Sunday, October 6, 2019

"ဓမ္မရံသီဆရာတော်ဦးသုနန္ဒ" ဝိပဿနာအလုပ်ဆိုတာ ပုထုစဉ်နယ်ကနေ အရိယာနယ်ကို တက်လှမ်းတဲ့အလုပ်ဖြစ်ပါတယ်။ ဝိပဿနာဘာ‌ကြောင့်အား ထုတ်ရသလဲဆိုရင်ပုထုစဉ် အဖြစ်နဲ့သေရင်ဂတိမမြဲလို့ အရိယာအဖြစ်နဲ့သေမှဂတိမြဲလို့ပါ။ ဘုရားလက်ထက်တော်အခါကအလှု့အမ ကျောင်းအမအနှိုင်းမဲ့ကုသိုလ်ရှင်ဖြစ်တဲ့ မလ္လိကာမိဖုရားကြီးတောင်သေခါနီးစဲစဲမှာရှင်ဘုရင်အပေါ်လိမ်ခဲ့မိတဲ့အပြစ်ကလေးတစ်ခုကိုအမှတ်ရပြီး သောကရောက်ကာပုထုစဉ်အဖြစ်နဲ့သေခဲ့လို့အဝီစိငရဲမှာ(၇)ရက်ကျခဲ့ရပါတယ်။ (ပုထုစဉ်အဖြစ်နဲ့သေလို့ဂတိမမြဲရတာပါ) သက်တန်းရှည်တဲ့ကာလမှာ အနှစ်နှစ်သောင်းတိုင်အောင်သီလတွေ စောင့်ထိမ်းခဲ့တဲ့တိဿရဟန်းကြီး သေခါနီးစဲစဲမှာ သမန်းမြက်ကလေး စွဲမိတာကိုအမှတ်ရပြီး ငါ့တော့အာပတ်ကြီးတန်းလန်းနဲ့ပါလားလို့ ပူပမ်စိတ်ကလေးဝင်ကာ ပုထုစဉ်အဖြစ်နဲ့သေလို့ မသေခင်ရဟန်းကြီး သေတော့နဂါးကြီးဖြစ်ခဲ့ရပါတယ်။ (ပုထုစဉ်အဖြစ်နဲ့သေလို့ဂတိမမြဲရတာပါ) ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့ တောဒေယျကြီး သေခါနီးစဲစဲမှာ ပစ္စည်းဥစ္စာတွေစွဲလန်းတဲ့စိတ်နဲ့သေခဲ့ ရလို့ မသေခင် သူဠေးကြီး သေတော့ ခွေးကြီးဖြစ်ခဲ့ရပါတယ်။ (ပုထုစဉ်အဖြစ်နဲ့သေလို့ဂတိမမြဲရတာပါ) မြတ်စွာဘုရားလက်ထက်က အနာထပိန် သူဠေးကြီးတို့ ဝိသာခါကျောင်းအမကြီးတို့ဟာ သဒ္ဓါ ဝီရိယထက်သန်စွာဖြင့် ရတနာမြတ်သုံး ပါးတို့အပေါ်ဆည်းကပ်ပူဇော်ကာ ဝိပဿနာတရားနေ့စဉ်ပွားများအားထုတ် ၍အရိယာအဖြစ်နဲ့သေခဲ့ကြတဲ့အတွက် အပါယ်တံခါးအပြီးတိုင်ပိတ်ကာဂတိမြဲခဲ့ကြပါတယ်။ ဒါကြောင့် အရိယာအဖြစ်နဲ့သေရင်(ဝါ)သောတပန်အဖြစ်နဲ့သေရင်အပယ်တံခါးပိတ်ပြီး နောင်(၇)ဘဝသာဘုံစဉ်စံအရိယာအဖြစ် နေရပြီးနောက်ဆုံးဘဝမှာတော့ဒုက္ခခပ် သိမ်းချုပ်ငြိမ်းရာမြတ်နိဗ္ဗာန်ကိုမျက် မောက်ပြုနိင်ကြလို့ဝိပဿနာတရားကို ‌နေ့စဉ်မပြတ် ကြိုးစားပွားများအားထုတ် ကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ရ ပါတယ်ယောဂီတို့။ ဆရာတော်ဦးသုနန္ဒဟောကြားတော်မူသောအလုပ်ပေးတရားတော်မှပြန်လည် ပူဇော်ပါသည်။ AWT "ဓမ္မရံသီဆရာတော်ဦးသုနန္ဒ" ဝိပဿနာအလုပ်ဆိုတာ ပုထုစဉ်နယ်ကနေ အရိယာနယ်ကို တက်လှမ်းတဲ့အလုပ်ဖြစ်ပါတယ်။ ဝိပဿနာဘာ‌ကြောင့်အား ထုတ်ရသလဲဆိုရင်ပုထုစဉ် အဖြစ်နဲ့သေရင်ဂတိမမြဲလို့ အရိယာအဖြစ်နဲ့သေမှဂတိမြဲလို့ပါ။ ဘုရားလက်ထက်တော်အခါကအလှု့အမ ကျောင်းအမအနှိုင်းမဲ့ကုသိုလ်ရှင်ဖြစ်တဲ့ မလ္လိကာမိဖုရားကြီးတောင်သေခါနီးစဲစဲမှာရှင်ဘုရင်အပေါ်လိမ်ခဲ့မိတဲ့အပြစ်ကလေးတစ်ခုကိုအမှတ်ရပြီး သောကရောက်ကာပုထုစဉ်အဖြစ်နဲ့သေခဲ့လို့အဝီစိငရဲမှာ(၇)ရက်ကျခဲ့ရပါတယ်။ (ပုထုစဉ်အဖြစ်နဲ့သေလို့ဂတိမမြဲရတာပါ) သက်တန်းရှည်တဲ့ကာလမှာ အနှစ်နှစ်သောင်းတိုင်အောင်သီလတွေ စောင့်ထိမ်းခဲ့တဲ့တိဿရဟန်းကြီး သေခါနီးစဲစဲမှာ သမန်းမြက်ကလေး စွဲမိတာကိုအမှတ်ရပြီး ငါ့တော့အာပတ်ကြီးတန်းလန်းနဲ့ပါလားလို့ ပူပမ်စိတ်ကလေးဝင်ကာ ပုထုစဉ်အဖြစ်နဲ့သေလို့ မသေခင်ရဟန်းကြီး သေတော့နဂါးကြီးဖြစ်ခဲ့ရပါတယ်။ (ပုထုစဉ်အဖြစ်နဲ့သေလို့ဂတိမမြဲရတာပါ) ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့ တောဒေယျကြီး သေခါနီးစဲစဲမှာ ပစ္စည်းဥစ္စာတွေစွဲလန်းတဲ့စိတ်နဲ့သေခဲ့ ရလို့ မသေခင် သူဠေးကြီး သေတော့ ခွေးကြီးဖြစ်ခဲ့ရပါတယ်။ (ပုထုစဉ်အဖြစ်နဲ့သေလို့ဂတိမမြဲရတာပါ) မြတ်စွာဘုရားလက်ထက်က အနာထပိန် သူဠေးကြီးတို့ ဝိသာခါကျောင်းအမကြီးတို့ဟာ သဒ္ဓါ ဝီရိယထက်သန်စွာဖြင့် ရတနာမြတ်သုံး ပါးတို့အပေါ်ဆည်းကပ်ပူဇော်ကာ ဝိပဿနာတရားနေ့စဉ်ပွားများအားထုတ် ၍အရိယာအဖြစ်နဲ့သေခဲ့ကြတဲ့အတွက် အပါယ်တံခါးအပြီးတိုင်ပိတ်ကာဂတိမြဲခဲ့ကြပါတယ်။ ဒါကြောင့် အရိယာအဖြစ်နဲ့သေရင်(ဝါ)သောတပန်အဖြစ်နဲ့သေရင်အပယ်တံခါးပိတ်ပြီး နောင်(၇)ဘဝသာဘုံစဉ်စံအရိယာအဖြစ် နေရပြီးနောက်ဆုံးဘဝမှာတော့ဒုက္ခခပ် သိမ်းချုပ်ငြိမ်းရာမြတ်နိဗ္ဗာန်ကိုမျက် မောက်ပြုနိင်ကြလို့ဝိပဿနာတရားကို ‌နေ့စဉ်မပြတ် ကြိုးစားပွားများအားထုတ် ကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ရ ပါတယ်ယောဂီတို့။ ဆရာတော်ဦးသုနန္ဒဟောကြားတော်မူသောအလုပ်ပေးတရားတော်မှပြန်လည် ပူဇော်ပါသည်။ AWT


via အလင်းရောင် ဓမ္မ https://ift.tt/2oZPfDT