အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, August 11, 2019
မိမိစိတ်ကို နေ့စဉ် ခဏခဏစစ်ဆေးပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ကောင်းလိုက်တဲ့တရား ၊ဖတ်ပြီးမှတ်ထားပါ) ဘဝခန္ဓာရဲ့ အပြစ်အနာအဆာတို့သည် တစ်စက္ကန့်လေးမှ အကောင်းမပြဘူး။ မကောင်းဘက်ကိုသာ လှည့်ပြနေတယ်။ အကောင်းတွေ တဖြေးဖြေးကုန်ဆုံးလာနေတယ်။ အသိ၊ သတိရှိနေရင်တော့ ဒုက္ခသစ္စာမှတပါး ဘာမှမရှိတာတွေပဲ တွေ့တွေ့နေတယ်။ သုခဆိုတာ မြူမှုန်ကလေးတစ်ခုလောက် မရှိဘူး။ သို့သော် အသိဉာဏ် ကင်းဝေးနေရင်ကတော့ မိမိကိုယ်ကို ဟုတ်နိုးနိုးနဲ့ပေါ့။ အသိဉာဏ်ကပ်ကြည့်နေသူ အတွက်ကတော့ ဘာဆိုဘာမှ အသုံးကျစရာ မရှိဘူးဆိုတာ သိသိသာသာ မြင်နေကြရတယ်။ _____________________________ ခန္ဓာ ရရှိထားသူ ဆိုတော့ အိပ်ပြီးနားနေပေမယ်လို့ ခန္ဓာ၊ ရုပ် , နာမ် တရားတွေကတော့ နားမနေဘူးနော်။ တအိုတည်း အိုနေတယ်။ တနာတည်း နာနေတယ်။ တသေတည်း သေအောင် သွားနေတာကို သတိထားကြည့်အုံး။ လူတွေကတော့ - သွားလာလှုပ်ရှားပြီး၊ စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ နေလိုက်ပေမယ့် ခန္ဓာဆိုတဲ့ နာမ် ရုပ်တရားတွေကတော့ အိုဖို့ပြင်နေတယ်။ နာဖို့ပြင်နေတယ်။ သေဖို့သာပြင်နေတယ်နော်။ အိုရာကနာ - နာရာကသေရာသို့ တဖြေးဖြေး တစ်စက္ကန့်မှ မရပ်နားပဲ - သုဿန်သို့ ဆောင်သွားနေတယ်ဆိုတာ သင်သတိကြီးကြီးထားပြီး အကဲခတ်နေပါတော့။ သင့်ကံကြမ္မာက သင့်ကို - သေရာ ညောင်စောင်းဆီကို သွားနေတယ်ဆိုတာ ဉာဏ်မျက်စိတပ်ကြည့်လိုက်ပါ။ _____________________________ `မိမိစိတ်ကို နေ့စဉ် ခဏခဏ စစ်ဆေးပါ´ ငါ့ဘဝမှာ အားရစရာ ကုသိုလ်သတ္တိတွေ ဘယ်လောက် ရှိထားနှင့်ပြီလဲ!! ငါသေခါနီး အာရုံပြုစရာ ကုသိုလ်စိတ်တွေ ရှိထားပြီလား!! သေမင်းနှင့် ရင်ဆိုင်ရမဲ့ အချိန်မှာ ခန္ဓာ၏ ဖြစ်ခြင်းလက္ခဏာ၊ ပျက်ခြင်းလက္ခဏာကို ထိထိမိမိ တွေ့မြင်ထားပြီလား!! ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် မြင်ပြီလား!! မုန်းအောင်ကျင့်ထားပြီး၊ ဒုက္ခအဆုံးကို ဉာဏ်နဲ့ တွေ့ထားပြီလား ပေါ်လာတဲ့ဝေဒနာကို ဘယ်လောက်ထိ သည်းခံနိုင်ပြီလဲ!! မိမိကိုယ်ကို ခဏခဏ စစ်ဆေးပေးပါ။ အကောင်းဆုံး အဖြေထွက်အောင် စစ်ဆေး ထားပါလေ။ _____________________________ 【မြောက်ဦးဆရာတော်ဘုရား သြဝါဒမှတ်စု】 Credit
via အလင်းရောင် ဓမ္မ https://ift.tt/2yWIp3L
Newer Post
Older Post
Home