အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 14, 2019
ဂုဏ်တော်ပုတီးစိပ်ခြင်း •••••••••••••••••••••• ဘုရားရှင်က ရာထူးတိုးချင်လျှင် … "ငါဘုရား၏ ဘယ်ဂုဏ်တော်ကို ရွတ်ပွား" "အမှုအခင်းနိုင်ချင်လျှင် ဘယ်ဂုဏ်တော်ကို ရွတ်ပွား " "ကြီးပွားချမ်းသာချင်လျှင် ဘယ်ဂုဏ်တော် ကို ရွတ်ပွား " ဟူ၍ တစ်လုံးတစ်ပါဒမျှ ဟောကြားတော်မမူခဲ့ပါ။ ရတနာသုံးပါးနှင့် ဆိုင်သော ကိစ္စများကို ဆောင်ရွက်စေရာ၌ … အခြိမ်းအခြောက်မပါသင့်သလို အမျှော်နှင့် အပင့်အမြှောက်လည်း မပါသင့်ပါ။ ဂုဏ်တော်ပုတီးစိပ်ခြင်း၏ ရည်ရွယ်ချက် ကလည်း လောကီရေး အလိုရမ္မက်များ ပြည့်စုံပြီးမြောက်ရေး … ပုတီးစိပ်ပြန်တော့လည်း ပါဠိတွေ ကိုသာ ရွတ်ဖတ်၍နေသည်။ ဂုဏ်တော်တစ်ပါးချင်းစီ၏ အနက်အဓိပ္ပါယ်ကို မသိ။ သိရှိအောင်လည်း အားမထုတ်။ နှုတ်က ကြက်တူရွေးရွတ်သလို မြန်မြန်ရွတ် ပုတီးလုံးများကို နင်ပြီး နင်ဆင်း ပုတီးပတ် ပြည့်ရေးအတွက် မြန်မြန်သွက်သွက် စိပ် တတ်ကြသည်။ ဦးတည်ရည်ရွယ်ချက်ကလည်း မမြင့်မြတ်။ လုပ်နည်း လုပ်ဟန်ကလည်း မမှန်ကန်သော ကြောင့် မည်သည့်နည်းနှင့်မျှ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများရာမရောက်ပါ။ ဘုရားရှင်၏ ဂုဏ်တော်များသည် အအေးဓာတ် အငြိမ်းဓာတ် ဖြစ်ပါသည်။ တုနှိုင်းမဲ့ သန့်ရှင်းကြည်လင်ပါ၏။ မွန်မြတ်ပါ၏။ အလိုရမ္မက်နှင့် လောဘဟူသည် အပူဓာတ်ဖြစ်ပါ၏။ ပူလောင်ပါ၏။ ညစ်နွမ်းပါ၏။ ဤမျှကိုပင် သဘောမပေါက်မူလျက် ချမ်းသာချင် ရာထူးတိုးချင် အမှုအခင်းနိုင်ချင် နိုင်ငံခြားသွားချင် ထင်ပေါ်ကျော်ကြားချင် သော အလိုလောဘများ ပြည့်စုံလာရေးကို ရည်မျှော်ပြီး ဂုဏ်တော်ပွားနေခြင်းအားဖြင့် အတွင်းသန္တန်၌ သန့်ရှင်းမှု တည်ငြိမ်မှု ကြည်လင်အေးချမ်းမှုတို့ ဖြစ်ထွန်းလာ လိမ့်မည် မဟုတ်ပေ။ ဂုဏ်တော်တစ်ပါးချင်းစီ၏ အဓိပ္ပါယ်ကို မသိမူလျက် ပုတီးစိပ်မည်ဆိုလျှင် ဗုဒ္ဓါနုဿတိ မဖြစ်နိုင်ပါ။ လောကီကြီးပွားရေး စီးပွားရေး အမျှော် လောဘအရင်းခံသက်သက်နှင့် ဂုဏ်တော် ပွားလျှင်လည်း ဗုဒ္ဓါနုဿတိ မဖြစ်နိုင်ပါ။ မင်းနန် (မော်ကျွန်း) ဓမ္မလမ်းညွှန် စာစုမွန် Paral lel.
via အလင်းရောင် ဓမ္မ https://ift.tt/31BQIyn
Newer Post
Older Post
Home