Sunday, August 11, 2019

ဒုက္ခကို မမေ့တဲ့သူတွေက အထက်တန်းကို ရောက်ကြတယ်။ •••••••••••••••••••••••••••••••• တစ်ဖက်သားက စကားပြောတဲ့နေရာမှာ မမှန်မကန် ပြောလာရင်တောင်မှ ● မမှန်မကန်ပြောတာက ပြဿနာတစ်ခု ● ကိုယ်စိတ်ဆိုးတာက နောက်ထပ် ပြဿနာတစ်ခု ဒီပြဿနာနှစ်ခုကို ခွဲခွဲခြားခြားမြင်ရမယ်။ ဒါ့ကြောင့် သတိပဋ္ဌာန်သင်တဲ့အခါ မြတ်စွာဘုရားက … ● အတွင်းတစ်ခါကြည့်ပါ။ ● အပြင်တစ်ခါကြည့်ပါ။ ● အတွင်းနဲ့အပြင် ဘယ်လို ဆက်စပ်သလဲ ကြည့်ပါ။ ပါဠိလိုပြောရင် "အဇ္ဇျတ္တ ဗဟိဒ္ဓ" ● Internal - External - Both နည်းနည်း မြင့်တဲ့ အင်္ဂလိပ်စကားနဲ့ဆိုရင် ● Introspetive, Extrospetive အဲ့လို ခေါ်တယ်။ အဇ္ဇျတ္တ ဗဟိဒ္ဓကို ပြောတာပါပဲ။ အဲ့ဒါကြောင့် "ငါပြောလိုက်တဲ့ထဲမှာ ဘာများအမှားပါသွားတုန်း"လို့ အဲဒီလို ပြန်ဆင်ခြင်နိုင်တဲ့ပုဂ္ဂိုလ်က ပညာရှိပဲ။ #ပညာရှိလက္ခဏာဆို ကိုယ့်ရဲ့ အပြောကို ပြန်ပြီးတော့ ဆင်ခြင်နိုင်တယ်။ ဂျပန်လူမျိုးတွေ တိုးတက်တယ်ဆိုတာ သူတို့က နည်းနည်းလေးလောက် မှားပြီ ဆိုရင် တောင်းပန်တာ မပြီးတော့ဘူး။ ကားမောင်းတဲ့နေရာမှာ ကိုယ်က ဟိုဘက်က လမ်းကို နည်းနည်းလေးယူမိရင် ဒါမှမဟုတ် မီးက ဝါနေတာကို နည်းနည်းလေး ဘီးတစ်လှိမ့်စာ၊ နှစ်လှိမ့်စာလောက် လိမ့်သွား တာကို အဲ့ဒီဒရိုင်ဘာ ကားဆရာ ခေါင်းကို ပခုံးကိုညွတ်ပြီးတော့ တောင်းပန်တာမပြီးနိုင်ဘူး။ လူနှစ်ယောက် လမ်းလျှောက်တဲ့အခါမှာ လည်းပဲ သူက ကိုယ့်လမ်းကို လာမိလား။ ကိုယ်က သူ့လမ်းကို လာမိလား မသေချာဘူး ဆိုရင်… နှစ်ဖက်စလုံး တောင်းပန်လိုက်တာ ပြောမနေနဲ့။ တိုးတက်တယ်ဆိုတာ အဲ့ဒီလို တိုးတက်တာ။ သူများအတွက် ကိုယ်က စဉ်းစားပေးတယ်။ "ငါ့ကို ဒီလိုစော်ကားတယ်"လို့ "ငါ ငါ" ဆိုတဲ့ ဟာကို center လုပ်ပြီးတော့ဗဟိုပြုပြီးတော့ တွေးတာက Ego Centric ခေါ်တာပေါ့။ သူများကို ဗဟိုပြုပြီးတော့ တွေးတယ် ဆိုရင်တော့ ပါရမီလမ်းစဉ် ဖြစ်သွားပြီ။ ● ဒီလိုပြောရင် သူများစိတ်ထိခိုက်မလား။ ● ဒီလိုပြောရင် သူစိတ်ချမ်းသာမလား။ ● စိတ်အားရှိမလား။ ဒီလိုတွေးနိုင်ရင် ပါရမီဖြည့်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြီ။ မှန်ကန်တဲ့စကားပြောတာပဲ။ ဘယ်ကနေ ဘယ်အချိန် ဘယ်အပေါ်မှာ အခြေခံတုန်းဆိုတော့ "သမ္မာဒိဋ္ဌိနဲ့ သမ္မာ သင်္ကပ္ပ" အဲ့ဒီနှစ်ခုပေါ်မှာ မူတည်တယ်။ "သမ္မာဒိဋ္ဌိ" မှန်ကန်တဲ့အမြင်ဆိုတာက ပြဿနာရှိတယ်။ ပြဿနာရှိနိုင်တယ်။ ပြဿနာဖြစ်နိုင်တယ်ဆိုတာကို သတိပြုမိတာ။ ဒုက္ခကို သတိပြုမိတာ။ ဒုက္ခကို နားလည်၊ ဒုက္ခကို မမေ့တာ။ ဒီလိုပဲ ဒုက္ခကို မမေ့တဲ့သူတွေ စာတတ် ပေတတ်တွေ ဖြစ်တယ်။ သူဌေးကြီးတွေ ဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်တယ်။ ဒုက္ခကိုမမေ့တဲ့သူတွေက အထက်တန်းကို ရောက်ကြတယ်။ ဒုက္ခမေ့တဲ့သူတွေက မဖြစ်နိုင်ဘူး။ အထက်တန်းကို မရောက်နိုင်ဘူး။ ဒါ့ကြောင့် ဒုက္ခကိုနားလည် ဒုက္ခသတိ ရှိနေတာက "သမ္မာဒိဋ္ဌိ" ပြဿနာရှိနိုင်တယ်။ ကျန်းမာရေးပြဿနာ ရှိနိုင်တယ်။ အဲ့ဒါကို သတိပြုမိပြီးတော့ အစားအသောက် ဆင်ခြင်တဲ့သူ အစားလျှော့စားတဲ့သူ ဟင်းချိုမှုန့် အချိုမှုန့်မသုံးတဲ့သူ ဆီလျှော့စားတဲ့သူ ဒီလိုဆိုရင် ပြဿနာဖြစ်နိုင်တယ်ဆိုတာ သိပြီးတော့ ဆင်ခြင်တဲ့အတွက် ဒီပုဂ္ဂိုလ် အသက်ရှည်တယ်။ ကျန်းမာရေးကောင်း တယ်။ စားတဲ့ဟင်းထဲမှာ စားပွဲပေါ်မှာ ပြဿနာ မရှိပေမယ့် ဆာတာတစ်ခုပဲ သိတယ်ဆိုရင် ဒီပုဂ္ဂိုလ်ရောဂါရပြီးတော့ ပြဿနာဖြစ်နိုင်တယ်။ အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ ဤခရီးလျစ်လျူရှုချင်လှပါဘိ တရားတော်မှ Via : Paral lel.


via အလင်းရောင် ဓမ္မ https://ift.tt/2YTPcWN