အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 31, 2019
အပါယ်တံခါးပိတ်ကြစို့ မစွဲပါနဲ့၊ စွဲလို့ရှိရင် သက္ကာယဒိဋ္ဌ ဖြစ်ပါတယ်၊သက္ကာယဒိဋ္ဌိ ဖြစ်တယ်ဆိုတာ အခါခါအပါယ်ငရဲ ရေသောက်မြစ်။ ငါ၊ ငါ့ဥစ္စာဆိုတဲ့ စာလိုသုံးတော့အတ္တနဲ့ အတ္တနိယ။ ဒီနှစ်ခုဟာအရေးကြီးသတဲ့။ ဒီနေ့ အပါယ်ရေသောက်မြစ်ဖြတ်ပေးတဲ့နေ့ပဲ ဟေ့၊ နို့မဟုတ်လို့ရှိရင် လူကလူ့ပြည်မှာနေတယ်၊ဒါနသီလတန်ခိုးကြောင့် လူ့ပြည်မှာနေရင်းဂဇက်ထွက်နေတာကအပါယ် ဂဇက်ထွက်နေတယ်။ လူကတော့ လူ့ပြည် ဂဇက်ထွက်တာကတော့ အပါယ်သွားစေ၊ သေသည်၏အခြားမဲ့၌အပါယ်သွားစေဆိုတဲ့ဂဇက်ကထွက်နေတယ်။ ဒါဖြင့်ဒီ ငါ၊ ငါ့ဥစ္စာနှစ်ခုကို ဉာဏ်နဲ့ဖြုတ်လိုက်လို့ရှိရင် ဒီဂဇက် ထွက်ပြီး သားတောင်မှ ကျုပ်တို့ ဂဇက်ပြန်သိမ်းပြီး အပါယ် မရောက်နိုင်တော့ဘူး။ ဒါဖြင့်သက္ကာယဒိဋ္ဌိဖြုတ်ရမှာပါ၊ မြန်မာလိုပြန်လိုက်တော့ ငါ၊ငါ့ဥစ္စာပါပဲ။ ငါ၊ငါ့ဥစ္စာ၊ ငါက ခန္ဓာငါးပါး၊ ငါ့ဥစ္စာက ဒီလိုပစ္စည်းတွေ ငါ့ဥစ္စာ၊ ငါက တခြားနော်၊ ငါကခန္ဓာငါးပါးပေါ် စွဲတာ၊ ရုပ်ကို ငါထင်တာ၊ ဝေဒနာကို ငါထင်တာ၊ မှတ်ထားတာလေး မှတ်တဲ့သညာလေးငါမှတ်ထားတာ၊ဒီလိုသညာလေး ငါထင်နေတာ။ ငါယုံကြည်ထားတာ၊ သဒ္ဓါလေးငါထင်နေတယ်။ငါသိထားတာစိတ်ကိုငါထင်နေတယ်၊ သိတဲ့စိတ်ကသိတာကိုငါထင်နေတယ်။
via အလင်းရောင် ဓမ္မ https://ift.tt/2JC5Q8B
Newer Post
Older Post
Home