Wednesday, August 14, 2019

သေပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်မှာလဲ? ▬▬▬▬▬▬▬▬▬▬▬▬▬ သေချိန်ကျလို့ သေလာပြီ၊ ပျက်စီးချိန်ကျလို့ ပျက်စီးပြီဆိုတော့ ဒီခန္ဓာကိုယ်ကြီးက ဘာဖြစ်လာတုန်း၊ ဖူးဖူးယောင်လာတယ်။အညိုအမည်း အကွက်တွေ စွဲလာတယ်။ဟုတ်လား။ အဲလိုမျိုး ဖောက်ပြန်ပြောင်းလဲမူတွေ အများကြီးဖြစ်ပြီးတော့ အလွန်ချစ်ခဲ့တဲ့, ခင်ခဲ့တဲ့ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးက ငဲ့ကွက်မူ ကင်းပြီးတော့ သူ့ကို ဘယ်ပို့လိုက်တုန်း၊ သုဿာန်ပဲ ပို့လိုက်တယ်။ ဘယ်သူမှ သူ့ကို မထားဘူးတဲ့။ ဒါ ခန္ဓာကိုယ်ရဲ့ သဘာဝ။ ဒါတွေကို စဉ်းစားရင် ဘာဖြစ်တုန်း၊ ဒီအချက်ကို စဉ်းစားရင် ဘာဖြစ်တုန်း၊ မသေခင်မှာ အသိုင်းနဲ့ အဝိုင်းနဲ့ ချစ်ကြတယ်,မြတ်နိုးကြတယ်ဆိုပြီးတော့ တစ်ယောက်ကို တစ်ယောက် အားပြုပြီးတော့ တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေနဲ့ ရစ်ပတ်ပြီးတော့ နေရတာတဲ့ အနှစ်သာရ ကင်းမဲ့ပုံကို သိနိုင်တယ်ပေါ့။ ဘယ်လောက်ပဲ ချစ်ခင်နှစ်သက်မူ၊ မြတ်နိုးမူတွေနဲ့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွေ ထားပြီး နေနေ မသေခင်ပဲ၊ ဟုတ်တယ်မဟုတ်လား။ တချို့ဆိုရင် မသေခင်တောင်မှ မသေခင်လို့ အပြည့်အဝ ပြောလို့ မရပါဘူး။ ရောဂါဘယတွေ နှိပ်စက်လာပြီ၊ တကယ့်ကိုပဲ ကြည့်မကောင်း, ရှုမကောင်းဖြစ်လာပြီဆိုရင် မသေခင်ကိုပဲ သံယောဇဉ်တွေက သိပ်ပြီးတော့ မရှိတော့ဘူး။ မြတ်နိုးမူတွေက သိပ်ပြီးတော့ မရှိတော့ဘူး။ သေပြီဆိုရင်တော့ သူသူကိုယ်ကိုယ် ဘယ်သူမှ သံယောဇဉ်က ဘာဖြစ်သွားတုန်း၊ အနပေက္ခိနော၊ငဲ့ကွက်မူကင်းသွားတယ်။ အနပေက္ခာ၊ ငဲ့ကွက်မူ မရှိတော့ဘူး။ ဒါ ငါ့လူလို့ ငဲ့ကွက်မူ မရှိတော့ဘူး၊ ဒါကို ပြောတာနော်။ အလွန်ချစ်တဲ့ ဆွေတွေမျိုးတွေကတောင်မှ ကိုယ့်ကို ငဲ့ကွက်မူ မရှိတော့တဲ့အတွက်ကြောင့် သုဿာန်ကိုပဲ ပို့လိုက်တယ်။ အဲဒီ သုဿာန်ရောက်သွားပြီးဆိုတော့ ဘာဖြစ်တုန်း၊ခွေးတွေက စားကြမယ်တဲ့ ဒီအလောင်းကောင်ကြီးကို။ ငါငါ ငါနဲ့ တစ်သက်လုံး မြတ်မြတ်နိုးနိုး တစ်သက်လုံး ထွေးပိုက်ခဲ့တဲ့ ဒီခန္ဓာကိုယ်ကြီးကို ခွေးတွေက စားကြမယ်တဲ့။ မြေခွေးတွေက စားကြမယ်တဲ့, သစ်ကျုတ်တွေက စားကြမယ်တဲ့, ပိုးလောက်တွေက စားကြမဟ်တဲ့။ လင်းတတွေ ကျီးတွေ ဒါတွေက ထိုးကြမယ်,စားကြမယ်။ တစ်ခြားတစ်ခြားသော ဒီခန္ဓာကိုယ် စားမယ့်သတ္တဝါတွေ အများကြီး ရှိတယ်တဲ့။ အဲဒီသတ္တဝါမျိုးစုံက ဒီခန္ဓာကိုယ်ကို စားကြလိမ့်မယ်တဲ့၊ ဒါ အမှန်တရားပဲ။ သစ္စာရွှေစည်ဆရာတော် 2017-4-14 သီရိမာနှင့် အသုဘဘာဝနာတရားတော်မှ ကောက်နုတ်ချက်


via အလင်းရောင် ဓမ္မ https://ift.tt/2MgUCcj