Friday, August 16, 2019

❝ #ဓမ္မဒါနအမြတ်ဆုံးဖြစ်ရခြင်း။ ❞ ════════ ☞ #အလှူဒါနဆိုတာ နှစ်​မျိုး ရှိတယ်ဆိုတာ နည်းနည်း ခွဲ ပြီး တော့ ကြည့်။ ❖#နံပါတ်တစ်က အာမိသဒါန - အဆောက်​ အဦးပဲ လှူလှူ ၊ စားစရာပဲ လှူလှူ ။ ဝတ်စရာပဲ လှူလှူ ၊ ဆေးပဲ လှူလှူ ၊ ပစ္စည်းဝတ္ထု လှူတာတွေ အားလုံးကို " အာမိသဒါန " လို့ ခေါ်တယ်နော်။ အဲဒါက တစ်ခု။ ❖ #အဲဒီလို အကောင်အထည် မရှိဘဲနဲ့ လူတစ်ယောက်ကို အသိဉာဏ်ပေးတယ်။ ဓမ္မအသိပေးတယ်၊ လောကအသိပေးတယ်။ အဲဒီလို အသိဉာဏ်နဲ့ ပတ်သက်တာတွေကို ဖြန့်ဝေပေးတယ် ဆိုတာကျတော့ ဓမ္မဒါန၊ " ဓမ္မဒါန " ဆိုတာက အကောင် အထည်​ ကြီး ရှိ တာ မဟုတ်ဘူးနော်။ အသိကို ပေးတာ၊ ဟိုတစ်ဖက်သားက ပစ္စည်းဝတ္ထု ရသွားတာ မဟုတ်ဘူး။ အသိဉာဏ်ပဲ ရသွားတာ။ ❖ #အဲဒီနှစ်​ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်တဲ့ _ သဗ္ဗဒါနံ ပေးတာတွေအားလုံးကို ( ဘာပဲပေးပေး ပစ္စည်းဝတ္ထုတွေ ပေးတာတွေ၊ ပေးတာတွေ အားလုံးကို) ဘယ်ဟာက အနိုင်​ရထားတုန်း၊ ဘယ်အရာက အုပ်စီးထားတုန်းဆိုရင် ဓမ္မဒါနလို့ ​ခေါ်တဲ့ ဓမ္မအလှူက အနိုင်ရပါတယ်။ ပညာအလှူက အနိုင်ရပါတယ်လို့ ပြောတယ်။ ❖ #နတ်တွေကတော့ မြတ်စွာဘုရား ဒီလောက်​ ​ဖြေလိုက်တာနဲ့ သူတို့ ကျေနပ်သွားတယ်။ ဘုန်းကြီးတို့ တစ်တွေက မကျေနပ်သင့်​ ​သေးဘူး။ ဘာဖြစ်လို့ ဓမ္မဒါနက ဒါနအားလုံးကို အုပ်စိုးထားနိုင်​သလဲ၊ ဓမ္မဒါနက ဘာကြောင့် အမြတ်ဆုံးလဲဆိုတာ ဆက်​ ပြီး စဉ်းစားရမယ်။ ဆက် မစဉ်းစားလို့ ရှိရင် မသိ နိုင်သေးဘူးနော်။ ★ ဓမ္မဒါနအမြတ်ဆုံးဖြစ်ရခြင်း။ ★ ═══ ═══ ❖ #အဲဒါကို ဓမ္မပဒ အဋ္ဌကထာမှာ အဋ္ဌကထာဆရာက ရှင်းထားတာ အချက်​ နှစ်ချက် ပေးထားတယ်။ အချက် နှစ်ချက်က ဘာလဲလို့ဆိုရင် ❖ " လောကမှာ " တဲ့... " လှူမှု တန်းမှု လုပ်နေကြတာတွေဟာ ဓမ္မဒါန ဆိုတဲ့ အသိဉာဏ်​ ရထားတဲ့ အပေါ်မှာ အခြေခံပြီး လှူကြတာတဲ့။ ဆိုလိုတာက တရားဓမ္မ နာယူ ကြရလို့ လူတွေဟာ ဒါန လုပ်နေကြတာ။ တရားမှ မနာယူရင် ဒါန မလုပ်ဘူး။ ဒါကြောင့် ဓမ္မဒါနက ပိုပြီးတော့ အရင်းခံ ကျတာပေါ့။ ဒါတစ်ခု မှတ်ထားပေါ့နော်။ ❖ နောက်အကြောင်းတစ်ခု ပေးလိုက်တာ ရှိသေးတယ်။ ဘာတုန်းဆိုတော့ အသိပညာ ဓမ္မဒါနလို့ ​ခေါ်တဲ့ တရားနာရလို့၊ တစ်ဦး တစ်​ ယောက်​ က မှ တရားကို ရှင်းပြခြင်း ( ရှင်းပြတယ်ဆိုတာ ဓမ္မကို ပေးတာပဲနော် ) အသိပညာပေးခြင်း မရှိဘူးဆိုရင် ဘုရား၊ ပစ္စေကဗုဒ္ဓက လွဲရင် ဘယ်ပုဂ္ဂိုလ်မှ တရားထူး တရားမြတ်​ မရ နိုင်​ ဘူးတဲ့။ ။ ❖ #ရှင်သာရိပုတ္တရာ မထေရ်မြတ်တောင် ရှင်အဿဇိရဲ့ ဖြန့်ဝေမှု ဓမ္မဒါနကို လက်ခံ ရရှိမှ သောတာပန်ဖြစ်တာ။ ဥပမာမယ် ရှင်အဿဇိက ရှင်သာရိပုတ္တရာကို သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင် မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့။ ဟုတ်ရဲ့လား။ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်း တစ်ရက်စာပဲ ရမှာပေါ့။ ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။ သင်္ကန်းအကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။ အဆောက်အဦးလှူလိုက်မယ်ဆိုရင်လည်း အဆောက်အဦးရဲ့ အကျိုးပြုမှုက ဒီလောက်ပဲ ရှိမယ်။ ❖ ဓမ္မဒါနကြောင့် ဓမ္မကို ရသွားတဲ့အခါ အကျိုးပြုကျတော့ သံသရာဝဋ်ကလည်း လွတ်သွားတယ်၊ အသိဉာဏ်တွေလည်း ရသွားတယ်၊ နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့ ဘယ်ကပို အကျိုးတွေ များတုန်း။ ( ဓမ္မကို လှူတာက များတယ် ) ဒါကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ ဒီလို ပြာတာနော်။ ❖ #အဲဒီတော့ လှူသူ နှင့်​ ယူ သူ၊ ပေးသူ နှင့်​ ရသူ အဲဒီနှစ်မျိုးထဲက ရသူမှာ ပိုပြီးတော့ အကျိုးဖြစ်ထွန်းသည့်​ အတွက်ကြောင့် ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာ။ နှိုင်းစာလို့ မရဘူးနော်။ ❖ #ဘုရားဟောတဲ့ တရားဟာ အရင်းကျကျဟောတာချည်းပဲ။ ဘာရှုထောင့်က ဟောတာတုန်းဆိုတော့ အကျိုးအမြတ် ရှုထောင့်က ဟောတာ။ လက်ခံ ရရှိ သူမှာ ရလိုက်တဲ့ အကျိုးနှင့်​ ကြည့် ပြီး တန်ဖိုးဖြတ်တာတဲ့။ ပေးတဲ့လူနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်။ လက်ခံ ရရှိ တဲ့ ပုဂ္ဂိုလ်မှာ ခံစားရတဲ့ အကျိုးကို ကြည့်​ ပြီး တန်ဖိုးဖြတ်လိုက်တယ်လို့ ဒီလို မှတ်ရမယ်။ ❁#ပါမောက္ခချုပ်ဆရာတော် #အရှင်နန္ဒမာလာဘိဝံသ။ #Credit Words of Buddha. [ ဆရာတော်ဟောကြားသော" ၁၂- နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ " မှ ကောက်နှုတ်ထားခြင်းဖြစ်၍ အကျယ်အား အဆိုပါ တရားတော်မှ ဖတ်ရှုနိုင်ပါသည်။ ] ★🙏သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊🙏★ ❖ ဤသည့်​ ပု ည၊ ကုသလကြောင့်၊ လောဘ, ဒေါသ, မောဟကင်းကွာ၊ သံသရာဝယ်၊ ကျင်ပါရဘိ၊ ပညာရှိနှင့်၊ ယှဉ်မိပေါင်းသင်း၊ ဉာဏ်မဲ့ကင်း၍၊ ပြည့်တင်းလှူဖွယ်၊ လှူ စဉ်ဝယ်လည်း၊ သုံးသွယ်စေတနာ၊ ဖြောင့်​ ညီ ညာသည်၊ ခေမာ အထွတ် တိုင်လို သောဝ်. . . ။ Credit#Win Soe #ZMS


via အလင်းရောင် ဓမ္မ https://ift.tt/2H8IfuU