတယ်။ လေးစားစွာဖြင့် ♥ ♥ ♥ ဇင်းနစ် မကွေး


via အလင်းရောင် ဓမ္မ https://ift.tt/32x8S5a