Thursday, August 15, 2019

☺ သရဏဂုံ အကျိုး ☺ **-**************** ♨ ရှေးက ရောဟဏရွှာ လဲမှို့ကုန်သည်မှာ ဒတ္တ မည်တဲ့နွားလားကြီးတစ်ကောင်ရှိတယ် ။ ဒီနွားကြီးဟာ အခြားနွားတစ်ကောင်နဲ့တွဲပြီး လဲမှို့လှည်းကြီးကိုရုန်းကာ သူ့သခင်ကို အလုပ်အကျွေးပြုခဲ့ရှာတယ်။ တစ်နေ့မှာ ထုံစံအတိုင်း လဲမှို့အရောင်းထွက်ကြရာ ရွှာအနီး ရွှံ့နွံဗွက်ကြီးအတွင်း ဒတ္တကြီး ခမျာနစ်မြုပ်သွားတော့တယ်။ ချော့လိုက်မော့လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှမရုန်းနိုင်ရှာပါဘူး။ ♨ ကုန်သည်ကြီးကတော့ အမျိုးမျိုးဆဲရေးတိုင်းထွာရိုက်နှက်၍ ဒတ္တကြီး ကိုရွံ့နွံထဲပစ်ထားလျက်က အခြားသော နွားတစ်ကောင်ကို အစားထိုးလျှက် ခရီးဆက် သွားလေတယ်။ ♨ ဒတ္တကြီးခမျာ အမောဖောက်နေရာက မသေရုံအားသွင်းလျှက် အသက်ကိုမျဉ်းမျဉ်းရှုကာရွှံ့ဗွက်ထဲ ဝပ်နေရှာပါတယ်။ ဒါကိုသိတဲ့အိုးကုန်သည်ကြီးက အိုးလုပ်ရာမှာ အောက်ခံဖျာအဖြစ်အသုံးပြုဖို့ ဒတ္တကြီးရဲ့ သားရေတွေကို အရှင်လတ် လတ်ခွာလှီးယူသွားပါတော့တယ်။ ♨ ဒီသတင်းကြားတဲ့ စောင်းသမားလေး က စောင်းကြိုးလုပ်ဘို့ဆိုပြီး သွေးသံရဲရဲနွားကြီးရဲ့အသားထဲက အကြောအမျှင်လေးတွေကို ဓားနဲ့ခွဲပြီး ဆွဲထုတ်ယူသွားပြန်ပါတယ်။ ♨ မုဆိုးကြီးတစ်ဦးကလည်း သူခွေးတွေအား ပြည့်စေဖို့ နွားကြီးရဲ့ပေါင်သားတွေလှီးကာ ကျွေးမွေပြန်သတဲ့။ ♨ နွားကြီး ဒတ္တ မသေမှီကပင် လောကငရဲ ခံနေရရှာပါတယ် ။ အဲ့ဒီအချိန်မှာ ကိဋိဂီရိ တောင်ကနေ စူဠ တိဿ မထေရ် ဟာ မမြင်ရက် ကရုဏာသက်လေ သဖြင့် သိပိတ်ဖြင့် ရေကိုယူကာ တိုက်ကျွေးရှာတယ်။နွားကြီးအမောသက်သာ လာချိန်မှာတော့ - - - " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ လို့ " ရွှတ်ဖတ်ပေးပြန်ပါတယ်။ နွားကြီးဟာ စူဠတိဿ မထေရ် သရဏဂုံ ရွှတ်ဖတ် နေသံကိုနာခံလျှက် စုတေသွားတော့ရာ တာဝတိံသာနတ်ပြည်မှာ နတ်သား ဘဝရောက်သွားပါတော့သတဲ့။ ★ နတ်ဖြစ်သွားတာနဲ့ မိမိ ဘယ်ဘဝကလာခဲ့သလဲ ဘာကြောင့်နတ်ဘဝ ရလဲ ဆိုတာစဉ်းစားကာ နတ်မျက်စိနဲ့ကြည့်လိုက်တော့- - - ♨ လူ့ပြည်မှာ သူ့အလောင်းကြီး ကိုခွေးစား ကျီးစား မြင်ရတယ်။ရွှံ့နွံဗွက်ထဲနစ် တာကအစ အိုးသည် စောင်းသမား မုဆိုး တို့နှိပ်စက်ကြပုံအလယ် စူဠ တိဿ မထေရ် ကယ်တင်ပုံအဆုံး အလုံးစုံပြန်မြင်လာတယ်။ဒါနဲ့ ညရောက်တော့ နတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ထွန်းတောက်စေလျှက်ကစူဠတိဿ မထေရ် ကိုသွားကန်တော့တယ်။မထေရ် ကသိပေမဲ့ "သင်ဘယ်သူလဲ "အမေးရှိတယ်။ "တပည့်တော် နွားဘဝမှဖြစ်သော ဒတ္တနတ်သားပါဘုရား"သင်ငါ့ထံ ဘာကိစ္စ ငါ့ထံလာသလဲ? ♨ နတ်သားက အရှင်ဘုရားသနားသဖြင့် ချီးမြှင့်သော သရဏဂုံ စိတ်တည်သ ဖြင့် တာဝတိံသာရောက်ခဲ့ပုံ | အကယ်၍ သရဏဂုံသာမက သီလပါခံယူခွင့် ရလျှင် အထက် ယာမာ| တုသိတာအထိ ရောက်သွားနိုင်ပါတယ်ဘုရားလို့" လျှောက်ကြားကာ ပျောက်သွားပါတော့တယ်။ ♨ သရဏဂုံသုံးပါး ရဲ့ဂုဏ်ကျေးဇူးဟာ လူကိုမဆိုထားနှင့် နွားသော်မှ အကျိုး ခံစားခွင့်ရပုံကို သီဟိုဠ်ခေတ် သာသနာဝင်ဇာတ်လမ်းတစ်ပုဒ်က သက်သေ ပြနေပါတယ် ။ဗုဒ္ဓဘာသာဝင်မှန်သမျှကတော့ သြကာသ ကန်တော့ချိုး ဆို ရာတွင် သရဏဂုံ ဆောက်တည်ပြီး သီလ ခံယူလေ့ရှိကြပါတယ်။သရဏဂုံ ဆောက်တည်တယ်ဆိုတာ တစ်နေ့ | တစ်ရက် | တစ်ထိုင်တည်းကိစ္စမဟုတ် ပါဘူး။တစ်သံသရာလုံး နိဗ္ဗာန်မရောက်မခြင်း သရဏဂုံ ပွားနေရမှာပါ။ ထို့ကြောင့် " ဘုရား | တရား | သံဃာ" ဟူသော သရဏဂုံ သုံးပါးအားဆည်း ကပ်ခြင်းအား အစထား၍ တရားဓမ္မ တို့ကိုကျင့်ကြံပွားများကာနိဗ္ဗာန်အား မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြပါစို့လို့တိုက်တွန်းရင်း ကုသိုလ်ယူအပ် ပါတယ်။ ☺ ရွှင်လန်းချမ်းမြေ့ကြပါစေ ။☺ ❦ credit❦ အရှင်​ဥတ္တမ(ညီ​တော်​တာ​တေလန်​) ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။ အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


via အလင်းရောင် ဓမ္မ https://ift.tt/2N3TrN9