အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 17, 2019
လူ့လောကဟာ သည်းခံပြီး အကောင်းမြင်တတ်မှ ချမ်းသာရ သတိနှင့် မေတ္တာဟာ လူချမ်းသာတို့ရဲ့ အဆိပ်ဖြေဆေး ဖြစ်တယ်။ လူချမ်းသာဟာ အဆိပ်ရောနေသဖြင့် ပြုံးရာမှ ရုတ်တရက် မဲ့ရတတ်တယ်။ ဒါကြောင့် သတိ မေတ္တာဖြင့် အဆိပ်ဖြေပေးရတယ်။ တစ်ယောက်တည်း နေရတဲ့အခါ သတိဖြင့် စိတ်ကိုထိန်း၍ ငြိမ်းချမ်းစွာ နေတတ်ဖို့။ အများနဲ့ နေရတဲ့အခါ မေတ္တာဖြင့် အေးချမ်းစွာ နေတတ်ဖို့ လိုတယ်။ သည်းခံခွင့်လွှတ် အနစ်နာခံတတ်တဲ့ ခန္တီအုတ်မြစ်တိုင် ခိုင်မာမှသာ မေတ္တာအမိုးအကာကို တင်ပေးနိုင်လိမ့်မည်။ ခန္တီ စာမေးပွဲအောင်မှ မေတ္တာ အောင်လက်မှတ် ရလိမ့်မည်။ လူ့လောကဟာ ဒုက္ခဘုံဖြစ်သဖြင့် ချမ်းသာစရာ တွေ့ခါမှ ချမ်းသာအောင်နေမည်ဟု မရေမရာ မျှော်လင့် စောင့်ဆိုင်းနေခြင်းဖြင့် အချိန်မကုန်စေဘဲ့  ချမ်းသာအောင် နေတတ်မှ ချမ်းသာကို ရနိုင်သည်ဖြစ်၍ စိတ်အမြင် ရှင်းရှင်းဖြင့် တွေ့သမျှအာရုံကို အကောင်းဘက်ဆွဲပြီး ချမ်းသာကို မရ-ရအောင် ရှာယူတတ်ဖို့လိုတယ်။ အကောင်းမြင်အဖြစ် မရှုမြင် မသုံးသပ်တတ်ပါက သုခထဲမှာပင် ဒုက္ခဖြစ်လာတတ်တယ်။ (တိပိဋက ယောဆရာတော်ဘုရားကြီး သြဝါဒ) ဦးဓမ္မသာရ(ဆေးသဲ့တောင်)
via အလင်းရောင် ဓမ္မ https://ift.tt/309IPA4
Newer Post
Older Post
Home