အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, August 13, 2019
အမှန်တရား လက်ခံထားလိုက် ~~~~~~~~~~~~~~~~~~ ~ လောက လူသားများသည် သူများမကောင်းကြောင်း ပြောဖို့လွယ်သလောက် သူများကောင်းကြောင်းကို ပြောဖို့ဝန်လေးနေတတ်၏။ ~ လောကတွင် မကောင်းသတင်းပျံ့ဖို့ လွယ်သလောက် ကောင်းသတင်းကား ခပ်ပါးပါးလေး ဖြစ်နေတတ်၏။ ~ လူအတော်များများသည် အမှန်တရားကို ပါးစပ်ဖြင့်သာ မြတ်နိုးနေတတ်ပြီး လက်တွေ့တွင် အမှန်တရားကို ကြောက်ရွံ့နေတတ်၏။ ~ မဟုတ်တာကို မကြိုက်သူများသည် ဟုတ်တာပြောရင်လည်း မကြိုက်တတ်ကြပေ။ ~ ငွေရယ်၊ ရာထူးရယ်၊ ဂုဏ်ပကာသနရယ်တို့သည် ပုထုဇဉ်ပုဂ္ဂိုလ်များ၏ စိတ်ကိုအလွယ်တကူ ပြောင်းလဲစေတတ်၏။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ
via အလင်းရောင် ဓမ္မ https://ift.tt/2z7fE4R
Newer Post
Older Post
Home