Thursday, October 31, 2019

တောင်းသည့်ဆုများ ပြည့်စေသတည်း ✿✿✿✿✿✿✿✿✿✿✿✿✿✿✿ ဂင်္ဂါမြစ်ကြီး၏အနီး မြစ်ကမ်းနဖူးတစ်နေရာတွင် ရဟန်းသံဃာတော်တို့ သီတင်းသုံးတော်မူရာ ကျောင်းတစ်ကျောင်းရှိခဲ့ဖူးလေသည်။ တစ်နေ့တွင် ထိုကျောင်းမှ ဆရာဘုန်းကြီးသည် ကျောင်းတွင်းသန့်ရှင်းရေး တံမြက်လှည်းခြင်းအမှုကို ပြုနေခဲ့လေသည်။ ထိုဆရာဘုန်းကြီး၏ ခပ်လှမ်းလှမ်းတွင် ကိုရင်ငယ်တစ်ပါးသည် ငယ်ရွယ်သူတို့၏ သဘာဝ ဆော့ကစားနေလေ၏။ “ကိုရင်… ဒီမှာ အမှိုက်တွေပုံထားတယ်။ အမှိုက်လာကျုံးတော့…” ဆရာဘုန်းကြီးသည် အမှိုက်သရိုက်များကို တံမြက်စည်းဖြင့်လှည်းကျင်းပြီး အမှိုက်ပုံလေးတွေ စုပုံထားရင်း တပည့်ငယ်ကိုရင်လေးကို လှမ်း ပြောလိုက်လေသည်။ သို့သော် အဆော့မက်နေသည့် ကိုရင်လေးက ဘုန်းကြီး၏စကားကို မကြားယောင် ပြုကာ ဆက်လက်ဆော့ကစားမြဲ ဆော့ကစားနေလေ၏။ “ဟဲ့ ကိုရင် …။ အမှိုက်ကျုံး” ဆရာဘုန်းကြီး၏လေသံတွင် ဒေါသအငွေ့ အသက်တို့ပါလာသည်။ သို့သော် ကိုရင်ငယ်က ထိုအချက်ကို အလေးမမူ။ ကိုရင်လေး၏ အပြုအမူကြောင့် ဆရာဘုန်းကြီးသည် စိတ်တိုလာကာ ကိုရင်လေးအနီးသို့ဖြုန်းခနဲ ရောက်သွားလေတော့၏။ “ဒီကိုရင်။ အမှိုက်ကျုံးဆိုတာကို မကြား သလိုလုပ်နေတယ်။ ကဲ … ပေကပ်ကပ်လုပ်နေ အုံး..” ဆရာဘုန်းကြီးက ကိုရင်လေး၏ ဦးခေါင်းကို တံမြက်စည်းရိုးဖြင့် ‘ဒေါင်’ ခနဲခေါက်ထည့်လိုက်လေ၏။ သည်တော့မှ ကိုရင်ငယ်သည် နာကျင်သွားသည့် သူ့ဦးခေါင်းကလေးကို ပွတ်ကာ ပွတ်ကာဖြင့် အမှိုက်ကျုံးလေတော့သည်။ တံမြက်စည်းရိုးဖြင့် အခေါက်ခံရ၍ နာကျင်သွားသည့် အတွက် မျက်ရည် လေးများပင် ဝဲလာကာ ရှုံ့မဲ့ရှုံ့မဲ့နှင့် အမှိုက်များကို သိမ်းဆည်းနေရှာလေတော့သည်။ သို့သော် ကိုရင် လေးသည် ဦးခေါင်းမှာ နာကျင်သည့်ဒဏ်ရာထက် ရင်ထဲတွင် မခံချင်စိတ်က ပို၍ ထကြွနေခြင်းသာ ဖြစ်သည်။ “ငါက သူ့တပည့် ကိုရင်လေးဖြစ်နေလို့ပေါ့ကွာ။ သူက ဆရာဘုန်းကြီးဆိုတော့ .. ငါ့ခေါင်းကို တံမြက်စည်းရိုးနဲ့တောင် ခေါက်ရက်တယ်။ နိုင်ထက်စီးနင်း” ကိုရင်လေး၏စိတ်တွင် မကျေမချမ်း ဖြစ်နေလေတော့၏။ နံနက်ပိုင်း ‘တက်နေခြည်’ က စူးစူးရှရှ ပူပြင်းလာသည်။ ကိုရင်လေးသည် ချွေး တစ်လုံးလုံးနှင့် အမှိုက်တွေကို တစ်ပုံပြီးတစ်ပုံ ကျုံးနေလေသည်။ တစ်တောင်းပြီး တစ်တောင်း သယ်ယူကာ မြစ်ကမ်းဘေး အမှိုက်ပုံတွင် စွန့်ပစ် နေလေသည်။ သို့သော် စောစောက ဆရာဘုန်းကြီး၏အရိုက်ကို ခံထားရသည့်အတွက် မျက်နှာက မကြည်မလင်နှင့် အုံ့မှိုင်း၍ နေ၏။ ဆရာဘုန်းကြီးအပေါ် မကျေနပ် သည့်စိတ်နှင့် အမှိုက်ကျုံးရသည့်အတွက် ပင်ပန်းနေသည့် စိတ်တို့က ညှိုးနွှမ်းနေ၏။ ထိုအချိန်မှာပင် ကိုရင်လေး၏အသိဉာဏ်တွင် တစ်စုံတစ်ရာကို တွေးမိသွားပြန်လေသည်။ ထို့ကြောင့်… “ငါသည် ….ဤအမှိုက်သရိုက်များကို စွန့် ပစ်ရသည့် ကုသိုလ်ကြောင့် နိဗ္ဗာန်မရသေးမီစပ်ကြား သံသရာတွင် ကျင်လည်ရသမျှ ‘မွန်းတည့်’ နေကဲ့ သို့ ထက်မြက်သော ဘုန်းတန်ခိုးတို့နှင့် ပြည့်စုံ ရပါစေသတည်း။ သူတစ်ပါးက နှိပ်စက်ကလူ ပြု ခြင်းမှ အစဉ်ကင်းလွတ်အောင် ဘုန်းတန်ခိုးကြီးမားသူ ဖြစ်ရပါစေသတည်း” ကိုရင်လေးသည် အမှိုက်များကို စွန့်ပစ် နေရင်း ထိုသို့ဆုတောင်းမိလေတော့သည်။ ထိုအချိန်မှာပင် ဂင်္ဂါမြစ်ကြီး၏ အထက်မြစ်ညှာအရပ်တွင် မိုးသား တိမ်လိပ်တို့ အုံ့ဆိုင်းလာလေ၏။ မြစ်ညှာတွင် မိုးတွေရွာနေလေပြီ။ ကိုရင်လေးသည် နောက်ဆုံးအမှိုက်ပုံကို ကျုံးကာ အမှိုက်တောင်းကို မြစ်ကမ်းစပ်တွင် သွန်လိုက်လေသည်။ အထက်ဘက် မြစ်ညှာအရပ်တွင် မိုးတွေ အုံ့မှိုင်းညို့ဆိုင်းလာသည်နှင့် ဂင်္ဂါမြစ်ထဲတွင် ရေစီးက ပိုသန်လာ၏။ မြစ်ညှာမှာ မိုးသည်းနေသဖြင့် ဂင်္ဂါမြစ်ရေတွင် လှိုင်းတံပိုးတို့ ထလာလေတော့သည်။ ကိုရင်လေးသည် စောစောက ချွေးသံရွှဲ ရွှဲနှင့် အမှိုက်ကျုံးနေခဲ့ရ၍ ပင်ပန်းခဲ့ရတာတွေကို မေ့သွားလေသည်။ ထို့ကြောင့် မြစ်ကမ်းစပ်ရေဆိပ်တွင် ရေချိုးရဦးမည့် ကိစ္စကိုပင် သတိမရတော့။ အမှိုက်ကျုံးသည့်တောင်းလေးကို ဘေးမှာချကာ မြစ်ကမ်းမှ ကျောက်ဆောင်တစ်ခုထက်တွင် ထိုင်လိုက်၏။ ခြေနှစ်ဖက်ကို ရေစီးတွင်ချကာ မြစ်ရေပြင်ကို တို့ထိဆော့ကစားရင်း မြစ်ထဲမှ လှိုင်းလုံးကြီးတွေကို သဘောကျစွာ ကြည့်နေမိပြန်လေသည်။ ဂင်္ဂါမြစ်၏ အထက်အရပ်တွင် မိုးတွေက ပိုပြီး ညှို့ဆိုင်းလာသည်။ ဂင်္ဂါမြစ်တွင်းမှ ရေလှိုင်း တို့က တဝုန်းဝုန်းပြိုဆင်းလာကြပြန်သည်။ ကိုရင်လေးသည် လှိုင်းလုံးကြီးတွေကို သဘောကျစွာ ကြည့်နေမိ၏။ ကြည့်နေရင်းမှပင် စောစောက ဆရာဘုန်းကြီး၏ တံမြက်စည်းရိုးနှင့် ခေါက်လိုက်သည့် ကိစ္စကို ပြန်လည်သတိရသွားပြန်သည်။ ခေါင်းကိုပင် ယောင်ရမ်းကာ ပွတ်လိုက်မိသေး၏။ ထို့အတူ ဆရာဘုန်းကြီးအပေါ်တွင် မကျေနပ်သည့် စိတ်ကလည်း ပေါ်လာပြန်၏။ “ငါက ကိုရင်လေးဖြစ်နေလို့ပေါ့ကွာ …။ သူက ဆရာ ငါကတပည့်ဆိုတော့ သူခိုင်းတာကိုလည်း လုပ်ရသေး၊ သူရိုက်တာကိုလည်း ခံနေရသေးတာပေါ့ …” ကိုရင်လေး၏မျက်နှာက မြစ်ညှာအရပ် က မိုးကောင်းကင်လို အုံ့မှိုင်းသွားရပြန်၏။ ထို့အတူ ကိုရင်ငယ်၏နှုတ်မှ ဆုတောင်းစကားတို့ ထွက်ပေါ် လာပြန်တော့၏။ “ငါသည် ကျောင်းဝင်းတွင်းမှ အမှိုက်သရိုက် တို့ကို ကျုံးပြီး စွန့်ပစ်ခြင်းတည်းဟူသော ကုသိုလ် အလုပ်ကို ပြုခဲ့ပါသည်။ ဤကုသိုလ်ကြောင့် နိဗ္ဗာန် မရသေးမီစပ်ကြား သံသရာတွင် ကျင်လည်ရသမျှ ကာလပတ်လုံး ဤဂင်္ဂါမြစ်တွင်းမှလှိုင်းတံပိုးတို့ကဲ့သို့ ကြီးကျယ်သော အသိဉာဏ်ပညာတို့နှင့် ပြည့်စုံရပါစေသတည်း။ ဂင်္ဂါမြစ်၏လှိုင်းတံပိုးတို့ ကဲ့သို့ ဉာဏ်ပညာ ထက်မြက်ပြည့်စုံသူ ဖြစ်ရပါစေသတည်း..” ကိုရင်လေးသည် ထိုသို့ဆုတောင်းမိလိုက် ပြန်လေတော့သည်။ ဆုတောင်းရင်းနှင့်ပင် လှိုင်းလုံးတွေကို ကြည့်နေမိ၏။ ဆုတောင်းရင်းနှင့်ပင် အရိုက်ခံရသည့်ကိစ္စကို မကျေမနပ်နိုင်ဖြစ်နေမိ၏။ ကိုရင်လေးသည် မြစ်ရေပြင်ကို ခြေဖြင့်ပုတ်၍ ဆော့ကစားရင်း ထိုဆုတောင်းကို ထပ်ကာထပ်ကာ ရွတ် ဆိုနေလေတော့သည်။ ထိုအချိန်တွင် တံမြက်လှည်းပြီးသွားသည့် ဆရာဘုန်းကြီးသည် ရေချိုးဖို့အတွက် ပြင်ဆင်နေလေသည်။ ပြင်ဆင်နေရင်းနှင့် မြစ်ညှာအရပ်တွင် မိုးတွေ ညို့မှိုင်းအုံ့ ဆိုင်းလာတာကိုလည်း သတိပြုလိုက်မိပြန်၏။ ထို့အပြင်ဂင်္ဂါမြစ်ထဲမှာ လှိုင်းတံပိုးတွေ ထန်လာသည့်ရေလှိုင်းသံတွေကိုလည်း သတိပြုမိ သွားလေတော့သည်။ ”ငါ့ကိုရင်လေး အမှိုက်သွားပစ်တာ ကြာလိုက်တာ။ ရေဆင်းချိုးရင်းနဲ့ လှိုင်းလုံးတွေထဲများ ပြုတ်ကျသွားရင်အခက်…” ဆရာဘုန်းကြီး၏စိတ်တွင် တပည့်ကိုရင်ငယ် အပေါ် စိုးရိမ်စိတ်တွေ ဝင်လာလေ၏။ ထို့ကြောင့် ရေဆင်းချိုးဖို့လည်း စိတ်ကူးရင်းနှင့် ကိုရင်လေး အပေါ်တွင်လည်း စိတ်မချသည့်စိတ်ဖြင့် မြစ်ကမ်းဘက်သို့ ခပ်သုတ်သုတ် ဆင်းလာခဲ့မိတော့၏။ မြစ်ကမ်းအနီးရောက်တော့ မြစ်ကမ်းနဖူးတွင် ထိုင်ကာ ဆုတောင်းနေသည့် ကိုရင်လေး၏ ဆုတောင်းသံကို ကြားသွားလေတော့သည်။ ကိုရင်လေးကမူ သူ့နောက်တွင် ဆရာဘုန်းကြီး ရောက်နေတာကိုပင် သတိမပြုမိ။ သူ့ ဆုတောင်းစကားကိုသာ လှိုင်းလုံးကြီးတွေနှင့်အပြိုင် ထပ်ပြန်တလဲလဲရွတ်ဆို ဆုတောင်းနေလေသည်။ “သြော်…။ သူကတောင် ငါတပင်တပန်း လှည်းကျင်းထားတဲ့ အမှိုက်တွေကို စွန့်ပစ်ရုံစွန့် ပစ်ပေးပြီး ဒီလိုဆုတောင်းသေးရင် ငါကပိုပြီးဆုတောင်း သင့်သေးတာပေါ့” ထိုသို့တွေးမိသွားကာ ဆရာဘုန်းကြီးကလည်း ဆုတောင်းပြန်လေတော့သည်။ “ငါသည်ကျောင်းတိုက်တစ်ခုလုံးကို အမှိုက်ရှင်းခြင်း၊ တံမြက်လှည်းခြင်းကုသိုလ်တို့ ပြုခဲ့ပေ၏။ ကုသိုလ်တို့ ကြောင့် နိဗ္ဗာန်မရသေးမီ စပ်ကြား သံသရာတွင် ကျင်လည်ရသမျှ ဤဂင်္ဂါ မြစ်တွင်းမှ ဤလှိုင်းတံပိုးတို့ ထက် သာလွန်သည့် ဉာဏ်ပညာ ကြီးမားခြင်းနှင့် အထူးပြည့်စုံရပါစေသတည်း။ အထူးသဖြင့် ဤကိုရင်ငယ်မေးသမျှ အမေးပုစ္ဆာ ပြဿနာတိုင်းကို ‘ငှက်ပျောပင်ကို ဓါးဖြင့်ခုတ်ပိုင်း လိုက်သကဲ့သို့ တိခနဲ တိခနဲ ဖြစ်အောင်’ ရှင်းလင်းစွာ ထိုးထွင်းဖြေဆိုနိုင်စွမ်းရှိသည့်၊ ဤကိုရင်ငယ်၏ ပညာဉာဏ်တို့ ဘယ်လောက်ပင် ကြီးမားပါစေ သူ့ပညာဉာဏ်တွေကို လွှမ်းမိုး နိုင်စွမ်းသည့် အသိဉာဏ် ပညာစွမ်းအထူးတို့နှင့် ပြည့်စုံရပါစေ သတည်း” ထိုဆရာဘုန်းကြီး၏ သစ္စာပြု၊ တောင်းဆု ဆိုစကားတို့ သည် ဂင်္ဂါမြစ်တွင်းမှ ပြင်းထန်စွာ စီးဆင်းသွားနေသည့် လှိုင်းတံပိုးတို့ကိုပင် ခြုံလွှမ်း သွားခဲ့လေတော့သတည်း။ ... .. . ထိုအဖြစ်အပျက်သည် ‘ကဿပမြတ်စွာ ဘုရားရှင်’ ၏ သာသနာတော် နောက်ပိုင်းကာလတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်လေးဖြစ်လေသည်။ ထို ဖြစ်စဉ်ထဲမှ ဆရာဘုန်းကြီးနှင့် တပည့်သာမဏေ ငယ်တို့သည် ထိုဘဝမှ ကုသိုလ်ကောင်းမှုကံ အဟုန်တို့ဖြင့် လူ့ဘဝ၊ နတ်ဘဝစသည့် ကောင်းသည့် ဘုံဘဝတို့တွင် အကြိမ်ကြိမ် လှည့်လည်ခံစား စံစားခဲ့ကြရလေ၏။ ထို့နောက် ‘ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရားရှင်’ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် ပြုပြီးနောက်ပိုင်း နှစ်ပေါင်းငါးရာခန့်အချိန်တွင် အလွန်ကျော်ကြားသည့် ပုဂ္ဂိုလ်နှစ်ပါးအဖြစ် ထင်ရှားစွာ ပေါ်ထွန်းလာရပြန်တော့သည်။ ထိုဖြစ်စဉ်ထဲမှ ကိုရင်ငယ်လေးသည် ‘မိလိန္ဒမင်းကြီး’ ဟု ဘုန်းတန်ခိုးသြဇာနှင့် ဉာဏ်ပညာတို့ အထူးထက်မြက်သည့် ပုဂ္ဂိုလ်ကြီးအဖြစ် ပေါ်ထွက်လာခဲ့လေသည်။ ထိုဖြစ်စဉ်ထဲမှ ဆရာဘုန်းကြီးကမူ ‘အရှင်နာဂသေန’ အမည်ဖြင့် ဉာဏ်ပညာ အလွန်ကြီးမားသည့် ရဟန်းမြတ်အဖြစ် ပေါ်ထွန်းလာခဲ့လေသည်။ ရဟန်းပညာရှိ၊ လူပညာရှိအပေါင်းတို့ အပေါ် တွင် အလွန်သြဇာထက်မြက်စွာ လွှမ်းမိုး နိုင်ခဲ့သည့်၊ ဉာဏ်ပညာ အလွန်ထက်မြက်သည့်၊ ပညာမာန်ကြီးမားသည်ဟု ကျော်ကြားနေသည့် မိလိန္ဒမင်းကြီးသည် ‘အရှင်နာဂသေန’ ရဟန်းမြတ်ကို စတင်တွေ့သည့်နေ့တွင် (အတိတ်ဘဝများစွာက ဆရာ ဖြစ်ခဲ့ဖူးသည့် ပါရမီဓာတ်ခံစေ့ဆော်ကာ) ကေသရာဇာ ခြင်္သေ့မင်း၏ ရှေ့သို့ရောက်သွားသည့် သိုးငယ်ကဲ့သို့ ကျိုးနွံသွားခဲ့ရလေတော့သည်။ “အရှင်ဘုရားက အရှင်နာဂသေန ဆိုတာ ပါလားဘုရား” ”ဟုတ်တယ် ဒကာတော်၊ ငါကနာဂသေနပဲ” ”ဒါဆို တပည့်တော် အရှင်ဘုရားကို ပုစ္ဆာမေးလျှောက်မလို့ပါဘုရား” ”မေးပါဒကာတော်။ သင့်စိတ်ကြိုက် မေးနိုင်ပါတယ်” ”အရှင်ဘုရား …။ တပည့်တော် မေးလျှောက်ပြီးပါပြီဘုရား” ”ဟုတ်လား။ ဒါဆို ငါကလည်း ဖြေဆို ပြီးသွားပါပြီ ဒကာတော်..” . ထိုသို့ဖြင့် မိလိန္ဒမင်းကြီးကလည်း ကြီးမားလှသည့် သူ၏ ဉာဏ်ပညာဖြင့် သူသိလိုသမျှ၊ ဗုဒ္ဓဘာသာဝင်တို့ သိသင့်သမျှတို့ကို နှိုက်နှိုက်ချွတ်ချွတ် မေးလျှောက်ခဲ့လေ၏။ အရှင်နာဂသေနမထေရ် သူမြတ်ကြီးကလည်း အလွန်ကြီးကျယ် မြင့်မား လှသည့် ဉာဏ်ပညာတော်တို့ဖြင့် မိလိန္ဒမေးသမျှကို အကြွင်းအကျန် မရှိအောင် ရှင်းရှင်းလင်းလင်း ဖြေဆိုပေးနိုင်တော်မူခဲ့လေသည်။ ထိုအရှင်နှစ်ပါးတို့၏ ဘဝတစ်ခုမှ ဆုတောင်းတို့သည် ထူးခြားစွာပင် ပြည့်ခဲ့ကြလေ၏။ ... .. . ကျွန်ုပ်ဘဝတွင် ဘာသာရေးအသိနှင့် ပတ်သက်ပြီး ပထမဦးဆုံးဝေခွဲမရဖြစ်ခဲ့သည့် ကိစ္စမှာ ‘ဆုတောင်းခြင်း’ ကိစ္စပင်ဖြစ်သည်။ ဆုတောင်း ကောင်းသည်၊ ဆုမတောင်းကောင်းဘူး ဆိုသည့် ကိစ္စ။ ဆုတောင်းခြင်းပြုလျှင် ပြည့်ဝတတ်သည်၊ ဆုတောင်းခြင်းပြုလည်း ပြည့်ဝတတ်သည်မဟုတ်။ စသည့်ပြဿနာတို့သည် ကျွန်ုပ်အသိဉာဏ်ထဲတွင် ငယ်စဉ်ကတည်းက ပဋိပက္ခဖြစ်နေခဲ့ကြလေသည်။ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဝေခွဲနိုင်စွမ်း မရှိအောင်လည်း ဒွိဟဖြစ်နေခဲ့ဖူးလေသည်။ ကျွန်ုပ်အသက် ၁၅ နှစ်သားအရွယ်လောက်ကဟုထင်သည်။ ထိုဆုတောင်းခြင်းကိစ္စကို ဘုန်းတော်ကြီးတစ်ပါးထံ ချဉ်းကပ်ကာမေးလျှောက် မိခဲ့ဖူးလေသည်။ မေးလျှောက်သည် ဆိုရာမှာလည်း ရဟန်း သံဃာတော်အပါးပေါင်း ၂ဝလောက်ကြားမှာ မေးလျှောက်ခဲ့ခြင်းဖြစ်သည်။ ထိုဘုန်းကြီးသည် ကျမ်းတတ်ပေတတ်ရဟန်းတော် တစ်ပါးလည်းဖြစ်သည်။ အတွေးအမြင်ခေတ်မီသည့် ရဟန်းတစ်ပါးလည်း ဖြစ်သည်။ ကျွန်တော်မေးလျှောက်သည့် မေးခွန်းကို ဘုရားဟော ဇာတ်နိပါတ်တော်တွေနှင့် အကိုးအကားပြုကာ သဘာဝကျကျသုံးသပ်ပြီး နားလည် သဘောပေါက်အောင် အကျယ်တဝင့် ရှင်းပြခဲ့လေသည်။ (ထိုဆရာတော် မိန့်ကြားခဲ့သည်တို့ကို သီးခြား ရေးသားတင်ပြပါဦးမည်။) ထိုစဉ်က ထိုရဟန်းတော်၏ အဆုံးအမ ညွှန်ပြမှု၏ အနှစ်ချုပ်မှာ ‘မိမိပြုသည့် ကုသိုလ် ကောင်းမှု၏ အဖို့ဘာဂကိုမိမိအလိုရှိသည့် ကောင်းကျိုးဆန္ဒအတွက် တောင်းဆုပြုလိုပါက ပြုနိုင်သည်’ ဟူ၍ ဖြစ်၏။ ဆုတောင်းခွင့်ရှိသည်ဆိုသည့်အဖြေ ကို အတိအကျမိန့်ဟ တော်မူခဲ့ခြင်းဖြစ်လေသည်။ ထို့နောက်ပိုင်းတွင် ကျွန်ုပ်သည် စာပေ ကျမ်းဂန်တို့ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှု လေ့လာရင်း တောင်းဆုပြုသည့်ကိစ္စတို့နှင့် ပတ်သက်ပြီး ပိုမိုရှင်းလင်းလာခဲ့ပြန်တော့သည်။ တစ်ခါကမူ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထုတ်ဝေခဲ့သည် စာစောင်အဟောင်းလေး တစ်ခုတွင် ‘ဆုတောင်းတိုင်း ပြည့်ဝနည်း’ ဆိုသည့် ဆောင်းပါး လေးကို ဖတ်ခဲ့ရပါသည်။ ထိုဆောင်းပါးကိုဖတ်ပြီးနောက် ကျွန်တော့်အတွေးတို့ ပိုမိုရှင်းလင်းသွားရပြန်သည်။ (ထိုစာစောင်လေးမှာ ကျွန်ုပ်မူလတန်း ကျောင်းသားအရွယ်ကတည်းက ထွက်ခဲ့သည့် စာစောင်ဖြစ်ပြီး စာစောင်အမည်၊ စာရေးသူအမည်တို့ကို လုံးဝမမှတ်မိတော့ပါ။ ထိုဆောင်းပါးလေး၏ အနှစ်ချုပ်အဓိပ္ပါယ်ကိုသာ စွဲမြဲစွာ မှတ်မိနေခြင်းဖြစ်သည်။) ယခုနောက်ပိုင်းတွင်မူ တောင်းဆုပြုနိုင်သည် ဆိုသည့်အချက်ကို ပိုမိုပြီးရှင်းလင်းစွာ လက်ခံလာ နိုင်ရုံသာမက ‘တောင်းဆုပြည့်ဝစေမည့် အကြောင်း တရားများ’ ကိုလည်း တော်တော်စုံစုံလင်လင် သိရှိလာခဲ့ရပြန်သည်။ ယခု ဤဆောင်းပါးတွင်မူ တောင်းသည့်ဆုတို့ ပြည့်ဝစေမည့် အခြေခံအချက်တချို့ကိုသာ (ကျွန်ုပ်မှတ်သားထားသည့်အတိုင်း) တင်ပြလိုက်ပါသည်။ ကျွန်ုပ်ရှာဖွေတွေ့ရှိထားသလောက်တွင် ဆုတောင်းတိုင်း ပြည့်ဝစေမည့် အဓိကအချက်မှာ ‘ကိုယ်ကျင့်သီလ’ ကို အတတ်နိုင်ဆုံးဖြည့်ကျင့်ဖို့လိုအပ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ကိုယ်ကျင့် သီလနှင့်ပြည့်စုံသူ အတွက် လိုအင်ဆန္ဒတို့အလိုအလျှောက် ပြည့်ဝစေ နိုင်သည်ဟု မိန့်ဆို ချက်များ အတိအကျ ရှိပါသည်။ ထို့ကြောင့် တောင်းဆုပြည့်ရန်အတွက် ငါးပါးသော လူ့အကျင့် လူ့သီလတို့ကိုတော့ အတတ်နိုင်ဆုံး ထိမ်းသိမ်းဖို့လိုအပ်ပါသည်။ ထို့အပြင် ကုသိုလ်ကောင်းမှုတစ်ခုခုကိုလည်း ဖြည့်ကျင့်၊ ပြုလုပ်ပေးဖို့လိုအပ်ပါသည်။ ဥပမာ အလှူဒါနတစ်ခုခုပြုလုပ်ခြင်း၊ စရဏဘာဝနာတစ်ခုခု ဖြည့်ကျင့်ခြင်းတို့ကို ပြုပေးသင့်ပါသည်။ . ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “တောင်းဆုပြည့်စေရန် အခြေခံကျင့်စဉ်” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁) ဘုရားတစ်ဆူဆူတွင်ဖြစ်စေ၊ နေအိမ် ဘုရားကျောင်းဆောင်တွင်ဖြစ်စေ ပန်း၊ ရေ၊ ဆီမီး၊ ဆွမ်း၊ ခဲဘွယ် စသည့် အလှူဒါနကုသိုလ်အမှုတို့ ကို တတ်စွမ်းနိုင်သမျှ အတိုင်းအတာနှင့် လေးလေးနက်နက် ကပ်လှူဆောင်ရွက်ပေးပါ။ (ဘုရား ကျောင်းဆောင်သန့်ရှင်းရေးလုပ်ခြင်း၊ ရောင်တော် ဖွင့်ခြင်း၊ စေတီတော်မှာဆိုလျှင်လည်း စေတီပရဝုဏ်တွင် သန့်ရှင်းရေးလုပ်ခြင်းတို့ကိုပါ တတ်နိုင်သလောက် ကြိုတင် ဆောင်ရွက်ထားသင့်ပါသည်။) (၂) ပြီးလျှင် ကိုယ်တိုင်က အထူးသန့်ပြန့် စွာဖြင့် ဘုရားဝတ်ပြုပါ။ ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့ပါ။ အပြစ်တွေရှိသမျှ ဝန်ချတောင်းပန်ပါ။ (၃) ထို့နောက် သရဏဂုံဆောက်တည်ကာ ငါးပါးသောသီလကို ကျကျနနဆောက်တည်ပါ။ (ငါးပါးသီလကို တစ်နေ့လုံး မစောင့်ထိမ်းနိုင်လျှင်တောင် ထိုအချိန်ပိုင်းလေးအတွင်းမှာတော့ အလုံခြုံဆုံးစောင့်ထိန်းပါမည်ဟု လေးနက်စွာဆောက် တည်ပါ။) (၄) ပြီးလျှင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော် မြတ်ကိုးပါးကို ကြည်ညိုသောစိတ် သဒ္ဓါစိတ်ဖြင့် လေးနက်စွာ ရွတ်ပွားပူဇော်ပါ။ ဘုရားရှင်ကို အလွန် ယုံကြည်သော သဒ္ဓါစိတ်ဖြင့် ပူဇော်ပါ။ ၉ ခေါက်၊ ၁၈ ခေါက်၊ ၂၇ ခေါက် စသည်ဖြင့် ၁ဝ၈ ခေါက် အထိ မိမိနိုင်သလောက် ပူဇော်နိုင်ပါသည်။ (၅) ထို့နောက် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု တို့၏ အဖို့ဘာဂကို လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အပယ်လေးဘုံပါမကျန် (၃၁) ဘုံသားတွေကို အမျှ ဝေပါ။ နေနတ်မင်း၊ လနတ်မင်း၊ မိုးနတ်မင်း၊ လေနတ်မင်း၊ မဟာပထဝီမြေစောင့်နတ်မင်းတို့မှအစ လောကစောင့်ကြပ် သိကြား နတ် ဗြဟ္မာတွေကို အထူး အမျှဝေပါ။ မေတ္တာပို့ပါ။ (၆) ပြီးလျှင် ‘တပည့်တော်သည် ယနေ့ယခု ဤနေရာမှနေကာ ဤကုသိုလ်ကောင်းမှုတို့ကို တတ်စွမ်းသမျှ ပြုခဲ့ပါသည်။ ဤစကားသည် မှန်သောသစ္စာစကားပင် ဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊ ဤကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကြောင့်လည်းကောင်း ယခု တပည့်တော် အမှန်တကယ်လိုအပ်နေသော —– ကိစ္စသည် ရက်ပိုင်းလပိုင်းအတွင်း မုချမသွေ ရရှိပါစေ၊ အောင်မြင်ပါစေသား အရှင်ဘုရား’ ဟု လေးနက်စွာ သစ္စာပြု၊ တောင်းဆုပန်ဆင်လိုက်ပါ။ (၇) ထိုအချိန်တွင်သင့်အာရုံထဲ၌် လွန်စွာ သပ္ပါယ် တင့်တယ်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကြီးမားလှသည့် မဟာကရုဏာတော် မျက်နှာထားဖြင့် ‘ချစ်သား/ချစ်သမီး သင်၏ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်းနှင့် ယခုပင်ပြည့်ဝစေသတည်း’ ဟုလွန်စွာ အေးချမ်း ကြည်လင်သော အပြုံးတော်ဖြင့် မိန့်ဟတော်မူ လိုက်ပုံကို အာရုံတွင် ထင်ဟပ်လာ အောင် အာရုံပြုလိုက်ပါ။ ပြီးက ‘ပေးသည့်ဆုနှင့် အမြန်ဆုံး ပြည့်ဝပါစေသား အရှင်ဘုရား’ ဟု လေးနက်စွာ ရွတ်ဆိုပြီး ဦးသုံးကြိမ် ချလိုက်ရပါမည်။ ထိုသို့ အကြိမ်ကြိမ်အထပ်ထပ် ကုသိုလ် ပြုကာ ဆုတောင်းနိုင်ပါသည်။ ယခုတင်ပြခဲ့သည့် ဆုတောင်းနည်းသည် ကျွန်ုပ်လေ့လာမှတ်သားခဲ့သည့် နည်းစနစ်များ၏ အနှစ်ချုပ်ပင်ဖြစ်ပါသည်။ ကောင်းကျိုးကိစ္စတို့အတွက် တောင်းဆုပြုလိုသူများ၊ ကျင့်သုံးလိုသူများ ကျင့်သုံးနိုင်ရန် လက်ဆင့်ကမ်း မျှဝေတင်ပြလိုက်ခြင်း ဖြစ်ပါသတည်း။ ━━━━━━━━━━━━━━━━━━━━ Written by ►►► ✍✍ ဓမ္မ ကုန်သည် ((ဖတ်ရှူ ှ , နာယူ , မှတ်သားမိသမျှ ပြန်လည်မျှဝေသည်..။)) တောငျးသညျ့ဆုမြား ပွညျ့စသေတညျး ✿✿✿✿✿✿✿✿✿✿✿✿✿✿✿ ဂငျ်ဂါမွဈကွီး၏အနီး မွဈကမျးနဖူးတဈနရောတှငျ ရဟနျးသံဃာတောျတို့ သီတငျးသုံးတောျမူရာ ကြောငျးတဈကြောငျးရှိခဲ့ဖူးလသေညျ။ တဈနေ့တှငျ ထိုကြောငျးမှ ဆရာဘုနျးကွီးသညျ ကြောငျးတှငျးသနျ့ရှငျးရေး တံမွကျလှညျးခွငျးအမှုကို ပွုနခေဲ့လသေညျ။ ထိုဆရာဘုနျးကွီး၏ ခပျလှမျးလှမျးတှငျ ကိုရငျငယျတဈပါးသညျ ငယျရှယျသူတို့၏ သဘာဝ ဆော့ကစားနလေေ၏။ “ကိုရငျ… ဒီမှာ အမှိုကျတှပေုံထားတယျ။ အမှိုကျလာကြုံးတော့…” ဆရာဘုနျးကွီးသညျ အမှိုကျသရိုကျမြားကို တံမွကျစညျးဖွငျ့လှညျးကငြျးပွီး အမှိုကျပုံလေးတှေ စုပုံထားရငျး တပညျ့ငယျကိုရငျလေးကို လှမျး ပွောလိုကျလသေညျ။ သို့သောျ အဆော့မကျနသေညျ့ ကိုရငျလေးက ဘုနျးကွီး၏စကားကို မကွားယောငျ ပွုကာ ဆကျလကျဆော့ကစားမွဲ ဆော့ကစားနလေေ၏။ “ဟဲ့ ကိုရငျ …။ အမှိုကျကြုံး” ဆရာဘုနျးကွီး၏လသေံတှငျ ဒေါသအငှေ့ အသကျတို့ပါလာသညျ။ သို့သောျ ကိုရငျငယျက ထိုအခကြျကို အလေးမမူ။ ကိုရငျလေး၏ အပွုအမူကွောငျ့ ဆရာဘုနျးကွီးသညျ စိတျတိုလာကာ ကိုရငျလေးအနီးသို့ဖွုနျးခနဲ ရောကျသှားလတေော့၏။ “ဒီကိုရငျ။ အမှိုကျကြုံးဆိုတာကို မကွား သလိုလုပျနတေယျ။ ကဲ … ပကေပျကပျလုပျနေ အုံး..” ဆရာဘုနျးကွီးက ကိုရငျလေး၏ ဦးခေါငျးကို တံမွကျစညျးရိုးဖွငျ့ ‘ဒေါငျ’ ခနဲခေါကျထညျ့လိုကျလေ၏။ သညျတော့မှ ကိုရငျငယျသညျ နာကငြျသှားသညျ့ သူ့ဦးခေါငျးကလေးကို ပှတျကာ ပှတျကာဖွငျ့ အမှိုကျကြုံးလတေော့သညျ။ တံမွကျစညျးရိုးဖွငျ့ အခေါကျခံရ၍ နာကငြျသှားသညျ့ အတှကျ မကြျရညျ လေးမြားပငျ ဝဲလာကာ ရှုံ့မဲ့ရှုံ့မဲ့နှငျ့ အမှိုကျမြားကို သိမျးဆညျးနရှောလတေော့သညျ။ သို့သောျ ကိုရငျ လေးသညျ ဦးခေါငျးမှာ နာကငြျသညျ့ဒဏျရာထကျ ရငျထဲတှငျ မခံခငြျစိတျက ပို၍ ထကွှနခွေငျးသာ ဖွဈသညျ။ “ငါက သူ့တပညျ့ ကိုရငျလေးဖွဈနလေို့ပေါ့ကှာ။ သူက ဆရာဘုနျးကွီးဆိုတော့ .. ငါ့ခေါငျးကို တံမွကျစညျးရိုးနဲ့တောငျ ခေါကျရကျတယျ။ နိုငျထကျစီးနငျး” ကိုရငျလေး၏စိတျတှငျ မကြမေခမြျး ဖွဈနလေတေော့၏။ နံနကျပိုငျး ‘တကျနခွေညျ’ က စူးစူးရှရှ ပူပွငျးလာသညျ။ ကိုရငျလေးသညျ ခြှေး တဈလုံးလုံးနှငျ့ အမှိုကျတှကေို တဈပုံပွီးတဈပုံ ကြုံးနလေသေညျ။ တဈတောငျးပွီး တဈတောငျး သယျယူကာ မွဈကမျးဘေး အမှိုကျပုံတှငျ စှနျ့ပဈ နလေသေညျ။ သို့သောျ စောစောက ဆရာဘုနျးကွီး၏အရိုကျကို ခံထားရသညျ့အတှကျ မကြျနှာက မကွညျမလငျနှငျ့ အုံ့မှိုငျး၍ နေ၏။ ဆရာဘုနျးကွီးအပေါျ မကြနေပျ သညျ့စိတျနှငျ့ အမှိုကျကြုံးရသညျ့အတှကျ ပငျပနျးနသေညျ့ စိတျတို့က ညှိုးနှှမျးနေ၏။ ထိုအခြိနျမှာပငျ ကိုရငျလေး၏အသိဉာဏျတှငျ တဈစုံတဈရာကို တှေးမိသှားပွနျလသေညျ။ ထို့ကွောငျ့… “ငါသညျ ….ဤအမှိုကျသရိုကျမြားကို စှနျ့ ပဈရသညျ့ ကုသိုလျကွောငျ့ နိဗ်ဗာနျမရသေးမီစပျကွား သံသရာတှငျ ကငြျလညျရသမြှ ‘မှနျးတညျ့’ နကေဲ့ သို့ ထကျမွကျသော ဘုနျးတနျခိုးတို့နှငျ့ ပွညျ့စုံ ရပါစသေတညျး။ သူတဈပါးက နှိပျစကျကလူ ပွု ခွငျးမှ အစဉျကငျးလှတျအောငျ ဘုနျးတနျခိုးကွီးမားသူ ဖွဈရပါစသေတညျး” ကိုရငျလေးသညျ အမှိုကျမြားကို စှနျ့ပဈ နရေငျး ထိုသို့ဆုတောငျးမိလတေော့သညျ။ ထိုအခြိနျမှာပငျ ဂငျ်ဂါမွဈကွီး၏ အထကျမွဈညှာအရပျတှငျ မိုးသား တိမျလိပျတို့ အုံ့ဆိုငျးလာလေ၏။ မွဈညှာတှငျ မိုးတှရှောနလေပွေီ။ ကိုရငျလေးသညျ နောကျဆုံးအမှိုကျပုံကို ကြုံးကာ အမှိုကျတောငျးကို မွဈကမျးစပျတှငျ သှနျလိုကျလသေညျ။ အထကျဘကျ မွဈညှာအရပျတှငျ မိုးတှေ အုံ့မှိုငျးညို့ဆိုငျးလာသညျနှငျ့ ဂငျ်ဂါမွဈထဲတှငျ ရစေီးက ပိုသနျလာ၏။ မွဈညှာမှာ မိုးသညျးနသေဖွငျ့ ဂငျ်ဂါမွဈရတှေငျ လှိုငျးတံပိုးတို့ ထလာလတေော့သညျ။ ကိုရငျလေးသညျ စောစောက ခြှေးသံရှှဲ ရှှဲနှငျ့ အမှိုကျကြုံးနခေဲ့ရ၍ ပငျပနျးခဲ့ရတာတှကေို မေ့သှားလသေညျ။ ထို့ကွောငျ့ မွဈကမျးစပျရဆေိပျတှငျ ရခြေိုးရဦးမညျ့ ကိစ်စကိုပငျ သတိမရတော့။ အမှိုကျကြုံးသညျ့တောငျးလေးကို ဘေးမှာခကြာ မွဈကမျးမှ ကြောကျဆောငျတဈခုထကျတှငျ ထိုငျလိုကျ၏။ ခွနှေဈဖကျကို ရစေီးတှငျခကြာ မွဈရပွေငျကို တို့ထိဆော့ကစားရငျး မွဈထဲမှ လှိုငျးလုံးကွီးတှကေို သဘောကစြှာ ကွညျ့နမေိပွနျလသေညျ။ ဂငျ်ဂါမွဈ၏ အထကျအရပျတှငျ မိုးတှကေ ပိုပွီး ညှို့ဆိုငျးလာသညျ။ ဂငျ်ဂါမွဈတှငျးမှ ရလှေိုငျး တို့က တဝုနျးဝုနျးပွိုဆငျးလာကွပွနျသညျ။ ကိုရငျလေးသညျ လှိုငျးလုံးကွီးတှကေို သဘောကစြှာ ကွညျ့နမေိ၏။ ကွညျ့နရေငျးမှပငျ စောစောက ဆရာဘုနျးကွီး၏ တံမွကျစညျးရိုးနှငျ့ ခေါကျလိုကျသညျ့ ကိစ်စကို ပွနျလညျသတိရသှားပွနျသညျ။ ခေါငျးကိုပငျ ယောငျရမျးကာ ပှတျလိုကျမိသေး၏။ ထို့အတူ ဆရာဘုနျးကွီးအပေါျတှငျ မကြနေပျသညျ့ စိတျကလညျး ပေါျလာပွနျ၏။ “ငါက ကိုရငျလေးဖွဈနလေို့ပေါ့ကှာ …။ သူက ဆရာ ငါကတပညျ့ဆိုတော့ သူခိုငျးတာကိုလညျး လုပျရသေး၊ သူရိုကျတာကိုလညျး ခံနရေသေးတာပေါ့ …” ကိုရငျလေး၏မကြျနှာက မွဈညှာအရပျ က မိုးကောငျးကငျလို အုံ့မှိုငျးသှားရပွနျ၏။ ထို့အတူ ကိုရငျငယျ၏နှုတျမှ ဆုတောငျးစကားတို့ ထှကျပေါျ လာပွနျတော့၏။ “ငါသညျ ကြောငျးဝငျးတှငျးမှ အမှိုကျသရိုကျ တို့ကို ကြုံးပွီး စှနျ့ပဈခွငျးတညျးဟူသော ကုသိုလျ အလုပျကို ပွုခဲ့ပါသညျ။ ဤကုသိုလျကွောငျ့ နိဗ်ဗာနျ မရသေးမီစပျကွား သံသရာတှငျ ကငြျလညျရသမြှ ကာလပတျလုံး ဤဂငျ်ဂါမွဈတှငျးမှလှိုငျးတံပိုးတို့ကဲ့သို့ ကွီးကယြျသော အသိဉာဏျပညာတို့နှငျ့ ပွညျ့စုံရပါစသေတညျး။ ဂငျ်ဂါမွဈ၏လှိုငျးတံပိုးတို့ ကဲ့သို့ ဉာဏျပညာ ထကျမွကျပွညျ့စုံသူ ဖွဈရပါစသေတညျး..” ကိုရငျလေးသညျ ထိုသို့ဆုတောငျးမိလိုကျ ပွနျလတေော့သညျ။ ဆုတောငျးရငျးနှငျ့ပငျ လှိုငျးလုံးတှကေို ကွညျ့နမေိ၏။ ဆုတောငျးရငျးနှငျ့ပငျ အရိုကျခံရသညျ့ကိစ်စကို မကြမေနပျနိုငျဖွဈနမေိ၏။ ကိုရငျလေးသညျ မွဈရပွေငျကို ခွဖွေငျ့ပုတျ၍ ဆော့ကစားရငျး ထိုဆုတောငျးကို ထပျကာထပျကာ ရှတျ ဆိုနလေတေော့သညျ။ ထိုအခြိနျတှငျ တံမွကျလှညျးပွီးသှားသညျ့ ဆရာဘုနျးကွီးသညျ ရခြေိုးဖို့အတှကျ ပွငျဆငျနလေသေညျ။ ပွငျဆငျနရေငျးနှငျ့ မွဈညှာအရပျတှငျ မိုးတှေ ညို့မှိုငျးအုံ့ ဆိုငျးလာတာကိုလညျး သတိပွုလိုကျမိပွနျ၏။ ထို့အပွငျဂငျ်ဂါမွဈထဲမှာ လှိုငျးတံပိုးတှေ ထနျလာသညျ့ရလှေိုငျးသံတှကေိုလညျး သတိပွုမိ သှားလတေော့သညျ။ ”ငါ့ကိုရငျလေး အမှိုကျသှားပဈတာ ကွာလိုကျတာ။ ရဆေငျးခြိုးရငျးနဲ့ လှိုငျးလုံးတှထေဲမြား ပွုတျကသြှားရငျအခကျ…” ဆရာဘုနျးကွီး၏စိတျတှငျ တပညျ့ကိုရငျငယျ အပေါျ စိုးရိမျစိတျတှေ ဝငျလာလေ၏။ ထို့ကွောငျ့ ရဆေငျးခြိုးဖို့လညျး စိတျကူးရငျးနှငျ့ ကိုရငျလေး အပေါျတှငျလညျး စိတျမခသြညျ့စိတျဖွငျ့ မွဈကမျးဘကျသို့ ခပျသုတျသုတျ ဆငျးလာခဲ့မိတော့၏။ မွဈကမျးအနီးရောကျတော့ မွဈကမျးနဖူးတှငျ ထိုငျကာ ဆုတောငျးနသေညျ့ ကိုရငျလေး၏ ဆုတောငျးသံကို ကွားသှားလတေော့သညျ။ ကိုရငျလေးကမူ သူ့နောကျတှငျ ဆရာဘုနျးကွီး ရောကျနတောကိုပငျ သတိမပွုမိ။ သူ့ ဆုတောငျးစကားကိုသာ လှိုငျးလုံးကွီးတှနှေငျ့အပွိုငျ ထပျပွနျတလဲလဲရှတျဆို ဆုတောငျးနလေသေညျ။ “သွောျ…။ သူကတောငျ ငါတပငျတပနျး လှညျးကငြျးထားတဲ့ အမှိုကျတှကေို စှနျ့ပဈရုံစှနျ့ ပဈပေးပွီး ဒီလိုဆုတောငျးသေးရငျ ငါကပိုပွီးဆုတောငျး သငျ့သေးတာပေါ့” ထိုသို့တှေးမိသှားကာ ဆရာဘုနျးကွီးကလညျး ဆုတောငျးပွနျလတေော့သညျ။ “ငါသညျကြောငျးတိုကျတဈခုလုံးကို အမှိုကျရှငျးခွငျး၊ တံမွကျလှညျးခွငျးကုသိုလျတို့ ပွုခဲ့ပေ၏။ ကုသိုလျတို့ ကွောငျ့ နိဗ်ဗာနျမရသေးမီ စပျကွား သံသရာတှငျ ကငြျလညျရသမြှ ဤဂငျ်ဂါ မွဈတှငျးမှ ဤလှိုငျးတံပိုးတို့ ထကျ သာလှနျသညျ့ ဉာဏျပညာ ကွီးမားခွငျးနှငျ့ အထူးပွညျ့စုံရပါစသေတညျး။ အထူးသဖွငျ့ ဤကိုရငျငယျမေးသမြှ အမေးပုစ်ဆာ ပွူနာတိုငျးကို ‘ငှကျပြောပငျကို ဓါးဖွငျ့ခုတျပိုငျး လိုကျသကဲ့သို့ တိခနဲ တိခနဲ ဖွဈအောငျ’ ရှငျးလငျးစှာ ထိုးထှငျးဖွဆေိုနိုငျစှမျးရှိသညျ့၊ ဤကိုရငျငယျ၏ ပညာဉာဏျတို့ ဘယျလောကျပငျ ကွီးမားပါစေ သူ့ပညာဉာဏျတှကေို လှှမျးမိုး နိုငျစှမျးသညျ့ အသိဉာဏျ ပညာစှမျးအထူးတို့နှငျ့ ပွညျ့စုံရပါစေ သတညျး” ထိုဆရာဘုနျးကွီး၏ သစ်စာပွု၊ တောငျးဆု ဆိုစကားတို့ သညျ ဂငျ်ဂါမွဈတှငျးမှ ပွငျးထနျစှာ စီးဆငျးသှားနသေညျ့ လှိုငျးတံပိုးတို့ကိုပငျ ခွုံလှှမျး သှားခဲ့လတေော့သတညျး။ ... .. . ထိုအဖွဈအပကြျသညျ ‘ကူပမွတျစှာ ဘုရားရှငျ’ ၏ သာသနာတောျ နောကျပိုငျးကာလတှငျ ဖွဈပကြျခဲ့သညျ့ ဖွဈစဉျလေးဖွဈလသေညျ။ ထို ဖွဈစဉျထဲမှ ဆရာဘုနျးကွီးနှငျ့ တပညျ့သာမဏေ ငယျတို့သညျ ထိုဘဝမှ ကုသိုလျကောငျးမှုကံ အဟုနျတို့ဖွငျ့ လူ့ဘဝ၊ နတျဘဝစသညျ့ ကောငျးသညျ့ ဘုံဘဝတို့တှငျ အကွိမျကွိမျ လှညျ့လညျခံစား စံစားခဲ့ကွရလေ၏။ ထို့နောကျ ‘ဂေါတမ ဗုဒ်ဓ မွတျစှာဘုရားရှငျ’ ကိုယျတောျမွတျကွီး ပရိနိဗ်ဗာနျ ပွုပွီးနောကျပိုငျး နှဈပေါငျးငါးရာခနျ့အခြိနျတှငျ အလှနျကြောျကွားသညျ့ ပုဂ်ဂိုလျနှဈပါးအဖွဈ ထငျရှားစှာ ပေါျထှနျးလာရပွနျတော့သညျ။ ထိုဖွဈစဉျထဲမှ ကိုရငျငယျလေးသညျ ‘မိလိန်ဒမငျးကွီး’ ဟု ဘုနျးတနျခိုးသွဇာနှငျ့ ဉာဏျပညာတို့ အထူးထကျမွကျသညျ့ ပုဂ်ဂိုလျကွီးအဖွဈ ပေါျထှကျလာခဲ့လသေညျ။ ထိုဖွဈစဉျထဲမှ ဆရာဘုနျးကွီးကမူ ‘အရှငျနာဂသနေ’ အမညျဖွငျ့ ဉာဏျပညာ အလှနျကွီးမားသညျ့ ရဟနျးမွတျအဖွဈ ပေါျထှနျးလာခဲ့လသေညျ။ ရဟနျးပညာရှိ၊ လူပညာရှိအပေါငျးတို့ အပေါျ တှငျ အလှနျသွဇာထကျမွကျစှာ လှှမျးမိုး နိုငျခဲ့သညျ့၊ ဉာဏျပညာ အလှနျထကျမွကျသညျ့၊ ပညာမာနျကွီးမားသညျဟု ကြောျကွားနသေညျ့ မိလိန်ဒမငျးကွီးသညျ ‘အရှငျနာဂသနေ’ ရဟနျးမွတျကို စတငျတှေ့သညျ့နေ့တှငျ (အတိတျဘဝမြားစှာက ဆရာ ဖွဈခဲ့ဖူးသညျ့ ပါရမီဓာတျခံစေ့ဆောျကာ) ကသေရာဇာ ခွငျ်သေ့မငျး၏ ရှေ့သို့ရောကျသှားသညျ့ သိုးငယျကဲ့သို့ ကြိုးနှံသှားခဲ့ရလတေော့သညျ။ “အရှငျဘုရားက အရှငျနာဂသနေ ဆိုတာ ပါလားဘုရား” ”ဟုတျတယျ ဒကာတောျ၊ ငါကနာဂသနေပဲ” ”ဒါဆို တပညျ့တောျ အရှငျဘုရားကို ပုစ်ဆာမေးလြှောကျမလို့ပါဘုရား” ”မေးပါဒကာတောျ။ သငျ့စိတျကွိုကျ မေးနိုငျပါတယျ” ”အရှငျဘုရား …။ တပညျ့တောျ မေးလြှောကျပွီးပါပွီဘုရား” ”ဟုတျလား။ ဒါဆို ငါကလညျး ဖွဆေို ပွီးသှားပါပွီ ဒကာတောျ..” . ထိုသို့ဖွငျ့ မိလိန်ဒမငျးကွီးကလညျး ကွီးမားလှသညျ့ သူ၏ ဉာဏျပညာဖွငျ့ သူသိလိုသမြှ၊ ဗုဒ်ဓဘာသာဝငျတို့ သိသငျ့သမြှတို့ကို နှိုကျနှိုကျခြှတျခြှတျ မေးလြှောကျခဲ့လေ၏။ အရှငျနာဂသနေမထရျေ သူမွတျကွီးကလညျး အလှနျကွီးကယြျ မွငျ့မား လှသညျ့ ဉာဏျပညာတောျတို့ဖွငျ့ မိလိန်ဒမေးသမြှကို အကွှငျးအကနြျ မရှိအောငျ ရှငျးရှငျးလငျးလငျး ဖွဆေိုပေးနိုငျတောျမူခဲ့လသေညျ။ ထိုအရှငျနှဈပါးတို့၏ ဘဝတဈခုမှ ဆုတောငျးတို့သညျ ထူးခွားစှာပငျ ပွညျ့ခဲ့ကွလေ၏။ ... .. . ကြှနျုပျဘဝတှငျ ဘာသာရေးအသိနှငျ့ ပတျသကျပွီး ပထမဦးဆုံးဝခှေဲမရဖွဈခဲ့သညျ့ ကိစ်စမှာ ‘ဆုတောငျးခွငျး’ ကိစ်စပငျဖွဈသညျ။ ဆုတောငျး ကောငျးသညျ၊ ဆုမတောငျးကောငျးဘူး ဆိုသညျ့ ကိစ်စ။ ဆုတောငျးခွငျးပွုလြှငျ ပွညျ့ဝတတျသညျ၊ ဆုတောငျးခွငျးပွုလညျး ပွညျ့ဝတတျသညျမဟုတျ။ စသညျ့ပွူနာတို့သညျ ကြှနျုပျအသိဉာဏျထဲတှငျ ငယျစဉျကတညျးက ပဋိပက်ခဖွဈနခေဲ့ကွလသေညျ။ ကိုယျပိုငျအသိဉာဏျဖွငျ့ ဝခှေဲနိုငျစှမျး မရှိအောငျလညျး ဒှိဟဖွဈနခေဲ့ဖူးလသေညျ။ ကြှနျုပျအသကျ ၁၅ နှဈသားအရှယျလောကျကဟုထငျသညျ။ ထိုဆုတောငျးခွငျးကိစ်စကို ဘုနျးတောျကွီးတဈပါးထံ ခဉြျးကပျကာမေးလြှောကျ မိခဲ့ဖူးလသေညျ။ မေးလြှောကျသညျ ဆိုရာမှာလညျး ရဟနျး သံဃာတောျအပါးပေါငျး ၂ဝလောကျကွားမှာ မေးလြှောကျခဲ့ခွငျးဖွဈသညျ။ ထိုဘုနျးကွီးသညျ ကမြျးတတျပတေတျရဟနျးတောျ တဈပါးလညျးဖွဈသညျ။ အတှေးအမွငျခတျေမီသညျ့ ရဟနျးတဈပါးလညျး ဖွဈသညျ။ ကြှနျတောျမေးလြှောကျသညျ့ မေးခှနျးကို ဘုရားဟော ဇာတျနိပါတျတောျတှနှေငျ့ အကိုးအကားပွုကာ သဘာဝကကြသြုံးသပျပွီး နားလညျ သဘောပေါကျအောငျ အကယြျတဝငျ့ ရှငျးပွခဲ့လသေညျ။ (ထိုဆရာတောျ မိနျ့ကွားခဲ့သညျတို့ကို သီးခွား ရေးသားတငျပွပါဦးမညျ။) ထိုစဉျက ထိုရဟနျးတောျ၏ အဆုံးအမ ညှှနျပွမှု၏ အနှဈခြုပျမှာ ‘မိမိပွုသညျ့ ကုသိုလျ ကောငျးမှု၏ အဖို့ဘာဂကိုမိမိအလိုရှိသညျ့ ကောငျးကြိုးဆန်ဒအတှကျ တောငျးဆုပွုလိုပါက ပွုနိုငျသညျ’ ဟူ၍ ဖွဈ၏။ ဆုတောငျးခှငျ့ရှိသညျဆိုသညျ့အဖွေ ကို အတိအကမြိနျ့ဟ တောျမူခဲ့ခွငျးဖွဈလသေညျ။ ထို့နောကျပိုငျးတှငျ ကြှနျုပျသညျ စာပေ ကမြျးဂနျတို့ကို ပိုပွီး ကယြျကယြျပွနျ့ပွနျ့ ဖတျရှု လေ့လာရငျး တောငျးဆုပွုသညျ့ကိစ်စတို့နှငျ့ ပတျသကျပွီး ပိုမိုရှငျးလငျးလာခဲ့ပွနျတော့သညျ။ တဈခါကမူ လှနျခဲ့သညျ့ နှဈပေါငျးမြားစှာက ထုတျဝခေဲ့သညျ စာစောငျအဟောငျးလေး တဈခုတှငျ ‘ဆုတောငျးတိုငျး ပွညျ့ဝနညျး’ ဆိုသညျ့ ဆောငျးပါး လေးကို ဖတျခဲ့ရပါသညျ။ ထိုဆောငျးပါးကိုဖတျပွီးနောကျ ကြှနျတောျ့အတှေးတို့ ပိုမိုရှငျးလငျးသှားရပွနျသညျ။ (ထိုစာစောငျလေးမှာ ကြှနျုပျမူလတနျး ကြောငျးသားအရှယျကတညျးက ထှကျခဲ့သညျ့ စာစောငျဖွဈပွီး စာစောငျအမညျ၊ စာရေးသူအမညျတို့ကို လုံးဝမမှတျမိတော့ပါ။ ထိုဆောငျးပါးလေး၏ အနှဈခြုပျအဓိပ်ပါယျကိုသာ စှဲမွဲစှာ မှတျမိနခွေငျးဖွဈသညျ။) ယခုနောကျပိုငျးတှငျမူ တောငျးဆုပွုနိုငျသညျ ဆိုသညျ့အခကြျကို ပိုမိုပွီးရှငျးလငျးစှာ လကျခံလာ နိုငျရုံသာမက ‘တောငျးဆုပွညျ့ဝစမေညျ့ အကွောငျး တရားမြား’ ကိုလညျး တောျတောျစုံစုံလငျလငျ သိရှိလာခဲ့ရပွနျသညျ။ ယခု ဤဆောငျးပါးတှငျမူ တောငျးသညျ့ဆုတို့ ပွညျ့ဝစမေညျ့ အခွခေံအခကြျတခြို့ကိုသာ (ကြှနျုပျမှတျသားထားသညျ့အတိုငျး) တငျပွလိုကျပါသညျ။ ကြှနျုပျရှာဖှတှေေ့ရှိထားသလောကျတှငျ ဆုတောငျးတိုငျး ပွညျ့ဝစမေညျ့ အဓိကအခကြျမှာ ‘ကိုယျကငြျ့သီလ’ ကို အတတျနိုငျဆုံးဖွညျ့ကငြျ့ဖို့လိုအပျသညျဆိုသညျ့အခကြျပငျဖွဈသညျ။ ကိုယျကငြျ့ သီလနှငျ့ပွညျ့စုံသူ အတှကျ လိုအငျဆန်ဒတို့အလိုအလြှောကျ ပွညျ့ဝစေ နိုငျသညျဟု မိနျ့ဆို ခကြျမြား အတိအကြ ရှိပါသညျ။ ထို့ကွောငျ့ တောငျးဆုပွညျ့ရနျအတှကျ ငါးပါးသော လူ့အကငြျ့ လူ့သီလတို့ကိုတော့ အတတျနိုငျဆုံး ထိမျးသိမျးဖို့လိုအပျပါသညျ။ ထို့အပွငျ ကုသိုလျကောငျးမှုတဈခုခုကိုလညျး ဖွညျ့ကငြျ့၊ ပွုလုပျပေးဖို့လိုအပျပါသညျ။ ဥပမာ အလှူဒါနတဈခုခုပွုလုပျခွငျး၊ စရဏဘာဝနာတဈခုခု ဖွညျ့ကငြျ့ခွငျးတို့ကို ပွုပေးသငျ့ပါသညျ။ . ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “တောငျးဆုပွညျ့စရေနျ အခွခေံကငြျ့စဉျ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁) ဘုရားတဈဆူဆူတှငျဖွဈစေ၊ နအေိမျ ဘုရားကြောငျးဆောငျတှငျဖွဈစေ ပနျး၊ ရေ၊ ဆီမီး၊ ဆှမျး၊ ခဲဘှယျ စသညျ့ အလှူဒါနကုသိုလျအမှုတို့ ကို တတျစှမျးနိုငျသမြှ အတိုငျးအတာနှငျ့ လေးလေးနကျနကျ ကပျလှူဆောငျရှကျပေးပါ။ (ဘုရား ကြောငျးဆောငျသနျ့ရှငျးရေးလုပျခွငျး၊ ရောငျတောျ ဖှငျ့ခွငျး၊ စတေီတောျမှာဆိုလြှငျလညျး စတေီပရဝုဏျတှငျ သနျ့ရှငျးရေးလုပျခွငျးတို့ကိုပါ တတျနိုငျသလောကျ ကွိုတငျ ဆောငျရှကျထားသငျ့ပါသညျ။) (၂) ပွီးလြှငျ ကိုယျတိုငျက အထူးသနျ့ပွနျ့ စှာဖွငျ့ ဘုရားဝတျပွုပါ။ ခငျပှနျးကွီးဆယျပါးကို ကနျတော့ပါ။ အပွဈတှရှေိသမြှ ဝနျခတြောငျးပနျပါ။ (၃) ထို့နောကျ သရဏဂုံဆောကျတညျကာ ငါးပါးသောသီလကို ကကြနြနဆောကျတညျပါ။ (ငါးပါးသီလကို တဈနေ့လုံး မစောငျ့ထိမျးနိုငျလြှငျတောငျ ထိုအခြိနျပိုငျးလေးအတှငျးမှာတော့ အလုံခွုံဆုံးစောငျ့ထိနျးပါမညျဟု လေးနကျစှာဆောကျ တညျပါ။) (၄) ပွီးလြှငျ မွတျစှာဘုရားရှငျ၏ ဂုဏျတောျ မွတျကိုးပါးကို ကွညျညိုသောစိတျ သဒ်ဓါစိတျဖွငျ့ လေးနကျစှာ ရှတျပှားပူဇောျပါ။ ဘုရားရှငျကို အလှနျ ယုံကွညျသော သဒ်ဓါစိတျဖွငျ့ ပူဇောျပါ။ ၉ ခေါကျ၊ ၁၈ ခေါကျ၊ ၂၇ ခေါကျ စသညျဖွငျ့ ၁ဝ၈ ခေါကျ အထိ မိမိနိုငျသလောကျ ပူဇောျနိုငျပါသညျ။ (၅) ထို့နောကျ ပွုခဲ့သမြှ ကုသိုလျကောငျးမှု တို့၏ အဖို့ဘာဂကို လူ့ဘုံ၊ နတျဘုံ၊ ဗွဟ်မာဘုံ၊ အပယျလေးဘုံပါမကနြျ (၃၁) ဘုံသားတှကေို အမြှ ဝပေါ။ နနေတျမငျး၊ လနတျမငျး၊ မိုးနတျမငျး၊ လနေတျမငျး၊ မဟာပထဝီမွစေောငျ့နတျမငျးတို့မှအစ လောကစောငျ့ကွပျ သိကွား နတျ ဗွဟ်မာတှကေို အထူး အမြှဝပေါ။ မတေ်တာပို့ပါ။ (၆) ပွီးလြှငျ ‘တပညျ့တောျသညျ ယနေ့ယခု ဤနရောမှနကော ဤကုသိုလျကောငျးမှုတို့ကို တတျစှမျးသမြှ ပွုခဲ့ပါသညျ။ ဤစကားသညျ မှနျသောသစ်စာစကားပငျ ဖွဈပါသညျ။ ဤမှနျသော သစ်စာစကားကွောငျ့လညျးကောငျး၊ ဤကုသိုလျ ကောငျးမှုတို့၏ အဖို့ဘာဂကွောငျ့လညျးကောငျး ယခု တပညျ့တောျ အမှနျတကယျလိုအပျနသေော —– ကိစ်စသညျ ရကျပိုငျးလပိုငျးအတှငျး မုခမြသှေ ရရှိပါစေ၊ အောငျမွငျပါစသေား အရှငျဘုရား’ ဟု လေးနကျစှာ သစ်စာပွု၊ တောငျးဆုပနျဆငျလိုကျပါ။ (၇) ထိုအခြိနျတှငျသငျ့အာရုံထဲ၌ျ လှနျစှာ သပ်ပါယျ တငျ့တယျတောျမူသော မွတျစှာဘုရားရှငျ ကိုယျတောျမွတျကွီးက ကွီးမားလှသညျ့ မဟာကရုဏာတောျ မကြျနှာထားဖွငျ့ ‘ခစြျသား/ခစြျသမီး သငျ၏ လိုအငျဆန်ဒ တဈလုံးတဈဝတညျးနှငျ့ ယခုပငျပွညျ့ဝစသေတညျး’ ဟုလှနျစှာ အေးခမြျး ကွညျလငျသော အပွုံးတောျဖွငျ့ မိနျ့ဟတောျမူ လိုကျပုံကို အာရုံတှငျ ထငျဟပျလာ အောငျ အာရုံပွုလိုကျပါ။ ပွီးက ‘ပေးသညျ့ဆုနှငျ့ အမွနျဆုံး ပွညျ့ဝပါစသေား အရှငျဘုရား’ ဟု လေးနကျစှာ ရှတျဆိုပွီး ဦးသုံးကွိမျ ခလြိုကျရပါမညျ။ ထိုသို့ အကွိမျကွိမျအထပျထပျ ကုသိုလျ ပွုကာ ဆုတောငျးနိုငျပါသညျ။ ယခုတငျပွခဲ့သညျ့ ဆုတောငျးနညျးသညျ ကြှနျုပျလေ့လာမှတျသားခဲ့သညျ့ နညျးစနဈမြား၏ အနှဈခြုပျပငျဖွဈပါသညျ။ ကောငျးကြိုးကိစ်စတို့အတှကျ တောငျးဆုပွုလိုသူမြား၊ ကငြျ့သုံးလိုသူမြား ကငြျ့သုံးနိုငျရနျ လကျဆငျ့ကမျး မြှဝတေငျပွလိုကျခွငျး ဖွဈပါသတညျး။ ━━━━━━━━━━━━━━━━━━━━ Written by ►►► ✍✍ ဓမ်မ ကုနျသညျ ((ဖတျရှူ ှ , နာယူ , မှတျသားမိသမြှ ပွနျလညျမြှဝသေညျ..။))


via အလင်းရောင် ဓမ္မ https://ift.tt/2r07WbP