အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 12, 2019
❝ ငါသည် တစ်နေ့ မုချသေရမည် ❞ ဤစာသားလေးသည် ကဗျာမဟုတ်ပါ။ တစ်နေ့တစ်နေ့ မြင်ရတွေ့ရ သင်္ခါရတရားတွေပါ။ ငါသည် တစ်နေ့ မအိုချင်ပေမယ့်လည်း အို ခြင်း ဇရာ၊ ငါသည် တစ်နေ့ မနာချင်ပေမယ့်လည်း နာ ခြင်း ဒုက္ခ၊ ငါသည် တစ်နေ့ မသေချင်ပေမယ့်လည်း သေ ခြင်း မရဏ၊ ဆိုတဲ့… အနိစ္စ ဒုက္ခ အနတ္တ လောက နိယာမတရားကို ရှောင်လွှဲလို့ မရပါဘူး ……။ ငါတို့ဟာ … မိခင်ဝမ်းတွင်း သန္ဓေတည် လူလောကထဲ ရောက်လာ ကတည်းက နေ့စွဲမပါတဲ့ သေတမ်းစာနဲ့အတူ သေမိန့် ပါပြီးသားပါ။ ငါ ဘယ်လောက် သန်သန် တစ်နေ့တော့ ဇရာ အိုခြင်း ရှောင်လွှဲမရ၊ ငါ ဘယ်လောက် မာမာ နာချင်း ဒုက္ခ ရှောင်လွှဲမရ၊ ကြီးတာ ငယ်တာ မရှိ၊ မရဏာ သေမင်းက သင်တို့ ကျုပ်တို့ရဲ့ အနားမှာ အမြဲ ရှိပါတယ်။ မိဘ ဆွေမျိုး မိတ်ဆွေ ဘယ်လောက် ချစ်တယ်ပြောပြော ဘယ်လောက် ခင်တယ်ပြောပြော သေရင် အိမ်ပေါ်မှာ မထားချင်ကြပါဘူး။ အချိန်တန် ထမ်းထုတ်သွားရတာပါပဲ။ ဒါကြောင့် … အသေမကူးခင် ဥာဏ်ဦးအောင် ကုသိုလ်တရား ဘာဝနာတရား အားထုတ်ကြပါ။ တစ်နေ့ကို အနည်းဆုံးတော့ မရဏာနုသတိ တရား ပွားပါ။ ငါလည်း တစ်နေ့ သေရမှာပါ …။ ❝မရဏာ နုဿတိ ဘာဝနာ❞ မရဏံ မေဓုဝံ၊ ဇီဝိတံ မေ အဓုဝံ။ မေ - ငါ့အား မရဏံ - သေရခြင်းသဘောသည် ဓုဝံ - အမြဲရှိ၏။ မေ - ငါ့အား ဇီဝိတံ - အသက်ရှင်၍ နေရခြင်းသဘောသည် အဓုဝံ - အမြဲမရှိ။ အမြဲ သတိရှိကြပါစေ …။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ အနိစ္စ အမြဲမရှိ ဒုက္ခ ဆင်းရဲခြင်း အနတ္တ ငါ၏ခန္ဓာ မဟုတ် …။ ❝လယ်တီဆရာတော်ကြီး၏ ဓမ္မလင်္ကာ❞ တစ်နေကွယ် သေနယ်သို့ တစ်ခါကူး မေ့လျော့ကာ သေဘူး ထင်ပါနဲ့ နေကွယ်တာ အချိန် များရင်ဖြင့် သေနယ်ရွာ တစ်ကြိမ် သွားရပါလိမ့်မယ် တား မရ ဘူး ……
via အလင်းရောင် ဓမ္မ https://ift.tt/2YUSvwV
Newer Post
Older Post
Home