အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 14, 2019
ဂါထာအကြောင်းထက်ဆင့်မျှဝေကုသိုလ်ယူပါရစေ ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်း ဖတ်ကြည့်နော်… ထီပေါက်ချင်သူများ… ချမ်းသာချင်သူများ… အလုပ်အကိုင် အဆင်ပြေလိုသူများ အတွက်… ဓမ္မမိတ်ဆွေ တစ်ဦး၏ ကိုယ်တွေ့ ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသော ပုတီးစိပ်နည်းလေးပါ။ ယက္ကန်းစင်တောင်ဆရာတော်နဲ့ ပဋ္ဌာန်းဆက်ဖြစ်တဲ့ ဓမ္မမိတ်ဆွေကြီး UphyoMyint ကို ယက္ကန်းစင်တောင် ဆရာတော်ကြီး ကိုယ်တိုင်ပေးထားတဲ့ ပုတီးစိပ်နည်းပါ။ အများမြင်တွေ့နေကြ ဆရာတော်ရဲ့ ပုတီးစိပ်နည်းထက် သုံးကြောင်းပိုပါတယ်။ ဦးဖြိုးမြင့်ဟာ ဂါထာပေါင်းစုံကို တနေ့ နှစ်နာရီကျော် ပုတီးစိပ်တာ ဈေးရောင်းမကောင်းပဲ ယက္ကန်းစင်တောင်ဆရာတော်က ဒီဂါထာပေးလို့ ရွတ်တာနဲ့ သိသိသာသာ ဈေးရောင်းကောင်းပြီး အစစအရာရာ အဆင်ပြေလာပါတယ်။ ဂါထာတန်ခိုးနဲ့ ထီတွေ ဆုကြီး ဆုငယ် အကြိမ်( ၃ဝဝ )ကျော် ပေါက်ပါတယ်။ ပုတီးစိပ် ပုံ ********* ဂါထာ အစ အဆုံး ရွတ်ပြီး ပုတီးတစ်လုံးချ တစ်နေ့ကို တစ်ပတ်စိပ်ရမှာပါ။ မစိပ်နိုင်ရင်… မနက်( ၉ )နာရီ ည( ၉ )နာရီ အချိန်တွေမှာ အနည်းဆုံး( ၉ )ခေါက်ရွတ်ပါ။ ဘေးရန်ကင်းကွာ လာဘ်ရွှင်ကာ အစစအရာရာ အောင်မြင်ပြီးပေါက် သိဒ္ဓိ ပေါက်စေနိုင်ပါတယ်။ ယက္ကန်းစင်တောင် ဆရာတော်ဦးသြဘာသ၏ လောကီ လောကုတ် နှစ်ဖြာသောအကျိုးကိုဖြစ်စေသော ပုတီးစိပ်နည်း ************************************* သိဒ္ဓိ ဘဂဝါ အရဟံ ဗုဒ္ဓေါမေ သတ္တပါကာရံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ သိဒ္ဓိ ဘဂဝါ အရဟံ ဓမ္မောမေ သတ္တပါကာရံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သိဒ္ဓိ ဘဂဝါ အရဟံ သံဃောမေ သတ္တပါကာရံ သံဃံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ အနက် အဓိပ္ပါယ် ************** ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်၍ တံတိုင်းသဖွယ် အရံအတား ပြုလုပ် သတ်မှတ်ပါ၏။ ဤသစ္စာစကားကြောင့် ပစ္စည်းဥစ္စာ ရတနာတို့နှင့် မိတ်ကောင်းအပေါင်းတို့ ရရှိ ရောက်ရှိ၍ ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေသတည်း။ မှတ်ချက်။ ငါးပါးသီလမလုံရင်… အပေါ်သုံးကြောင်းပဲ စိပ်ပါ။ Credit-Ko Thit Sar (ခ) U Thitsar မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )
via အလင်းရောင် ဓမ္မ https://ift.tt/2N7VVKa
Newer Post
Older Post
Home