အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, October 7, 2019
ဘဝရဲ့တစ်နေ့တာကို သိက္ခာသုံးပါးနဲ့ ဖွင့်ပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။ အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။ အသစ် တည်ဆောက်ဖို့ မိနစ်နှစ်ဆယ် စောထပါ။ သိက္ခာသုံးပါး တည်ဆောက်တဲ့နေရာမှာ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတဲ့အခါ တည်ဆောက်တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်အိပ်ရာထစ ဆိုတော့ ဘာအာရုံမှ မတွေ့သေးပါဘူး။ ဒီတော့ အာရုံကြောင့်ဖြစ်တဲ့ အကုသိုလ် မဝင်သေးပါဘူး။ အကုသိုလ် ဝင်မလာသေးတဲ့အတွက် စိတ်ကလည်း ကြည်လင်နေပါတယ်။ ဒါကြောင့် ကိုယ်လက်သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။ ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ် ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပိုတစ်ခုရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထလိုက်ပါ။ မိနစ်နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန် ထူးပြီးမထိခိုက်ပါဘူး။ အိပ်ချိန်မထိခိုက်သလို မိသားစုအလုပ် ကိုယ်ပိုင် အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး။ ဒါမှမဟုတ် မိနစ်နှစ်ဆယ် စောအိပ်ရာဝင်လိုက်ပါ။ ဒီတော့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုကျပါ။ ဦးချတာ သီလယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွားသလို (သီလဝိသုဒ္ဓိ) သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။ နောက်ဂုဏ်တော်ကို ငါးမိနစ်, မေတ္တာကိုငါးမိနစ်, မရဏာနုဿတိကို နှစ်မိနစ်, ဝိပဿနာကို ငါးမိနစ်ပွါးလိုက်ပါ။ ဒါဆို အားလုံးပေါင်း မိနစ်နှစ်ဆယ် ရှိပါလိမ့်မယ်။ မိနစ်နှစ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ် ကို အသစ်တည်ဆောက်ပြီးသား ဖြစ်သွားသလို, သီလဖြူစင်သူလည်းဖြစ် သိက္ခာသုံးပါး တည်သူလည်း ဖြစ်သွားတော့တာပါ။ လူဆိုတာ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် စွဲနေတတ်ပါတယ်။ ဘဝရဲ့ တစ်နေ့တာကို သိက္ခာသုံးပါးနဲ့ ဖွင့်လိုက် ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။ ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) Copy from Paral lel ဘဝရဲ႕တစ္ေန႕တာကို သိကၡာသုံးပါးနဲ႕ ဖြင့္ပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ပိုက္ဆံမကုန္တဲ့ သိကၡာသုံးပါးကို ပြားမ်ား အားထုတ္ရမွာပါ။ အထူးသျဖင့္ သိကၡာသုံးပါးကို ျဖည့္က်င့္ၿပီး ကိုယ့္ကိုယ္ကို အသစ္ျပန္တည္ေဆာက္ရမွာပါ။ အသစ္ တည္ေဆာက္ဖို႔ မိနစ္ႏွစ္ဆယ္ ေစာထပါ။ သိကၡာသုံးပါး တည္ေဆာက္တဲ့ေနရာမွာ မနက္အိပ္ရာထ ကိုယ္လက္သန့္စင္ၿပီးတဲ့အခါ တည္ေဆာက္တာက အေကာင္းဆုံးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ မနက္အိပ္ရာထစ ဆိုေတာ့ ဘာအာ႐ုံမွ မေတြ႕ေသးပါဘူး။ ဒီေတာ့ အာ႐ုံေၾကာင့္ျဖစ္တဲ့ အကုသိုလ္ မဝင္ေသးပါဘူး။ အကုသိုလ္ ဝင္မလာေသးတဲ့အတြက္ စိတ္ကလည္း ၾကည္လင္ေနပါတယ္။ ဒါေၾကာင့္ ကိုယ္လက္သန့္စင္ၿပီးရင္ ဘုရားခန္းထဲ တန္းဝင္လိုက္ပါ။ ဒါေပမယ့္ လူတိုင္းလူတိုင္းဟာ အလုပ္ ကိုယ္စီရွိၾကတဲ့အတြက္ မအားၾကပါဘူး။ မအားတဲ့ၾကားထဲက အခ်ိန္ယူဖို႔ဆိုတာလည္း မလြယ္လွပါဘူး။ ဒါေၾကာင့္ အခ်ိန္ပိုတစ္ခုရဖို႔အတြက္ မနက္ကို မိနစ္ႏွစ္ဆယ္ ေစာထလိုက္ပါ။ မိနစ္ႏွစ္ဆယ္ေလာက္ေတာ့ ကိုယ့္အတြက္ အိပ္ခ်ိန္ ထူးၿပီးမထိခိုက္ပါဘူး။ အိပ္ခ်ိန္မထိခိုက္သလို မိသားစုအလုပ္ ကိုယ္ပိုင္ အလုပ္ကိုလည္း မထိခိုက္ေတာ့ပါဘူး။ ဒါမွမဟုတ္ မိနစ္ႏွစ္ဆယ္ ေစာအိပ္ရာဝင္လိုက္ပါ။ ဒီေတာ့ ကိုယ္လက္သန့္စင္ၿပီးတာနဲ႕ ဘုရားခန္းထဲ တန္းသြားလိုက္ပါ။ ၿပီးေတာ့ ဘုရားကို ဦးသုံးႀကိမ္ခ်ၿပီး ငါးပါးသီလ ယူလိုက်ပါ။ ဦးခ်တာ သီလယူတာက သုံးမိနစ္ေလာက္ ရွိပါလိမ့္မယ္။ ဒါဆို သီလသိကၡာတည္သြားသလို (သီလဝိသုဒၶိ) သီလျဖဴစင္သူလည္း ျဖစ္သြားပါၿပီ။ ေနာက္ဂုဏ္ေတာ္ကို ငါးမိနစ္, ေမတၱာကိုငါးမိနစ္, မရဏာႏုႆတိကို ႏွစ္မိနစ္, ဝိပႆနာကို ငါးမိနစ္ပြါးလိုက္ပါ။ ဒါဆို အားလုံးေပါင္း မိနစ္ႏွစ္ဆယ္ ရွိပါလိမ့္မယ္။ မိနစ္ႏွစ္ဆယ္အခ်ိန္ေပးလိုက္တာနဲ႕ ကိုယ့္ကိုယ္ ကို အသစ္တည္ေဆာက္ၿပီးသား ျဖစ္သြားသလို, သီလျဖဴစင္သူလည္းျဖစ္ သိကၡာသုံးပါး တည္သူလည္း ျဖစ္သြားေတာ့တာပါ။ လူဆိုတာ ေကာင္းတာပဲျဖစ္ျဖစ္ မေကာင္းတာပဲျဖစ္ျဖစ္ စြဲေနတတ္ပါတယ္။ ဘဝရဲ႕ တစ္ေန႕တာကို သိကၡာသုံးပါးနဲ႕ ဖြင့္လိုက္ ရတာဟာ ကိုယ့္ကိုယ္ကို သိပ္ၾကည္ညိုဖို႔ ေကာင္းတာပါ။ ကိုယ့္ဘဝ အသစ္ျပန္တည္ေဆာက္ဖို႔ မိနစ္ ႏွစ္ဆယ္ေလးေတာ့ အခ်ိန္ေပးသင့္ပါတယ္။ ဆရာေတာ္အရွင္ရာဇိႏၵ ရေဝႏြယ္(အင္းမ) Copy from Paral lel
via အလင္းေရာင္ ဓမၼ https://ift.tt/3558igK
Newer Post
Older Post
Home