အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 6, 2019
Unicode and Zawgyi read တွက်ခြေအကိုက်ဆုံး အလုပ် •••••••••••••••••••••••••• ဇာတိက အမေ့ဝမ်းထဲ ပို့လိုက်တော့ မနေချင်ဘဲ နေရပြန်တယ်။ သူထားတဲ့နေရာ နေရတာပဲလေ။ ဇာတိဆိုတာ ဘဝတစ်ခု စတင် ဖြစ်ထွန်းခြင်းပါပဲ။ ဇရာက သုသာန်ကို ဆွဲခေါ်တော့ မလိုက်ချင်ဘဲ လိုက်ရပြန်တယ်။ သူခေါ်ရင် လိုက်ရတာပဲလေ။ ဇရာဆိုတာ အိုမင်းရင့်ရော်ခြင်းပါပဲ။ ဗျာဓိက မတရားနှိပ်စက်တော့ အော်ဟစ်ငြီးငြူရပြန်တယ်။ သူပြုသမျှ နုရတာပဲလေ။ ဗျာဓိဆိုတာ နာကျင်ကိုက်ခဲခြင်းပါပဲ။ မရဏက အသေသတ်တော့ လည်စင်းပြီး ခံလိုက်ရပြန်တယ်။ သူပေးတဲ့ သေဒဏ် ခံရတာပဲလေ။ မရဏဆိုတာ သေဆုံးခြင်းပါပဲ။ ဒါကြောင့် ဘဝဆိုတာ ဓမ္မအမြင်နှင့် ကြည့်လိုက်တော့ ဒုက္ခဆိုမှ ဒုက္ခပါပဲ လား။ ဒီတော့ ရှင်သန်နေတဲ့အခိုက်အတန့် လေးမှာ ဘယ်လိုအကြောင်းကြောင့်မျှ မတရားမှုတွေ မလုပ်သင့်တော့ပါဘူး။ သေရင် ထားခဲ့ရမည့် ဒီခန္ဓာကို ဖက်တွယ်မနေဘဲ တပိုင်တနိုင် ကောင်းမှုများ ပြုလုပ်ခြင်းဟာ ကိုယ့်အတွက် တွက်ခြေအကိုက်ဆုံး အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ _____________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ တြက္ေျခအကိုက္ဆုံး အလုပ္ •••••••••••••••••••••••••• ဇာတိက အေမ့ဝမ္းထဲ ပို႔လိုက္ေတာ့ မေနခ်င္ဘဲ ေနရျပန္တယ္။ သူထားတဲ့ေနရာ ေနရတာပဲေလ။ ဇာတိဆိုတာ ဘဝတစ္ခု စတင္ ျဖစ္ထြန္းျခင္းပါပဲ။ ဇရာက သုသာန္ကို ဆြဲေခၚေတာ့ မလိုက္ခ်င္ဘဲ လိုက္ရျပန္တယ္။ သူေခၚရင္ လိုက္ရတာပဲေလ။ ဇရာဆိုတာ အိုမင္းရင့္ေရာ္ျခင္းပါပဲ။ ဗ်ာဓိက မတရားႏွိပ္စက္ေတာ့ ေအာ္ဟစ္ၿငီးျငဴရျပန္တယ္။ သူျပဳသမွ် ႏုရတာပဲေလ။ ဗ်ာဓိဆိုတာ နာက်င္ကိုက္ခဲျခင္းပါပဲ။ မရဏက အေသသတ္ေတာ့ လည္စင္းၿပီး ခံလိုက္ရျပန္တယ္။ သူေပးတဲ့ ေသဒဏ္ ခံရတာပဲေလ။ မရဏဆိုတာ ေသဆုံးျခင္းပါပဲ။ ဒါေၾကာင့္ ဘဝဆိုတာ ဓမၼအျမင္ႏွင့္ ၾကည့္လိုက္ေတာ့ ဒုကၡဆိုမွ ဒုကၡပါပဲ လား။ ဒီေတာ့ ရွင္သန္ေနတဲ့အခိုက္အတန့္ ေလးမွာ ဘယ္လိုအေၾကာင္းေၾကာင့္မွ် မတရားမႈေတြ မလုပ္သင့္ေတာ့ပါဘူး။ ေသရင္ ထားခဲ့ရမည့္ ဒီခႏၶာကို ဖက္တြယ္မေနဘဲ တပိုင္တနိုင္ ေကာင္းမႈမ်ား ျပဳလုပ္ျခင္းဟာ ကိုယ့္အတြက္ တြက္ေျခအကိုက္ဆုံး အလုပ္တစ္ခုပဲ ျဖစ္ပါတယ္။ _____________ သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ
via အလင္းေရာင္ ဓမၼ https://ift.tt/2pI7U7E
Newer Post
Older Post
Home