အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 16, 2019
သိကြားမင်း သေပြီ 😔😔😔😔😔 အင်းဝခေတ်က စာပေသင်ကြားနေတဲ့ ကျောင်းတကျောင်းမှာ ဆရာတော်ကြီးတပါးရှိတယ် သူဟာ စာသင်သားတွေကို စာပေသင်ကြားပို့ ချ နေရပေမဲ့ ကျောင်းတိုက်က ဆွမ်းကွမ်းမပြည့်စုံတဲ့ အတွက် အခတ်အခဲ ဖြစ်နေတယ် နန်းတော်ထဲကို ဝင်ထွက်ခွင့်ရနေတဲ့ မထေရ်ကြီးတွေကျတော့ လာဘ်လာဘ ပေါများပြီး သူ့ ကျတော့ ဆင်းဆင်းရဲရဲ စာပေပို့ ချ နေရတာကို မကျေမနပ်ဖြစ်နေတယ် တနေ့ ကျတော့ အဲဒီဆရာတော်ကြီးက ခေါင်းလောင်းကို ဆူညံစွာတီးတယ် ခေါင်းလောင်းသံဆူညံတော့ ဘုရင်က အကျိုး အကြောင်းမေးဖို့ ရောက်လာတဲ့အခါ ဆရာတော်ကြီးက သိကြားမင်းသေလို့  ထိုးတာ လို့ ပြောတယ် ဘုရင်က ဘာ့ကြောင့်သေတယ်လို့  ပြောရတာလည်းလို့ မေးတဲ့အခါ ဆရာတော်ကြီးက ဘုရားရှင်ပရိနိဗ္ဗါန်ပြုခါနီးမှာ သိကြားမင်းက ဘုရားရှင်ကို လျှောက်တယ် အရှင်ဘုရား အရှင်ဘုရားမရှိတဲ့နောက်ပိုင်းမှာ တပည့်တော့ သာသနာတော်ကို စွမ်းစွမ်းတမံ စောင့်လျှောက်ပါ့မယ် သာသနာပြုပုဂ္ဂိုလ်တွေကို ကူညီပါ့မယ်ဆိုပြီး လျှောက်ထားဘူးတယ် အခု တို့ များ ပင်ပင်ပမ်းပမ်းနဲ့ သာသနာပြုနေတာ ဘာအကူအညီအထောက်အပံ့မှ မရဘူး မရပုံထောက်တော့ သိကြားမင်းသေလို့ ပဲဖြစ်မယ် ဒါ့ကြောင့် ခေါင်းလောင်းထိုးတာ လို့  ပြောတယ် အဲဒီတော့မှ ဘုရင်လည်း သူဟာ တာဝန်ရှိသူ ဖြစ်ပါလျှက် သာသနာပြုသူတွေကို မစောင့်ရှောက်မိပါလားလို့သံဝေဂရပြီး ဆရာတော် ကြီးကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့လှူတန်းသတဲ့ အင်းးးးးး မြန်မာနိုင်ငံမှာလည်း ပရိယတ္တိစာသင်သားတွေ တနှစ်ထက်တနှစ် လျှော့နည်းလာနေတာ သာသနာတော်မြတ်ကြီး အတွက် ရင်လေးစရာ ဝန်းနည်းစရာကောင်းနေပြီ သိကြားမင်းများ သေနေပြီလားမသိဘူး ဦးမြင့်ခိုင် share
via အလင်းရောင် ဓမ္မ https://ift.tt/2OZO4kB
Newer Post
Older Post
Home