အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, October 7, 2019
တရားရှိခြင်း ••••••••••••• (၁) အမှန်တရားဘက်မှာ ရပ်တည်ရဲသူ အဆုံးအဖြတ်ပေးရမယ့် အမှုကိစ္စကို အဆောတလျင် မဆင်မခြင် အနိုင် အထက် တစ်ဖက်သတ် ဆုံးဖြတ်ရင် တရားတဲ့ဘက်မှာ ရပ်တည်သူမဟုတ်။ တရားသူကြီးမဟုတ်။ ပညာရှိဟာ ဟုတ်မှန်တဲ့အကြောင်း မဟုတ်မှန်တဲ့အကြောင်း နှစ်ပါးလုံးကို စူးစမ်းလေ့လာ ဆင်ခြင်ပြီးမှ ဆုံးဖြတ်ပါတယ်။ စူးစမ်းလေ့လာဆင်ခြင်ပြီး အဂတိမလိုက်ဘဲ ဟုတ်မှန်တဲ့အတိုင်း သူတစ်ပါးတွေကို တရားနဲ့အညီဖြစ်စေ ရောက်စေသူ တရားကို စောင့်ရှောက်တဲ့ ထက်မြက်တဲ့ ပညာရှိကို တရားမှာတည်သူ တရားသူကြီး လို့ ခေါ်ဆိုသင့်ပါတယ်။ (၂) ဘေးမဖြစ်စေတာ ပညာရှိပါ စကားအများကြီး ဟောပြောရုံနဲ့ ပညာရှိမဖြစ်ပါဘူး။ ဘေးမပြု "ငြိမ်းအေးသူ" ရန်မလုပ် "အမျက်ဒေါသကင်းစင်သူ" ဘေးအန္တရာယ်မဖြစ်စေသူ "ကြောက်ရွံ့မှု ကင်းစေသူ" ကိုပဲ ပညာရှိလို့ ဆိုသင့်ပါတယ်။ (၃) တရားဆောင်သူ တရားအများကြီး ဟောပြောရုံနဲ့ တရားဆောင်သူ မဟုတ်ပါဘူး။ တရားနည်းနည်းပဲ နာကြားရပေမယ့်လည်း တရားကို မဂ်ဉာဏ်နှင့် ထိုးထွင်းသိမြင်သူ တရားကို မမေ့မလျော့ ဂရုတစိုက် လိုက်နာ ကျင့်သုံးသူဟာ တရားဆောင်သူအစစ်ပါပဲ။ (၄) ခေါင်းဖြူနေပြီ၊ စိတ်မဖြူသေးဘူးလား။ ခေါင်းဖွေးဖွေးဖြူရုံနဲ့ သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ မဖြစ်နိုင်ပါဘူး။ အသက်အရွယ်ကြီးရင့်ပြီး အချီးအနှီး အိုမင်းသူလို့ပဲ ဆိုနိုင်ပါတယ်။ (၅) သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ သစ္စာသိ တရားရှိသူ မညှဉ်းဆဲသူ သီလစောင့်စည်းတတ်သူ မကောင်းတဲ့စိတ်တွေ မဖြစ်အောင် ဆုံးမတားမြစ်သူ ကိလေသာ အညစ်အကြေးတွေ ထွေးအန်စွန့်ပြီးတဲ့ သမာဓိ ပညာရှိသူကိုပဲ သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ မထေရ်လို့ ခေါ်ဆိုသင့်ပါတယ်။ မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၉။ ဓမ္မဋ္ဌဝဂ္ဂ၊ တရားရှိခြင်း ဓမ္မပဒအဖော်မွန် - ၁၉ အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။ တရားရွိျခင္း ••••••••••••• (၁) အမွန္တရားဘက္မွာ ရပ္တည္ရဲသူ အဆုံးအျဖတ္ေပးရမယ့္ အမႈကိစၥကို အေဆာတလ်င္ မဆင္မျခင္ အနိုင္ အထက္ တစ္ဖက္သတ္ ဆုံးျဖတ္ရင္ တရားတဲ့ဘက္မွာ ရပ္တည္သူမဟုတ္။ တရားသူႀကီးမဟုတ္။ ပညာရွိဟာ ဟုတ္မွန္တဲ့အေၾကာင္း မဟုတ္မွန္တဲ့အေၾကာင္း ႏွစ္ပါးလုံးကို စူးစမ္းေလ့လာ ဆင္ျခင္ၿပီးမွ ဆုံးျဖတ္ပါတယ္။ စူးစမ္းေလ့လာဆင္ျခင္ၿပီး အဂတိမလိုက္ဘဲ ဟုတ္မွန္တဲ့အတိုင္း သူတစ္ပါးေတြကို တရားနဲ႕အညီျဖစ္ေစ ေရာက္ေစသူ တရားကို ေစာင့္ေရွာက္တဲ့ ထက္ျမက္တဲ့ ပညာရွိကို တရားမွာတည္သူ တရားသူႀကီး လို႔ ေခၚဆိုသင့္ပါတယ္။ (၂) ေဘးမျဖစ္ေစတာ ပညာရွိပါ စကားအမ်ားႀကီး ေဟာေျပာ႐ုံနဲ႕ ပညာရွိမျဖစ္ပါဘူး။ ေဘးမျပဳ "ၿငိမ္းေအးသူ" ရန္မလုပ္ "အမ်က္ေဒါသကင္းစင္သူ" ေဘးအႏၱရာယ္မျဖစ္ေစသူ "ေၾကာက္႐ြံ႕မႈ ကင္းေစသူ" ကိုပဲ ပညာရွိလို႔ ဆိုသင့္ပါတယ္။ (၃) တရားေဆာင္သူ တရားအမ်ားႀကီး ေဟာေျပာ႐ုံနဲ႕ တရားေဆာင္သူ မဟုတ္ပါဘူး။ တရားနည္းနည္းပဲ နာၾကားရေပမယ့္လည္း တရားကို မဂ္ဉာဏ္ႏွင့္ ထိုးထြင္းသိျမင္သူ တရားကို မေမ့မေလ်ာ့ ဂ႐ုတစိုက္ လိုက္နာ က်င့္သုံးသူဟာ တရားေဆာင္သူအစစ္ပါပဲ။ (၄) ေခါင္းျဖဴေနၿပီ၊ စိတ္မျဖဴေသးဘူးလား။ ေခါင္းေဖြးေဖြးျဖဴ႐ုံနဲ႕ သိကၡာဂုဏ္ဝါ ႀကီးျမတ္သူ မျဖစ္နိုင္ပါဘူး။ အသက္အ႐ြယ္ႀကီးရင့္ၿပီး အခ်ီးအႏွီး အိုမင္းသူလို႔ပဲ ဆိုနိုင္ပါတယ္။ (၅) သိကၡာဂုဏ္ဝါ ႀကီးျမတ္သူ သစၥာသိ တရားရွိသူ မညွဥ္းဆဲသူ သီလေစာင့္စည္းတတ္သူ မေကာင္းတဲ့စိတ္ေတြ မျဖစ္ေအာင္ ဆုံးမတားျမစ္သူ ကိေလသာ အညစ္အေၾကးေတြ ေထြးအန္စြန့္ၿပီးတဲ့ သမာဓိ ပညာရွိသူကိုပဲ သိကၡာဂုဏ္ဝါ ႀကီးျမတ္သူ မေထရ္လို႔ ေခၚဆိုသင့္ပါတယ္။ ျမတ္ဗုဒၶ၏ ဓမၼပဒ ၁၉။ ဓမၼ႒ဝဂၢ၊ တရားရွိျခင္း ဓမၼပဒအေဖာ္မြန္ - ၁၉ အရွင္ဉာဏဝရ(ပါရမီ) ပူေဇာ္ပါသည္။
via အလင္းေရာင္ ဓမၼ https://ift.tt/2Mh1Yuc
Newer Post
Older Post
Home