အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 12, 2019
လက်ငင်းအကျိုးပေးနိုင်သော ဒါနအင်္ဂါ(၄)ပါး ( ဒါနတော ဘောဂဝါ)အလှူ ပေးလိုက်ရင်များသော အားဖြင့် ပစ္စည်းဥစ္စာတွေ ပစ္စုပ္ပန်ဘဝမှာ ချက်ချင်းကြီး ရလာတော့မလိုထင်မှတ်နေတတ်၏။ အမှန်မှာ ယခု ပစ္စုပ္ပန် မျက်မှောက်ဘဝမှာ ချက်ချင်းအကျိုးပေးနိုင်သည့် အလှူ ဒါနသည် ယခုဖော်ပြပါ အင်္ဂါ(၄)ချက်နှင့် ပြည့်စုံရ၏။ ထိုအင်္ဂါများနှင့်ပြည့်စုံအောင်လှူ သည့် အလှူ မျိုးမှသာလျှင် ယခုမျက်မှောက်ဘဝချမ်းသာရ ၏။ ထိုလေးပါးသောအင်္ဂါနှင့်မပြည့်စုံသောအလှူဒါန သည်ကား သေလွန်ပြီးသည့်နောက်ဘဝများ၌ အခါ အခွင့်သင့်သလို ချမ်းသာခြင်းအကျိုးကိုပေး၏။ ယခုဖော်ပြပါ မျက်မှောက်ဘဝ၌ပင် ချမ်းသာကို ပေးစွမ်းနိုင်သည့် အလှူ ၏ အင်္ဂါလေးပါးသည်ပြည့် စုံရန်မလွယ်သော်လည်း သိထားရန်လိုပေသည်။ မျက်မှောက်ဘဝ၌အကျိုးပေးနိုင်သော ဒါနအင်္ဂါ(၄)ပါး ************************************ (၁) ဝတ္ထု သမ္ပဒါ~အလှူ ခံပုဂ္ဂိုလ်သည် ဘုရား၊ ပစ္စေကာဗုဒ၊္ဓ ရဟန္တာ ၊ အနာဂါမ် ပုဂ္ဂိုလ်ဖြစ်ရခြင်း။ (၂) ဂုဏာတိရေကသမ္ပဒါ~ထိုအလှူ ခံပုဂ္ဂိုလ်တို့ ၏ နိရောဓသမာပတ်မှထသောအခါဖြစ်ခြင်း။ (၃) ပစ္စယသမ္ပဒါ~ လှူ ဒါန်းမည့် လှူ ဘွယ် ဝတ္ထု ပစ္စည်းတို့သည် သူတစ်ပါးတို့ထံမှ မတရားသ ဖြင့်ရသော ပစ္စည်းဥစ္စာတို့မဟုတ်ဘဲ တရားသဖြင့် ရရှိအပ်သော လှူဘွယ်ဝတ္ထုတို့ဖြစ်ခြင်း။ (၄) စေတနာသမ္ပဒါ~ အလှူရှင်သည် မလှူ ဒါန်း မီရှေ့ဦးစွာဖြစ်ပေါ်နေသည့်စေတနာ။ လှူ နေဆဲအချိန် တွင် ဖြစ်ပေါ်လာသည့်စေတနာ။ လှူ ဒါန်းပြီးနောက် ဝမ်းမြောက်ဝမ်းသာဖြစ်ပေါ်နေသည့်စေတနာ.... ထိုစေတနာသုံးတန်နှင့်ပြည့်စုံနေရခြင်း။ အထက်ပါပေါ်ပြအပ်သော အင်္ဂါ(၄)ပါးနှင့်ပြည့် စုံသောအလှူ ဖြစ်မှသာလျှင် ယခုမျက်မှောက်ဘဝ ၌ အကျိုးပေးနိုင်လေ၏။ ထိုအင်္ဂါလေးပါးနှင့်မပြည့်စုံ သောအလှူ ဒါနမျိုးသည်ကား သေလွန်ပြီးသည့်နောက် ဘဝသံသရာမှာ ကျင်လည်နေရအုံးမည့်ဘဝတွေ မှာ အခါအခွင့်သင့်သလို အကျိုးပေးလေ၏။ ။ 3-7-2017 Credit
via အလင်းရောင် ဓမ္မ https://ift.tt/2YDZJdn
Newer Post
Older Post
Home