အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 31, 2019
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2oxxzzM

တောင်းသည့်ဆုများ ပြည့်စေသတည်း ✿✿✿✿✿✿✿✿✿✿✿✿✿✿✿ ဂင်္ဂါမြစ်ကြီး၏အနီး မြစ်ကမ်းနဖူးတစ်နေရာတွင် ရဟန်းသံဃာတော်တို့ သီတင်းသုံးတော်မူရာ ကျောင်းတစ်ကျောင်းရှိခဲ့ဖူးလေသည်။ တစ်နေ့တွင် ထိုကျောင်းမှ ဆရာဘုန်းကြီးသည် ကျောင်းတွင်းသန့်ရှင်းရေး တံမြက်လှည်းခြင်းအမှုကို ပြုနေခဲ့လေသည်။ ထိုဆရာဘုန်းကြီး၏ ခပ်လှမ်းလှမ်းတွင် ကိုရင်ငယ်တစ်ပါးသည် ငယ်ရွယ်သူတို့၏ သဘာဝ ဆော့ကစားနေလေ၏။ “ကိုရင်… ဒီမှာ အမှိုက်တွေပုံထားတယ်။ အမှိုက်လာကျုံးတော့…” ဆရာဘုန်းကြီးသည် အမှိုက်သရိုက်များကို တံမြက်စည်းဖြင့်လှည်းကျင်းပြီး အမှိုက်ပုံလေးတွေ စုပုံထားရင်း တပည့်ငယ်ကိုရင်လေးကို လှမ်း ပြောလိုက်လေသည်။ သို့သော် အဆော့မက်နေသည့် ကိုရင်လေးက ဘုန်းကြီး၏စကားကို မကြားယောင် ပြုကာ ဆက်လက်ဆော့ကစားမြဲ ဆော့ကစားနေလေ၏။ “ဟဲ့ ကိုရင် …။ အမှိုက်ကျုံး” ဆရာဘုန်းကြီး၏လေသံတွင် ဒေါသအငွေ့ အသက်တို့ပါလာသည်။ သို့သော် ကိုရင်ငယ်က ထိုအချက်ကို အလေးမမူ။ ကိုရင်လေး၏ အပြုအမူကြောင့် ဆရာဘုန်းကြီးသည် စိတ်တိုလာကာ ကိုရင်လေးအနီးသို့ဖြုန်းခနဲ ရောက်သွားလေတော့၏။ “ဒီကိုရင်။ အမှိုက်ကျုံးဆိုတာကို မကြား သလိုလုပ်နေတယ်။ ကဲ … ပေကပ်ကပ်လုပ်နေ အုံး..” ဆရာဘုန်းကြီးက ကိုရင်လေး၏ ဦးခေါင်းကို တံမြက်စည်းရိုးဖြင့် ‘ဒေါင်’ ခနဲခေါက်ထည့်လိုက်လေ၏။ သည်တော့မှ ကိုရင်ငယ်သည် နာကျင်သွားသည့် သူ့ဦးခေါင်းကလေးကို ပွတ်ကာ ပွတ်ကာဖြင့် အမှိုက်ကျုံးလေတော့သည်။ တံမြက်စည်းရိုးဖြင့် အခေါက်ခံရ၍ နာကျင်သွားသည့် အတွက် မျက်ရည် လေးများပင် ဝဲလာကာ ရှုံ့မဲ့ရှုံ့မဲ့နှင့် အမှိုက်များကို သိမ်းဆည်းနေရှာလေတော့သည်။ သို့သော် ကိုရင် လေးသည် ဦးခေါင်းမှာ နာကျင်သည့်ဒဏ်ရာထက် ရင်ထဲတွင် မခံချင်စိတ်က ပို၍ ထကြွနေခြင်းသာ ဖြစ်သည်။ “ငါက သူ့တပည့် ကိုရင်လေးဖြစ်နေလို့ပေါ့ကွာ။ သူက ဆရာဘုန်းကြီးဆိုတော့ .. ငါ့ခေါင်းကို တံမြက်စည်းရိုးနဲ့တောင် ခေါက်ရက်တယ်။ နိုင်ထက်စီးနင်း” ကိုရင်လေး၏စိတ်တွင် မကျေမချမ်း ဖြစ်နေလေတော့၏။ နံနက်ပိုင်း ‘တက်နေခြည်’ က စူးစူးရှရှ ပူပြင်းလာသည်။ ကိုရင်လေးသည် ချွေး တစ်လုံးလုံးနှင့် အမှိုက်တွေကို တစ်ပုံပြီးတစ်ပုံ ကျုံးနေလေသည်။ တစ်တောင်းပြီး တစ်တောင်း သယ်ယူကာ မြစ်ကမ်းဘေး အမှိုက်ပုံတွင် စွန့်ပစ် နေလေသည်။ သို့သော် စောစောက ဆရာဘုန်းကြီး၏အရိုက်ကို ခံထားရသည့်အတွက် မျက်နှာက မကြည်မလင်နှင့် အုံ့မှိုင်း၍ နေ၏။ ဆရာဘုန်းကြီးအပေါ် မကျေနပ် သည့်စိတ်နှင့် အမှိုက်ကျုံးရသည့်အတွက် ပင်ပန်းနေသည့် စိတ်တို့က ညှိုးနွှမ်းနေ၏။ ထိုအချိန်မှာပင် ကိုရင်လေး၏အသိဉာဏ်တွင် တစ်စုံတစ်ရာကို တွေးမိသွားပြန်လေသည်။ ထို့ကြောင့်… “ငါသည် ….ဤအမှိုက်သရိုက်များကို စွန့် ပစ်ရသည့် ကုသိုလ်ကြောင့် နိဗ္ဗာန်မရသေးမီစပ်ကြား သံသရာတွင် ကျင်လည်ရသမျှ ‘မွန်းတည့်’ နေကဲ့ သို့ ထက်မြက်သော ဘုန်းတန်ခိုးတို့နှင့် ပြည့်စုံ ရပါစေသတည်း။ သူတစ်ပါးက နှိပ်စက်ကလူ ပြု ခြင်းမှ အစဉ်ကင်းလွတ်အောင် ဘုန်းတန်ခိုးကြီးမားသူ ဖြစ်ရပါစေသတည်း” ကိုရင်လေးသည် အမှိုက်များကို စွန့်ပစ် နေရင်း ထိုသို့ဆုတောင်းမိလေတော့သည်။ ထိုအချိန်မှာပင် ဂင်္ဂါမြစ်ကြီး၏ အထက်မြစ်ညှာအရပ်တွင် မိုးသား တိမ်လိပ်တို့ အုံ့ဆိုင်းလာလေ၏။ မြစ်ညှာတွင် မိုးတွေရွာနေလေပြီ။ ကိုရင်လေးသည် နောက်ဆုံးအမှိုက်ပုံကို ကျုံးကာ အမှိုက်တောင်းကို မြစ်ကမ်းစပ်တွင် သွန်လိုက်လေသည်။ အထက်ဘက် မြစ်ညှာအရပ်တွင် မိုးတွေ အုံ့မှိုင်းညို့ဆိုင်းလာသည်နှင့် ဂင်္ဂါမြစ်ထဲတွင် ရေစီးက ပိုသန်လာ၏။ မြစ်ညှာမှာ မိုးသည်းနေသဖြင့် ဂင်္ဂါမြစ်ရေတွင် လှိုင်းတံပိုးတို့ ထလာလေတော့သည်။ ကိုရင်လေးသည် စောစောက ချွေးသံရွှဲ ရွှဲနှင့် အမှိုက်ကျုံးနေခဲ့ရ၍ ပင်ပန်းခဲ့ရတာတွေကို မေ့သွားလေသည်။ ထို့ကြောင့် မြစ်ကမ်းစပ်ရေဆိပ်တွင် ရေချိုးရဦးမည့် ကိစ္စကိုပင် သတိမရတော့။ အမှိုက်ကျုံးသည့်တောင်းလေးကို ဘေးမှာချကာ မြစ်ကမ်းမှ ကျောက်ဆောင်တစ်ခုထက်တွင် ထိုင်လိုက်၏။ ခြေနှစ်ဖက်ကို ရေစီးတွင်ချကာ မြစ်ရေပြင်ကို တို့ထိဆော့ကစားရင်း မြစ်ထဲမှ လှိုင်းလုံးကြီးတွေကို သဘောကျစွာ ကြည့်နေမိပြန်လေသည်။ ဂင်္ဂါမြစ်၏ အထက်အရပ်တွင် မိုးတွေက ပိုပြီး ညှို့ဆိုင်းလာသည်။ ဂင်္ဂါမြစ်တွင်းမှ ရေလှိုင်း တို့က တဝုန်းဝုန်းပြိုဆင်းလာကြပြန်သည်။ ကိုရင်လေးသည် လှိုင်းလုံးကြီးတွေကို သဘောကျစွာ ကြည့်နေမိ၏။ ကြည့်နေရင်းမှပင် စောစောက ဆရာဘုန်းကြီး၏ တံမြက်စည်းရိုးနှင့် ခေါက်လိုက်သည့် ကိစ္စကို ပြန်လည်သတိရသွားပြန်သည်။ ခေါင်းကိုပင် ယောင်ရမ်းကာ ပွတ်လိုက်မိသေး၏။ ထို့အတူ ဆရာဘုန်းကြီးအပေါ်တွင် မကျေနပ်သည့် စိတ်ကလည်း ပေါ်လာပြန်၏။ “ငါက ကိုရင်လေးဖြစ်နေလို့ပေါ့ကွာ …။ သူက ဆရာ ငါကတပည့်ဆိုတော့ သူခိုင်းတာကိုလည်း လုပ်ရသေး၊ သူရိုက်တာကိုလည်း ခံနေရသေးတာပေါ့ …” ကိုရင်လေး၏မျက်နှာက မြစ်ညှာအရပ် က မိုးကောင်းကင်လို အုံ့မှိုင်းသွားရပြန်၏။ ထို့အတူ ကိုရင်ငယ်၏နှုတ်မှ ဆုတောင်းစကားတို့ ထွက်ပေါ် လာပြန်တော့၏။ “ငါသည် ကျောင်းဝင်းတွင်းမှ အမှိုက်သရိုက် တို့ကို ကျုံးပြီး စွန့်ပစ်ခြင်းတည်းဟူသော ကုသိုလ် အလုပ်ကို ပြုခဲ့ပါသည်။ ဤကုသိုလ်ကြောင့် နိဗ္ဗာန် မရသေးမီစပ်ကြား သံသရာတွင် ကျင်လည်ရသမျှ ကာလပတ်လုံး ဤဂင်္ဂါမြစ်တွင်းမှလှိုင်းတံပိုးတို့ကဲ့သို့ ကြီးကျယ်သော အသိဉာဏ်ပညာတို့နှင့် ပြည့်စုံရပါစေသတည်း။ ဂင်္ဂါမြစ်၏လှိုင်းတံပိုးတို့ ကဲ့သို့ ဉာဏ်ပညာ ထက်မြက်ပြည့်စုံသူ ဖြစ်ရပါစေသတည်း..” ကိုရင်လေးသည် ထိုသို့ဆုတောင်းမိလိုက် ပြန်လေတော့သည်။ ဆုတောင်းရင်းနှင့်ပင် လှိုင်းလုံးတွေကို ကြည့်နေမိ၏။ ဆုတောင်းရင်းနှင့်ပင် အရိုက်ခံရသည့်ကိစ္စကို မကျေမနပ်နိုင်ဖြစ်နေမိ၏။ ကိုရင်လေးသည် မြစ်ရေပြင်ကို ခြေဖြင့်ပုတ်၍ ဆော့ကစားရင်း ထိုဆုတောင်းကို ထပ်ကာထပ်ကာ ရွတ် ဆိုနေလေတော့သည်။ ထိုအချိန်တွင် တံမြက်လှည်းပြီးသွားသည့် ဆရာဘုန်းကြီးသည် ရေချိုးဖို့အတွက် ပြင်ဆင်နေလေသည်။ ပြင်ဆင်နေရင်းနှင့် မြစ်ညှာအရပ်တွင် မိုးတွေ ညို့မှိုင်းအုံ့ ဆိုင်းလာတာကိုလည်း သတိပြုလိုက်မိပြန်၏။ ထို့အပြင်ဂင်္ဂါမြစ်ထဲမှာ လှိုင်းတံပိုးတွေ ထန်လာသည့်ရေလှိုင်းသံတွေကိုလည်း သတိပြုမိ သွားလေတော့သည်။ ”ငါ့ကိုရင်လေး အမှိုက်သွားပစ်တာ ကြာလိုက်တာ။ ရေဆင်းချိုးရင်းနဲ့ လှိုင်းလုံးတွေထဲများ ပြုတ်ကျသွားရင်အခက်…” ဆရာဘုန်းကြီး၏စိတ်တွင် တပည့်ကိုရင်ငယ် အပေါ် စိုးရိမ်စိတ်တွေ ဝင်လာလေ၏။ ထို့ကြောင့် ရေဆင်းချိုးဖို့လည်း စိတ်ကူးရင်းနှင့် ကိုရင်လေး အပေါ်တွင်လည်း စိတ်မချသည့်စိတ်ဖြင့် မြစ်ကမ်းဘက်သို့ ခပ်သုတ်သုတ် ဆင်းလာခဲ့မိတော့၏။ မြစ်ကမ်းအနီးရောက်တော့ မြစ်ကမ်းနဖူးတွင် ထိုင်ကာ ဆုတောင်းနေသည့် ကိုရင်လေး၏ ဆုတောင်းသံကို ကြားသွားလေတော့သည်။ ကိုရင်လေးကမူ သူ့နောက်တွင် ဆရာဘုန်းကြီး ရောက်နေတာကိုပင် သတိမပြုမိ။ သူ့ ဆုတောင်းစကားကိုသာ လှိုင်းလုံးကြီးတွေနှင့်အပြိုင် ထပ်ပြန်တလဲလဲရွတ်ဆို ဆုတောင်းနေလေသည်။ “သြော်…။ သူကတောင် ငါတပင်တပန်း လှည်းကျင်းထားတဲ့ အမှိုက်တွေကို စွန့်ပစ်ရုံစွန့် ပစ်ပေးပြီး ဒီလိုဆုတောင်းသေးရင် ငါကပိုပြီးဆုတောင်း သင့်သေးတာပေါ့” ထိုသို့တွေးမိသွားကာ ဆရာဘုန်းကြီးကလည်း ဆုတောင်းပြန်လေတော့သည်။ “ငါသည်ကျောင်းတိုက်တစ်ခုလုံးကို အမှိုက်ရှင်းခြင်း၊ တံမြက်လှည်းခြင်းကုသိုလ်တို့ ပြုခဲ့ပေ၏။ ကုသိုလ်တို့ ကြောင့် နိဗ္ဗာန်မရသေးမီ စပ်ကြား သံသရာတွင် ကျင်လည်ရသမျှ ဤဂင်္ဂါ မြစ်တွင်းမှ ဤလှိုင်းတံပိုးတို့ ထက် သာလွန်သည့် ဉာဏ်ပညာ ကြီးမားခြင်းနှင့် အထူးပြည့်စုံရပါစေသတည်း။ အထူးသဖြင့် ဤကိုရင်ငယ်မေးသမျှ အမေးပုစ္ဆာ ပြဿနာတိုင်းကို ‘ငှက်ပျောပင်ကို ဓါးဖြင့်ခုတ်ပိုင်း လိုက်သကဲ့သို့ တိခနဲ တိခနဲ ဖြစ်အောင်’ ရှင်းလင်းစွာ ထိုးထွင်းဖြေဆိုနိုင်စွမ်းရှိသည့်၊ ဤကိုရင်ငယ်၏ ပညာဉာဏ်တို့ ဘယ်လောက်ပင် ကြီးမားပါစေ သူ့ပညာဉာဏ်တွေကို လွှမ်းမိုး နိုင်စွမ်းသည့် အသိဉာဏ် ပညာစွမ်းအထူးတို့နှင့် ပြည့်စုံရပါစေ သတည်း” ထိုဆရာဘုန်းကြီး၏ သစ္စာပြု၊ တောင်းဆု ဆိုစကားတို့ သည် ဂင်္ဂါမြစ်တွင်းမှ ပြင်းထန်စွာ စီးဆင်းသွားနေသည့် လှိုင်းတံပိုးတို့ကိုပင် ခြုံလွှမ်း သွားခဲ့လေတော့သတည်း။ ... .. . ထိုအဖြစ်အပျက်သည် ‘ကဿပမြတ်စွာ ဘုရားရှင်’ ၏ သာသနာတော် နောက်ပိုင်းကာလတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်လေးဖြစ်လေသည်။ ထို ဖြစ်စဉ်ထဲမှ ဆရာဘုန်းကြီးနှင့် တပည့်သာမဏေ ငယ်တို့သည် ထိုဘဝမှ ကုသိုလ်ကောင်းမှုကံ အဟုန်တို့ဖြင့် လူ့ဘဝ၊ နတ်ဘဝစသည့် ကောင်းသည့် ဘုံဘဝတို့တွင် အကြိမ်ကြိမ် လှည့်လည်ခံစား စံစားခဲ့ကြရလေ၏။ ထို့နောက် ‘ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရားရှင်’ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် ပြုပြီးနောက်ပိုင်း နှစ်ပေါင်းငါးရာခန့်အချိန်တွင် အလွန်ကျော်ကြားသည့် ပုဂ္ဂိုလ်နှစ်ပါးအဖြစ် ထင်ရှားစွာ ပေါ်ထွန်းလာရပြန်တော့သည်။ ထိုဖြစ်စဉ်ထဲမှ ကိုရင်ငယ်လေးသည် ‘မိလိန္ဒမင်းကြီး’ ဟု ဘုန်းတန်ခိုးသြဇာနှင့် ဉာဏ်ပညာတို့ အထူးထက်မြက်သည့် ပုဂ္ဂိုလ်ကြီးအဖြစ် ပေါ်ထွက်လာခဲ့လေသည်။ ထိုဖြစ်စဉ်ထဲမှ ဆရာဘုန်းကြီးကမူ ‘အရှင်နာဂသေန’ အမည်ဖြင့် ဉာဏ်ပညာ အလွန်ကြီးမားသည့် ရဟန်းမြတ်အဖြစ် ပေါ်ထွန်းလာခဲ့လေသည်။ ရဟန်းပညာရှိ၊ လူပညာရှိအပေါင်းတို့ အပေါ် တွင် အလွန်သြဇာထက်မြက်စွာ လွှမ်းမိုး နိုင်ခဲ့သည့်၊ ဉာဏ်ပညာ အလွန်ထက်မြက်သည့်၊ ပညာမာန်ကြီးမားသည်ဟု ကျော်ကြားနေသည့် မိလိန္ဒမင်းကြီးသည် ‘အရှင်နာဂသေန’ ရဟန်းမြတ်ကို စတင်တွေ့သည့်နေ့တွင် (အတိတ်ဘဝများစွာက ဆရာ ဖြစ်ခဲ့ဖူးသည့် ပါရမီဓာတ်ခံစေ့ဆော်ကာ) ကေသရာဇာ ခြင်္သေ့မင်း၏ ရှေ့သို့ရောက်သွားသည့် သိုးငယ်ကဲ့သို့ ကျိုးနွံသွားခဲ့ရလေတော့သည်။ “အရှင်ဘုရားက အရှင်နာဂသေန ဆိုတာ ပါလားဘုရား” ”ဟုတ်တယ် ဒကာတော်၊ ငါကနာဂသေနပဲ” ”ဒါဆို တပည့်တော် အရှင်ဘုရားကို ပုစ္ဆာမေးလျှောက်မလို့ပါဘုရား” ”မေးပါဒကာတော်။ သင့်စိတ်ကြိုက် မေးနိုင်ပါတယ်” ”အရှင်ဘုရား …။ တပည့်တော် မေးလျှောက်ပြီးပါပြီဘုရား” ”ဟုတ်လား။ ဒါဆို ငါကလည်း ဖြေဆို ပြီးသွားပါပြီ ဒကာတော်..” . ထိုသို့ဖြင့် မိလိန္ဒမင်းကြီးကလည်း ကြီးမားလှသည့် သူ၏ ဉာဏ်ပညာဖြင့် သူသိလိုသမျှ၊ ဗုဒ္ဓဘာသာဝင်တို့ သိသင့်သမျှတို့ကို နှိုက်နှိုက်ချွတ်ချွတ် မေးလျှောက်ခဲ့လေ၏။ အရှင်နာဂသေနမထေရ် သူမြတ်ကြီးကလည်း အလွန်ကြီးကျယ် မြင့်မား လှသည့် ဉာဏ်ပညာတော်တို့ဖြင့် မိလိန္ဒမေးသမျှကို အကြွင်းအကျန် မရှိအောင် ရှင်းရှင်းလင်းလင်း ဖြေဆိုပေးနိုင်တော်မူခဲ့လေသည်။ ထိုအရှင်နှစ်ပါးတို့၏ ဘဝတစ်ခုမှ ဆုတောင်းတို့သည် ထူးခြားစွာပင် ပြည့်ခဲ့ကြလေ၏။ ... .. . ကျွန်ုပ်ဘဝတွင် ဘာသာရေးအသိနှင့် ပတ်သက်ပြီး ပထမဦးဆုံးဝေခွဲမရဖြစ်ခဲ့သည့် ကိစ္စမှာ ‘ဆုတောင်းခြင်း’ ကိစ္စပင်ဖြစ်သည်။ ဆုတောင်း ကောင်းသည်၊ ဆုမတောင်းကောင်းဘူး ဆိုသည့် ကိစ္စ။ ဆုတောင်းခြင်းပြုလျှင် ပြည့်ဝတတ်သည်၊ ဆုတောင်းခြင်းပြုလည်း ပြည့်ဝတတ်သည်မဟုတ်။ စသည့်ပြဿနာတို့သည် ကျွန်ုပ်အသိဉာဏ်ထဲတွင် ငယ်စဉ်ကတည်းက ပဋိပက္ခဖြစ်နေခဲ့ကြလေသည်။ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဝေခွဲနိုင်စွမ်း မရှိအောင်လည်း ဒွိဟဖြစ်နေခဲ့ဖူးလေသည်။ ကျွန်ုပ်အသက် ၁၅ နှစ်သားအရွယ်လောက်ကဟုထင်သည်။ ထိုဆုတောင်းခြင်းကိစ္စကို ဘုန်းတော်ကြီးတစ်ပါးထံ ချဉ်းကပ်ကာမေးလျှောက် မိခဲ့ဖူးလေသည်။ မေးလျှောက်သည် ဆိုရာမှာလည်း ရဟန်း သံဃာတော်အပါးပေါင်း ၂ဝလောက်ကြားမှာ မေးလျှောက်ခဲ့ခြင်းဖြစ်သည်။ ထိုဘုန်းကြီးသည် ကျမ်းတတ်ပေတတ်ရဟန်းတော် တစ်ပါးလည်းဖြစ်သည်။ အတွေးအမြင်ခေတ်မီသည့် ရဟန်းတစ်ပါးလည်း ဖြစ်သည်။ ကျွန်တော်မေးလျှောက်သည့် မေးခွန်းကို ဘုရားဟော ဇာတ်နိပါတ်တော်တွေနှင့် အကိုးအကားပြုကာ သဘာဝကျကျသုံးသပ်ပြီး နားလည် သဘောပေါက်အောင် အကျယ်တဝင့် ရှင်းပြခဲ့လေသည်။ (ထိုဆရာတော် မိန့်ကြားခဲ့သည်တို့ကို သီးခြား ရေးသားတင်ပြပါဦးမည်။) ထိုစဉ်က ထိုရဟန်းတော်၏ အဆုံးအမ ညွှန်ပြမှု၏ အနှစ်ချုပ်မှာ ‘မိမိပြုသည့် ကုသိုလ် ကောင်းမှု၏ အဖို့ဘာဂကိုမိမိအလိုရှိသည့် ကောင်းကျိုးဆန္ဒအတွက် တောင်းဆုပြုလိုပါက ပြုနိုင်သည်’ ဟူ၍ ဖြစ်၏။ ဆုတောင်းခွင့်ရှိသည်ဆိုသည့်အဖြေ ကို အတိအကျမိန့်ဟ တော်မူခဲ့ခြင်းဖြစ်လေသည်။ ထို့နောက်ပိုင်းတွင် ကျွန်ုပ်သည် စာပေ ကျမ်းဂန်တို့ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှု လေ့လာရင်း တောင်းဆုပြုသည့်ကိစ္စတို့နှင့် ပတ်သက်ပြီး ပိုမိုရှင်းလင်းလာခဲ့ပြန်တော့သည်။ တစ်ခါကမူ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထုတ်ဝေခဲ့သည် စာစောင်အဟောင်းလေး တစ်ခုတွင် ‘ဆုတောင်းတိုင်း ပြည့်ဝနည်း’ ဆိုသည့် ဆောင်းပါး လေးကို ဖတ်ခဲ့ရပါသည်။ ထိုဆောင်းပါးကိုဖတ်ပြီးနောက် ကျွန်တော့်အတွေးတို့ ပိုမိုရှင်းလင်းသွားရပြန်သည်။ (ထိုစာစောင်လေးမှာ ကျွန်ုပ်မူလတန်း ကျောင်းသားအရွယ်ကတည်းက ထွက်ခဲ့သည့် စာစောင်ဖြစ်ပြီး စာစောင်အမည်၊ စာရေးသူအမည်တို့ကို လုံးဝမမှတ်မိတော့ပါ။ ထိုဆောင်းပါးလေး၏ အနှစ်ချုပ်အဓိပ္ပါယ်ကိုသာ စွဲမြဲစွာ မှတ်မိနေခြင်းဖြစ်သည်။) ယခုနောက်ပိုင်းတွင်မူ တောင်းဆုပြုနိုင်သည် ဆိုသည့်အချက်ကို ပိုမိုပြီးရှင်းလင်းစွာ လက်ခံလာ နိုင်ရုံသာမက ‘တောင်းဆုပြည့်ဝစေမည့် အကြောင်း တရားများ’ ကိုလည်း တော်တော်စုံစုံလင်လင် သိရှိလာခဲ့ရပြန်သည်။ ယခု ဤဆောင်းပါးတွင်မူ တောင်းသည့်ဆုတို့ ပြည့်ဝစေမည့် အခြေခံအချက်တချို့ကိုသာ (ကျွန်ုပ်မှတ်သားထားသည့်အတိုင်း) တင်ပြလိုက်ပါသည်။ ကျွန်ုပ်ရှာဖွေတွေ့ရှိထားသလောက်တွင် ဆုတောင်းတိုင်း ပြည့်ဝစေမည့် အဓိကအချက်မှာ ‘ကိုယ်ကျင့်သီလ’ ကို အတတ်နိုင်ဆုံးဖြည့်ကျင့်ဖို့လိုအပ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ကိုယ်ကျင့် သီလနှင့်ပြည့်စုံသူ အတွက် လိုအင်ဆန္ဒတို့အလိုအလျှောက် ပြည့်ဝစေ နိုင်သည်ဟု မိန့်ဆို ချက်များ အတိအကျ ရှိပါသည်။ ထို့ကြောင့် တောင်းဆုပြည့်ရန်အတွက် ငါးပါးသော လူ့အကျင့် လူ့သီလတို့ကိုတော့ အတတ်နိုင်ဆုံး ထိမ်းသိမ်းဖို့လိုအပ်ပါသည်။ ထို့အပြင် ကုသိုလ်ကောင်းမှုတစ်ခုခုကိုလည်း ဖြည့်ကျင့်၊ ပြုလုပ်ပေးဖို့လိုအပ်ပါသည်။ ဥပမာ အလှူဒါနတစ်ခုခုပြုလုပ်ခြင်း၊ စရဏဘာဝနာတစ်ခုခု ဖြည့်ကျင့်ခြင်းတို့ကို ပြုပေးသင့်ပါသည်။ . ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “တောင်းဆုပြည့်စေရန် အခြေခံကျင့်စဉ်” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁) ဘုရားတစ်ဆူဆူတွင်ဖြစ်စေ၊ နေအိမ် ဘုရားကျောင်းဆောင်တွင်ဖြစ်စေ ပန်း၊ ရေ၊ ဆီမီး၊ ဆွမ်း၊ ခဲဘွယ် စသည့် အလှူဒါနကုသိုလ်အမှုတို့ ကို တတ်စွမ်းနိုင်သမျှ အတိုင်းအတာနှင့် လေးလေးနက်နက် ကပ်လှူဆောင်ရွက်ပေးပါ။ (ဘုရား ကျောင်းဆောင်သန့်ရှင်းရေးလုပ်ခြင်း၊ ရောင်တော် ဖွင့်ခြင်း၊ စေတီတော်မှာဆိုလျှင်လည်း စေတီပရဝုဏ်တွင် သန့်ရှင်းရေးလုပ်ခြင်းတို့ကိုပါ တတ်နိုင်သလောက် ကြိုတင် ဆောင်ရွက်ထားသင့်ပါသည်။) (၂) ပြီးလျှင် ကိုယ်တိုင်က အထူးသန့်ပြန့် စွာဖြင့် ဘုရားဝတ်ပြုပါ။ ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့ပါ။ အပြစ်တွေရှိသမျှ ဝန်ချတောင်းပန်ပါ။ (၃) ထို့နောက် သရဏဂုံဆောက်တည်ကာ ငါးပါးသောသီလကို ကျကျနနဆောက်တည်ပါ။ (ငါးပါးသီလကို တစ်နေ့လုံး မစောင့်ထိမ်းနိုင်လျှင်တောင် ထိုအချိန်ပိုင်းလေးအတွင်းမှာတော့ အလုံခြုံဆုံးစောင့်ထိန်းပါမည်ဟု လေးနက်စွာဆောက် တည်ပါ။) (၄) ပြီးလျှင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော် မြတ်ကိုးပါးကို ကြည်ညိုသောစိတ် သဒ္ဓါစိတ်ဖြင့် လေးနက်စွာ ရွတ်ပွားပူဇော်ပါ။ ဘုရားရှင်ကို အလွန် ယုံကြည်သော သဒ္ဓါစိတ်ဖြင့် ပူဇော်ပါ။ ၉ ခေါက်၊ ၁၈ ခေါက်၊ ၂၇ ခေါက် စသည်ဖြင့် ၁ဝ၈ ခေါက် အထိ မိမိနိုင်သလောက် ပူဇော်နိုင်ပါသည်။ (၅) ထို့နောက် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု တို့၏ အဖို့ဘာဂကို လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အပယ်လေးဘုံပါမကျန် (၃၁) ဘုံသားတွေကို အမျှ ဝေပါ။ နေနတ်မင်း၊ လနတ်မင်း၊ မိုးနတ်မင်း၊ လေနတ်မင်း၊ မဟာပထဝီမြေစောင့်နတ်မင်းတို့မှအစ လောကစောင့်ကြပ် သိကြား နတ် ဗြဟ္မာတွေကို အထူး အမျှဝေပါ။ မေတ္တာပို့ပါ။ (၆) ပြီးလျှင် ‘တပည့်တော်သည် ယနေ့ယခု ဤနေရာမှနေကာ ဤကုသိုလ်ကောင်းမှုတို့ကို တတ်စွမ်းသမျှ ပြုခဲ့ပါသည်။ ဤစကားသည် မှန်သောသစ္စာစကားပင် ဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊ ဤကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကြောင့်လည်းကောင်း ယခု တပည့်တော် အမှန်တကယ်လိုအပ်နေသော —– ကိစ္စသည် ရက်ပိုင်းလပိုင်းအတွင်း မုချမသွေ ရရှိပါစေ၊ အောင်မြင်ပါစေသား အရှင်ဘုရား’ ဟု လေးနက်စွာ သစ္စာပြု၊ တောင်းဆုပန်ဆင်လိုက်ပါ။ (၇) ထိုအချိန်တွင်သင့်အာရုံထဲ၌် လွန်စွာ သပ္ပါယ် တင့်တယ်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကြီးမားလှသည့် မဟာကရုဏာတော် မျက်နှာထားဖြင့် ‘ချစ်သား/ချစ်သမီး သင်၏ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်းနှင့် ယခုပင်ပြည့်ဝစေသတည်း’ ဟုလွန်စွာ အေးချမ်း ကြည်လင်သော အပြုံးတော်ဖြင့် မိန့်ဟတော်မူ လိုက်ပုံကို အာရုံတွင် ထင်ဟပ်လာ အောင် အာရုံပြုလိုက်ပါ။ ပြီးက ‘ပေးသည့်ဆုနှင့် အမြန်ဆုံး ပြည့်ဝပါစေသား အရှင်ဘုရား’ ဟု လေးနက်စွာ ရွတ်ဆိုပြီး ဦးသုံးကြိမ် ချလိုက်ရပါမည်။ ထိုသို့ အကြိမ်ကြိမ်အထပ်ထပ် ကုသိုလ် ပြုကာ ဆုတောင်းနိုင်ပါသည်။ ယခုတင်ပြခဲ့သည့် ဆုတောင်းနည်းသည် ကျွန်ုပ်လေ့လာမှတ်သားခဲ့သည့် နည်းစနစ်များ၏ အနှစ်ချုပ်ပင်ဖြစ်ပါသည်။ ကောင်းကျိုးကိစ္စတို့အတွက် တောင်းဆုပြုလိုသူများ၊ ကျင့်သုံးလိုသူများ ကျင့်သုံးနိုင်ရန် လက်ဆင့်ကမ်း မျှဝေတင်ပြလိုက်ခြင်း ဖြစ်ပါသတည်း။ ━━━━━━━━━━━━━━━━━━━━ Written by ►►► ✍✍ ဓမ္မ ကုန်သည် ((ဖတ်ရှူ ှ , နာယူ , မှတ်သားမိသမျှ ပြန်လည်မျှဝေသည်..။)) တောငျးသညျ့ဆုမြား ပွညျ့စသေတညျး ✿✿✿✿✿✿✿✿✿✿✿✿✿✿✿ ဂငျ်ဂါမွဈကွီး၏အနီး မွဈကမျးနဖူးတဈနရောတှငျ ရဟနျးသံဃာတောျတို့ သီတငျးသုံးတောျမူရာ ကြောငျးတဈကြောငျးရှိခဲ့ဖူးလသေညျ။ တဈနေ့တှငျ ထိုကြောငျးမှ ဆရာဘုနျးကွီးသညျ ကြောငျးတှငျးသနျ့ရှငျးရေး တံမွကျလှညျးခွငျးအမှုကို ပွုနခေဲ့လသေညျ။ ထိုဆရာဘုနျးကွီး၏ ခပျလှမျးလှမျးတှငျ ကိုရငျငယျတဈပါးသညျ ငယျရှယျသူတို့၏ သဘာဝ ဆော့ကစားနလေေ၏။ “ကိုရငျ… ဒီမှာ အမှိုကျတှပေုံထားတယျ။ အမှိုကျလာကြုံးတော့…” ဆရာဘုနျးကွီးသညျ အမှိုကျသရိုကျမြားကို တံမွကျစညျးဖွငျ့လှညျးကငြျးပွီး အမှိုကျပုံလေးတှေ စုပုံထားရငျး တပညျ့ငယျကိုရငျလေးကို လှမျး ပွောလိုကျလသေညျ။ သို့သောျ အဆော့မကျနသေညျ့ ကိုရငျလေးက ဘုနျးကွီး၏စကားကို မကွားယောငျ ပွုကာ ဆကျလကျဆော့ကစားမွဲ ဆော့ကစားနလေေ၏။ “ဟဲ့ ကိုရငျ …။ အမှိုကျကြုံး” ဆရာဘုနျးကွီး၏လသေံတှငျ ဒေါသအငှေ့ အသကျတို့ပါလာသညျ။ သို့သောျ ကိုရငျငယျက ထိုအခကြျကို အလေးမမူ။ ကိုရငျလေး၏ အပွုအမူကွောငျ့ ဆရာဘုနျးကွီးသညျ စိတျတိုလာကာ ကိုရငျလေးအနီးသို့ဖွုနျးခနဲ ရောကျသှားလတေော့၏။ “ဒီကိုရငျ။ အမှိုကျကြုံးဆိုတာကို မကွား သလိုလုပျနတေယျ။ ကဲ … ပကေပျကပျလုပျနေ အုံး..” ဆရာဘုနျးကွီးက ကိုရငျလေး၏ ဦးခေါငျးကို တံမွကျစညျးရိုးဖွငျ့ ‘ဒေါငျ’ ခနဲခေါကျထညျ့လိုကျလေ၏။ သညျတော့မှ ကိုရငျငယျသညျ နာကငြျသှားသညျ့ သူ့ဦးခေါငျးကလေးကို ပှတျကာ ပှတျကာဖွငျ့ အမှိုကျကြုံးလတေော့သညျ။ တံမွကျစညျးရိုးဖွငျ့ အခေါကျခံရ၍ နာကငြျသှားသညျ့ အတှကျ မကြျရညျ လေးမြားပငျ ဝဲလာကာ ရှုံ့မဲ့ရှုံ့မဲ့နှငျ့ အမှိုကျမြားကို သိမျးဆညျးနရှောလတေော့သညျ။ သို့သောျ ကိုရငျ လေးသညျ ဦးခေါငျးမှာ နာကငြျသညျ့ဒဏျရာထကျ ရငျထဲတှငျ မခံခငြျစိတျက ပို၍ ထကွှနခွေငျးသာ ဖွဈသညျ။ “ငါက သူ့တပညျ့ ကိုရငျလေးဖွဈနလေို့ပေါ့ကှာ။ သူက ဆရာဘုနျးကွီးဆိုတော့ .. ငါ့ခေါငျးကို တံမွကျစညျးရိုးနဲ့တောငျ ခေါကျရကျတယျ။ နိုငျထကျစီးနငျး” ကိုရငျလေး၏စိတျတှငျ မကြမေခမြျး ဖွဈနလေတေော့၏။ နံနကျပိုငျး ‘တကျနခွေညျ’ က စူးစူးရှရှ ပူပွငျးလာသညျ။ ကိုရငျလေးသညျ ခြှေး တဈလုံးလုံးနှငျ့ အမှိုကျတှကေို တဈပုံပွီးတဈပုံ ကြုံးနလေသေညျ။ တဈတောငျးပွီး တဈတောငျး သယျယူကာ မွဈကမျးဘေး အမှိုကျပုံတှငျ စှနျ့ပဈ နလေသေညျ။ သို့သောျ စောစောက ဆရာဘုနျးကွီး၏အရိုကျကို ခံထားရသညျ့အတှကျ မကြျနှာက မကွညျမလငျနှငျ့ အုံ့မှိုငျး၍ နေ၏။ ဆရာဘုနျးကွီးအပေါျ မကြနေပျ သညျ့စိတျနှငျ့ အမှိုကျကြုံးရသညျ့အတှကျ ပငျပနျးနသေညျ့ စိတျတို့က ညှိုးနှှမျးနေ၏။ ထိုအခြိနျမှာပငျ ကိုရငျလေး၏အသိဉာဏျတှငျ တဈစုံတဈရာကို တှေးမိသှားပွနျလသေညျ။ ထို့ကွောငျ့… “ငါသညျ ….ဤအမှိုကျသရိုကျမြားကို စှနျ့ ပဈရသညျ့ ကုသိုလျကွောငျ့ နိဗ်ဗာနျမရသေးမီစပျကွား သံသရာတှငျ ကငြျလညျရသမြှ ‘မှနျးတညျ့’ နကေဲ့ သို့ ထကျမွကျသော ဘုနျးတနျခိုးတို့နှငျ့ ပွညျ့စုံ ရပါစသေတညျး။ သူတဈပါးက နှိပျစကျကလူ ပွု ခွငျးမှ အစဉျကငျးလှတျအောငျ ဘုနျးတနျခိုးကွီးမားသူ ဖွဈရပါစသေတညျး” ကိုရငျလေးသညျ အမှိုကျမြားကို စှနျ့ပဈ နရေငျး ထိုသို့ဆုတောငျးမိလတေော့သညျ။ ထိုအခြိနျမှာပငျ ဂငျ်ဂါမွဈကွီး၏ အထကျမွဈညှာအရပျတှငျ မိုးသား တိမျလိပျတို့ အုံ့ဆိုငျးလာလေ၏။ မွဈညှာတှငျ မိုးတှရှောနလေပွေီ။ ကိုရငျလေးသညျ နောကျဆုံးအမှိုကျပုံကို ကြုံးကာ အမှိုကျတောငျးကို မွဈကမျးစပျတှငျ သှနျလိုကျလသေညျ။ အထကျဘကျ မွဈညှာအရပျတှငျ မိုးတှေ အုံ့မှိုငျးညို့ဆိုငျးလာသညျနှငျ့ ဂငျ်ဂါမွဈထဲတှငျ ရစေီးက ပိုသနျလာ၏။ မွဈညှာမှာ မိုးသညျးနသေဖွငျ့ ဂငျ်ဂါမွဈရတှေငျ လှိုငျးတံပိုးတို့ ထလာလတေော့သညျ။ ကိုရငျလေးသညျ စောစောက ခြှေးသံရှှဲ ရှှဲနှငျ့ အမှိုကျကြုံးနခေဲ့ရ၍ ပငျပနျးခဲ့ရတာတှကေို မေ့သှားလသေညျ။ ထို့ကွောငျ့ မွဈကမျးစပျရဆေိပျတှငျ ရခြေိုးရဦးမညျ့ ကိစ်စကိုပငျ သတိမရတော့။ အမှိုကျကြုံးသညျ့တောငျးလေးကို ဘေးမှာခကြာ မွဈကမျးမှ ကြောကျဆောငျတဈခုထကျတှငျ ထိုငျလိုကျ၏။ ခွနှေဈဖကျကို ရစေီးတှငျခကြာ မွဈရပွေငျကို တို့ထိဆော့ကစားရငျး မွဈထဲမှ လှိုငျးလုံးကွီးတှကေို သဘောကစြှာ ကွညျ့နမေိပွနျလသေညျ။ ဂငျ်ဂါမွဈ၏ အထကျအရပျတှငျ မိုးတှကေ ပိုပွီး ညှို့ဆိုငျးလာသညျ။ ဂငျ်ဂါမွဈတှငျးမှ ရလှေိုငျး တို့က တဝုနျးဝုနျးပွိုဆငျးလာကွပွနျသညျ။ ကိုရငျလေးသညျ လှိုငျးလုံးကွီးတှကေို သဘောကစြှာ ကွညျ့နမေိ၏။ ကွညျ့နရေငျးမှပငျ စောစောက ဆရာဘုနျးကွီး၏ တံမွကျစညျးရိုးနှငျ့ ခေါကျလိုကျသညျ့ ကိစ်စကို ပွနျလညျသတိရသှားပွနျသညျ။ ခေါငျးကိုပငျ ယောငျရမျးကာ ပှတျလိုကျမိသေး၏။ ထို့အတူ ဆရာဘုနျးကွီးအပေါျတှငျ မကြနေပျသညျ့ စိတျကလညျး ပေါျလာပွနျ၏။ “ငါက ကိုရငျလေးဖွဈနလေို့ပေါ့ကှာ …။ သူက ဆရာ ငါကတပညျ့ဆိုတော့ သူခိုငျးတာကိုလညျး လုပျရသေး၊ သူရိုကျတာကိုလညျး ခံနရေသေးတာပေါ့ …” ကိုရငျလေး၏မကြျနှာက မွဈညှာအရပျ က မိုးကောငျးကငျလို အုံ့မှိုငျးသှားရပွနျ၏။ ထို့အတူ ကိုရငျငယျ၏နှုတျမှ ဆုတောငျးစကားတို့ ထှကျပေါျ လာပွနျတော့၏။ “ငါသညျ ကြောငျးဝငျးတှငျးမှ အမှိုကျသရိုကျ တို့ကို ကြုံးပွီး စှနျ့ပဈခွငျးတညျးဟူသော ကုသိုလျ အလုပျကို ပွုခဲ့ပါသညျ။ ဤကုသိုလျကွောငျ့ နိဗ်ဗာနျ မရသေးမီစပျကွား သံသရာတှငျ ကငြျလညျရသမြှ ကာလပတျလုံး ဤဂငျ်ဂါမွဈတှငျးမှလှိုငျးတံပိုးတို့ကဲ့သို့ ကွီးကယြျသော အသိဉာဏျပညာတို့နှငျ့ ပွညျ့စုံရပါစသေတညျး။ ဂငျ်ဂါမွဈ၏လှိုငျးတံပိုးတို့ ကဲ့သို့ ဉာဏျပညာ ထကျမွကျပွညျ့စုံသူ ဖွဈရပါစသေတညျး..” ကိုရငျလေးသညျ ထိုသို့ဆုတောငျးမိလိုကျ ပွနျလတေော့သညျ။ ဆုတောငျးရငျးနှငျ့ပငျ လှိုငျးလုံးတှကေို ကွညျ့နမေိ၏။ ဆုတောငျးရငျးနှငျ့ပငျ အရိုကျခံရသညျ့ကိစ်စကို မကြမေနပျနိုငျဖွဈနမေိ၏။ ကိုရငျလေးသညျ မွဈရပွေငျကို ခွဖွေငျ့ပုတျ၍ ဆော့ကစားရငျး ထိုဆုတောငျးကို ထပျကာထပျကာ ရှတျ ဆိုနလေတေော့သညျ။ ထိုအခြိနျတှငျ တံမွကျလှညျးပွီးသှားသညျ့ ဆရာဘုနျးကွီးသညျ ရခြေိုးဖို့အတှကျ ပွငျဆငျနလေသေညျ။ ပွငျဆငျနရေငျးနှငျ့ မွဈညှာအရပျတှငျ မိုးတှေ ညို့မှိုငျးအုံ့ ဆိုငျးလာတာကိုလညျး သတိပွုလိုကျမိပွနျ၏။ ထို့အပွငျဂငျ်ဂါမွဈထဲမှာ လှိုငျးတံပိုးတှေ ထနျလာသညျ့ရလှေိုငျးသံတှကေိုလညျး သတိပွုမိ သှားလတေော့သညျ။ ”ငါ့ကိုရငျလေး အမှိုကျသှားပဈတာ ကွာလိုကျတာ။ ရဆေငျးခြိုးရငျးနဲ့ လှိုငျးလုံးတှထေဲမြား ပွုတျကသြှားရငျအခကျ…” ဆရာဘုနျးကွီး၏စိတျတှငျ တပညျ့ကိုရငျငယျ အပေါျ စိုးရိမျစိတျတှေ ဝငျလာလေ၏။ ထို့ကွောငျ့ ရဆေငျးခြိုးဖို့လညျး စိတျကူးရငျးနှငျ့ ကိုရငျလေး အပေါျတှငျလညျး စိတျမခသြညျ့စိတျဖွငျ့ မွဈကမျးဘကျသို့ ခပျသုတျသုတျ ဆငျးလာခဲ့မိတော့၏။ မွဈကမျးအနီးရောကျတော့ မွဈကမျးနဖူးတှငျ ထိုငျကာ ဆုတောငျးနသေညျ့ ကိုရငျလေး၏ ဆုတောငျးသံကို ကွားသှားလတေော့သညျ။ ကိုရငျလေးကမူ သူ့နောကျတှငျ ဆရာဘုနျးကွီး ရောကျနတောကိုပငျ သတိမပွုမိ။ သူ့ ဆုတောငျးစကားကိုသာ လှိုငျးလုံးကွီးတှနှေငျ့အပွိုငျ ထပျပွနျတလဲလဲရှတျဆို ဆုတောငျးနလေသေညျ။ “သွောျ…။ သူကတောငျ ငါတပငျတပနျး လှညျးကငြျးထားတဲ့ အမှိုကျတှကေို စှနျ့ပဈရုံစှနျ့ ပဈပေးပွီး ဒီလိုဆုတောငျးသေးရငျ ငါကပိုပွီးဆုတောငျး သငျ့သေးတာပေါ့” ထိုသို့တှေးမိသှားကာ ဆရာဘုနျးကွီးကလညျး ဆုတောငျးပွနျလတေော့သညျ။ “ငါသညျကြောငျးတိုကျတဈခုလုံးကို အမှိုကျရှငျးခွငျး၊ တံမွကျလှညျးခွငျးကုသိုလျတို့ ပွုခဲ့ပေ၏။ ကုသိုလျတို့ ကွောငျ့ နိဗ်ဗာနျမရသေးမီ စပျကွား သံသရာတှငျ ကငြျလညျရသမြှ ဤဂငျ်ဂါ မွဈတှငျးမှ ဤလှိုငျးတံပိုးတို့ ထကျ သာလှနျသညျ့ ဉာဏျပညာ ကွီးမားခွငျးနှငျ့ အထူးပွညျ့စုံရပါစသေတညျး။ အထူးသဖွငျ့ ဤကိုရငျငယျမေးသမြှ အမေးပုစ်ဆာ ပွူနာတိုငျးကို ‘ငှကျပြောပငျကို ဓါးဖွငျ့ခုတျပိုငျး လိုကျသကဲ့သို့ တိခနဲ တိခနဲ ဖွဈအောငျ’ ရှငျးလငျးစှာ ထိုးထှငျးဖွဆေိုနိုငျစှမျးရှိသညျ့၊ ဤကိုရငျငယျ၏ ပညာဉာဏျတို့ ဘယျလောကျပငျ ကွီးမားပါစေ သူ့ပညာဉာဏျတှကေို လှှမျးမိုး နိုငျစှမျးသညျ့ အသိဉာဏျ ပညာစှမျးအထူးတို့နှငျ့ ပွညျ့စုံရပါစေ သတညျး” ထိုဆရာဘုနျးကွီး၏ သစ်စာပွု၊ တောငျးဆု ဆိုစကားတို့ သညျ ဂငျ်ဂါမွဈတှငျးမှ ပွငျးထနျစှာ စီးဆငျးသှားနသေညျ့ လှိုငျးတံပိုးတို့ကိုပငျ ခွုံလှှမျး သှားခဲ့လတေော့သတညျး။ ... .. . ထိုအဖွဈအပကြျသညျ ‘ကူပမွတျစှာ ဘုရားရှငျ’ ၏ သာသနာတောျ နောကျပိုငျးကာလတှငျ ဖွဈပကြျခဲ့သညျ့ ဖွဈစဉျလေးဖွဈလသေညျ။ ထို ဖွဈစဉျထဲမှ ဆရာဘုနျးကွီးနှငျ့ တပညျ့သာမဏေ ငယျတို့သညျ ထိုဘဝမှ ကုသိုလျကောငျးမှုကံ အဟုနျတို့ဖွငျ့ လူ့ဘဝ၊ နတျဘဝစသညျ့ ကောငျးသညျ့ ဘုံဘဝတို့တှငျ အကွိမျကွိမျ လှညျ့လညျခံစား စံစားခဲ့ကွရလေ၏။ ထို့နောကျ ‘ဂေါတမ ဗုဒ်ဓ မွတျစှာဘုရားရှငျ’ ကိုယျတောျမွတျကွီး ပရိနိဗ်ဗာနျ ပွုပွီးနောကျပိုငျး နှဈပေါငျးငါးရာခနျ့အခြိနျတှငျ အလှနျကြောျကွားသညျ့ ပုဂ်ဂိုလျနှဈပါးအဖွဈ ထငျရှားစှာ ပေါျထှနျးလာရပွနျတော့သညျ။ ထိုဖွဈစဉျထဲမှ ကိုရငျငယျလေးသညျ ‘မိလိန်ဒမငျးကွီး’ ဟု ဘုနျးတနျခိုးသွဇာနှငျ့ ဉာဏျပညာတို့ အထူးထကျမွကျသညျ့ ပုဂ်ဂိုလျကွီးအဖွဈ ပေါျထှကျလာခဲ့လသေညျ။ ထိုဖွဈစဉျထဲမှ ဆရာဘုနျးကွီးကမူ ‘အရှငျနာဂသနေ’ အမညျဖွငျ့ ဉာဏျပညာ အလှနျကွီးမားသညျ့ ရဟနျးမွတျအဖွဈ ပေါျထှနျးလာခဲ့လသေညျ။ ရဟနျးပညာရှိ၊ လူပညာရှိအပေါငျးတို့ အပေါျ တှငျ အလှနျသွဇာထကျမွကျစှာ လှှမျးမိုး နိုငျခဲ့သညျ့၊ ဉာဏျပညာ အလှနျထကျမွကျသညျ့၊ ပညာမာနျကွီးမားသညျဟု ကြောျကွားနသေညျ့ မိလိန်ဒမငျးကွီးသညျ ‘အရှငျနာဂသနေ’ ရဟနျးမွတျကို စတငျတှေ့သညျ့နေ့တှငျ (အတိတျဘဝမြားစှာက ဆရာ ဖွဈခဲ့ဖူးသညျ့ ပါရမီဓာတျခံစေ့ဆောျကာ) ကသေရာဇာ ခွငျ်သေ့မငျး၏ ရှေ့သို့ရောကျသှားသညျ့ သိုးငယျကဲ့သို့ ကြိုးနှံသှားခဲ့ရလတေော့သညျ။ “အရှငျဘုရားက အရှငျနာဂသနေ ဆိုတာ ပါလားဘုရား” ”ဟုတျတယျ ဒကာတောျ၊ ငါကနာဂသနေပဲ” ”ဒါဆို တပညျ့တောျ အရှငျဘုရားကို ပုစ်ဆာမေးလြှောကျမလို့ပါဘုရား” ”မေးပါဒကာတောျ။ သငျ့စိတျကွိုကျ မေးနိုငျပါတယျ” ”အရှငျဘုရား …။ တပညျ့တောျ မေးလြှောကျပွီးပါပွီဘုရား” ”ဟုတျလား။ ဒါဆို ငါကလညျး ဖွဆေို ပွီးသှားပါပွီ ဒကာတောျ..” . ထိုသို့ဖွငျ့ မိလိန်ဒမငျးကွီးကလညျး ကွီးမားလှသညျ့ သူ၏ ဉာဏျပညာဖွငျ့ သူသိလိုသမြှ၊ ဗုဒ်ဓဘာသာဝငျတို့ သိသငျ့သမြှတို့ကို နှိုကျနှိုကျခြှတျခြှတျ မေးလြှောကျခဲ့လေ၏။ အရှငျနာဂသနေမထရျေ သူမွတျကွီးကလညျး အလှနျကွီးကယြျ မွငျ့မား လှသညျ့ ဉာဏျပညာတောျတို့ဖွငျ့ မိလိန်ဒမေးသမြှကို အကွှငျးအကနြျ မရှိအောငျ ရှငျးရှငျးလငျးလငျး ဖွဆေိုပေးနိုငျတောျမူခဲ့လသေညျ။ ထိုအရှငျနှဈပါးတို့၏ ဘဝတဈခုမှ ဆုတောငျးတို့သညျ ထူးခွားစှာပငျ ပွညျ့ခဲ့ကွလေ၏။ ... .. . ကြှနျုပျဘဝတှငျ ဘာသာရေးအသိနှငျ့ ပတျသကျပွီး ပထမဦးဆုံးဝခှေဲမရဖွဈခဲ့သညျ့ ကိစ်စမှာ ‘ဆုတောငျးခွငျး’ ကိစ်စပငျဖွဈသညျ။ ဆုတောငျး ကောငျးသညျ၊ ဆုမတောငျးကောငျးဘူး ဆိုသညျ့ ကိစ်စ။ ဆုတောငျးခွငျးပွုလြှငျ ပွညျ့ဝတတျသညျ၊ ဆုတောငျးခွငျးပွုလညျး ပွညျ့ဝတတျသညျမဟုတျ။ စသညျ့ပွူနာတို့သညျ ကြှနျုပျအသိဉာဏျထဲတှငျ ငယျစဉျကတညျးက ပဋိပက်ခဖွဈနခေဲ့ကွလသေညျ။ ကိုယျပိုငျအသိဉာဏျဖွငျ့ ဝခှေဲနိုငျစှမျး မရှိအောငျလညျး ဒှိဟဖွဈနခေဲ့ဖူးလသေညျ။ ကြှနျုပျအသကျ ၁၅ နှဈသားအရှယျလောကျကဟုထငျသညျ။ ထိုဆုတောငျးခွငျးကိစ်စကို ဘုနျးတောျကွီးတဈပါးထံ ခဉြျးကပျကာမေးလြှောကျ မိခဲ့ဖူးလသေညျ။ မေးလြှောကျသညျ ဆိုရာမှာလညျး ရဟနျး သံဃာတောျအပါးပေါငျး ၂ဝလောကျကွားမှာ မေးလြှောကျခဲ့ခွငျးဖွဈသညျ။ ထိုဘုနျးကွီးသညျ ကမြျးတတျပတေတျရဟနျးတောျ တဈပါးလညျးဖွဈသညျ။ အတှေးအမွငျခတျေမီသညျ့ ရဟနျးတဈပါးလညျး ဖွဈသညျ။ ကြှနျတောျမေးလြှောကျသညျ့ မေးခှနျးကို ဘုရားဟော ဇာတျနိပါတျတောျတှနှေငျ့ အကိုးအကားပွုကာ သဘာဝကကြသြုံးသပျပွီး နားလညျ သဘောပေါကျအောငျ အကယြျတဝငျ့ ရှငျးပွခဲ့လသေညျ။ (ထိုဆရာတောျ မိနျ့ကွားခဲ့သညျတို့ကို သီးခွား ရေးသားတငျပွပါဦးမညျ။) ထိုစဉျက ထိုရဟနျးတောျ၏ အဆုံးအမ ညှှနျပွမှု၏ အနှဈခြုပျမှာ ‘မိမိပွုသညျ့ ကုသိုလျ ကောငျးမှု၏ အဖို့ဘာဂကိုမိမိအလိုရှိသညျ့ ကောငျးကြိုးဆန်ဒအတှကျ တောငျးဆုပွုလိုပါက ပွုနိုငျသညျ’ ဟူ၍ ဖွဈ၏။ ဆုတောငျးခှငျ့ရှိသညျဆိုသညျ့အဖွေ ကို အတိအကမြိနျ့ဟ တောျမူခဲ့ခွငျးဖွဈလသေညျ။ ထို့နောကျပိုငျးတှငျ ကြှနျုပျသညျ စာပေ ကမြျးဂနျတို့ကို ပိုပွီး ကယြျကယြျပွနျ့ပွနျ့ ဖတျရှု လေ့လာရငျး တောငျးဆုပွုသညျ့ကိစ်စတို့နှငျ့ ပတျသကျပွီး ပိုမိုရှငျးလငျးလာခဲ့ပွနျတော့သညျ။ တဈခါကမူ လှနျခဲ့သညျ့ နှဈပေါငျးမြားစှာက ထုတျဝခေဲ့သညျ စာစောငျအဟောငျးလေး တဈခုတှငျ ‘ဆုတောငျးတိုငျး ပွညျ့ဝနညျး’ ဆိုသညျ့ ဆောငျးပါး လေးကို ဖတျခဲ့ရပါသညျ။ ထိုဆောငျးပါးကိုဖတျပွီးနောကျ ကြှနျတောျ့အတှေးတို့ ပိုမိုရှငျးလငျးသှားရပွနျသညျ။ (ထိုစာစောငျလေးမှာ ကြှနျုပျမူလတနျး ကြောငျးသားအရှယျကတညျးက ထှကျခဲ့သညျ့ စာစောငျဖွဈပွီး စာစောငျအမညျ၊ စာရေးသူအမညျတို့ကို လုံးဝမမှတျမိတော့ပါ။ ထိုဆောငျးပါးလေး၏ အနှဈခြုပျအဓိပ်ပါယျကိုသာ စှဲမွဲစှာ မှတျမိနခွေငျးဖွဈသညျ။) ယခုနောကျပိုငျးတှငျမူ တောငျးဆုပွုနိုငျသညျ ဆိုသညျ့အခကြျကို ပိုမိုပွီးရှငျးလငျးစှာ လကျခံလာ နိုငျရုံသာမက ‘တောငျးဆုပွညျ့ဝစမေညျ့ အကွောငျး တရားမြား’ ကိုလညျး တောျတောျစုံစုံလငျလငျ သိရှိလာခဲ့ရပွနျသညျ။ ယခု ဤဆောငျးပါးတှငျမူ တောငျးသညျ့ဆုတို့ ပွညျ့ဝစမေညျ့ အခွခေံအခကြျတခြို့ကိုသာ (ကြှနျုပျမှတျသားထားသညျ့အတိုငျး) တငျပွလိုကျပါသညျ။ ကြှနျုပျရှာဖှတှေေ့ရှိထားသလောကျတှငျ ဆုတောငျးတိုငျး ပွညျ့ဝစမေညျ့ အဓိကအခကြျမှာ ‘ကိုယျကငြျ့သီလ’ ကို အတတျနိုငျဆုံးဖွညျ့ကငြျ့ဖို့လိုအပျသညျဆိုသညျ့အခကြျပငျဖွဈသညျ။ ကိုယျကငြျ့ သီလနှငျ့ပွညျ့စုံသူ အတှကျ လိုအငျဆန်ဒတို့အလိုအလြှောကျ ပွညျ့ဝစေ နိုငျသညျဟု မိနျ့ဆို ခကြျမြား အတိအကြ ရှိပါသညျ။ ထို့ကွောငျ့ တောငျးဆုပွညျ့ရနျအတှကျ ငါးပါးသော လူ့အကငြျ့ လူ့သီလတို့ကိုတော့ အတတျနိုငျဆုံး ထိမျးသိမျးဖို့လိုအပျပါသညျ။ ထို့အပွငျ ကုသိုလျကောငျးမှုတဈခုခုကိုလညျး ဖွညျ့ကငြျ့၊ ပွုလုပျပေးဖို့လိုအပျပါသညျ။ ဥပမာ အလှူဒါနတဈခုခုပွုလုပျခွငျး၊ စရဏဘာဝနာတဈခုခု ဖွညျ့ကငြျ့ခွငျးတို့ကို ပွုပေးသငျ့ပါသညျ။ . ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “တောငျးဆုပွညျ့စရေနျ အခွခေံကငြျ့စဉျ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁) ဘုရားတဈဆူဆူတှငျဖွဈစေ၊ နအေိမျ ဘုရားကြောငျးဆောငျတှငျဖွဈစေ ပနျး၊ ရေ၊ ဆီမီး၊ ဆှမျး၊ ခဲဘှယျ စသညျ့ အလှူဒါနကုသိုလျအမှုတို့ ကို တတျစှမျးနိုငျသမြှ အတိုငျးအတာနှငျ့ လေးလေးနကျနကျ ကပျလှူဆောငျရှကျပေးပါ။ (ဘုရား ကြောငျးဆောငျသနျ့ရှငျးရေးလုပျခွငျး၊ ရောငျတောျ ဖှငျ့ခွငျး၊ စတေီတောျမှာဆိုလြှငျလညျး စတေီပရဝုဏျတှငျ သနျ့ရှငျးရေးလုပျခွငျးတို့ကိုပါ တတျနိုငျသလောကျ ကွိုတငျ ဆောငျရှကျထားသငျ့ပါသညျ။) (၂) ပွီးလြှငျ ကိုယျတိုငျက အထူးသနျ့ပွနျ့ စှာဖွငျ့ ဘုရားဝတျပွုပါ။ ခငျပှနျးကွီးဆယျပါးကို ကနျတော့ပါ။ အပွဈတှရှေိသမြှ ဝနျခတြောငျးပနျပါ။ (၃) ထို့နောကျ သရဏဂုံဆောကျတညျကာ ငါးပါးသောသီလကို ကကြနြနဆောကျတညျပါ။ (ငါးပါးသီလကို တဈနေ့လုံး မစောငျ့ထိမျးနိုငျလြှငျတောငျ ထိုအခြိနျပိုငျးလေးအတှငျးမှာတော့ အလုံခွုံဆုံးစောငျ့ထိနျးပါမညျဟု လေးနကျစှာဆောကျ တညျပါ။) (၄) ပွီးလြှငျ မွတျစှာဘုရားရှငျ၏ ဂုဏျတောျ မွတျကိုးပါးကို ကွညျညိုသောစိတျ သဒ်ဓါစိတျဖွငျ့ လေးနကျစှာ ရှတျပှားပူဇောျပါ။ ဘုရားရှငျကို အလှနျ ယုံကွညျသော သဒ်ဓါစိတျဖွငျ့ ပူဇောျပါ။ ၉ ခေါကျ၊ ၁၈ ခေါကျ၊ ၂၇ ခေါကျ စသညျဖွငျ့ ၁ဝ၈ ခေါကျ အထိ မိမိနိုငျသလောကျ ပူဇောျနိုငျပါသညျ။ (၅) ထို့နောကျ ပွုခဲ့သမြှ ကုသိုလျကောငျးမှု တို့၏ အဖို့ဘာဂကို လူ့ဘုံ၊ နတျဘုံ၊ ဗွဟ်မာဘုံ၊ အပယျလေးဘုံပါမကနြျ (၃၁) ဘုံသားတှကေို အမြှ ဝပေါ။ နနေတျမငျး၊ လနတျမငျး၊ မိုးနတျမငျး၊ လနေတျမငျး၊ မဟာပထဝီမွစေောငျ့နတျမငျးတို့မှအစ လောကစောငျ့ကွပျ သိကွား နတျ ဗွဟ်မာတှကေို အထူး အမြှဝပေါ။ မတေ်တာပို့ပါ။ (၆) ပွီးလြှငျ ‘တပညျ့တောျသညျ ယနေ့ယခု ဤနရောမှနကော ဤကုသိုလျကောငျးမှုတို့ကို တတျစှမျးသမြှ ပွုခဲ့ပါသညျ။ ဤစကားသညျ မှနျသောသစ်စာစကားပငျ ဖွဈပါသညျ။ ဤမှနျသော သစ်စာစကားကွောငျ့လညျးကောငျး၊ ဤကုသိုလျ ကောငျးမှုတို့၏ အဖို့ဘာဂကွောငျ့လညျးကောငျး ယခု တပညျ့တောျ အမှနျတကယျလိုအပျနသေော —– ကိစ်စသညျ ရကျပိုငျးလပိုငျးအတှငျး မုခမြသှေ ရရှိပါစေ၊ အောငျမွငျပါစသေား အရှငျဘုရား’ ဟု လေးနကျစှာ သစ်စာပွု၊ တောငျးဆုပနျဆငျလိုကျပါ။ (၇) ထိုအခြိနျတှငျသငျ့အာရုံထဲ၌ျ လှနျစှာ သပ်ပါယျ တငျ့တယျတောျမူသော မွတျစှာဘုရားရှငျ ကိုယျတောျမွတျကွီးက ကွီးမားလှသညျ့ မဟာကရုဏာတောျ မကြျနှာထားဖွငျ့ ‘ခစြျသား/ခစြျသမီး သငျ၏ လိုအငျဆန်ဒ တဈလုံးတဈဝတညျးနှငျ့ ယခုပငျပွညျ့ဝစသေတညျး’ ဟုလှနျစှာ အေးခမြျး ကွညျလငျသော အပွုံးတောျဖွငျ့ မိနျ့ဟတောျမူ လိုကျပုံကို အာရုံတှငျ ထငျဟပျလာ အောငျ အာရုံပွုလိုကျပါ။ ပွီးက ‘ပေးသညျ့ဆုနှငျ့ အမွနျဆုံး ပွညျ့ဝပါစသေား အရှငျဘုရား’ ဟု လေးနကျစှာ ရှတျဆိုပွီး ဦးသုံးကွိမျ ခလြိုကျရပါမညျ။ ထိုသို့ အကွိမျကွိမျအထပျထပျ ကုသိုလျ ပွုကာ ဆုတောငျးနိုငျပါသညျ။ ယခုတငျပွခဲ့သညျ့ ဆုတောငျးနညျးသညျ ကြှနျုပျလေ့လာမှတျသားခဲ့သညျ့ နညျးစနဈမြား၏ အနှဈခြုပျပငျဖွဈပါသညျ။ ကောငျးကြိုးကိစ်စတို့အတှကျ တောငျးဆုပွုလိုသူမြား၊ ကငြျ့သုံးလိုသူမြား ကငြျ့သုံးနိုငျရနျ လကျဆငျ့ကမျး မြှဝတေငျပွလိုကျခွငျး ဖွဈပါသတညျး။ ━━━━━━━━━━━━━━━━━━━━ Written by ►►► ✍✍ ဓမ်မ ကုနျသညျ ((ဖတျရှူ ှ , နာယူ , မှတျသားမိသမြှ ပွနျလညျမြှဝသေညျ..။))
via အလင်းရောင် ဓမ္မ https://ift.tt/2r07WbP

အပါယ်တံခါးပိတ်ကြစို့ မစွဲပါနဲ့၊ စွဲလို့ရှိရင် သက္ကာယဒိဋ္ဌ ဖြစ်ပါတယ်၊သက္ကာယဒိဋ္ဌိ ဖြစ်တယ်ဆိုတာ အခါခါအပါယ်ငရဲ ရေသောက်မြစ်။ ငါ၊ ငါ့ဥစ္စာဆိုတဲ့ စာလိုသုံးတော့အတ္တနဲ့ အတ္တနိယ။ ဒီနှစ်ခုဟာအရေးကြီးသတဲ့။ ဒီနေ့ အပါယ်ရေသောက်မြစ်ဖြတ်ပေးတဲ့နေ့ပဲ ဟေ့၊ နို့မဟုတ်လို့ရှိရင် လူကလူ့ပြည်မှာနေတယ်၊ဒါနသီလတန်ခိုးကြောင့် လူ့ပြည်မှာနေရင်းဂဇက်ထွက်နေတာကအပါယ် ဂဇက်ထွက်နေတယ်။ လူကတော့ လူ့ပြည် ဂဇက်ထွက်တာကတော့ အပါယ်သွားစေ၊ သေသည်၏အခြားမဲ့၌အပါယ်သွားစေဆိုတဲ့ဂဇက်ကထွက်နေတယ်။ ဒါဖြင့်ဒီ ငါ၊ ငါ့ဥစ္စာနှစ်ခုကို ဉာဏ်နဲ့ဖြုတ်လိုက်လို့ရှိရင် ဒီဂဇက် ထွက်ပြီး သားတောင်မှ ကျုပ်တို့ ဂဇက်ပြန်သိမ်းပြီး အပါယ် မရောက်နိုင်တော့ဘူး။ ဒါဖြင့်သက္ကာယဒိဋ္ဌိဖြုတ်ရမှာပါ၊ မြန်မာလိုပြန်လိုက်တော့ ငါ၊ငါ့ဥစ္စာပါပဲ။ ငါ၊ငါ့ဥစ္စာ၊ ငါက ခန္ဓာငါးပါး၊ ငါ့ဥစ္စာက ဒီလိုပစ္စည်းတွေ ငါ့ဥစ္စာ၊ ငါက တခြားနော်၊ ငါကခန္ဓာငါးပါးပေါ် စွဲတာ၊ ရုပ်ကို ငါထင်တာ၊ ဝေဒနာကို ငါထင်တာ၊ မှတ်ထားတာလေး မှတ်တဲ့သညာလေးငါမှတ်ထားတာ၊ဒီလိုသညာလေး ငါထင်နေတာ။ ငါယုံကြည်ထားတာ၊ သဒ္ဓါလေးငါထင်နေတယ်။ငါသိထားတာစိတ်ကိုငါထင်နေတယ်၊ သိတဲ့စိတ်ကသိတာကိုငါထင်နေတယ်။
via အလင်းရောင် ဓမ္မ https://ift.tt/2JC5Q8B

အပါယ်သံသရာဘေးက လွတ်တဲ့ အခွင့်အရေးကို ရအောင်ယူပါ။ ••••••••••••••••••••••••••••••• "ပထမအရွယ်မှာ ပညာရှာ ဒုတိယအရွယ်မှာ စီးပွားရှာ တတိယအရွယ်မှာ ဘာဝနာရှာ" ဆိုတဲ့ စကားကို နားထဲစွဲနေကြတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ တရားအားထုတ်တာ သိပ်မကြိုက် ကြဘူး။ တတိယအရွယ်မရောက်ခင် သေသွားရင် ဘယ့်နှယ်လုပ်မလဲ။ အရွယ်မလွန်ခင်လေး တရားပွားများ အားထုတ်လို့ရတာ။ တရားအားထုတ်တာ ပထမအရွယ်သည် အကောင်းဆုံး ဖြစ်ပါတယ်။ သံသရာ ခရီးတစ်လျှောက်ကို ဆက်ပြီးတော့ မျှော်လင့်ချက်ရှိနေသေးရင် ဒီတရား အားထုတ်ထားရင် အပယ်ဘေးကြီး လွတ်သွားရင် ကိုယ့်အတွက် အမောမသက်သာဘူးလား။ အပါယ်သံသရာဘေးက လွတ်တဲ့ အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူး။ မျက်မြင်ကိုယ်တွေ့ တွေ့နေရတဲ့ ခွေးတွေ ကြက်တွေ ငှက်တွေ ကြည့်ပါ။ သူတို့ဘဝဟာ ဘယ်လိုနေရလဲ။ လူတွေက စားချင်ပြီဆိုတာနဲ့ ရိုက်သတ်ပြီး စားခံရတာ။ ဘဝတစ်ခုမှာ အပါယ်သံသရာမှာ ကျင်လည် ရတဲ့ဘဝက ဆိုးသွမ်းလှပါတယ်။ အပါယ်သံသရာက ထုတ်ဆောင်ပေးမယ့် တရားကောင်း တရားမြတ် အထင်အရှား ရှိတယ်ဆိုရင် ရအောင် ယူထားရပါမယ်။ ဖားအောက်ဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/36mpDCE

သူတော်ကောင်းတို့ပျော်စံရာ ✿✿✿✿✿✿✿✿✿✿✿✿✿ . သတ္တလောကကြီးအတွင်း ရှိကြတဲ့လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါ စတာတွေဟာ ဘုံဌာနအသီးသီးမှာ အကြောင်းအားလျော်စွာဖြစ်နေကြရ တယ်။ ဖြစ်ပေါ်ရာဘုံဌာနတွေမှာလဲ သတ္တဝါတွေဟာ သူ့ဟာနဲ့သူ မွေ့လျော်ပျော်ပိုက်နေကြတယ်။ ဇာတ်တော်ထဲက ဥပရိဒေ၀ီမိဖုရားဆိုရင် သေပြီးတဲ့နောက် နောက်ချေးပိုးမအဖြစ်နဲ့ တိရစၦာန်ဘုံသွားဖြစ်တယ်။ ဒီဘုံမှာပဲ သူမနောက်ချေးပိုးမဖြစ်ရတာ ပျော်နေပါတယ်။ ထို့အတူ မစင်တွင်းဟာ လူအနေနဲ့ကြည့်ရင် စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပေမဲ့ ပိုးလောက်တွေအတွက် နတ်ဘုံတမျှထင်မှတ်မှားနေဟန်တူပါတယ်။ လူ့ဘုံမှာဆိုရင်လဲ လူတန်းအစားအသီးသီး ရှိကြတဲ့အနက် လူယုတ်မာက သူ့ကျင်လည် နေရတဲ့ဘ၀ကို သူပျော်ပိုက်သလို သူတော်ကောင်းများက လဲသူတို့ကျင်လည်ရတဲ့ ဘ၀မှာပဲ မွေ့လျော်ပျော်ပိုက်နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး…….. အခါတစ်ပါးမြတ်စွာဘုရားဟာ နဠေရု အမည်ရှိတဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေတဲ့အခိုက် မဟာရာဒအမည်ရှိတဲ့ အသူရိန်က မြတ်စွာဘုရားအား “မြတ်စွာဘုရား….မြတ်စွာဘုရားရဲ့ တပည့်သာ၀ကတွေဟာ သာသနာတော်မှာ ဘာ့ကြောင့်များ ပျော်မွေ့နေနိူင်ကြတာလဲ ဘုရား” လျှောက်ထားပါတယ်။ အသူရိန်ရဲ့စိတ်ထဲမှာ ဘုရားသာသနာဆိုတာ လူတိုင်းမပျော်နိူင်ဘူး၊ အလွန်ကြပ်တည်းတဲ့နေရာဖြစ်တယ်၊ စာပေတွေသင်အံကျက်မှတ်လေ့လာတဲ့အလုပ်နဲ့၊ သင်ထားတဲ့အတိုင်း ကျင့်သုံးခြင်းဆိုတဲ့အလုပ်ရယ် ဒီအလုပ်နှစ်ခုပဲရှိတယ်။ ငါတို့အသူရိန်တွေနဲ့ လူနတ်များမှာတော့ ကာမဂုဏ်အာရုံခံစားနေရလို့ ပျော်မွေ့နေတယ်ဆိုတာထားလိုက်တော့ ဘုရားသားတော်ရဟန်းတွေမှာကျတော့ ၀ိနည်းစည်းကမ်းဥပဒေတွေကတင်းကြပ်လွန်းတဲ့အပြင် ကာမဂုဏ်အာရုံတွေကို ကင်းနိူင်သမျှကင်း အောင်နေရတာဆိုတော့ ရဟန်းတော်များ သာသနာတော်မှာ ဘာ့ကြောင့်ပျော်နေကြတာလဲ ဆိုတာကို သိချင်တာနဲ့ ဘုရားရှင်အား မေးလိုက်ဟန်တူပါတယ်။ ထိုအခါ မြတ်စွာဘုရားက “မဟာရာဒ….မဟာသမုဒ္ဒရာကြီးမှာ အံ့ဖွယ်ရှစ်ပါးနဲ့ ပြည့်စုံနေတဲ့အတွက် မဟာသမုဒ္ဒရာအတွင်းမှာ အသူရာတွေပျော်မွေ့နေနိူင်ကြတယ်။ ဒီလိုပါပဲ ငါဘုရားရှင်ရဲ့သာသနာတော်ကြီးဟာလဲ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ငါဘုရားရဲ့တပည့် သား သာ၀ကတွေ ပျော်မွေ့နေနိူင်ကြတယ်” လို့ မိန့်တော်မူပြီး မဟာသမုဒ္ဒရာရဲ့အံ့ဖွယ်ရှစ်ပါးနဲ့ နိူင်းယှဉ်ကာ ဘုရားရှင်ရဲ့သာသနာတော် အံ့ဖွယ် ရှစ်ပါး အကြောင်းကို မိန့်တော်မူခဲ့ပါတယ်။ . (၁)အစဉ်နက်၀ှမ်း ➖➖➖➖➖➖➖➖ မဟာသမုဒ္ဒရာကြီးဟာ ကမ်းစပ်ကစပြီး အစဉ်အတိုင်း တဖြေးတဖြေးနဲ့နက်ရှိုင်း နက်ရှိုင်းပြီးတော့သွားတယ်။ ဒါဟာ သမုဒ္ဒရာရဲ့ပထမ အံ့ဖွယ်တစ်ပါးပါပဲ။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဒါန၊သီလ၊သမထ၊၀ိပဿနာပညာစတာတွေဟာ တဖြေးဖြေးနက်ရှိုင်းနက်ရှိုင်းသွားပါတယ်။ နားလည်အောင်ပြောရရင် လူတွေမှာ သီလဆောက်တည်ကျင့်သုံးတယ်ဆိုတာ ယုံကြည်မှုသဒ္ဓါရှိလို့ပါ။ သဒ္ဓါတရားမှလဲ ပညာမပါတဲ့ယုံကြည်မှု ကို ‘ပသာဒသဒ္ဓါ’ လို့ခေါ်တယ်။ ဒီယုံကြည်မှုကနေ အဆင့်မြင့်တဲ့ သြကပ္ပနသဒ္ဓါဆိုတဲ့ ပညာပါတဲ့ယုံကြည်မှုမျိုးဖြစ်လာတယ်။ ပြီးတော့ အာဂမသဒ္ဓါ..တဲ့၊သူက ဘုရားအလောင်း သူတော်ကောင်းတို့မှာသာဖြစ်လေ့ရှိတဲ့သဒ္ဓါမျိုးပါ။ နောက်ဆုံးသဒ္ဓါတရားကျတော့ မဂ်ဖိုလ်နိဗ္ဗာန် မျက် မှောက်ပြုပြီး ရတနာသုံးတန်ကံနဲ့ ကံအကျိုးကိုချွင်းချက်မရှိ ယုံကြည်မှုခိုင်မြဲသွားတဲ့ ‘အဓိဂမသဒ္ဓါ’ဖြစ်တယ်။ ဒီလိုပဲ လူတွေမှာ သဒ္ဓါတရားဟာ တဖြေးဖြေးနဲ့ အဆင့်မြင့်ပြီး နက်ရှိုင်းနက်ရှိုင်းပြီးတော့သွားတယ်။ နောက်တစ်ခုက သီလသာသနာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ ငါးပါးသီလ၊ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ဆယ်ပါးသီလ ဒါက လူတွေကျင့်သုံးသင့်တဲ့သီလတွေပါ။ သာမဏေများကျင့်သုံးသင့်တဲ့သာမဏေသီလ၊ ရဟန်းသီလဆိုပြီး ငါးပါးသီလကနေ၊ ရဟန်းသီလတိုင် အောင် တဖြေးဖြေး အဆင့်မြင့်လာတာဟာ သီလသာသနာကြီး နက်ရှိုင်းနက်ရှိုင်းလာခြင်းပါ။ ဒီနေရာကြုံတုန်းပြောရအုံးမယ်။ သီလဆိုတာ သူ့နယ်ပယ်နဲ့သူစောင့်ထိန်းရပါတယ်။ လူအဖြစ်နဲ့ သာမဏေသီလ သွားကျင့်လို့မရသလို၊ လူအဖြစ်နဲ့ ရဟန်းသီလ သွားကျင့်လို့မရပါဘူး။ တစ်ခါက လူပုဂ္ဂိုလ်ဆရာကြီးတစ်ဦး လူအဖြစ်နဲ့ ရဟန်းသိက္ခာပုဒ်ကို ကျင့်သုံးတယ်ဆိုတာ ကြားလိုက်ရတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ သတိထားသင့်တဲ့အကြောင်း ပြောရခြင်းဖြစ်ပါတယ်။ သီလနဲ့စပ်လို့ ရှစ်ပါးသီလ ဆိုတာ ယနေ့ စာဖတ်ပရိသတ်များ ဆောက်တည်နေကြတဲ့ ဥပုသ်သီလဖြစ်တယ်။ ဒီသီလနဲ့စပ်ပြီး မိတ်ဆွေတစ်ဦးက သနပ်ခါးလိမ်းပြီး သီလယူရင် အပြစ်ရှိ-မရှိ မေးဖူးပါ တယ်။ ရှစ်ပါးသီလမှာ ဌာနာ စကားလုံးပါတဲ့ သိက္ခာပုဒ်နှစ်ခုရှိတယ်။ ဒါက အကုသိုလ်ဖြစ်နိူင်တဲ့ အကြောင်းသာရှိပါသေးတယ်။ ဒါကြောင့် သနပ်ခါးလိမ်းစဉ်မှာလဲ အပြစ်မရှိပါ၊ သနပ်ခါးလိမ်းပြီး သီလယူတဲ့အချိန်မှာလဲ အပြစ်မရှိသေးပါ။သီလယူပြီးရင်သာ အပြစ်ရှိတာပါ။ ဒါကြောင့် မလွဲမရှောင်သာလို့ သနပ်ခါးလိမ်းပြီး သီလာယူတယ်ဆိုရင် သီလယူပြီးတဲ့အခါမှာ မျက်နှာက သနပ်ခါးကို ဖျက်ပစ်လိုက်ဖို့ပါပဲ လို့ သီလနဲ့စပ်တဲ့ အဖြေကို ဖြေခဲ့ရပါသေးတယ်။ ပြီးတော့ ရှစ်ပါးသီလကနေ တဆင့် နက်ရှိုင်းသွားတာ ဘယ်ရောက်တုန်းဆိုတော့ ကိုးပါးသီလဆိုတာရှိသေးတယ်။ ကိုးပါးသီလနဲ့စပ်ပြီး တကယ်တန်းစစ်ကြည့်ရင် ရှစ်ပါးသီလကတော့ သီလပါပဲ။ သူကကိုယ်နဲ့နှုတ်ကို စောင့်ထိန်းတာပါ။ မေတ္တာဘာ၀နာကျတာ့ စိတ်နဲ့ပွားရတဲ့အတွက် သီလမဟုတ်ပါဘူး။ သိထားရမှာက ရှစ်ပါးသီလခံယူပြီး မေတ္တာနဲ့ နေမယ်လို့ ဆိုလိုက်တာပါပဲ။ ဒါကို ခေါ်ရလွယ်အောင်ဆိုပြီး ကိုးပါးသီလ လို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုပါပဲ သီလများလဲ တဖြေးဖြေးအဆင့်မြင့် နက်ရှိုင်းလာသလို သမာဓိတရားလဲ ဥပစာရသမာဓိ၊အပ္ပနာသမာဓိ၊ ပဌမဈာန်၊ ဒုတိယဈာန်စလို့ တဖြေးဖြေးနက်ရှိုင်းလာတာ တွေ့ရတယ်။ ဒီကနေတဆင့် ၀ိပဿနာပညာ၊ မဂ်ပညာ၊ဖိုလ်ပညာ၊ သောတာပန်၊သကဒါ ဂါမ်၊ အနာဂါမ်၊ရဟန္တာတိုင်အောင် တဖြေးတဖြေးနဲ့ နက်ရှိုင်းလာတယ်။ တရားများကျင့်သုံးပြီး တဖြေးဖြေးနက်ရှိုင်းလာကြတဲ့အတွက် ဘုရားသား တော်ရဟန်း၊သာမဏေများဟာ သာသနာတော်မှာ ပျော်မွေ့နေကြပါတယ်။ . (၂)ကမ်းကိုမလွန် ➖➖➖➖➖➖➖ မဟာသမုဒ္ဒရာကြီးရဲ့ရေများဟာ မိုးများတဲ့အတွက် ရေတွေ ကမ်းစပ်အထက်သို့လွန်သွားတယ်ဆိုတာ မရှိပါဘူး။ ဒါဟာ ဒုတိယမြောက် မဟာသမုဒ္ဒရာကြီးရဲ့အံ့ဖွယ်တစ်ပါးဖြစ်ပါတယ်။ ဒီလိုပါပဲ ဘုရားသားတော်ရဟန်း၊သာမဏေများဟာ ငါဘုရားပညတ်ထာတ့ဲသီလကို လွန်ပြီးတော့ မကျင့်ကြဘူး၊ သီလမချိုးဖေါက် ကြပါဘူး။ သီလကိုလွန်ပြီးတော့ မကျင့်ဘူး။ အသက်ဆိုတဲ့အကြောင်းကြောင့် သီလ ပျက်တယ်လို့မရှိပါ။ ဘုရားရှင်လက်ထက်တော်က ခိုးသားများဟာ သူတို့နေထိုင်တဲ့တောထဲကို ရဟန်းတော်တစ်ပါး ရောက်လာတယ်။ အဲဒီမှာသူခိုးခေါင်းဆောင်က ဒီရဟန်းကို ပြန်လွတ်လိုက်ရင် ငါတို့တောအုပ်မှာရှိကြောင်း သတင်းပေါက်ကြားသွားနိူင်တယ်။ ဒါကြောင့်ရဟန်းကို နှုတ်ပိတ်တဲ့အနေနဲ့ နွယ်ကြိုးတစ်ချောင်းနဲ့လက်ကိုတုတ်ပြီး ဖမ်းထားလိုက်ပါတ်ယ်။ သူခိုးတွေလဲ ဒီနေရာမနေတော့ပဲဲအခြားနေရာကို ထွက်သွား ပါတယ်။ မကြာမီ တောမီးလောင်ပါတယ်။ ရဟန်းတော်ဟာ တုတ်ထားတဲ့ကြိုးကိုဖြတ်ပြီး မီးလွတ်ရာပြေးရင် အသက်ချမ်းသာနိူင်တယ်။ ဒါပေမဲ့နွယ်မြက်က ရှင်သန်ဆဲရှိနေတဲ့အတွက် ရဟန်းတော်ဟာ ရှင်သန်နေတဲ့နွယ်ကြိုးကို ဖြတ်မယ်ဆိုရင် ပါစိတ်အာပတ်သင့်မယ်။ ငါအာပတ်တော့အသင့်မခံဘူး။ သေချင်သေပါစေ လို့တွေးပြီးနေလိုက်တယ်။ မကြာခင်မှာပဲ ရဟန်းတော်လေးဟာ တောမီးကြီးရဲ့ ဝါးမျိုမှုကိုခံလိုက်ရတဲ့အတွက် ပျံတော်မူရရှာပါတယ်။ ဒါဟာ အသက်ဆိုတဲ့အကြောင်းကြောင့် သီလအပျက်မခံတာပါပဲ။ ဒါကြောင့်လဲ သာသနာတော်တွင်းမှာ ရဟန်းသာမဏေ များ ပျော်မွေ့နေနိူင်ကြပါတယ်။ . (၃)ရွံဖွယ်ဆယ်ပစ် ➖➖➖➖➖➖➖ မဟာသမုဒ္ဒရာကြီးအတွင်းမှာ ရွ့ံဖွယ်ဖြစ်တဲ့ ကောင်ပုပ်တွေ အမှိုက်သရိုက်တွေရှိနေမယ်ဆိုရင် ထိုအသေကောင်ပုပ်၊ အမှိုက်သရိုက် များကို သမုဒ္ဒရာလှိုင်းလုံးတွေက ကမ်းပေါ်ရောက်အောင် ရိုက်ခတ်လိုက်ကြတဲ့အတွက် သမုဒ္ဒရာကြီးဟာ သန့်ရှင်းနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ တတိယမြောက် အံ့ဖွယ်တစ်ပါးဖြစ်တယ်။ ဒီလိုပါပဲ ဘုရားရှင်ရဲ့သာသနာတော်တွင်းမှာလဲ ဒုဿီလဆိုတဲ့အကျင့်ပျက်တဲ့ ပုဂ္ဂိုလ်တွေရှိနေရင် သာသနာတွင်းမှာနေရတော့ပါ။ ပါရာဇိကလေးပါး အနက်တစ်ပါးပါးနဲ့ ငြိစွန်းသူဟာ သာသနာမှာမနေရတော့ဘူး။ လူထွက်ရပါ တယ်။ တကယ်လို့လူမထွက်ရင်လဲ သင်္ကန်း၀တ်ထားပေမဲ့ အော်တိုမစ်တစ်လူဖြစ်သွားပါပြီ။ ဒါကြောင့်သာသနာမှာ သီလရှိတဲ့ရဟန်းသာမဏေ များသာ နေကြရတယ်။ တစ်ခါက ပါဋိလိပုတ်ပြည့်ရှင် ဘုရင်အာသောကမင်းဟာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အကူအညီဖြင့် သာသနာအတွင်း အုတ်ရောရော၊ ကျောက်ရောရောဖြစ်နေတဲ့၊ အယူဝါဒကွဲများ၊ ရဟန်းအတုယောင်များကို လူထွက်စေရာ သာသနာသန့်ရှင်းခဲ့ ပါတယ်။ မြန်မာသက္ကရာဇ်၃၇၉ခုနှစ်၊ ဘုရင်အနော်ရထာမင်း ဟာ ရှင်အရဟံအကူအညီကိုယူကာ အရည်းကြီးများကို ဖယ်ရှားပြီး ဘုရားသာသနာ တော်ကြီးကို သန့်ရှင်းစေခဲ့ပါတယ်။ ၁၃၄၂ခုနှစ်၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအေ၀းကြီးမှာ ၀ိဝါဒမတူညီတဲ့ရဟန်းသာမဏေများကို ဖယ်ရှားလူထွက်စေကာ သာသနာတော်ကြီး သန့်ရှင်းအောင်ပြုလုပ်ခဲ့တယ်။ ဒါကြောင့်လဲ သန့်ရှင်းတဲ့ဘုရားသာသနာတော်ကြီး အတွင်းမှာ အကျင့် သီလရှိတဲ့သူများသာ ပျော်မွေ့နေနိူင်ကြပါတယ်။ . (၄)တစ်မည်ဖြစ်ခြင်း ➖➖➖➖➖➖➖ ဧရာ၀တီမြစ်ကရေကို ဧရာ၀တီမြစ်ရေလို့ ခေါ်ကြတယ်။ အခြားသောမြစ်ကရေတွေဆိုရင်လဲ အခြားမြစ်ရဲ့နာမည်နဲ့ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီမြစ်အသီးသီးကစီးဆင်းလာတဲ့ မြစ်ရေတွေဟာ မဟာသမုဒ္ဒရာအတွင်း ရောက်သွားတယ်ဆိုရင် မဟာသမုဒ္ဒရာရေ လို့ အမည်တစ်မျိုးပဲ ရပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ စတုတၳမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သူဌေးသား၊ဆင်းရဲသား၊ ကုန်သွယ်လူတန်းစားမျိုးစုံက အမျိုးကောင်းသား များဟာ ရဟန်းသာမဏေဖြစ်လာကြပြီဆိုရင် သာကီ၀င်မင်းသားဘုရားသားတော် ရဟန်းတော် တို့ဆိုပြီး အမည်တစ်မည်သာ ရပါတယ်။ . (၅)မယွင်းမတိုး ➖➖➖➖➖➖ မဟာသမုဒ္ဒရာကြီးဟာ မိုးများစွာ ရွာသွန်းလို့လဲ ပြည့်လျှံခြင်းမရှိသလို မိုးခေါင်လို့လဲ လျော့ကျသွားခြင်းမရှိပါဘူး။ ဒါဟာ မဟာသမုဒ္ဒ ရာကြီးရဲ့ ပဉ္စမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ရှေးရှေးဘုရားအလောင်း အရိယာ သူတော်ကောင်းများ မရေမတွက်နိူင်အောင် နိဗ္ဗာန်စံ၀င်သွားကြပေမဲ့ နိဗ္ဗာန်ဟာ ဘယ်သောအခါမှ ပြည့်လျှံသွားတယ်ဆိုတာ မရှိသလို နိဗ္ဗာန်စံ၀င်မဲ့သူနည်းပါးပေမဲ့လဲ နိဗ္ဗာန်ဟာ လျော့သွားခြင်းမရှိပါဘူး။ . (၆)ဆယ်မျိုးရတနာ ➖➖➖➖➖➖➖ မဟာသမုဒ္ဒရာကြီးရဲ့အလယ်ဗဟို အနက်ရှိုင်းဆုံးနေရာ သမုဒ္ဒရာရေအောက်ကြမ်းပြင်မှာ ရတနာဆယ်မျိုးတို့ စုေ၀းတည်ရှိနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ ဆဋ္ဌမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ဘုရားသာသနာတော်အတွင်းမှာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ဘုရားရတနာ၊ တရားတော်ရတနာ၊သံဃာတော်ရတနာများ စုေ၀းတည်ရှိနေပါတယ်။ . (၇)ရသာဆားတူ ➖➖➖➖➖➖➖ မြစ်ချောင်းများကရေများဟာ အရသာမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ မဟာသမုဒ္ဒရာရေကတော့ ငံတဲ့အရသာတစ်မျိုးသာရှိတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ သတ္တမမြောက်အံ့ဖွယ် ဖြစ်ပါတယ်။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်းဆိုတဲ့ ၀ိမုတ္တိရသတစ်ပါး သာလျှင် ရှိပါတယ်။ . (၈) ကြီးသူနေရာ ➖➖➖➖➖➖➖ မဟာသမုဒ္ဒရာကြီးအတွင်းမှာ ကြီးမားတဲ့ ငါးကြီးတွေ၊နဂါးတွေ၊ဂန္ဓဗ္ဗနတ်တွေသာ နေထိုင်ကြပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာရဲ့ အဋ္ဌမ မြောက် အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ဘုရားရှင်သာသနာတော်အတွင်းမှာလဲ သောတပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဆိုတဲ့ အရိယာပုဂ္ဂိုလ်များ သာ နေထိုင်တော်မူနိူင်ကြပါတယ်။ ... .. . မဟာသမုဒ္ဒရာကြီး အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် အသုရာတွေဟာ မဟာသမုဒ္ဒရာအတွင်း ပျော်မွေ့နေနိူင်ကြတယ်။ ဒီလိုပါပဲ၊ ဘုရားသာသနာတော်ကြီးဟာ ဖေါ်ပြခဲ့ပြီးတဲ့အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ရဟန်းသာမဏေများ သာသနာတော်အတွင်း ပျော်မွေ့နေနိူင် ကြတယ်။ ဒါကြောင့် သာသနာတော်ကြီးဟာ အရိယာသူတော်ကောင်းတို့ရဲ့ ပျော်စံရာ ဗိမာန်ကြီးလို့ တင်စားရေးသား လိုက်ရပါတော့တယ်။ မှတ်ချက်။ ။သမုဒ္ဒရာကြီးအံ့ဖွယ်ရှစ်ပါးနဲ့ လျော်အောင် သာသနာ့အံ့ဖွယ်ရှစ်ပါးရှိတယ်ဆိုပေမဲ့ တကယ်တော့ သာသနာတော်ကြီးရဲ့ အံ့ဖွယ်များဟာ အကျယ်ချဲ့မယ်ဆိုရင် ရှစ်ပါးမကတဲ့အပြင် တစ်နှစ်သုံးလေး ဂဏန်းရေးလို့ တောင်မှမရ၊ ရေတွက်လို့မရနိူင်တဲ့ အံ့ဖွယ်တွေ နဲ့ ပြည့်စုံနေပါတယ်။ ━━━━━━━━━━━━━━━━━━━━ Written by ►►► ✍✍ ဓမ္မ ကုန်သည် ((ဖတ်ရှူ ှ , နာယူ , မှတ်သားမိသမျှ ပြန်လည်မျှဝေသည်..။))
via အလင်းရောင် ဓမ္မ https://ift.tt/36knZBg

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2JCp8dL

🙏 တန်ဖိုးဖြတ်၍ မရသော စက်ကြီးတစ်လုံး 🙏 💠 ဗုဒ္ဓသာသနာတော်ဆိုတာ . . . စိတ်ကောင်းထုတ်လုပ်တဲ့စက် ၊ ဉာဏ်ကောင်းထုတ်လုပ်တဲ့စက် ၊ စိတ်သန့်စင်တဲ့စက် ၊ စိတ်အပူကို အအေးခံတဲ့စက် ၊ စိတ်ပျက်ကို ပြင်တဲ့ စက်ကြီးတစ်လုံး ဖြစ်ပါတယ်။ (တိပိဋကယောဆရာတော်)
via အလင်းရောင် ဓမ္မ https://ift.tt/2oB9dVW

Wednesday, October 30, 2019
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/36b5L5c

" အရိယာပုဂ္ဂိုလ်ဘယ်လိုရှာမလဲ " 🌷💫💫💫💫💫💫💫💫🌷 သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။ ထို့ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာ သာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကိုခံစားကြသေးသည်။ ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ချက်ဖြစ်ပါသည်။ မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့ ဆရာတော်များ ဆိုမိန့်သည်ကိုလေ့လာမှတ်သားခဲ့ရသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ်အား အလုပ်အကျွေးပြုနေသူ ကပ္ပိယသည် "ခုခေတ်မှာ ရဟန္တာ မစဲတမ်းရှိတယ်လို့့သာ ပြောတယ်။ ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာ မှန်း ကိုမသိပါဘူး ဘုရား" ဟု အရှင် မြတ်ကို လျှောက်တင်ရာ... ရဟန္တာ ကိုယ်တော်မြတ်က "ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနား ကပ်ပြီး အလုပ်အကျွေး ပြုနေတာတောင် ရဟန္တာ မှန်း သိဖို့ခက်ခဲတယ် "ဟူ၍ မိန့်တော်မူဖူး၏။ ဤ သည် တိ ု့ကိုထောက်ရှ ူခြင်းအားဖြင့် ရဟန္တာ ကိုပင် မသိနိုင်သော ပုထုဇဉ်များသည် ကာမဂုဏ်အာရုံ ခံစားနေသော သောတာပန် အရိယာကို မည်သို့မှ မသိနိုင်ကြပေ။ ယခုကဲ့သို့သာသနာတွင်းကာလ သာသနာတော် နေလိုလလို ထွန်းတောက်နေချိန်တွင် သောတာပန် သကဒါဂါမ် တို့ ရှိနေမည်ဖြစ်ပြီး ကာမဂုဏ် အာရုံကိုခံစားနေအုံးမည် ဖြစ်လေသောကြောင့် မည်သို့မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။ သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ပင် အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။ အသိပညာ ဗဟုသုတ တို့ခေါင်းပါးသော သူတို့သည် အရိပ် အမြွက် မဆိုထားနှင့် အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည် မဟုတ်။ အရိယာ တို့မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။ သို့ပါသောကြောင့် မိမိ အနီး ပတ်၀န်းကျင် မှ အရိပ်အမြွက်သော်မျှ ပြောလာသူကို လေ့လာ မှတ်သား၍ ဆည်းကပ်ပါမူ အကျိုးထူးတို့ပေးပေလိမ့်မည်။ စော်ကား မော်ကားပြောဆိုမိပါမူ သာမာန်ထက် အကျိုးများစွာ ယုတ်ပေလိမ့်မည်။ သတိထားဆင်ခြင်နိုင်ကြစေခြင်းအကျိုးငှါ တင်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။ 💥💥💥 မေတ္တာဖြင့် #LaWarSo Crd:
via အလင်းရောင် ဓမ္မ https://ift.tt/2N1ZAcl

နေ့စဥ်အလုပ်
via အလင်းရောင် ဓမ္မ https://ift.tt/3464PNM
အသက်အရွယ်ရလာချိန်မှာ…ငယ်ငယ်တုန်းက အခြေအနေမျိုးကို ပြန်တောင့်တလို့တော့ ဘယ်ရမလဲပေါ့။ လက်ရှိအရွယ်မှာ ကြုံတွေ့ရမယ့် အခြေအနေကိုပဲ လက်ခံရမှာပေါ့။ တောင့်တမှုက ကြောင့်ကြမှုကိုပဲ ဖြစ်စေတာ မဟုတ်လား? အဆင်မပြေတဲ့အခြေအနေမှာ အဆင်ပြေတာလေးတွေကိုပဲ မျှော်လင့်မိမှာပေါ့။ အမြဲတမ်းတော့ ဘယ်သူမှ အဆင်ပြေနေတာ မဟုတ်ဘူးလေ။ အများကြီးမျှော်ရင် အမှားကြီးတွေလည်း ပေါ်လာတတ်တာပဲ မဟုတ်လား? ဘဝဒုက္ခတွေ ကြုံလာတဲ့အခါ သက်သာရာကိုတော့ လိုချင်ကြတာပေါ့။ ဒုက္ခကြီးမှုက နောင်တ တရားနဲ့ သောကပွားမှုကိုလည်း ဖြစ်စေတတ်တာပဲလေ။ သောကကြီးလို့လည်း လောကကြီးက ကိုယ့်အလိုလိုက်တာမှ မဟုတ်တာ။ ကိုယ့်လောကနဲ့ကိုယ် တည့်အောင်နေရမှာပဲ မဟုတ်လား? အရေးကြီးတာက ကိုယ့်အခြေအနေနဲ့ ကိုယ့်အရွယ်အရ တွေ့ကြုံနေရတဲ့ လောကဓံအပေါ် လက်ခံနိုင်ဖို့နဲ့ ရင်ဆိုင်နိုင်ဖို့က အဓိကပါပဲ။ အရွယ်ရလာခြင်း သဘောနဲ့ လောကဓံ ရိုက်ခတ်ခံရခြင်း သဘောကြားမှာ မနောအားကောင်းအောင် ကြိုးစားဖို့ပဲလိုတာပေါ့။ မနောအားကောင်းတယ်ဆိုတာ စိတ်ဖိအားတွေကို ဖယ်ရှားနိုင်ခြင်း သဘောပါပဲ။ "ကိုယ့်စိတ်ကိုယ် ဘာအကြောင်းကြောင့်မှ မလေးအောင်နေတယ်၊ ဘယ်သူ့ဘယ်သူကြောင့်မှ ခံစားရတာမျိုး မဖြစ်စေဘူး၊ ဖြစ်လာရင်လည်း ခဏပဲ၊ အကြာကြီး မခံစားစေဘူး" အဲ့လို နေထိုင်ကျင့်သုံးနိုင်ရင် ရုပ်ကျပေမယ့် စိတ်မကျဘူး။ ရုပ်အိုပေမယ့် စိတ်မအိုဘူး။ စိတ်လှနေသမျှ ရုပ်ကျနေလို့ ရုပ်မလှလည်း ပြဿနာ မဟုတ်ပါဘူးလေ။ 🙏မနာပ ဒါယီ အရှင်ဝိစိတ္တ🙏
via အလင်းရောင် ဓမ္မ https://ift.tt/31WauEz

🍀နှလုံးသွင်းကောင်းတဲ့ပုဂ္ဂိုလ်🍀 'နှလုံးသွင်းကောင်းတဲ့ပုဂ္ဂိုလ်'ကဘယ်သူနဲ့ဖြစ်ဖြစ်တည့်တယ်၊နှလုံးသွင်းကောင်းတာကိုး။ဘေးကပုဂ္ဂိုလ်တွေတော်လို့လားဆိုတော့ကိုယ့်မှာနှလုံးသွင်းကောင်းတာကိုး။ 🍀နှလုံးသွင်းတော်တာသိပ်အရေး ကြီးတယ်။စိတ်ထားဖြူစင်ဖြောင့် တာကိုး၊နှလုံးသွင်းတော်တဲ့လူလို့ ခေါ်တာ။စိတ်ထားဖြူစင်ဖြောင့်တဲ့ လူတွေ၊သူများဖြောင့်ဖြောင့်မဖြောင့် ဖြောင့်၊သူကဖြောင့်နေတာပဲ🍀 🍀'နှလုံးသွင်းမှားတဲ့ပုဂ္ဂိုလ်'ကခံတွင်းမကောင်းတဲ့လူမမာပုဂ္ဂိုလ်နဲ့ဘာမှမထူးဘူး။ခံတွင်းမကောင်းနှလုံးသွင်းမကောင်းတဲ့ပုဂ္ဂိုလ်ကကိုယ့်ရှေ့မှာ မြင်၊ကြား၊စား၊နံ၊ထိ၊သိဘာဖြစ်ဖြစ် အကုသိုလ်ဖြစ်နေတယ်🍀 🍀နှလုံးသွင်းကောင်းတဲ့ပုဂ္ဂိုလ် မျိုး ကျစား၊စားသမျှဟင်းကောင်းချည်းပဲ၊မကောင်းတဲ့နေ့တစ်နေ့မျှမရှိဘူး။ စားလို့ကောင်းလိုက်တာချည်းပဲ၊ အားလုံးကုသိုလ်ဖြစ်ပြီးစိတ်ချမ်း သာတယ်။တွေ့သမျှလူတိုင်းနဲ့အဆင်ပြေတယ်🍀 [ဓမ္မဒူတဒေါက်တာဘဒ္ဒန္တ ပညိဿ ရာဘိဝံသ] CRD,chaw su
via အလင်းရောင် ဓမ္မ https://ift.tt/2MYmuRS

ဘုရားစင်၏ တန်ဖိုး 🙏🙏🙏🙏🙏 " အိမ်ဦးခန်း ' ဘုရားစင် ' တစ်ခုတည်းဖြင့် ကုသိုလ်ရေးကိစ္စ , ပါရမီရေးကိစ္စ အားလုံး ပြီးစီး နိုင်ပါတယ် " မိမိတို့ အိမ်ဦးခန်း ရှိ ဘုရားစင်၌ ● တိဋ္ဌန္တေ နိဗ္ဗုတေစာပိ သမေစိတ္တေ သမံ ဖလံ ● " သက်တော်ထင်ရှား မြတ်စွာဘုရား၌ လည်းကောင်း ။ ပရိနိဗ္ဗာန် စံတော်မူ သွားကုန်သော ဘုရားရှင် တို့၌ လည်း ကောင်း ။ ' စိတ် စေတနာ ' တူမျှသည် ရှိသော် တူသော အကျိုး ပေး၏ " ... ဟူသော ဒေသနာတော် ကို ယုံကြည် မြတ်နိုး ၍ ပုံတော်ကို ဂုဏ်တော်သွင်းပြီး (၁) ဒါနပါရမီ -------------- ဘုရားစင်၌ ဆွမ်း , ရေချမ်း , ပန်း စသည်တို့ကို လှူဒါန်းခြင်း - ဒါနပါရမီ ။ (၂)သီလပါရမီ ---------------- ဘုရားစင်ရှေ့၌ သက်တော်ထင်ရှား မြတ်စွာဘုရား ထံတော်ပါး ကဲ့သို့ 'သီလ' ကို ရိုသေစွာ ခံယူ ဆောက်တည်ခြင်း - သီလပါရမီ ။ (၃) နေက္ခမပါရမီ -------------------- ဘုရားစင်ရှေ့၌ မကောင်းသော အကြံအစည် အကုသိုလ်များမှ ခေတ္တ ရုန်းထွက်၍ မေတ္တာ ဘာဝနာ စသည် တို့ကို ပွားများနေခြင်း - နေက္ခမပါရမီ ။ (၄) ပညာပါရမီ ----------------- ဘုရားစင်ရှေ့၌ အာနာပါန သမထ ဝိပဿနာ စသည်တို့ကို အားထုတ်ခြင်း - ပညာပါရမီ ။ (၅) ဝီရိယပါရမီ ----------------- ဘုရားစင်ရှေ့၌ ဒါန ,သီလ ,သမာဓိ, ပညာ ဖြင့် အကုသိုလ်များ မဖြစ်ပွားဘဲ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစား အားထုတ်ခြင်း - ဝီရိယပါရမီ ။ (၆)ခန္တီပါရမီ ------------- ဘုရားစင်ရှေ့၌ ညောင်းညာခြင်း , ပျင်းရိခြင်း , ခြင်ကိုက်ခြင်း စသည်တို့ကို သည်းခံ၍ ကုသိုလ်တရားတို့ကို ကြိုးစားခြင်း - ခန္တီပါရမီ ။ (၇)သစ္စာပါရမီ ---------------- ဘုရားစင်ရှေ့၌ ဘုရားစာဆိုခြင်း , ပရိတ်ရွတ်ဖတ်ခြင်း စသော - သစ္စာပါရမီ ။ (၈)အဓိဋ္ဌာန်ပါရမီ -------------------- ဘုရားစင်ရှေ့၌ ဝတ္တရားမပျက် ကုသိုလ်တရားတို့ကို ခိုင်မြဲစွာ ပြုလုပ် ဆောက်တည်ခြင်း - အဓိဋ္ဌာန်ပါရမီ။ (၉)မေတ္တာပါရမီ ------------------ ဘုရားစင်ရှေ့၌ သတ္တဝါတို့အပေါ် မေတ္တာပို့ခြင်း , မေတ္တာပွားများခြင်း - မေတ္တာပါရမီ ။ (၁၀) ဥပေက္ခာပါရမီ ----------------------- ဘုရားစင်ရှေ့၌ "သဗ္ဗေသတ္တာ ကာမ္မသကာ " ဟု အကြောင်းကံ ကို နှလုံသွင်း ဆင်ခြင်ခြင်း - ဥပေက္ခာပါရမီ ။ ~ တည်းဟူသော ' ပါရမီ ဆယ်ပါး ' ကုသိုလ် တရားထူးကြီးများကို ဘုရားစင် တစ်ခုတည်းက ပေးစွမ်းနိုင်ပါကြောင်း ကို 'မျက်စိမလျှမ်းကြဖို့ ' အကျိုးမျှော်၍ နိုးဆော် အပ်ပါသည်။ " " အိမ်ရှိဘုရားစင်မှာ လူမူရေး ,စီးပွားရေး , ကြီးပွားရေး , လောကီအကျိုးစီးပွား အားလုံး အတွက် ' သော့ ' ရှိနေတယ် အရယူနိုင်အောင် ကြိုးစားကြ ။ 'လောကုတ္တရာတရား ' အတွက် အခြေခံကောင်း , ရတနာသိုက်ကြီးရဲ့ 'သော့ ' ဟာလဲ ဒီမှာပဲ ရှိတယ် ။ (ကျေးဇူးရှင် ရွှေပေါ်ကျွန်း အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက ဆရာတော် ဘုရားကြီး ။ မလိူင်မြို့ ) မျှဝေ ဒါနပြုပါသည် ။ ( M . T . N ) ------------------- ဘုရားစင်ပဲ ခေါ်ခေါ် ဘုရားကျောင်းဆောင်ပဲ ခေါ်ခေါ် အဓိကတော့ မိမိတို့ရင်ထဲမှာ ပွင့်တော်မူပြီးသော ဘုရားရှင်များ၏ တူညီသော ဂုဏ်တော် ကျေးဇူးတော်တို့ကို နှလုံးသားထဲမှာ ထင်မြင်လာအောင် ပွားများ ကြည်ညိုတတ်ဖို့ အရေးကြီးပါသည် ။ ဘုရားစင်ပေါ်မှာ ရတနာသုံးပါးနှင့် သက်ဆိုင်သော ပစ္စည်းများမှလွဲ၍ မည်သည့် အရာကိုမျှတင်မထားရပါ ဘုရားစင်ရှင်းမှ စိတ်ရှင်းပါမည် ... စိတ်ရှင်းမှ ကြည်ညိုသဒ္ဓါဖြစ်ပြီး တရားထိုင်ခြင်းအား အထောက်အပံ့ဖြစ်ပါမည် ... ရှင်းလင်းသပ္ပါယ်သော ပြည်တွင်း ပြည်ပ ဘုရားစင်(ဘုရားကျောင်းဆောင်)များကို စုစည်းဖော်ပြလိုက်ရပါသည် ။ သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ ... min min (mogok) Credit...ထပ်ဆင့်ပူဇော်အပ်ပါသည်ဘုရား... ဘုရားစငျ၏ တနျဖိုး ■■■■■■■■■■■ " အိမျဦးခနျး ' ဘုရားစငျ ' တဈခုတညျးဖွငျ့ ကုသိုလျရေးကိစ်စ , ပါရမီရေးကိစ်စ အားလုံး ပွီးစီး နိုငျပါတယျ " မိမိတို့ အိမျဦးခနျး ရှိ ဘုရားစငျ၌ ● တိဋ်ဌန်တေ နိဗ်ဗုတစောပိ သမစေိတ်တေ သမံ ဖလံ ● " သကျတောျထငျရှား မွတျစှာဘုရား၌ လညျးကောငျး ။ ပရိနိဗ်ဗာနျ စံတောျမူ သှားကုနျသော ဘုရားရှငျ တို့၌ လညျး ကောငျး ။ ' စိတျ စတေနာ ' တူမြှသညျ ရှိသောျ တူသော အကြိုး ပေး၏ " ... ဟူသော ဒသေနာတောျ ကို ယုံကွညျ မွတျနိုး ၍ ပုံတောျကို ဂုဏျတောျသှငျးပွီး (၁) ဒါနပါရမီ -------------- ဘုရားစငျ၌ ဆှမျး , ရခေမြျး , ပနျး စသညျတို့ကို လှူဒါနျးခွငျး - ဒါနပါရမီ ။ (၂)သီလပါရမီ ---------------- ဘုရားစငျရှေ့၌ သကျတောျထငျရှား မွတျစှာဘုရား ထံတောျပါး ကဲ့သို့ 'သီလ' ကို ရိုသစှော ခံယူ ဆောကျတညျခွငျး - သီလပါရမီ ။ (၃) နကေ်ခမပါရမီ -------------------- ဘုရားစငျရှေ့၌ မကောငျးသော အကွံအစညျ အကုသိုလျမြားမှ ခတေ်တ ရုနျးထှကျ၍ မတေ်တာ ဘာဝနာ စသညျ တို့ကို ပှားမြားနခွေငျး - နကေ်ခမပါရမီ ။ (၄) ပညာပါရမီ ----------------- ဘုရားစငျရှေ့၌ အာနာပါန သမထ ဝိပူနာ စသညျတို့ကို အားထုတျခွငျး - ပညာပါရမီ ။ (၅) ဝီရိယပါရမီ ----------------- ဘုရားစငျရှေ့၌ ဒါန ,သီလ ,သမာဓိ, ပညာ ဖွငျ့ အကုသိုလျမြား မဖွဈပှားဘဲ ကုသိုလျတရား ဖွဈပှားအောငျ ကွိုးစား အားထုတျခွငျး - ဝီရိယပါရမီ ။ (၆)ခန်တီပါရမီ ------------- ဘုရားစငျရှေ့၌ ညောငျးညာခွငျး , ပငြျးရိခွငျး , ခွငျကိုကျခွငျး စသညျတို့ကို သညျးခံ၍ ကုသိုလျတရားတို့ကို ကွိုးစားခွငျး - ခန်တီပါရမီ ။ (၇)သစ်စာပါရမီ ---------------- ဘုရားစငျရှေ့၌ ဘုရားစာဆိုခွငျး , ပရိတျရှတျဖတျခွငျး စသော - သစ်စာပါရမီ ။ (၈)အဓိဋ်ဌာနျပါရမီ -------------------- ဘုရားစငျရှေ့၌ ဝတ်တရားမပကြျ ကုသိုလျတရားတို့ကို ခိုငျမွဲစှာ ပွုလုပျ ဆောကျတညျခွငျး - အဓိဋ်ဌာနျပါရမီ။ (၉)မတေ်တာပါရမီ ------------------ ဘုရားစငျရှေ့၌ သတ်တဝါတို့အပေါျ မတေ်တာပို့ခွငျး , မတေ်တာပှားမြားခွငျး - မတေ်တာပါရမီ ။ (၁၀) ဥပကေ်ခာပါရမီ ----------------------- ဘုရားစငျရှေ့၌ "သဗ်ဗသေတ်တာ ကာမ်မသကာ " ဟု အကွောငျးကံ ကို နှလုံသှငျး ဆငျခွငျခွငျး - ဥပကေ်ခာပါရမီ ။ ~ တညျးဟူသော ' ပါရမီ ဆယျပါး ' ကုသိုလျ တရားထူးကွီးမြားကို ဘုရားစငျ တဈခုတညျးက ပေးစှမျးနိုငျပါကွောငျး ကို 'မကြျစိမလြှမျးကွဖို့ ' အကြိုးမြှောျ၍ နိုးဆောျ အပျပါသညျ။ " " အိမျရှိဘုရားစငျမှာ လူမူရေး ,စီးပှားရေး , ကွီးပှားရေး , လောကီအကြိုးစီးပှား အားလုံး အတှကျ ' သော့ ' ရှိနတေယျ အရယူနိုငျအောငျ ကွိုးစားကွ ။ 'လောကုတ်တရာတရား ' အတှကျ အခွခေံကောငျး , ရတနာသိုကျကွီးရဲ့ 'သော့ ' ဟာလဲ ဒီမှာပဲ ရှိတယျ ။ (ကြေးဇူးရှငျ ရှှပေေါျကြှနျး အရှငျဇယေသြိဒ်ဓိ ဓမ်မဉာဏိက ဆရာတောျ ဘုရားကွီး ။ မလိူငျမွို့ ) မြှဝေ ဒါနပွုပါသညျ ။ ( M . T . N ) ------------------- ဘုရားစငျပဲ ခေါျခေါျ ဘုရားကြောငျးဆောငျပဲ ခေါျခေါျ အဓိကတော့ မိမိတို့ရငျထဲမှာ ပှငျ့တောျမူပွီးသော ဘုရားရှငျမြား၏ တူညီသော ဂုဏျတောျ ကြေးဇူးတောျတို့ကို နှလုံးသားထဲမှာ ထငျမွငျလာအောငျ ပှားမြား ကွညျညိုတတျဖို့ အရေးကွီးပါသညျ ။ ဘုရားစငျပေါျမှာ ရတနာသုံးပါးနှငျ့ သကျဆိုငျသော ပစ်စညျးမြားမှလှဲ၍ မညျသညျ့ အရာကိုမြှတငျမထားရပါ ဘုရားစငျရှငျးမှ စိတျရှငျးပါမညျ ... စိတျရှငျးမှ ကွညျညိုသဒ်ဓါဖွဈပွီး တရားထိုငျခွငျးအား အထောကျအပံ့ဖွဈပါမညျ ... ရှငျးလငျးသပ်ပါယျသော ပွညျတှငျး ပွညျပ ဘုရားစငျ(ဘုရားကြောငျးဆောငျ)မြားကို စုစညျးဖောျပွလိုကျရပါသညျ ။ သတ်တဝါမှနျသရှေ့ တရားတှေ့ ခမြျးမွေ့သာယာရှိပါစေ ... min min (mogok) Credit...ထပျဆငျ့ပူဇောျအပျပါသညျဘုရား...
via အလင်းရောင် ဓမ္မ https://ift.tt/31TezcN
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)