Sunday, August 11, 2019

မိမိစိတ်ကို နေ့စဉ် ခဏခဏစစ်ဆေးပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ​ကောင်းလိုက်​တဲ့တရား ၊ဖတ်​ပြီးမှတ်​ထားပါ) ဘဝခန္ဓာရဲ့ အပြစ်အနာအဆာတို့သည် တစ်စက္ကန့်လေးမှ အကောင်းမပြဘူး။ မကောင်းဘက်ကိုသာ လှည့်ပြနေတယ်။ အကောင်းတွေ တဖြေးဖြေးကုန်ဆုံးလာနေတယ်။ အသိ၊ သတိရှိနေရင်တော့ ဒုက္ခသစ္စာမှတပါး ဘာမှမရှိတာတွေပဲ တွေ့တွေ့နေတယ်။ သုခဆိုတာ မြူမှုန်ကလေးတစ်ခုလောက် မရှိဘူး။ သို့သော် အသိဉာဏ် ကင်းဝေးနေရင်ကတော့ မိမိကိုယ်ကို ဟုတ်နိုးနိုးနဲ့ပေါ့။ အသိဉာဏ်ကပ်ကြည့်နေသူ အတွက်ကတော့ ဘာဆိုဘာမှ အသုံးကျစရာ မရှိဘူးဆိုတာ သိသိသာသာ မြင်နေကြရတယ်။ _____________________________ ခန္ဓာ ရရှိထားသူ ဆိုတော့ အိပ်ပြီးနားနေပေမယ်လို့ ခန္ဓာ၊ ရုပ် , နာမ် တရားတွေကတော့ နားမနေဘူးနော်။ တအိုတည်း အိုနေတယ်။ တနာတည်း နာနေတယ်။ တသေတည်း သေအောင် သွားနေတာကို သတိထားကြည့်အုံး။ လူတွေကတော့ - သွားလာလှုပ်ရှားပြီး၊ စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ နေလိုက်ပေမယ့် ခန္ဓာဆိုတဲ့ နာမ် ရုပ်တရားတွေကတော့ အိုဖို့ပြင်နေတယ်။ နာဖို့ပြင်နေတယ်။ ​သေဖို့သာပြင်နေတယ်နော်။ အိုရာကနာ - နာရာကသေရာသို့ တဖြေးဖြေး တစ်စက္ကန့်မှ မရပ်နားပဲ - သုဿန်သို့ ဆောင်သွားနေတယ်ဆိုတာ သင်သတိကြီးကြီးထားပြီး အကဲခတ်နေပါတော့။ သင့်ကံကြမ္မာက သင့်ကို - သေရာ ညောင်စောင်းဆီကို သွားနေတယ်ဆိုတာ ဉာဏ်မျက်စိတပ်ကြည့်လိုက်ပါ။ _____________________________ `မိမိစိတ်ကို နေ့စဉ် ခဏခဏ စစ်ဆေးပါ´ ငါ့ဘဝမှာ အားရစရာ ကုသိုလ်သတ္တိတွေ ဘယ်လောက် ရှိထားနှင့်ပြီလဲ!! ငါသေခါနီး အာရုံပြုစရာ ကုသိုလ်စိတ်တွေ ရှိထားပြီလား!! ​သေမင်းနှင့် ရင်ဆိုင်ရမဲ့ အချိန်မှာ ခန္ဓာ၏ ဖြစ်ခြင်းလက္ခဏာ၊ ပျက်ခြင်းလက္ခဏာကို ထိထိမိမိ တွေ့မြင်ထားပြီလား!! ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် မြင်ပြီလား!! မုန်းအောင်ကျင့်ထားပြီး၊ ဒုက္ခအဆုံးကို ဉာဏ်နဲ့ တွေ့ထားပြီလား ​ပေါ်လာတဲ့ဝေဒနာကို ဘယ်လောက်ထိ သည်းခံနိုင်ပြီလဲ!! မိမိကိုယ်ကို ခဏခဏ စစ်ဆေးပေးပါ။ အကောင်းဆုံး အဖြေထွက်အောင် စစ်ဆေး ထားပါလေ။ _____________________________ 【မြောက်ဦးဆရာတော်ဘုရား သြဝါဒမှတ်စု】 Credit


via အလင်းရောင် ဓမ္မ https://ift.tt/2yWIp3L