အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 6, 2019
Unicode and Zawgyi read ★ နာမည်ကြီး ထိုင်းဆရာဝန်ကြီးတစ်ယောက်၊ သူက စာလည်း အရမ်းတော်တယ်။ ကြိုးစားတယ်။ အမေရိကားမှာ စာသွားသင်ပြီးတော့ ဆရာဝန်ဖြစ်အောင်၊ အထူးကုဖြစ်အောင် လုပ်တယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာလည်း ကြိုးစားတယ်။ ဆေးပညာကလည်း တော်တယ်ဆိုတော့ ဆေးရုံကြီးတစ်ရုံရဲ့ ဒါရိုက်တာဖြစ်သွားတယ်။ ပုဂ္ဂလိကဆေးရုံတစ်ရုံရဲ့ ဆေးရုံအုပ်ဖြစ်သွားတယ်။ ★ သူ့မှာ သားလေးတစ်ယောက်တည်းရှိတာ သားလေးအတွက် အချိန်မပေးနိုင်ဘူး။ သူ့မိန်းမ ကလေးရဲ့အမေနဲ့ အပ်ထားခဲ့တယ်။ မိန်းမက "အလုပ်နည်းနည်းလျော့ပါဦး, ရှင့်မှာ စိတ်ဖိစီးမှုတွေ များနေတယ်။ သားလေးနဲ့ နေပေးပါဦး"ပြောရင် " ဒီမှာ သားလေးအတွက် အလုပ်ကြိုးစားနေတာ" လို့ ပြောတယ်။ ★ မနက်အစောကြီး ကလေးအိပ်ရာကနေ မနိုးခင် အလုပ်သွားတယ်။ ကလေး အိပ်ယာဝင်ပြီးတဲ့ အချိန်မှ အိမ်ပြန်ရောက်တယ်။ တစ်ဦးတည်းသော သားနဲ့ ရင်းရင်းနှီးနှီးနေခွင့်မရဘူး။ ကလေးက ဒီလိုပုံစံမျိုးနဲ့ အသက် ၁၈နှစ် ရောက်လာတယ်။ ဒီသားလေးက လိမ်မာတယ်။ အမေက ဆုံးမတာ လိမ်မာတယ်။ ★ တစ်နေ့ကျတော့ သားလေးက Charity - လူမှုရေးလုပ်ငန်းအတွက် လမ်းသွားလျှောက်မယ်၊ တောင်သွားတက်မယ် ဆိုတော့ ဘယ်အထိသွားမလဲဆိုတော့ အာဖရိကက အရမ်းမြင့်တဲ့ ဗစ်တိုးရီးယားတောင်ကို သွားတက်တယ်။ ဗစ်တိုးရီးယာလားမသိဘူး။ တောင်တစ်တောင်ကို သွားတက်တယ်။ ★ တောင်တက်တော့ သူ့မှာ သူ့ရဲ့ နှလုံးမှာ အပေါက်လေးရှိနေတယ်ဆိုတာ သူလည်းမသိဘူး။ တကယ့်ဆရာဝန်ကြီးဖြစ်တဲ့ သူ့အဖေလည်း မသိဘူး။ အဲ့ဒါနဲ့ အပေါ်ရောက်တဲ့အခါ အမောဆို့ပြီး သေသွားတယ်။ သူ့သားလေးရဲ့ အလောင်းကောင်ကို အမေရိကကနေ အာဖရိကအထိသွားယူတယ်။ ★ မွေးတာက ထိုင်းမှာ၊ အာရှမှာ ။ ကြီးတာက အမေရိကမှာ။ အလောင်းကောင်သယ်လာတာက အာဖရိကမှာ။ တိုက် သုံးတိုက်။ ★ သူ့ရဲ့သား အသက်ရှင်နေစဉ်က သူ အချိန်မပေးနိုင်ဘူး။ နီးနီးကပ်ကပ်မနေခဲ့ရဘူး။ အခု သူ့သား စကားမပြောနိုင်တဲ့အချိန်၊ လူသေကောင်ဖြစ်နေတဲ့အချိန်မှာ လေယာဉ်ပျံငှားပြီး သွားခေါ်လာတယ်။ ★ အဲ့ဒီဆရာဝန်က စာရေးပြီးတော့ သူ့လို အချိန်မဖြုန်းဖို့၊ သူ့သားရဲ့ အသက် ၁၈ နှစ်၊ သူ့သား ဘယ်လို ကြီးထွားလာလဲဆိုတာ သူမသိခဲ့တာ။ သူ့သား ဘာကြိုက်လဲဆိုတာ သူမသိဘူး။ သူ့သားက သူများအပေါ်မှာ အရမ်းစာနာတတ်တယ်ဆိုတာလည်း သူ မသိလိုက်ရဘူး။ အရမ်း လိမ်မာတဲ့သားအတွက် အချိန်မပေးနိုင်ဘူး။ သူနောင်တတွေရတယ်။ ★ work and life balance အလုပ်နဲ့ ဘဝနဲ့ မျှတအောင် မနေတတ်ဘူး။ အဲ့ဒီလို မနေတတ်တဲ့အတွက်ကြောင့် သူ့သားရဲ့ ဘဝကလည်း မပြည့်စုံခဲ့ဘူး။ သူ့ဘဝကလည်း မပြည့်စုံခဲ့ဘူး။ ★ ဘယ်နောက်ကို လိုက်နေတုန်းဆိုတော့ ပိုက်ဆံနောက်ကို လိုက်နေတယ်။ နာမည်ကြီးမှုနောက်ကို လိုက်နေတယ်။ အောင်မြင်မှုနောက်ကို လိုက်နေတယ်။ ★ မလိုက်ရဘူးလားဆိုတော့ လိုက်ရတာပေါ့။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းဖြစ်အောင် အစွန်းရောက်အောင် မလိုက်ရဘူးလို့ ဒီလို ပြောတာ။ ★ ဘာဖြစ်လို့မလိုက်ရတာလဲဆိုတော့ ဘဝက အကန့်အသတ်ရှိလို့။ Our Time is limited ★ အဲ့ဒါကြောင့် ဘုန်းဘုန်းတို့ နိုင်ငံခြားထွက်တဲ့အချိန် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က မြန်မာပြည်မှာ တရားပွဲတွေ ဒီလောက်သိပ်မများဘူး။ အခု တရားပွဲတွေ များတယ်။ ★ အဲ့ဒါကို ကြည့်ပြီးတော့လေ လူတွေ အလုပ်တွေလည်းကြိုးစားတယ်။ အိမ်ကောင်းကောင်းတွေလည်း အများကြီးပေါ်လာတယ်။ လမ်းတွေလည်း ပိုပြီးတော့ ကောင်းလာတယ်။ ★ ဘုန်းဘုန်းက 1987 ခုနှစ်ကတည်းက ထွက်သွားတာ။ အခု လမ်းတွေလည်း ပိုကောင်းလာတယ်။ အိမ်တွေလည်း ပိုကောင်းလာတယ်။ လူတွေ အဝတ်အစားဝတ်တာလည်း ပိုပြီးတော့ စျေးကြီးတာတွေ ဝတ်နိုင်တယ်။ ကားကောင်းတွေ၊ လေယာဉ်ပျံကွင်းတွေလည်း ပိုကောင်းတယ်။ ဒီကြားထဲမှာ အချိန်ယူပြီးတော့ တရားနာကြတယ်။ အဲ့ဒါတွေ တွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာတွေကို ဂုဏ်ယူတယ်။ လူငယ်အသင်းတွေရော၊ တခြားအသင်းတွေရော၊ တရားပွဲ စီစဉ်တဲ့အသင်းတွေကို ဂုဏ်ယူတယ်။ တချို့က စိတ်ညစ်ညစ်နဲ့ မကောင်းဘက်တွေးတယ်။ 🍀 "ကြည့်စမ်းပါဦး ကိုယ်တော်လေးတွေကလည်း အားတိုင်း တရားဟောဖို့ပဲ ကြိုးစားနေတာပဲ။ တယ်လီဗေးရှင်းတွေထဲမှာ ပါဖို့ပဲ ကြိုးစားနေတာပဲ။ ပလ္လင်ပေါ်ရောက်ဖို့့ပဲ ကြိုစားနေတာပဲ။ တခြားအလုပ်တွေ မလုပ်ဘူး" အဲ့လိုတွေ ပြောတယ်။ 🍀 တရားတစ်ပုဒ်ဟောရတာ အရမ်းခက်တယ်။ ဘုန်းဘုန်း ကိုရင်ဘဝနဲ့ ဓမ္မာစရိယအောင်တယ်။ သုံးဝါရတဲ့အချိန် ဘန်ကောက်မှာ ဒကာတစ်ယောက်ကပင့်လို့ ကံတရားအကြောင်း ဟောတာ ဘယ်လိုစလို့ ဘယ်လို အဆုံးသတ်ရမလဲ မသိဘူး။ ပလ္လင်ပေါ်တက်ရပြီဆိုရင် ကြောက်နေတာ။ 🍀 အဲ့ဒီတော့ တရားဟောဖို့အတွက် စာကြိုးစားပြီးတော့ ကြည့်တယ်။ ကြိုးစားပြီးတော့ တရားထိုင်တယ်။ တရားတွေးတယ်။ အဲ့ဒီလို လုပ်တယ်ဆိုရင် သာသနာကြီးပွားရေးတစ်ခုပဲ။ အကောင်းမြင်ရတယ်။ ဟောရင်းပြောရင်းနဲ့ အမှားတွေ ပါသွားရင်လည်း နားလည်ပေးရမယ်။ ဘုန်းဘုန်းဆိုလိုချင်တာက "အကောင်းမြင်တတ်ဖို့"။ 🍀 ဒီအကောင်းမြင်ဝါဒ ခိုင်မြဲအောင်ဆိုရင် "တို့ဘဝ၊ ရရှိထားတဲ့ဘဝက ထာဝရ မဟုတ်ဘူး။ အကန့်အသတ်ရှိတယ်" လို့ နှလုံးသွင်းရမယ်။ 🍀 ညအိပ်ယာဝင်ပြီးတော့ မနက်ကျတော့ အသက်မရှိတာတွေလည်း ရှိတယ်။ မနက်အိပ်ယာထပြီးတော့ အိပ်ယာမဝင်ခင်မှာ အသက်ပျောက်တဲ့သူတွေလည်း ရှိတယ်။ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမီ ဒါမျိုးဖြစ်နိုင်တယ်။ ★ ဒါလေးကို သိတဲ့အခါကျတော့ ကိုယ့်လက်ထဲမှာ ရှိတဲ့ပစ္စည်းက ထိလွယ်၊ ရှလွယ် တန်ဖိုးအရမ်းရှိတယ်ဆိုရင် ဒီပစ္စည်းကို ဂရုစိုက်ပြီးအသုံးပြုသလို "ဘဝကို ဂရုစိုက်ပြီး အသုံးပြုတယ်"။ ဘာမှ မဟုတ်တာလေးနဲ့ အချိန်ကုန်မခံပါနဲ့။ ############################# 💢အောက်စဖိုဒ့်ဆရာတော်💢 🌟ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ🌟 ★ နာမည္ႀကီး ထိုင္းဆရာဝန္ႀကီးတစ္ေယာက္၊ သူက စာလည္း အရမ္းေတာ္တယ္။ ႀကိဳးစားတယ္။ အေမရိကားမွာ စာသြားသင္ၿပီးေတာ့ ဆရာဝန္ျဖစ္ေအာင္၊ အထူးကုျဖစ္ေအာင္ လုပ္တယ္။ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာလည္း ႀကိဳးစားတယ္။ ေဆးပညာကလည္း ေတာ္တယ္ဆိုေတာ့ ေဆး႐ုံႀကီးတစ္႐ုံရဲ႕ ဒါရိုက္တာျဖစ္သြားတယ္။ ပုဂၢလိကေဆး႐ုံတစ္႐ုံရဲ႕ ေဆး႐ုံအုပ္ျဖစ္သြားတယ္။ ★ သူ႕မွာ သားေလးတစ္ေယာက္တည္းရွိတာ သားေလးအတြက္ အခ်ိန္မေပးနိုင္ဘူး။ သူ႕မိန္းမ ကေလးရဲ႕အေမနဲ႕ အပ္ထားခဲ့တယ္။ မိန္းမက "အလုပ္နည္းနည္းေလ်ာ့ပါဦး, ရွင့္မွာ စိတ္ဖိစီးမႈေတြ မ်ားေနတယ္။ သားေလးနဲ႕ ေနေပးပါဦး"ေျပာရင္ " ဒီမွာ သားေလးအတြက္ အလုပ္ႀကိဳးစားေနတာ" လို႔ ေျပာတယ္။ ★ မနက္အေစာႀကီး ကေလးအိပ္ရာကေန မနိုးခင္ အလုပ္သြားတယ္။ ကေလး အိပ္ယာဝင္ၿပီးတဲ့ အခ်ိန္မွ အိမ္ျပန္ေရာက္တယ္။ တစ္ဦးတည္းေသာ သားနဲ႕ ရင္းရင္းႏွီးႏွီးေနခြင့္မရဘူး။ ကေလးက ဒီလိုပုံစံမ်ိဳးနဲ႕ အသက္ ၁၈ႏွစ္ ေရာက္လာတယ္။ ဒီသားေလးက လိမ္မာတယ္။ အေမက ဆုံးမတာ လိမ္မာတယ္။ ★ တစ္ေန႕က်ေတာ့ သားေလးက Charity - လူမႈေရးလုပ္ငန္းအတြက္ လမ္းသြားေလွ်ာက္မယ္၊ ေတာင္သြားတက္မယ္ ဆိုေတာ့ ဘယ္အထိသြားမလဲဆိုေတာ့ အာဖရိကက အရမ္းျမင့္တဲ့ ဗစ္တိုးရီးယားေတာင္ကို သြားတက္တယ္။ ဗစ္တိုးရီးယာလားမသိဘူး။ ေတာင္တစ္ေတာင္ကို သြားတက္တယ္။ ★ ေတာင္တက္ေတာ့ သူ႕မွာ သူ႕ရဲ႕ ႏွလုံးမွာ အေပါက္ေလးရွိေနတယ္ဆိုတာ သူလည္းမသိဘူး။ တကယ့္ဆရာဝန္ႀကီးျဖစ္တဲ့ သူ႕အေဖလည္း မသိဘူး။ အဲ့ဒါနဲ႕ အေပၚေရာက္တဲ့အခါ အေမာဆို႔ၿပီး ေသသြားတယ္။ သူ႕သားေလးရဲ႕ အေလာင္းေကာင္ကို အေမရိကကေန အာဖရိကအထိသြားယူတယ္။ ★ ေမြးတာက ထိုင္းမွာ၊ အာရွမွာ ။ ႀကီးတာက အေမရိကမွာ။ အေလာင္းေကာင္သယ္လာတာက အာဖရိကမွာ။ တိုက္ သုံးတိုက္။ ★ သူ႕ရဲ႕သား အသက္ရွင္ေနစဥ္က သူ အခ်ိန္မေပးနိုင္ဘူး။ နီးနီးကပ္ကပ္မေနခဲ့ရဘူး။ အခု သူ႕သား စကားမေျပာနိုင္တဲ့အခ်ိန္၊ လူေသေကာင္ျဖစ္ေနတဲ့အခ်ိန္မွာ ေလယာဥ္ပ်ံငွားၿပီး သြားေခၚလာတယ္။ ★ အဲ့ဒီဆရာဝန္က စာေရးၿပီးေတာ့ သူ႕လို အခ်ိန္မျဖဳန္းဖို႔၊ သူ႕သားရဲ႕ အသက္ ၁၈ ႏွစ္၊ သူ႕သား ဘယ္လို ႀကီးထြားလာလဲဆိုတာ သူမသိခဲ့တာ။ သူ႕သား ဘာႀကိဳက္လဲဆိုတာ သူမသိဘူး။ သူ႕သားက သူမ်ားအေပၚမွာ အရမ္းစာနာတတ္တယ္ဆိုတာလည္း သူ မသိလိုက္ရဘူး။ အရမ္း လိမ္မာတဲ့သားအတြက္ အခ်ိန္မေပးနိုင္ဘူး။ သူေနာင္တေတြရတယ္။ ★ work and life balance အလုပ္နဲ႕ ဘဝနဲ႕ မွ်တေအာင္ မေနတတ္ဘူး။ အဲ့ဒီလို မေနတတ္တဲ့အတြက္ေၾကာင့္ သူ႕သားရဲ႕ ဘဝကလည္း မျပည့္စုံခဲ့ဘူး။ သူ႕ဘဝကလည္း မျပည့္စုံခဲ့ဘူး။ ★ ဘယ္ေနာက္ကို လိုက္ေနတုန္းဆိုေတာ့ ပိုက္ဆံေနာက္ကို လိုက္ေနတယ္။ နာမည္ႀကီးမႈေနာက္ကို လိုက္ေနတယ္။ ေအာင္ျမင္မႈေနာက္ကို လိုက္ေနတယ္။ ★ မလိုက္ရဘူးလားဆိုေတာ့ လိုက္ရတာေပါ့။ ဒါေပမဲ့ တစ္ဖက္ေစာင္းနင္းျဖစ္ေအာင္ အစြန္းေရာက္ေအာင္ မလိုက္ရဘူးလို႔ ဒီလို ေျပာတာ။ ★ ဘာျဖစ္လို႔မလိုက္ရတာလဲဆိုေတာ့ ဘဝက အကန့္အသတ္ရွိလို႔။ Our Time is limited ★ အဲ့ဒါေၾကာင့္ ဘုန္းဘုန္းတို႔ နိုင္ငံျခားထြက္တဲ့အခ်ိန္ လြန္ခဲ့တဲ့ ႏွစ္ ၃၀ ေလာက္က ျမန္မာျပည္မွာ တရားပြဲေတြ ဒီေလာက္သိပ္မမ်ားဘူး။ အခု တရားပြဲေတြ မ်ားတယ္။ ★ အဲ့ဒါကို ၾကည့္ၿပီးေတာ့ေလ လူေတြ အလုပ္ေတြလည္းႀကိဳးစားတယ္။ အိမ္ေကာင္းေကာင္းေတြလည္း အမ်ားႀကီးေပၚလာတယ္။ လမ္းေတြလည္း ပိုၿပီးေတာ့ ေကာင္းလာတယ္။ ★ ဘုန္းဘုန္းက 1987 ခုႏွစ္ကတည္းက ထြက္သြားတာ။ အခု လမ္းေတြလည္း ပိုေကာင္းလာတယ္။ အိမ္ေတြလည္း ပိုေကာင္းလာတယ္။ လူေတြ အဝတ္အစားဝတ္တာလည္း ပိုၿပီးေတာ့ ေစ်းႀကီးတာေတြ ဝတ္နိုင္တယ္။ ကားေကာင္းေတြ၊ ေလယာဥ္ပ်ံကြင္းေတြလည္း ပိုေကာင္းတယ္။ ဒီၾကားထဲမွာ အခ်ိန္ယူၿပီးေတာ့ တရားနာၾကတယ္။ အဲ့ဒါေတြ ေတြးၿပီးေတာ့ ျမန္မာနိုင္ငံရဲ႕ ဗုဒၶဘာသာေတြကို ဂုဏ္ယူတယ္။ လူငယ္အသင္းေတြေရာ၊ တျခားအသင္းေတြေရာ၊ တရားပြဲ စီစဥ္တဲ့အသင္းေတြကို ဂုဏ္ယူတယ္။ တခ်ိဳ႕က စိတ္ညစ္ညစ္နဲ႕ မေကာင္းဘက္ေတြးတယ္။ 🍀 "ၾကည့္စမ္းပါဦး ကိုယ္ေတာ္ေလးေတြကလည္း အားတိုင္း တရားေဟာဖို႔ပဲ ႀကိဳးစားေနတာပဲ။ တယ္လီေဗးရွင္းေတြထဲမွာ ပါဖို႔ပဲ ႀကိဳးစားေနတာပဲ။ ပလႅင္ေပၚေရာက္ဖို႔့ပဲ ႀကိဳစားေနတာပဲ။ တျခားအလုပ္ေတြ မလုပ္ဘူး" အဲ့လိုေတြ ေျပာတယ္။ 🍀 တရားတစ္ပုဒ္ေဟာရတာ အရမ္းခက္တယ္။ ဘုန္းဘုန္း ကိုရင္ဘဝနဲ႕ ဓမၼာစရိယေအာင္တယ္။ သုံးဝါရတဲ့အခ်ိန္ ဘန္ေကာက္မွာ ဒကာတစ္ေယာက္ကပင့္လို႔ ကံတရားအေၾကာင္း ေဟာတာ ဘယ္လိုစလို႔ ဘယ္လို အဆုံးသတ္ရမလဲ မသိဘူး။ ပလႅင္ေပၚတက္ရၿပီဆိုရင္ ေၾကာက္ေနတာ။ 🍀 အဲ့ဒီေတာ့ တရားေဟာဖို႔အတြက္ စာႀကိဳးစားၿပီးေတာ့ ၾကည့္တယ္။ ႀကိဳးစားၿပီးေတာ့ တရားထိုင္တယ္။ တရားေတြးတယ္။ အဲ့ဒီလို လုပ္တယ္ဆိုရင္ သာသနာႀကီးပြားေရးတစ္ခုပဲ။ အေကာင္းျမင္ရတယ္။ ေဟာရင္းေျပာရင္းနဲ႕ အမွားေတြ ပါသြားရင္လည္း နားလည္ေပးရမယ္။ ဘုန္းဘုန္းဆိုလိုခ်င္တာက "အေကာင္းျမင္တတ္ဖို႔"။ 🍀 ဒီအေကာင္းျမင္ဝါဒ ခိုင္ၿမဲေအာင္ဆိုရင္ "တို႔ဘဝ၊ ရရွိထားတဲ့ဘဝက ထာဝရ မဟုတ္ဘူး။ အကန့္အသတ္ရွိတယ္" လို႔ ႏွလုံးသြင္းရမယ္။ 🍀 ညအိပ္ယာဝင္ၿပီးေတာ့ မနက္က်ေတာ့ အသက္မရွိတာေတြလည္း ရွိတယ္။ မနက္အိပ္ယာထၿပီးေတာ့ အိပ္ယာမဝင္ခင္မွာ အသက္ေပ်ာက္တဲ့သူေတြလည္း ရွိတယ္။ ေကြးေသာလက္ မဆန့္မွီ၊ ဆန့္ေသာလက္ မေကြးမီ ဒါမ်ိဳးျဖစ္နိုင္တယ္။ ★ ဒါေလးကို သိတဲ့အခါက်ေတာ့ ကိုယ့္လက္ထဲမွာ ရွိတဲ့ပစၥည္းက ထိလြယ္၊ ရွလြယ္ တန္ဖိုးအရမ္းရွိတယ္ဆိုရင္ ဒီပစၥည္းကို ဂ႐ုစိုက္ၿပီးအသုံးျပဳသလို "ဘဝကို ဂ႐ုစိုက္ၿပီး အသုံးျပဳတယ္"။ ဘာမွ မဟုတ္တာေလးနဲ႕ အခ်ိန္ကုန္မခံပါနဲ႕။ ############################# 💢ေအာက္စဖိုဒ့္ဆရာေတာ္💢 🌟ပါေမာကၡေဒါက္တာ ဘဒၵႏၱဓမၼသာမိ🌟
via အလင္းေရာင္ ဓမၼ https://ift.tt/2Im8ApV
Newer Post
Older Post
Home