Monday, September 23, 2019

ဓမ္မအသိဟာ အကောင်းဆုံးအဖော် ▬▬▬▬▬▬▬▬▬▬▬▬▬▬ လူဆိုတာ အဖော်ကင်းပြီး တစ်ယောက်တည်း ရှင်းရှင်းနေနိုင်ဖို့ ခက်တယ်။ တစ်ယောက်တည်းနေရင် … စိတ်ဟာ ဟာတာတာ ခြောက်ကပ်ကပ် ယောင်ချာချာ ဖွာကျဲကျဲ ဖြစ်နေတတ်တယ်။ တစ်ခုခု လိုနေသလိုလည်း ခံစားရတတ်တယ်။ အားမလိုအားမရလည်း ဖြစ်နေတတ်တယ်။ အားငယ်သလိုမျိုး ခံစားရတတ်တယ်။ အားကိုးရာလည်း ရှာနေတတ်တယ်။ အဖော်ရှိမှ ပြည့်စုံကြတယ်။ လုပ်ဖော်ကိုင်ဖက်ရှိမှ အင်အားရှိတယ်။ တိုင်ပင်ညှိနှိုင်း ဆွေးနွေးဖော်ရှိမှ ရဲရင့်တယ်။ ပျော်ရွှင်တယ်။ အားရတယ်။ ကျေနပ်တယ်။ခွန်အားရှိတယ်။ ဒါကြောင့် သိတတ်နားလည်တတ်ခါစ အချိန်ကနေ ကြီးရင့်အိုမင်း ဘဝဆုံးတိုင်အထိ လက်တွဲပေါင်းသင်းကြမည့် အဖေါ်ကောင်းကို ရွေးချယ်ရှာဖွေကြတယ်။ ဒါပေမဲ့ အဲဒီအဖော်ဟာ စိတ်မချရပါဘူး။ သူ့အလိုမကျရင် တစ်ချိန်ချိန်မှာ သစ္စာဖောက် သွားနိုင်တယ်။ ကျောခိုင်းစွန့်ခွာသွားနိုင်တယ်။ သစ္စာရှိရှိ ပေါင်းသင်းဆက်ဆံကြတယ် ဆိုဦးတော့ … နောက်ဆုံးအချိန်အထိ တမလွန် ဘဝအထိ စိတ်ချလက်ချ ပေါင်းသင်းလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ကယ် စိတ်ချလက်ချ ပေါင်းသင်းလို့ ရတဲ့အရာက ဓမ္မအသိပဲ ဖြစ်ပါတယ်။ ဓမ္မအသိဟာ ကိုယ့်အနေနှင့် တန်ဖိုးထား လေးစားစိတ်အပြည့်နဲ့သစ္စာရှိရှိ ပေါင်းသင်း နိုင်ရင် ကိုယ့်အပေါ်မှာ ဘယ်တော့မှ သစ္စာ မဖောက်ပါဘူး။ ဓမ္မအသိဟာ သူကိုယ်တိုင်က "သစ္စာ" အမည်ရထားတဲ့အတွက် ကျင့်သုံးသူ အပေါ်မှာ သစ္စာဖောက်တယ် မရှိပါဘူး။ ကျင့်သုံးသူကို သစ္စာရှိရှိ အစဉ်အမြဲ စောင့်ရှောက်နေမှာပါ။ ဓမ္မဟာ ဘဝကို လှပအောင် ခြယ်မှုန်းပေးတာပါ။ ရပ်တည်မှု ပီပြင်အောင် ထောက်ကူပေးတာပါ။ ဘယ်အရာရှိရှိ မရှိရှိ ဓမ္မအသိရှိနေရင် ဘဝဟာ အရာအားလုံး ပြည့်စုံနေသလိုမျိုး အထိ အားရကျေနပ်မှုကို ဖြစ်စေတာပါ။ ဒီအပြင် ဘဝရဲ့အခက်အခဲ အကြပ်အတည်းနှင့်တွေ့ကြုံလာရင်လည်း ဓမ္မအသိက ပြေလည်အောင် ဖြေရှင်းပေးသွားမှာပါ။ အဖော်မဲ့ အထီးကျန်ခံစားမှုမျိုးလည်း မဖြစ် အောင် တစ်ယောက်တည်း နေတဲ့အချိန်မှာ လွတ်လပ်မှု ကျေနပ်မှု အားရမှု ကြည်နူးမှု ဝမ်းမြောက်မှုတွေ ပြည့်နှက်နေအောင် စွမ်းဆောင်ပေးသွားမှာပါ။ ဓမ္မအသိဟာ ဘဝမှာ စိတ်ချလက်ချ ပေါင်း သင့်တဲ့ မဟာ အဖော်ကောင်းဖြစ်ပါတယ်။ ကောင်းတာကမှ ဘဝဆုံးတိုင် သံသရာ အဆုံးတိုင် အကောင်းဆုံးကနေ မဆုံးနိုင်တဲ့အထိ ကောင်းအောင် စွမ်းဆောင်ပေးသွားမည့် တစ်ကယ့်အဖော်ကောင်းဖြစ်ပါတယ်။ သန့်ရှင်းတဲ့ အဖော်ကောင်း မွန်မြတ်တဲ့ အဖော်ကောင်း စင်ကြယ်တဲ့ အဖော်ကောင်း ကောင်းခြင်းပေါင်းများစွာနှင့် ပြည့်စုံတဲ့ အဖော်ကောင်းစစ်စစ် ဖြစ်ပါတယ်။ ဟဲသိမ်ပတ္တမြားတောင်ဆရာတော် ဦးကောဝိဒ ------------------------------------ မေတ္တာဖြင့်မျှဝေပူဇော်ပါသည် ။ T T•

via အလင်းရောင် ဓမ္မ https://ift.tt/2M9PXqk

Sunday, September 22, 2019

လူ့ဘဝသက်တမ်းကို ယေဘုယျ ၇၅ နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့သူတစ်ယောက်ဟာ ဆက်လက်ပြီး ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့သူတစ်ယောက်ဟာ ဆက်လက်ပြီး ၂၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၆၀ ရှိတဲ့သူတစ်ယောက်ဟာ ဆက်လက်ပြီး ၁၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ လက်ကျန်အချိန်က နည်းပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။ ဒီအချိန်ဟာ သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမဲ့အချိန် အရွယ်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမဲ့ အချိန်အရွယ်ဖြစ်နေပါပြီ။ ဆိုလိုတာက သူတစ်ပါးကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့က အဓိကပါ။ ရဝေနွယ် ( အင်းမ ) #nilarthitlwin်

via အလင်းရောင် ဓမ္မ https://ift.tt/30GlYLQ

via အလင်းရောင် ဓမ္မ https://ift.tt/2V6RPEa

via အလင်းရောင် ဓမ္မ https://ift.tt/2IkqaKK

စေတနာကောင်းလျှင် ကံကောင်းသည် 🍁🍁🍁🍁🍁🍁🍁 အပိုင်း(၂) 🍀🍀🍀🍀 ဘယ်မှာ အဆင်းရဲဆုံးပုဂ္ဂိုလ်လဲ ဆိုတော့ ဗာရာဏသီမြို့မှာ အဆင်းရဲဆုံး ပုဂ္ဂိုလ်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတော့ အင်မတန်မှ ဆင်းရဲတဲ့လူတစ်ယောက်လို့ ဒီလိုသတ်မှတ်ခဲ့တာ။ သို့သော် စိတ်နေ သဘောထားတွေ ကောင်းသည့်အတွက် စေတနာ ကောင်းလို့ သူဟာ ကံကောင်းသွားတယ်။ ကံကောင်းလို့ အကျိုးပေးကောင်းသွားတယ်။ နာမည်ကတော့ 'မဟာဒုဂ္ဂတ' ဆိုတဲ့ နာမည်ဆိုးနဲ့ ကျန်ရစ်တယ်။ တကယ်တော့ သူဟာ ကံကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားတယ်။ ဒီဇာတ်လမ်းကို အားလုံးသိကြတဲ့အတိုင်းပဲ 'ကဿပမြတ်စွာဘုရား' လက်ထက်က ပဏ္ဍိတသာမဏေရဲ့ အတိတ်ဘဝတစ်ခု၊ ဗာရာဏသီသို့ ရဟန္တာ နှစ်သောင်းခြံရံပြီး ကဿပဗုဒ္ဓကြွလာတယ်။ အဲဒီအချိန်မှာ လူတွေရဲ့ အသက်က အနှစ် နှစ်သောင်းရှည်တယ်။ အသက် နှစ်သောင်းတန်းဆိုတော့ လူတော်လူကောင်းတွေများတယ်။ ဂေါတမဗုဒ္ဓ လက်ထက်ရောက်တဲ့အခါ ခေတ်ကာလ အရ လူဆိုးတွေက များတယ်။ ကောင်းတဲ့သူ လေးပုံပုံ တစ်ပုံလောက်ပဲ ရှိတော့တယ်။ ကဿပ ဘုရား လက်ထက်တုန်းကတော့ လူကောင်းတွေ အင်မတန်များတယ်လို့ ဆိုတယ်။ အဲဒီတုန်းက ဗာရာဏသီပြည် ကြွလာတဲ့ကဿပဗုဒ္ဓက ပရိသတ်ထဲမှာ တရားဟောတော်မူတယ်။ စေတနာအားလျော်စွာ ကံတရားရဲ့ အကျိုး ပေးမှုကို သရုပ်ပေါ်အောင် ဟောတယ်။ "လူတစ်ယောက်ဟာ ကိုယ်တိုင်လှူတယ်။သူများကို မတိုက်တွန်းဘူး။ လူတစ်ယောက်ကတော့ သူများသာ တိုက်တွန်းတယ်။ ကိုယ်ကိုယ်တိုင်တော့ မလှူဘူး။ လူတစ်ယောက်ကတော့ ကိုယ်ကိုယ်တိုင် လည်း မလှူဘူး၊ သူများကိုလည်း မတိုက်တွန်းဘူး။ နောက်တစ်ယောက်က ကိုယ်တိုင်လည်း လှူတယ်၊ သူတစ်ပါးလည်း တိုက်တွန်းတယ်။ အဲဒီလို အမျိုး အစား လေးမျိုးရှိတယ်။" ကနေ့ခေတ်မှာလည်းဒီအတိုင်းပဲ။ ကိုယ်တော့ လှူတယ်။ သူများကိုတော့ မတိုက်တွန်းဘူးဆိုတဲ့ ပုဂ္ဂိုလ်လည်း ရှိတာပဲ။ အေး သူများတော့ အလှူခံတယ်၊ ကိုယ်ကတော့ မလှူဘူးဆိုတဲ့ လူကလည်းရှိတာပဲ။ ကိုယ်လည်း မလှူဘူး၊ သူများလည်း အလှူ မခံဘူး ဆိုတဲ့လူလည်း ရှိတယ်။ ကိုယ်လည်းလှူတယ်၊ သူများလည်း အလှူခံတယ်၊ တိုက်တွန်းပေးတယ်ဆို တဲ့ ပုဂ္ဂိုလ်မျိုးလည်း ရှိတယ်။ အဲဒီလို လုပ်ရပ်လေးမျိုး ကွဲပြားနေသည့် အတွက်ကြောင့် သူတို့ဟာ မတူညီတဲ့ အကျိုးကို ရကြတယ်။ မတူညီတဲ့ အကျိုးဆိုတာ ဘာလဲ။ ကိုယ့်ရှိတာကို လှူတဲ့ပုဂ္ဂိုလ်ဟာ လှူခြင်းကြောင့် ဖြစ်လေရာ ဘဝမှာ စည်းစိမ်ဥစ္စာ များပြားတယ်ဆိုတဲ့ အကျိုးကို ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကံရဲ့ သဘောတရား ကို တုန့်ပြန်မှုလို့ ခေါ်တယ်။ ကိုယ်လုပ်တဲ့ကံဟာ ကိုယ့်ဆီ တုန့်ပြန်လာတာပဲ။ ကိုယ်လုပ်တဲ့ကံက သူတစ်ပါးကို ရစေတာဖြစ်လို့ သူတစ်ပါးကို ရစေတဲ့ ဒါနကောင်းမှုသည် ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့အကျိုး တုန့်ပြန်ပေးတယ်။ သူတစ်ပါးကို “လာပါ၊လှူကြရအောင်၊ လှူပါ” တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်က တိုက်တွန်းလို့ အခြားသူတစ်ယောက် ကုသိုလ်ကောင်းမှု လုပ်ဖြစ် သွားတယ်။ သူဟာ ကိုယ်နဲ့မိတ်ဖက် ဖြစ်သွားတယ်။ တိုက်တွန်းလို့လှူဖြစ်သွားတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်ရဲ့ မိတ်ဆွေ အပေါင်းအသင်း ဖြစ်သွားတယ်။ ဒါကြောင့် သူများကို တိုက်တွန်းပေးခြင်းအားဖြင့် မိတ်ဆွေ အပေါင်းအသင်းတွေ များတယ်။ အဲဒီနေရာမှာ လှူရင် စည်းစိမ်ဥစ္စာကို ရတယ်။ တိုက်တွန်းလို့ရှိရင် အပေါင်းအသင်းတွေ ရတယ်။ အဲဒီတော့ အဲဒါကို ပြောင်းပြန် ပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ မလှူဘူးဆိုလို့ရှိရင် ဖြစ်လေရာ ဘဝမှာ ပစ္စည်းဥစ္စာ ရရှိမှု မရှိဘူး။ မတိုက်တွန်းဘူး ဆိုရင် မိတ်ဆွေ မရှိဘူး၊ မိတ်ဆွေကောင်းမရဘူး။ အဲဒီ လေးချက်ကို မြတ်စွာဘုရားက ဟောတာ (၁) လှူသာလှူပြီး မတိုက်တွန်းဘူးဆိုရင် ဖြစ်လေရာ ဘဝမှာ ချမ်းသာကြွယ်ဝသော်လည်း အပေါင်းအသင်း အခြံအရံ နည်းတယ်။ (၂) တိုက်တွန်းသာ တိုက်တွန်းပြီး ကိုယ်တိုင် မလှူဘူးဆိုရင် ဖြစ်လေရာဘဝမှာ အပေါင်းအသင်းအခြံအရံများသော်လည်း ပစ္စည်းဥစ္စာ ရှားပါးတယ်။ (၃) လှူလည်း မလှူဘူး၊ တိုက်လည်း မတိုက် တွန်းဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘဝမှာ ဆင်းရဲ တယ်။ တစ်ကိုယ်တည်းနေရတဲ့ ဘဝမျိုး ရောက်တယ်။ (၄) လှူလည်း လှူတယ်၊ တိုက် တိုက်တွန်းတယ်ဆိုတဲ့ ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ပုဂ္ဂိုလ်က ဖြစ်လေရာဘဝမှာ ပစ္စည်း ဥစ္စာလည်းရတယ်။ မိတ်ဆွေအပေါင်းအသင်းလည်းများတယ်ဆိုတဲ့ အကျိုးကိုရတယ်။ အဲဒီလိုလှူခြင်းရဲ့အကျိုးကျေးဇူးနဲ့ တိုက်တွန်းခြင်းရဲ့ အကျိုးကျေးဇူး ဒီနှစ်ခုကို ကဿပဘုရားက ပရိတ်သတ်မှာဟောလိုက်တာ။ တရားနာ ပရိသတ်ထဲက အသိပညာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တစ်ယောက်က စိတ်ဝင်စားတယ်။ "ငါဟာ ဖြစ်လေရာဘဝမှာ ပစ္စည်းဥစ္စာကြွယ်ဝပြီး အပေါင်းအသင်းများတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် လုပ်မယ်။ အကျိုးနှစ်မျိုးရအောင် လုပ်မယ်"လို့ဆိုပြီး သူက သူကိုယ်တိုင်လည်း လှူတယ်။ တိုက်လည်း တိုက်တွန်းတယ်ဆိုတဲ့ အလုပ်ကို လုပ်တယ်။ တရားပွဲပြီးတဲ့အခါ မြတ်စွာဘုရားကို လျောက်တယ်။ "အရှင်ဘုရား မနက်ဖြန်ကြွလာတဲ့ သံဃာတွေကို ဆွမ်းလှူပါရစေ။” သံဃာကလည်း နှစ်သောင်း ရှိတယ်။ “ဘယ်နှစ်ပါး တာဝန်ယူမှာလဲ" ဆိုတော့ “ရှိသမျှ သံဃာကုန် သူတာဝန်ယူပါ့မယ်” သို့သော် အဲဒီလူက သံဃာနှစ်သောင်းလုံးကို သူတတ် နိုင်တာတော့ မဟုတ်ဘူး။ သူက စိတ်ကူးရလို့ အားလုံးကို ပင့်လိုက်တယ်။ ပင့်ပြီးတဲ့အခါမှာ အရပ်ထဲ လိုက်လံနှိုးဆော်တယ်၊ တိုက်တွန်းတယ်။ “သံဃာ နှစ်သောင်း နက်ဖြန်ခါ ဆွမ်းစားပင့်ထားတယ်။ ကိုယ် တတ်နိုင်သလောက် ဆွမ်းလှူဒါန်းကြပါ”လို့ လိုက်ပြီး တိုက်တွန်းတယ်။ သဒ္ဓါတရားရှိတဲ့ လူတွေက လက်ခံ ကြတယ်။ အပါး(၂၀) တာဝန်ယူမယ်၊ (၁၀)ပါး တာဝန် ယူမယ်နဲ့ ကိုယ်တာဝန်ယူနိုင်တဲ့ အတိုင်းအတာ တစ်ခုအရ လူတွေဟာ အသီးသီး တာဝန်ယူကြတယ်။ နှိုးဆော်သူက အားလုံးကို စာရင်း မှတ်ထားလိုက်တယ်။ နောက် ဗာရာဏသီမြို့မှာ အလွန်ဆင်းရဲတဲ့ လူတစ်ယောက်နဲ့ တွေ့တဲ့အခါ အဲဒီလူရဲ့ ဘဝကို သူသနားတယ်။ သနားတယ်ဆိုတာ “မရှိလို့ မလှူ မလှူလို့မရှိ”ဆိုတဲ့ သံသရာထဲက သူ ထွက်မှာ မဟုတ်ဘူး။ ဒီလို အခွင့်ကောင်း ရတဲ့အချိန်လေးမှာ သူလည်း လှူသင့်တယ်ဆိုပြီး သူ့ကို တိုက်တွန်းတယ်။ ပထမ အဲဒီလူက သူ့မှာ ဘာမှ မရှိတော့ငြင်းတယ်။ နိုးဆော်သူက “ခင်ဗျား မရှိလို့မလှူ မလှူလို့ မရှိဆိုရင် ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ် တတ်နိုင်တဲ့ လုပ်အားနဲ့ အလုပ်လုပ်ပြီး လှူပါလား။ တစ်ပါးတတ်နိုင် တစ်ပါး၊ နှစ်ပါးတတ်နိုင် နှစ်ပါး လှူပါလား”လို့ တိုက်တွန်းတယ်။ နောက်တော့ လူဆင်းရဲက စိတ်ပါသွားတယ်။ “ဟုတ်သားပဲ။ ငါမှာ ခြေလက်ရှိတာပဲ။ ကိုယ့်အား ကိုယ်ကိုး အလုပ်လုပ်လိုက်လို့ရှိရင် ဆွမ်းတစ်နပ်တော့ တတ်နိုင်မှာပဲ” လို့ တွေးမိပြီး ရဟန်းတစ်ပါးအတွက် တာဝန်ယူလိုက်တယ်။ အိမ်ပြန်ပြီး အမျိုးသမီးနဲ့တိုင်ပင် တဲ့အခါ အမျိုးသမီးက မငြင်းဘူး။ စိတ်စေတနာ ကောင်းတယ်။ “အတိတ်ဘဝတုန်းက ကျွန်မတို့ ဘာမှမလှူခဲ့လို့ ဒီဘဝဆင်းရဲတယ်။ အဲဒီတော့ ဖြစ်တဲ့နည်းနဲ့ ကျွန်မတို့ အလုပ်ပိုလုပ်ပြီး လှူကြရအောင်”။ အိမ်ကအမျိုးသမီးက သဒ္ဓါတရားထက်ထက် နဲ့ အဲဒီလိုပြောတော့ စိတ်အားတွေပိုပြီး တက်ကြွ တယ်။ တက်တက်ကြွကြွ အလုပ်တွေလုပ်တယ်။ သူဌေးအိမ်သွားပြီး ထင်းခွဲတဲ့ အလုပ် လုပ်တယ်။ လေတချွန်ချွန် သီချင်းတအေးအေးနဲ့ လုပ်တယ်။ သူဌေးကြီးက အကဲခတ်ပြီး “မင်း ဒီနေ့ တယ် အလုပ်တွေ ကြိုးစားပါလား” လူဆင်းရဲက ပြောတယ်၊ “ကျွန်တော် တစ်ခြားကြောင့် မဟုတ်ဘူး။ နက်ဖြန်ခါ သံဃာတစ်ပါး ဆွမ်းကပ်ဖို့ ကျွန်တော် တာဝန်ယူထား တယ်။ ဒါကြောင့် ကြိုးစားတာ။” သူ့စေတနာက ဘယ်လောက်ကောင်းသလဲ ဆို ဒါအတွက် ပင်ပန်းခံပြီးတော့ လုပ်တာ။ သူဌေးကြီး လည်း သူ့စေတနာကိုသဘောကျပြီး သူ့ကို လုပ်အားခ ပိုပြီးပေးတယ်။ လုပ်အားခ အနေနဲ့ ဆန်တစ်ပြည်၊ နောက်ထပ် ဆန်တစ်ပြည် အပိုပေးတယ်။ ဆွမ်းကပ်ဖို့ အတွက် ဆန်အလုံအလောက် ရလာတယ်။ အိမ်က ဇနီးကလည်း မောင်းထောင်း ဆန်ပြာတဲ့အလုပ်ကို ကြိုးစားလုပ်တယ်။ ပိုက်ဆံချမ်းသာသူတွေက သူကြိုးကြိုးစားစား လုပ်နေတာကို ကြည့်ပြီးမေးတော့ သူ သံဃာတစ်ပါး တာဝန်ယူထားတယ်။ ဆွမ်းကပ်မယ်ဆိုတော့ အဲဒါနဲ့တင်ပဲ သဘောကျပြီး သူ့ကိုလည်း ရက်ရက်ရောရော လုပ်အားခ ပေးကြ တယ်။ သူတို့ ဇနီးမောင်နှံနှစ်ယောက် ရတဲ့ လုပ်ခနဲ့ ဆွမ်းကပ်ဖို့ရာ အဆင်ပြေသွားတယ်။ ဆွမ်းအတွက် ဖူလုံသွားပြီ။ ဟင်းအတွက် ရှာမယ်ဆိုပြီး မြစ်ကမ်းခြေ သွားတယ်။ အဲဒီမှာ အလုပ်တစ်ခု ရလာတယ်။ တံငါတွေက ဖမ်းပြီး ငါးတွေကို သောင်ပြင်ပေါ်မှာ ထားကြတယ်။ သူ့ကို မြင်တဲ့အခါ “မင်း အလုပ်လုပ်မလား။ ငါတို့ ခိုင်းစရာ ရှိတယ်”ဆိုတော့ “လုပ်မယ်၊” သူက ကျပန်းအလုပ် သမားကိုး။ ဘာခိုင်းခိုင်း လုပ်မယ်ဆိုတော့ ငါးတွေ ရွေးချယ်ပြီး အရွယ်တူတဲ့ ငါးတွေကို အတွဲတစ်တွဲ တွဲ၊ အကောင်ကြီးတာတွေ တစ်တွဲစီတွဲ၊ ကြိုးနဲ့ချည်ပြီး ငါးတွေကို သီခိုင်းတာပေါ့။ သူက ကြိုးကြိုးစားစား ငါးတွဲတွေကို စံနစ်တကျတွဲတယ်။ မြို့ထဲကလူတွေကလည်း ဆွမ်းကပ်ဖို့ အဲဒီနေ့ မှာ ကမ်းနားဆင်းပြီး ငါးတွေဝယ်ကြတယ်။ သူတွဲထား သမျှ ငါးတွေအကုန်လုံး ရောင်းလို့ ကုန်သွားတယ်။ သူ့လုပ်အားခ ပေးစရာငါး မကျန်တော့ဘူး။ မကျန်တဲ့ အခါမှာ တံငါသည်တွေက ငါးကြင်းတစ်ကောင်ကို အိမ်စားဖို့ဆိုပြီး သဲထဲဖွက်ထားတာ ရှိတယ်။ အဲဒီငါးကို ပဲ လုပ်အားခအနေနဲ့ ပေးလိုက်ကြတယ်။ ငါးကြင်း တစ်ကောင် လုပ်အားခ ရသွားတယ်။ အဲဒါနဲ့ အိမ်မြန်မြန်ပြန်ပြီး ချက်ပြုတ်တာပေါ့။ သူ့ရဲ့ စိတ်စေတနာတွေက အဲဒီအချိန်မှာ တက်ကြွနေ တာ၊ ဒါပေမဲ့ ဘယ်ရဟန်းကို သူ ဆွမ်းကပ်ရမယ် ဆိုတာ မသိဘူး။ ရဟန်းတစ်ပါးကို ဆွမ်းကပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဟာ ကြိုးစားတာ။ အဲဒီလိုနဲ့ နောက်ရက် နံနက်မှာ တိုက်တွန်း နှိုးဆော်တဲ့လူက ဆယ်ပါး၊ အပါးနှစ်ဆယ်၊ လေးဆယ်၊ ငါးဆယ်ယူတဲ့လူတွေ အကုန်လုံး စာရင်းအတိုင်း ပေးလိုက်တယ်။ သံဃာတွေ ပင့်ပင့်သွားလိုက်ကြတာ သံဃာနှစ်သောင်း တစ်ပါးမှ မကျန်အောင် ကုန်သွား တယ်။ “သူ့အတွက် သံဃာ ဘယ်မှာလဲ”လို့ သွားမေး တယ်။ သူ့အတွက် တစ်ပါးတည်းမို့ စာရင်းမတင်မိဘူး၊ သူ့အတွက် သံဃာမကျန်တော့ဘူး။ “ငါမေ့သွားတယ်။ မင်းအတွက် မလုပ်မိဘူး။” သူက တိုက်သာ တိုက်တွန်း လိုက်ရတာ၊ ဒီကောင် ဆင်းရဲသားဆိုတော့ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ခပ်ပေါ့ပေါ့ဖြစ်ပြီး စာရင်း မှတ်မထားမိလို့ သူ့အတွက် သံဃာမရ ဖြစ်သွားတယ်။ အဲဒီ သံဃာမရခြင်းဟာ သူ့ အတွက် ကံကောင်းဖို့ ဖြစ်လာတယ်။ အဲဒီအချက်ကို ယူပြီး တော့ ဒီနေ့မနက်မှာ မဟာဒုဂ်မြသပိတ် မဲဖောက် နေကြတာပဲ။ သူဟာ ကံကောင်းသူ တစ်ယောက် ဖြစ်သွားတယ်။ ဆက်ရန် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ။ စေတနာကောင်းလျှင်ကံကောင်းသည် တရားဒေသနာတော်မှ...... Crd; KhaingKhaing

via အလင်းရောင် ဓမ္မ https://ift.tt/2QpmON7

" သရဏဂုံ စွဲမြဲထုံ ကျွတ်တန်းဝင်နိုင်ပုံ " 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မြန်မာပြည်, ရန်ကုန်တိုင်း, မရမ်းကုန်းမြို့နယ် ဒေါ်တင်စိန် (ယောဂီ)၏ လျှောက်ထားသော မေးခွန်းများမှာ--- ရတနာသုံးအင်၊ ယုံကြည်လျှင်က၊ မှန်ပင် မုချ၊ တစ်ချိန်ကျသော်၊ ဒုက္ခကုန်စင်၊ ကျွတ်တန်းဝင်နိုင်ပါသလော? မေး။ ။ (က) အရှင်ဘုရား၊ ရတနာ (၃)ပါးကို ယုံကြည်သူအားလုံးသည် တစ်ချိန်ချိန်တွင် ကျွတ်တန်းဝင်နိုင်ပါ သလား? ဘုရား။ ရတနာသုံးအင်၊ ယုံကြည်လျှင်က၊ မှန်ပင်မုချ၊ တစ်ချိန်ကျသော်၊ ဒုက္ခကုန်စင်၊ ကျွတ်တန်းဝင်လိမ့်။ ဖြေ။ ။ (က) ရတနာ(၃)ပါးကို ယုံကြည်သူအားလုံးသည် တစ်ချိန်ချိန်တွင် ကျွတ်တန်းဝင်နိုင်ပါသည်။ တိသရဏဂမနီယတ္ထေရာပဒါန်၌ “ဝိပဿီဘုရားလက်ထက်တော်ဝယ် မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးသော အမျိုးကောင်းသားတစ်ယောက်သည် အဂ္ဂသာဝက နိသဘထေရ်ထံမှ သရဏဂုံသုံးပါးကိုခံယူလျက် အနှစ်တစ်သိန်းပတ်လုံး စောင့်ရှောက်ခဲ့သော ကောင်းမှုကြောင့် သေလွန်သည့်အခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ရလေသည်၊ သံသရာ၌ ကျင်လည်နေရစဉ်ဝယ် လူ့နတ်စည်းစိမ်တို့ကို အကြိမ်ကြိမ် ခံစားရလျက် ငါတို့ဘုရား လက်ထက်တော်ဝယ် သာဝတ္ထိမြို့တော်၌ ပစ္စည်းဥစ္စာချမ်းသာသောအမျိုးမှာ ဖြစ်ရပြီးလျှင် ခုနစ်နှစ်သားအရွယ်တွင် သူငယ်ချင်းများနှင့်အတူ ကျောင်းတိုက်တစ်တိုက်သို့ သွားသောအခါ ရဟန္တာတစ်ပါးက ထိုသူငယ်အား တရားဟော၍ သရဏဂုံပေးလေသည်၊ သူငယ်သည် သရဏဂုံယူပြီး, မိမိ၏ရှေးဘဝ၌ ဆောက်တည်ဘူးသော သရဏဂုံကို အောက်မေ့လျက် ဝိပဿနာပွါးများသောကြောင့် ရဟန္တာဖြစ်ခဲ့လေသည်။ တိသရဏဂမနိယတ္ထေရအပဒါန်၌ တိသရဏဂမနိယထေရ်ကိုယ်တိုင် ပြန်လည်မိန့်ဆိုသော သရဏဂုံဆောက်တည်ရခြင်း၏ အကျိုးအချို့ကို ဖော်ပြရလျှင်— ငါသည် ထိုစဉ်အခါက ဘုရားရှင်၏တပည့်မြတ်ဖြစ်သော အဂ္ဂသာဝက နိသဘထေရ်ထံမှ သရဏဂုံကို ဆောက်တည် ခံယူ၏။ ငါသည် အနှစ်တစ်သိန်းကာလပတ်လုံး သရဏဂုံကို ပြည့်စုံစွာ စောင့်ရှောက်၏၊ စုတိစိတ်ကျခါနီး ဖြစ်လတ်သော် ငါသည် ထိုသရဏဂုံကုသိုလ်ကို အောက်မေ့၏၊ ငါသည် ကောင်းစွာပြုအပ်သော ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။ နတ်ပြည်သို့ လားရသည်ဖြစ်လတ်သော် ကောင်းမှုကံနှင့်ပြည့်စုံသော ငါသည် ငါကပ်ရောက်ရာ အရပ်တိုင်း၌ ရှစ်ပါးသော (ချမ်းသာခြင်း၏)အကြောင်းတို့ကို ရ၏။ သရဏဂုံအကျိုး ဤရှစ်မျိုး (၁) အရပ်ရှစ်မျက်နှာတို့၌ အပူဇော်ခံရ၏၊ (၂) ထက်မြက်သော ပညာရှိသူလည်း ဖြစ်၏။ (၃) ခပ်သိမ်းသော နတ်တို့သည်လည်း ငါ့အလိုသို့ လိုက်ရကုန်၏။ (၄) မနှိုင်းယှဉ်နိုင်သော စည်းစိမ်ကို ရ၏။ (၅) ခပ်သိမ်းသောဘဝတို့၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ သူတစ်ပါးတို့ နှစ်လိုဖွယ်ဖြစ်၏။ ငါ၏အကျော်အစောသည် ပြန့်နှံ့၍ တက်၏။ (၆) အကြိမ်ရှစ်ဆယ် သိကြားမင်းအဖြစ်ကို ရ၍ နတ်သမီးတို့ဖြင့် ခြံရံလျက် နတ်စည်းစိမ်ကို ခံစားရ၏။ (၇) ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်းဖြစ်ရပြီး, ပဒေသရာဇ်မင်းအဖြစ်သည်ကား မရေတွက်နိုင်။ (၈) အဆုံးဘဝဝယ် သာဝတ္ထိပြည်တွင် အလွန်ကြွယ်ဝချမ်းသာသော အမျိုး၌ဖြစ်၍ ခုနစ်နှစ်သားအရွယ် ရဟန္တာတစ်ပါးထံမှ သရဏဂုံကို ကြားနာရသောကြောင့် မိမိ၏ (အတိတ်က ဆောက်တည်ခဲ့သော) သရဏဂုံကို အမှတ်ရအောက်မေ့မိရကား တစ်နေရာတည်း၌ ထိုင်၍ အရဟတ္တဖိုလ်သို့ ရောက်၏၊ ရဟန္တာအဖြစ်သို့ ရောက်၏-ဟု မိန့်ပါသည်။ သရဏဂုံအကျိုးပြ နောက်ဇာတ်လမ်းတစ်ပုဒ်က အပဒါန်ပါဠိတော် သရဏဂမနိယတ္ထေရာပဒါန်လာ သရဏဂမနိယထေရ်၏အကြောင်း ဖြစ်၏၊ ပဒုမုတ္တရဘုရားလက်ထက်တော်ဝယ် ဟိမဝန္တာ၌ နတ်မင်းတစ်ပါးသည် အခြားသော နတ်ဘီလူးမင်းနှင့် စစ်ပြင်ချိန်တွင် ဘုရားရှင်ကြွရောက်တော်မူလျက် တရားရေအေး တိုက်ကျွေးသဖြင့် စစ်ပြေငြိမ်းခဲ့လေသည်၊ ထိုနတ်မင်းသည် ထိုစဉ် ဘုရားရှင်ကို ကိုးကွယ်ဆီးကပ်ခဲ့သော သရဏဂုံကောင်းမှုကြောင့် လူနတ်စည်းစိမ် ကြိမ်ဖန်များစွာ ခံစားရလျက် ငါတို့ဘုရားရှင်လက်ထေက်တော်ဝယ် သရဏဂမနိယထေရ်အမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့လေသည်။ ဆရာတော် ဦးဇောတာလင်္ကာရ👏👏👏 ဓမ္မာနန္ဒ ဝိဟာရ ဟာ့ဖ်မွန်းဗေးမြို့ =================== Posted by Mc #ဓမ္မနိယာမ

via အလင်းရောင် ဓမ္မ https://ift.tt/31RSFrf

နှုတ် မစောင့်စည်းမှုကြောင့် ခံရသည့် သံသရာဝဋ်ကျွေး ******************************* “ဥဂ္ဂသေန” နောက်တစ်ခုကြည့်၊ ဥဂ္ဂသေန ဆိုတဲ့ သူဌေးသား။ ဥဂ္ဂသေနဟာ သူဌေးသားပဲ။ သူ့ဇနီးကတော့ ကချေသည် မျိုးရိုး၊ သဘင်သည်မျိုးရိုး ခေါ်တာပေါ့။ ရှေးတုန်းကတော့ ဒါ မျိုးရိုးရှိတယ်။ ခုခေတ်ကတော့ မျိုးရိုးရယ်လို့ မဟုတ်ကြဘူး။ ဝါသနာပါလို့ လုပ်တယ်ပေါ့နော်။ ကချေသည်မျိုးရိုးဆိုတော့ သူ့အဖေက ဇာတ်ဆရာ၊သူက ကတဲ့ “မင်းသမီး”ပေါ့လေ။ ခုခေတ်အခေါ် “အငြိမ့်မင်းသမီး၊ ဇာတ်မင်းသမီး”ပေါ့။ ဥဂ္ဂသေနက သူဌေးသား။ ဒီဇာတ်ပွဲကြည့်ရင်းအဲဒီဇာတ်မင်းသမီးကို သဘောကျပြီး သူလဲ ဇာတ်ထဲလိုက်သွားတယ်။ သူဌေးသားက သူဌေးသားလို မနေဘဲ၊ သဘင်သည် လုပ်တယ်။ ခုခေတ်ကတော့ အနုပညာသည်လို့ ခေါ်ပါတယ်။ နှိမ့်ချခေါ်တာ မရှိဘူး။ ရှေးတုန်းကတော့ အနုပညာသည်လို့ မခေါ်ဘူး။ “သဘင်သည်” လို့ပဲခေါ်တယ်။ မြန်မာပြည်မှာနော်။ သဘင်သည်လို့ ခေါ်ပြီး၊ “ဖက်ခွက်စား”လို့လည်း ခေါ်ကြတယ်။ ဇာတ်မင်းသား မင်းသမီးတွေ ကြားရင်တော့ ကြိုက်မှာမဟုတ်ဘူးပေါ့။ ရှေးတုန်းက အဲဒီလိုခေါ်တယ်။ “ဖက်ခွက်စား”။ လူတွေက ရှုံ့ချတယ်ပေါ့။ သူတို့ ကပြတာ ကြည့်တော့ကြည့်တယ်။ ဒါပေမယ့် အဲဒီမျိုးရိုးကို လူတွေကအထင်မကြီးဘူး။ သဘင်သည် မျိုးရိုးကို အထင်မကြီးဘူး။ အဲ၊ ဥဂ္ဂသေနက သူဌေးသား ဖြစ်လျက်သားနဲ့ အဲဒီဇာတ်ပွဲက မင်းသမီးကို သဘောကျပြီးတော့ သူတို့ဇာတ်ထဲကို လိုက်သွားတယ်။ အဲဒီလိုဖြစ်ရတာဘာကြောင့်တုန်းဆိုတော့ ဘဝတစ်ခုမှာ သူက အမှားလုပ်ခဲ့မိတယ်။ ဟိုတုန်းကလဲ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပဲ။ အဲဒီတုန်းက ခရီးသွားရင်း လမ်းမှာ “ရဟန္တာ”တစ်ပါး တွေ့တယ်။ တွေ့ပြီးတော့ အဲဒီ “ရဟန္တာ”ကို သူတို့က ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်ပြီး ဆုတောင်းတယ်ပေါ့။ “အရှင်ဘုရား၊ ဒီကောင်းမှုကြောင့် အရှင်ဘုရားသိတဲ့တရားထူး၊ တရားမြတ်ကို တပည့်တော်တို့ သိပါရစေဘုရား”လို့ အဲဒီလိုဆုတောင်းတဲ့အခါ ရဟန္တာပုဂ္ဂိုလ်ကြီးက အနာဂတံသဉာဏ်နဲ့ ကြည့်လိုက်တယ်။ ဪ၊သူတို့ဟာ ငါသိတဲ့ တရားထူးတရားမြတ် သိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မှာပဲ၊ ဖြစ်မှာပဲဆိုတာကိုမြင်လို့ ရဟန္တာကသဘောကျပြီးပြုံးတာ။ အဲဒီပြုံးတာကို မြင်ပြီးတော့ အမျိုးသမီးလုပ်တဲ့သူက နှုတ်မစောင့်ဘူးလေ၊ “ကြည့်၊ကိုယ်တော်ကြီးက ပြုံးတယ်၊ ဇာတ်သမားနဲ့တူတယ်”ဆိုပြီး ပြောလိုက်တယ်။ ဟို လင်ယောကျာ်းလုပ်တဲ့သူကလည်း “အေး၊ ဟုတ်မှာပေါ့ကွာ” လို့ ပြောလိုက်တယ်။ ဥဂ္ဂသေနက “ဟုတ်မှာပေါ့ကွာ” ပြောခဲ့လို့၊ သူဌေးသားဖြစ်လျက်သားနဲ့ ဇာတ်သမားသွားဖြစ်ရတယ်။ ဘဝတစ်ခုမှာ အမှားလုပ်ခဲ့ပြီးပြီဆိုရင် အမြင့်ကနေ အနိမ့် ဆင်းသွားတာပဲနော်။ ဒါကြောင့်မို့ အင်မတန်ကြောက်စရာကောင်းလို့ သံသရာခရီးသွား အမှားမလုပ်မိစေနဲ့ ပြောတာနော်။ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ) dhammaransi မှ တဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ (ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြ ပါစေခင်ဗျာ) (ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြ ပါသည်ခင်ဗျာ) 🙏ခရီး သည်​ များအားလုံးပဲ့ မင်္ဂလာပါ ခင်​ဗျာ 🙏 🙏ပြန်​လည်​မျှ​ဝေသူ ခရီး သည်​ 🙏

via အလင်းရောင် ဓမ္မ https://ift.tt/2Ntt700

☆“ပိုးလောက်တွေနဲ့ ပြည့်နေတဲ့ ခန္ဓာအိမ်”☆ ▬▬▬▬▬▬▬▬▬▬▬▬▬ ☆ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာမှာ ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ ခန္ဓာအိမ်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘဘာဝနာကို ရှုပွားရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ဒီခန္ဓာအိမ်ကြီးဟာ ပိုးလောက် အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကြီးသာ ဖြစ်ပါတယ်။ ဒီပိုးလောက် တွေဟာ ဒီခန္ဓာအိမ်ကြီးထဲမှာပဲ ကျင်ကြီးစွန့်ကြတယ်၊ ကျင်ငယ်စွန့်ကြတယ်၊ အိမ်ထောင်ပြုကြတယ်၊ သားမွေးကြတယ်၊ ဖျားလျှင်နာလျှင် ဆေးကုကြတယ်၊ သေလျှင်လည်း ဒီခန္ဓာအိမ်ကြီးထဲမှာပဲ အသုဘချကြတယ်၊ အလောင်းကောင် တွေကို စွန့်ပစ်ကြတယ်။ ဒါကြောင့် ဒီခန္ဓာအိမ်ကြီးဟာ ဒီပိုးလောက်တွေရဲ့ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာအိမ်လည်း ဟုတ်တယ်၊ အိမ်ထောင်ပြုရာ သားမွေးရာအိမ်လည်း ဟုတ်တယ်၊ ဆေးကုဖို့ရာ လူနာရုံလည်း ဟုတ်တယ်၊ အသုဘချဖို့ရာ သုသာန်သင်္ချိုင်းလည်း ဟုတ်တယ်။ ☆ ယောဂီပုဂ္ဂိုလ်တစ်ဦးဟာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာပဲ ဒီလို ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလို ရွံရှာစက်ဆုပ်ဖွယ် အခြင်း အရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ “အသုဘ အသုဘ”လို့ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုနေပါ၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ထပ်ကာ ထပ်ကာ ရှုပါ။ ဒီလို ရှုနေတဲ့အခါမှာလည်း .. ၀ိပဿ နာဘာဝနာကို အ၀ါးဝစွာ လေ့လာထားပြီးဖြစ်တဲ့အတွက် မကြာမီအချိန်ကာလအတွင်းမှာပဲ ပိုးလောက်တွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကို မတွေ့တော့ဘဲ ရုပ်ကလာပ် တွေရဲ့ အစုအပုံတွေကိုသာ ဉာဏ်နဲ့ တွေ့မြင်နေပါလိမ့်မည်။ အဲဒီအခါမှာ ရုပ်ကလာပ်တွေမှာ တည်ရှိနေကြတဲ့ ရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ ယင်းရုပ်ပရမတ်တရားတွေကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ၀ိပဿ နာဘာဝနာကို ဆက်လက်ကာ ရှုပွားပါ။ ဒီလို ၀ိပဿ နာရှုတဲ့အပိုင်းရောက်လျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ်-နာမ်-ကြောင်း- ကျိုး ( = သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ၀ိပဿနာ ရှုနေပါ။ ☆ ရုပ်ပရမတ်တရားတို့ရဲ့အသုဘ အခြင်းးအရာ ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ သံယုတ်ပါဠိတော် ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာနှင့် အာသီဝိသော ပမသုတ္တန်အဋ္ဌကထာတို့မှာ ရုပ်ပရမတ်တရားတွေရဲ့ အသုဘဘာဝနာ ရှုကွက်ကိုလည်း ဖွင့်ဆိုထားတော်မူခဲ့ပါတယ်။ ရုပ်ပရမတ်တရားတွေမှာလည်း .. ၁။ ဒုဂ္ဂန္ဓ = မကောင်းတဲ့ ပုပ်သိုးတဲ့ အနံ့ ရှိခြင်း, ၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အရောင်အဆင်း ရှိခြင်း, ၃။ ဗျာဓိ = ဖျားနာတဲ့သဘော ရှိခြင်း, ၄။ ဇရာ = အိုမှု ရှိခြင်း = ရင့်ကျက်မှုဌီကာလ ရှိခြင်း, ၅။ မရဏ = သေကျေပျက်စီးမှု ရှိခြင်း = ပျက်မှုဘင်ကာလ ရှိခြင်း --- ☆ ဒီလို ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတွေ ရှိကြပါတယ်။ ဒီလို ရုပ်ပရမတ်တရားတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ “အသုဘ အသုဘ”လို့ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဒီလို အသုဘဘာဝနာ ရှုနိုင်တဲ့အပိုင်းကို ရောက်ရှိနေလျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ် နာမ်-ကြောင်း-ကျိုး ( = သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆက်လက်ကာ ၀ိပဿနာ ရှုနေပါ။ ဒီနေရာမှာတော့ ဒီသင်္ခါရတရား တွေကို အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ ..လေးမျိုးသော အခြင်း အရာတို့ဖြင့် ၀ိပဿနာ ရှုပွားရမည့်အပိုင်း ဖြစ်ပါတယ်။ ☆ နာမ်ပရမတ်တရားတို့ရဲ့ အသုဘအခြင်းအရာ ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ စက္ခုဒွါရ၀ီထိစတဲ့ ဒွါရ (၆)မျိုးစလုံးတို့မှာ --- ရူပါရုံစတဲ့ ဆိုင်ရာအာရုံ တွေကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်မှု အယောနိသောမနသိကာရကို အကြောင်းခံကာ အကုသိုလ်ဇောနာမ်တရားစုတို့လည်း ထင်ရှားဖြစ်ပေါ်လာ တတ်ကြပါတယ်။ ထိုအကုသိုလ်နာမ်တရားစုတို့ကား အပါယ်သံသရာဝဋ် ဆင်းရဲဒုက္ခအစရှိတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်း ရင်းတရားတွေ ဖြစ်ခြင်းကြောင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရား တွေသာ ဧကန်စင်စစ် ဖြစ်ကြပါတယ်။ ဒါကြောင့် ယင်းအကုသိုလ်နာမ်တရား စုတို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူကာ အသုဘ အသုဘလို့ ရှုပါ။ ရူပါရုံစတဲ့ ဆိုင်ရာအာရုံတွေကို နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု ယောနိသော မနသိကာရကို အကြောင်းခံကာ ဖြစ်ပေါ်လာကြတဲ့ စက္ခုဒွါရ၀ီထိစတဲ့ ကုသိုလ်ဇောဝီထိနာမ်တရားစုတို့လည်း ရှိကြပါတယ်။ အကယ်၍ ဒီကုသိုလ် နာမ်တရားစုတို့ကို အာရုံပြုပြီးတော့ ဒီကုသိုလ်နာမ်တရားစုတို့ကို အကြောင်း ပြုကာ အကုသိုလ်တရားတွေ ထပ်ဆင့်ဖြစ်ပွားလာခဲ့မည်ဆိုလျှင် ယင်းကု သိုလ်နာမ်တရားစုတွေဟာလည်းသံသရာဝဋ်ဆင်းရဲဒုက္ခအ၀၀ကို ဖြစ်ပေါ် စေနိုင်တဲ့ စွမ်းအားရှိတဲ့တရားတွေသာ ဖြစ်ခြင်းကြောင့် ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားတွေသာ ဖြစ်ကြပါတယ်။ ဒီကုသိုလ်နာမ်တရားစုတို့ကိုလည်း အသုဘ အသုဘလို့ ရှုပါ။ ☆ ဒီနေရာမှာ နည်းနည်းတော့ ထပ်ရှင်းဖို့ လိုလိမ့်မည်။ ☆ ဒီလို ပဋ္ဌာန်းဒေသနာတော်မှာ ဘုရားရှင် ဟောကြားထားတော်မူ ခဲ့တဲ့အတိုင်း ယောဂီပုဂ္ဂိုလ်တစ်ဦးဟာလည်း မိမိပြုစုပျိုးထောင်ထားခဲ့ပြီးတဲ့ ဒါန သီလ သမထ ၀ိပဿနာ စတဲ့ ကုသိုလ်တရားတွေကို တစ်နည်း ပြောရ လျှင်တော့ မိမိမှာ တည်ရှိခဲ့တဲ့ တည်ရှိနေဆဲဖြစ်တဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာတရားတွေကို အာရုံပြုပြီးတော့ အကြောင်းပြုပြီးတော့ ဒီကုသိုလ်တရား အမျိုးမျိုးတွေအပေါ်မှာ သာယာမှု တွယ်တာတပ်မက်မှု ရာဂတရားတွေလည်း ဖြစ်နေတတ်တယ်၊ မကျေနပ်မှု စိတ်ခက်ထန်ကြမ်းတမ်းမှု ဒေါသတရား တွေလည်း ဖြစ်နေတတ်တယ်၊ ငါပဲ သူပဲ စတဲ့ အသိမှားမှု မောဟတရားတွေ လည်း ထင်ရှားဖြစ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေအပေါ်မှာ ဂုဏ်ယူ ၀င့်ကြွားနတဲ့ မာန်မာနတရားတွေလည်း ထင်ရှား ဖြစ်နေတတ်တယ်၊ ☆ ဒီကုသိုလ်တရားတွေကို “ငါ” ပြုစုပျိုးထောင်ထားတာပဲ စတဲ့ ခံယူချက်မှားမှု ဒိဋ္ဌိတရားတွေလည်း ဖြစ်ပေါ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေကြောင့် နောင်အနာဂတ်မှာ လူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဖြစ်ရေး စတဲ့ တောင့်တမှု ပတ္ထနာအမျိုးမျိုးတွေလည်း ဖြစ်ပေါ်နေတတ်တယ်။ ဒီပတ္ထနာ ဆိုတာကတော့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသ၀ဋ်တရား စုတွေပဲ ဖြစ်ပါတယ်။ လူတော်လူကောင်း နတ်ကောင်း နတ်မြတ်လို့ အသိမှား နေတဲ့သဘောက အ၀ိဇ္ဇာ၊ ယင်းလူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဘ၀ကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ၊ ယင်းဘ၀ကို စိတ်ကပ် ရောက်စွဲနေတဲ့သဘောက ဥပါဒါန်တို့ ဖြစ်ကြပါတယ်။ ☆ အလားတူပဲ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် အဋ္ဌကထာတို့မှာလည်း .. အချို့အချို့သော ယောဂီပုဂ္ဂိုလ်တွေဟာ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော အလွန်အဆင့်အတန်း မြင့်မားနေတဲ့ ၀ိပဿနာဉာဏ်တွေအပေါ်မှာသော်လည်း ပဲ နှစ်သက်သာယာမှု တွယ်တာမက်မောမှု နိကန္တိလို့ ခေါ်ဆိုတဲ့ တဏှာလော ဘတရားတွေ ထင်ရှားဖြစ်ပေါ်လာနိုင်ကြောင်းကို ဟောကြားထားတော် မူခဲ့ပါတယ်၊ ဖွင့်ဆိုထားတော်မူခဲ့ပါတယ်။ ဒီလို သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သာယာနေတဲ့ တွယ်တာမက်မောနေတဲ့ ယောဂီပုဂ္ဂိုလ်အဖို့ သူ ထူထောင်ထားတဲ့ ကံတွေထဲမှာ ဒီသင်္ခါရုပေက္ခာဉာဏ်လို့ခေါ်ဆိုတဲ့ ၀ိပဿနာ ကံဟာ အားအကောင်းဆုံး ဗလ၀ကုသိုလ်ကံတစ်ခု ဖြစ်နေပါတယ်။ ဒီလို နှစ် သက်သာယာမှု တွယ်တာမက်မောမှု တဏှာလောဘရဲ့ အားပေးထောက်ပံ့မှု ကို ရရှိနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ဟာ နောင်တစ်ဖန် ဘ၀သစ်မှာပဋိသန္ဓေ အကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကုသိုလ်ကံတစ်မျိုး ဖြစ်လာပါတယ်၊ ပဋိသန္ဓေအကျိုးကို ပေးလည်းပေးပါတယ်။ နောင်တစ်ဖန် ဘ၀သစ်မှာ ပဋိသန္ဓေတည်နေရခြင်း အိုခြင်း နာခြင်း သေခြင်းစတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့ ကုသိုလ်ကံမျိုး ဖြစ်သွားပါတယ်။ ☆ ဒါကြောင့် ကုသိုလ်ကံတစ်ခုခုကို အမှီပြုပြီးတော့ အကုသိုလ်အမျိုးမျိုး တွေ ထင်ရှားဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လည်း ယင်းကုသိုလ်တရားတွေဟာ ရွံရှာ စက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရားတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီကုသိုလ်တရားစုမျိုးကိုလည်း အသုဘ အသုဘလို့ ရှုနိုင်ပါတယ်။ ¤ ဖားအောက်တောရဆရာတော် ¤ ════════════════

via အလင်းရောင် ဓမ္မ https://ift.tt/2Maa87o

မေတ္တာသာပွားပါ စိတ်နှလုံးအေးချမ်းလာမှာပါ

via အလင်းရောင် ဓမ္မ https://ift.tt/31JBsAa

လူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” 🌸🌸=====🌸🌸======🌸🌸 လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။ (၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ ဒုက္ခ တို့ ဖြစ်ပါတယ်။ (၁) ဒုက္ခ ဒုက္ခ ➖➖➖➖ ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက် တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခ လို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူတိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။ (၂) ၀ိပရိဏာမဒုက္ခ ➖➖➖➖➖➖ အတွေ့ကောင်းတွေနဲ့ တွေ့ထိပြီး ကိုယ်ထဲမှာ ချမ်းသာနေတဲ့ (ကာယိကသုခ)ကိုယ်ချမ်းသာကတစ်မျိုး၊ ၀မ်းသာစရာတွေကို အာရုံပြုပြီး စိတ်ထဲမှာ ရွှင်လန်းဝမ်းသာနေတဲ့ (စေတသိကသုခ) စိတ်ချမ်းသာကတစ်မျိုး၊ ဒီချမ်းသာနှစ်မျိုးကိုတော့ လူတိုင်းကြိုက် ကြပါတယ် ဒီ ချမ်းသာနှစ်မျိုးကို ရအောင်လို့ နေ့မအား၊ ညမအား အသက်ကိုတောင် စွန့်ပြီး ရှာနေကြပါတယ်။ (ရွှေ၊ ငွေ၊ တိုက်တာ၊ အဆောက်အဦး၊ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး) အလိုရှိတိုင်းရပြီး ဒီချမ်းသာတွေကို ခံစားနေကြရတဲ့ အခါလည်း အလွန်ဝမ်းမြောက် နေကြပါတယ်။ ဒါပေမဲ့ အဲဒီလို ပျော်ရွင်ဝမ်းမြောက် နေရာက ချမ်းသာကြောင်း အာရုံဝတ္ထုတွေ ရုတ်တရက် ပျက်စီးဆုံးပါးသွားရင် မနေတတ် မထိုင်တတ်ဖြစ်ပြီး အလွန်ပင် ဆင်းရဲဒုက္ခ ရောက်တတ်ကြပါတယ်။ အဲဒီချမ်းသာတွေ ရှိနေတုန်းမှာ ကောင်းပေမယ့် သူတို့ဖောက်ပြန်ပျက်စီး သွားတဲ့အခါ၊(မရှိတဲ့အခါ) ကျတော့ ယူကျုံးမရဖြစ်ပြီး ဆင်းရဲစေတဲ့ ဒုက္ခလို့ ဆိုလိုပါတယ်။ (၃) သင်္ခါရဒုက္ခ ➖➖➖➖➖ မြင်နေကျ၊ ကြားနေကျ၊ တွေ့ကြုံနေကျ မကောင်းမဆိုး ရိုးရိုးအာရုံ ၀တ္ထုတွေနှင့်တွေ့ဆုံခံစား နေရတဲ့အခါမှာ ဆင်းရဲတယ်လို့လည်း မဆိုနိုင်ဘူး။ ချမ်းသာတယ်လို့လည်း မဆို နိုင်ဘူး။ ဒါပေမဲ့ အဲဒီ ဥပေက္ခာက မြဲတည်နေတော့လည်း မဟုတ်ဘူး၊ မမြဲတဲ့အတွက် အဲဒီ အလယ်အလတ် အခြေအနေ အတိုင်း ဖြစ်နေစေချင်ရင် သူ့ဆိုင်ရာအကြောင်းတွေဖြင့် မပြတ်ပြု ပြင် ပေးနေရပါတယ်။ ပြုပြင်ပေးနေရတော့ တာဝန်လေးတာ ဆင်းရဲတာပေါ့။ ဒါကြောင့် မ ကောင်းမဆိုး အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာကို သင်္ခါရဒုက္ခလို့ ခေါ်ပါတယ်။ (၄) ပဋိ စ္ဆန္နဒုက္ခ ➖➖➖➖➖ နားကိုက်ခြင်း၊ သွားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လေအောင့်ခြင်း၊ လိုချင်တပ်စွဲမှုနှိပ်စက်၍ ပူလောင်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ပူခြင်း အစရှိတဲ့ ကိုယ်ထဲ စိတ်ထဲက အခံရခက်နေ သော ဆင်းရဲဟာ ခံစားနေရတဲ့ သူမှာသာ ထင်ရှားတယ်။ အခြားပုဂ္ဂိုလ်တွေမှာ မထင်ရှားဘူး။ မေးကြည့်လို့ အဲဒီ ခံစားနေရတဲ့သူက ပြောပြမှသာလျှင် သိရတယ်။ အဲဒီ ဆင်းရဲဟာ ဖုံးကွယ် ထားသလိုပင် မြှုပ်ကွယ်နေတဲ့အတွက် ပဋိ စ္ဆန္နဒုက္ခ လို့ ခေါ် ပါတယ်။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ ➖➖➖➖➖➖ ဓားခုတ်ခံရခြင်း၊ လှံထိုးခံရခြင်း၊ သေနတ်မှန်ခြင်း စသည်ကြောင့်ဖြစ်တဲ့ အနာဆင်းရဲကတော့ ကွယ်ဝှက်ခြင်းမရှိဘဲ ထင်ရှားပေါ်နေတဲ့အတွက် အပ္ပဋိ စ္ဆန္နဒုက္ခ လို့ခေါ်ပါတယ်။ (၆) ပရိယာယဒုက္ခ ➖➖➖➖➖➖ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ဖြစ်စေနိုင်တဲ့ ရုပ်နာမ် သဘောတရား ဟူသမျှတွေဟာ သူ့ပင်ကိုယ်က မဆင်းရဲသော်လည်း ဆင်းရဲ၏အကြောင်းဝတ္ထု ဖြစ်သောကြောင့် ပရိယာယဒုက္ခ လို့ ခေါ်ပါတယ်။ (၇) နိပ္ပရိယာယဒုက္ခ ➖➖➖➖➖➖ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့တွင် နည်းပရိယာယ် သွယ်ဝိုက်ခြင်း မရှိဘဲ မုချ ဆင်းရဲလို့ နိပ္ပရိယာယဒုက္ခ လို့ ခေါ်ပါတယ်။ သူတော်ကောင်းတို့ လည်း ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း စသည့် ဆင်းရဲဟူသမျှ၏ အကြောင်းရင်း ဇာတိ မဖြစ်ရအောင် တရားဓမ္မကို လက်ကိုင်ထားပြီး ကျင်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေကုန်သတည်း။ ။ ဓမ္မစာပေများ- Dhamma Wizaya-ဓမ္မဒါန

via အလင်းရောင် ဓမ္မ https://ift.tt/30ji0ws

မေတ္တာဓာတ်ဖြင့်သာ ကမ္ဘာကြီး ငြိမ်းချမ်းနိုင်ပါတယ် ဒါကြောင့် အချင်းချင်းမေတ္တာပွားလို့ ချစ်ခင်နိုင်ကြပါစေ ❤❤❤❤❤❤❤❤ Cr# thar yar

via အလင်းရောင် ဓမ္မ https://ift.tt/2IiuSc6

🍃🌸 မေတ္တာဆိုတာ 🌸🍃 လူတိုင်း အမှန်တရားလက်ကိုင်ထားတယ်လို့ ပြောကြတယ် ... ဒါပေမယ့် လူကြားထဲ အမှန်အတိုင်း သွားပြောရင် အဆင်မပြေ ဖြစ်ကြတာ များတယ်။ ဒီအမှန်ဆိုတာက ကိုယ်ထင်ထားတဲ့ ကိုယ့်ရဲ့အမှန်ဖြစ်နေလို့။ အိမ်မှာ - ကိုယ်က မှန်အောင်နေတယ်၊ ဒါပေမဲ့ တစ်အိမ်လုံးနဲ့ အဆင်မပြေ ဖြစ်တယ်။ ကိုယ့်ရဲ့အမှန်ဆိုတာက ကိုယ်ထင်ထားတဲ့အမှန်ဖြစ်နေလို့။ ကိုယ့်အတွက်ကမှန်တယ် ၊ ဒါပေမယ့် အားလုံးနဲ့ အဆင်မပြေဘူး၊ မနေတတ်သေးလို့နဲ့ တူပါတယ်။ ကိုယ်အမှန်လို့ထင်ထားတာတွေက မှားများးနေပြီလား ... သူ အဆင်မပြေဘူး ... ကိုယ် အဆင်ပြေနေတယ် ... ဒီအချိန်မှာ ကိုယ့်ဆီမှာ သနားကြင်နာတဲ့ စိတ်ကလေး ရှိနေဖို့ လိုတယ်။ ကိုယ့်ကံနဲ့ ကိုယ်လာတာ ... ဆိုတဲ့ စကားကို အဆင်ပြေနေတဲ့သူက အဆင်မပြေဖြစ်နေတဲ့သူကို ပြောလိုက်တဲ့ အခါ - မှန်တော့ မှန်တယ်၊ ဒါပေမယ့် ခံရတဲ့သူ ... ကြားရတဲ့သူ အတွက် အဆင်မပြေနိုင်ဘူး၊ ခံရခက်တယ်။ "ဗြဟ္မာ့ဝိဟာရ တရားလေးပါး" နဲ့ နေနိုင်မှ အားလုံးနဲ့ အဆင်ပြေမယ်။ ဗြဟ္မာ့ဝိဟာရ တရားလေးပါးဆိုတာ ... မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတွေကို ခေါ်တာ။ မေတ္တာထားပါ... သနားရမယ့်သူကို သနားပါ... သူများကြီးပွားချမ်းသာနေတာကို မုဒိတာပွားပါ... ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုပါ... ကိုယ်က လူတစ်ယောက်ကို မေတ္တာထားလို့လည်း မရဘူး၊ သနားလို့လည်း မရဘူး၊ မုဒိတာပွားလို့လည်း မရဘူး ဆိုရင်တော့ ... ဘယ်လိုမှ လုပ်လို့ မရဘူးဆိုရင်တော့ ... ဥပေက္ခာပြုလိုက်ပါ။ ဈာန်ငါးပါး မှာ ဥပေက္ခာက ပဉ္စမဈာန် ကို ရောက်တယ်။ အိမ်ပူတယ် ဆိုတာ ... အိမ်ကလူတွေ၊ အိမ်မှာနေတဲ့သူတွေ ပူလို့ အိမ်ပူတာ။ ကမ္ဘာကြီးပူတယ် ဆိုတာ ... ကမ္ဘာကြီးမှာနေတဲ့သူတွေ ပူလို့။ ရင်တွေပူတယ် ... စိတ်တွေပူတယ်ဆိုတာ ... စိတ်ထဲမှာ မငြိမ်းချမ်းလို့။ မေတ္တာမထားနိုင်လို့။ လူတွေ ကိုယ်မှန်တယ်ထင်ပြီး ထင်တာလုပ်လေလေ ပိုပူလာလေလေပဲ။ ဒီတော့ မပူအောင် ... မှန်အောင်နေပါ ... ဗြဟ္မာ့ဝိဟာရ တရားနဲ့ နေပါ။ မေတ္တာထားတယ် ဆိုတာ ... လောဘ မဖြစ်အောင် နေတာ။ ကရုဏာ ထားတယ် ဆိုတာ ... ဒေါသ မဖြစ်အောင် နေတာ။ မုဒိတာ ပွားတယ် ဆိုတာ ... လောဘ၊ ဒေါသ မဖြစ်အောင် နေတာ။ ဥပေက္ခာ ထားတယ် ဆိုတာ ... မောဟ မဖြစ်အောင် နေတာ။ မေတ္တာစိတ်ကို ... လက်တစ်ဖျစ်တီး လောက် ... တစ်စက္ကန့်လေးလောက် ထားကြည့်ပါ။ လက်တစ်ဖျစ်လောက် မေတ္တာစိတ်ထားတာနဲ့ ... လက်တစ်ဖျစ်စာ သီလလုံတယ် ... သမာဓိရတယ် ... လက်တစ်ဖျစ်စာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးမျိုးလုံး ကျင့်ပြီးသား ဖြစ်သွားတယ်။ မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ... မတည့်တဲ့သူ၊ မုန်းတဲ့သူ အကြောင်း မစဉ်းစားနဲ့၊ ချစ်တဲ့သူ အကြောင်းလည်း မစဉ်းစားနဲ့။ မုန်းတဲ့သူ အကြောင်း စဉ်းစားရင် ... ဒေါသ ဖြစ်မယ်။ ချစ်တဲ့သူ အကြောင်း စဉ်းစားရင် ... တဏှာ ဖြစ်မယ်။ တဏှာနဲ့လည်း မချစ်နဲ့ ... ဒေါသနဲ့လည်း မမုန်းနဲ့ ... ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့။ လူတွေ မေတ္တာ နေ့တိုင်းပို့နေကြတယ် ... မေတ္တာသုတ်တွေ ရွတ်တယ် ... ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် တကယ်မေတ္တာ ရှိလို့လား၊ အကျင့်ပါနေလို့ ပို့ကြတာလား။ ကုသိုလ်ရချင်လို့လား။ မေတ္တာဆိုတာ ကိုယ့်မှာ ရှိနေဖို့၊ သူများကို ပေးဝေဖို့ လိုတယ် ... လက်တစ်ဖျစ်စာကနေ ရအောင်လုပ်ကြပါ။ မေတ္တာထားကြပါ။ ကမ္ဘာကြီးပူနွေးလာတာ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့် ဖြစ်တာ။ တချို့က သစ်ပင်တွေ ခုတ်လို့ လို့ပြောကြတယ်။ တချို့က ဘာတွေသုံးလို့ ညာတွေ သုံးလို့ဆိုပြီးပြောတယ်။ တကယ့်တရားသဘောနဲ့ကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်။ လူတွေ သစ်ပင်ခုတ်တယ်၊ ခုတ်တဲ့သူတွေက အခုတ်ခိုင်းတဲ့သူတွေရှိလို့ ခုတ်တယ်၊ အခုတ်ခိုင်းတဲ့ သူတွေက သူတို့ကိုယ်တွင်းက လောဘ၊ ဒေါသ၊ မောဟ တွေကြောင့် အခုတ်ခိုင်းတာ။ မေတ္တာစိတ်ဆိုတာ ပင်ကိုယ်ဓါတ်ခံကောင်းရင် ဖြစ်လွယ်တယ်။ မုန်းစရာ၊ ချစ်စရာ အာရုံတွေကို ရှောင်ပြီး အာရုံပြု၊ ဥပမာ - မိဘကျေးဇူးကို အာရုံပြု၊ ကိုယ့်အကြောင်းကိုယ် စဉ်းစားရင်လည်း အဆင်ပြေတယ်။ မေတ္တာစိတ် ဖြစ်လွယ်တယ်၊။ သူများအကြောင်းတွေ စဉ်းစားရင်တော့ ချစ်တဲ့၊ မုန်းတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်။ ကိုယ်နဲ့ မတည့်တဲ့သူအကြောင်းဆိုရင် မစဉ်းစားဘဲနဲ့ ပေါ်နေတတ်တယ်။ မတည့်တဲ့သူ အကြောင်းကို စဉ်းစား၊ ပေါ်လာတဲ့ သူ့မျက်နှာကို မြင်ပြီး ကိုယ်တစ်ယောက်ထဲ ရန်ဖြစ်နေတာ။ တွေးတိုင်း ပြန်ပေါ်တယ်။ မပြီးနိုင်တော့ဘူး။ ဒါ ကိုယ့်လောက် ရူးတဲ့သူ မရှိတော့ဘူးလေ။ ကိုယ့်စိတ်တွေပဲ ပူလောင်လာမယ် ... သူကတော့ သိမှာတောင် မဟုတ်ဘူ။ အိပ်ခါနီး ချက်ချင်း အိပ်မပျော်သေးခင် ... ကိုယ်မေတ္တာပို့နိုင်သူ၊ ကိုယ်မေတ္တာပို့ရမယ့်သူတွေကို - မေတ္တာပို့ပါ။ မနက် အိပ်ယာက နိုးတာနဲ့ နိုးနိုးချင်း မေတ္တာပွားပါ။ ဘယ်သူ့အပေါ်မှ မမုန်းဘဲနေနိုင်တဲ့ အစွမ်း၊ စိတ် ရှိနိုင် ... ထားနိုင်ရမယ်။ အခုခေတ်လူတွေက ကိုယ့်စိတ်ထဲမှာ အချိုးမကျတဲ့သူ၊ ကိုယ်နဲ့စိတ်တိုင်းမကျတဲ့သူကို မြင်လေ မေတ္တာစိတ် ပျောက်လေလေ ဖြစ်တတ်ကြတယ်။ တွေးတာနဲ့တောင် ဒေါသတွေ အမျက်ချောင်းချောင်း ထတတ်ကြတယ်။ အမှန်တရားကိုလည်း ကြိုက်ပါ၊ နေတတ်အောင်လည်း နေပါ။ ကိုယ့်စိတ်တိုင်းကျ၊ အချိုးကျတဲ့သူဆိုတာ မရှိနိုင်ဘူ။ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျကြရဲ့လား။ ကိုယ့်ဘ၀ကိုတောင် ကိုယ်ကျေနပ်လို့လား။ ကိုယ်ပြင်ပေးလိုက်လို့၊ ကိုယ်ပြောလိုက်လို့ အချိုးကျသွားတယ်ဆိုတဲ့သူ ဘယ်နှစ်ယောက် ရှိခဲ့ဘူးလဲ။ သူ့အပေါ် မေတ္တာမရှိလို့ သူ အချိုးမကျတာ။ ကိုယ့်မှာ မေတ္တာတကယ်ရှိလာရင် မျက်စိထဲမှာ အားလုံး အချိုးကျလာမယ်။ မေတ္တာစိတ်လေးထားတာသည် ... သီးခံခြင်း အကျင့်ကို ကျင့်ရာရောက်တယ်၊ အားလုံး အကျိုးများတယ်။ သီလ၊ သမာဓိ၊ ပညာ ထူထောင်ပြီး ဖြစ်တယ်။ ကိုယ် မေတ္တာပို့ချင်တဲ့သူကို အာရုံစိုက်ပြီးပို့၊ ပြီးရင် လူ၊ သတ္တ၀ါ တွေကို မေတ္တာပို့ ၊ မိဘ၊ ကျေးဇူးရှင် ဆရာသမားတွေကို စူးစိုက် အားထဲ့ပြီး မေတ္တာပို့လိုက်တာနဲ့ အာရုံထဲမှာ သူတို့ပုံတွေ ပေါ်လာမယ်။ ဒီလိုလုပ်တာမှာ ... အားစိုက်ထုတ်တာလေးရှိတယ်။ ရည်မှန်းတဲ့ ဓါတ်ကလေးပါတယ်။ ဒါက သြဒိသ - ရည်စူးပြီးပို့တဲ့ မေတ္တာ။ စိတ်ကို မှန်လို ကြည်အောင်နေ။ မေတ္တာစိတ်လေးနဲ့နေ။ ဒါက အနောဒိသ - မရည်စူးပဲ ပို့တဲ့ မေတ္တာ။ သြဒိသ မေတ္တာမှာ စူးစိုက်တဲ့ ဈာန် သဘောပါတယ်။ ဈာန်က အားးစိုက်ရတယ် ... သူက သမထ။ အနောဒိသ မေတ္တာမှာ ဥာဏ် သဘောပါတယ်။ ဥာဏ်က အားစိုက်ဖို့ မလိုဘူး ... သူက ၀ိပဿနာ။။ တခါတလေ ကိုယ်က ဘုရားရှိခိုးပြီးလို့ စိတ်ကလေးကြည်နေတဲ့ အချိန်မှာ - မေတ္တာပွားနေတဲ့ အချိန်မှာ စိတ်ထဲမှာ - ဖျတ်ကနဲ၊ ဖျတ်ကနဲ ပေါ်လာတဲ့ သူတွေ ကြုံဖူးလိမ့်မယ်။ အဲဒါ ကိုယ့်မေတ္တာကို ခံယူမယ့်သူတွေ ပေါ်လာတာ။ အနောဒိသ မေတ္တာ၊ အဲဒီအချိန်မှာ သူတို့ကို မေတ္တာပို့ပေး။ အဲဒီအချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်မနေဘူး။ ပေါ်လာတဲ့ အာရုံတွေမမြဲတာ ကို သတိလေးထားပေး။ လူတွေ ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်။ နောက်တစ်ယောက်ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်။ ဒီလို မမြဲတဲ့ သဘော ကို နှလုံးသွင်း ... မေတ္တာပို့နေရင်း ကိုယ့်စိတ်မှာ၊ ကိုယ်မှာ ပီတိ တွေ ဖြစ်လာမယ်။ အဲဒီ ပီတိတွေ ပျက်သွားမယ်။ ဒါတွေဟာ ပီတိကြောင့် ဖြစ်လာတဲ့ ဖြစ် - ပျက် သဘောတွေကို သိလာတာ ... ဒါက ၀ိပဿနာ။ အဲဒီအချိန်မှာ ... စိတ်မဆိုးအောင်၊ ဒေါသမထွက်အောင် သတိထား။ စိတ်ဆိုး ဒေါသထွက်ရင် ကိုယ်ရနေတဲ့ ငြိမ်းချမ်းမှုလေး ဆုံးရှုံးသွားမယ်။ မေတ္တာထားတတ် ပွားတတ်ရင် ... ဈာန်လည်းရမယ်၊ ဥာဏ်လည်းရမယ်။ လက်တစ်ဖျစ်စာ မေတ္တာပွားတဲ့အခါမှာတောင် ဒီလောက် အကျိုးများရင်၊ လက်တစ်ဖျစ်စာပေါင်းများစွာ ... ကြိမ်ဖန်များစွာ ကျင့်လာတဲ့သူတစ်ယောက်အတွက် ဘာမှ ပြောစရာကို မလိုတော့ဘူး။ မေတ္တာ ကို ရှိအောင်လည်း နေပါ။ သူများတွေကိုလည်း ပေးပါ၊ ပို့ပါ။ ပွားလဲ ပွါးပါ။ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ

via အလင်းရောင် ဓမ္မ https://ift.tt/2QoVrTn

***ကြာကြာထိုင်​မှ တရားသိမှာလား?*** ~~~~~~~~~~~~~~~~ မေး။ မပြောင်းဘဲ ကြာကြာထိုင်​နေတာနဲ့ ပြောင်းပြင်ပေးတာ ဘယ်ဟာက ပိုပြီး တရားသိနိုင်ပါသလဲ။ ဖြေ။ ။ ကြာကြာထိုင်မထိုင်နဲ့ တရားသိမသိ မေးခွန်းကိုကြည့်ပြီး နှစ်ပိုင်းခွဲလိုက်ပါ။ တရားသိဖို့နဲ့ ထိုင်ဖို့ဆိုတဲ့ အကျိုး နှစ်ခုမှာ မိမိကိုယ်ကို ပြန်မေးပါ။ “တရားသိချင်တာလား။ ထိုင်ချင်တာလား" "တရားထိုင်ချင်တယ်” လို့ ပြောနေကြ တာတွေကို သတိထားကြည့်ပါ။ တရားသိချင်ရင် သိဖို့ အကြောင်းအရင်း ရှိပါတယ်။ တရားထိုင်နိုင်ချင်ရင် ထိုင်နိုင်ဖို့ အကြောင်းအရင်း ရှိပါတယ်။ ကိုယ်ဆင်းရဲမှု ဒုက္ခ စိတ်ဆင်းရဲမှု ဒေါမနဿနဲ့  သစ္စာလေးပါးတရားကို ထိုးထွင်းမသိနိုင်ပါဘူး။ ကိုယ်ချမ်းသာမှု သုခ စိတ်ချမ်းသာမှု သောမနဿနဲ့သာ သစ္စာလေးပါးတရားကို ထိုးထွင်းသိနိုင်ပါတယ်။ ကိုယ်ဆင်းရဲမှုဒုက္ခကို အကြောင်းခံပြီး စိတ်ဆင်းရဲမှုဆိုတာ များသောအားဖြင့် ဖြစ်တတ်ကြပါတယ်။ စိတ်ဆင်းရဲမှုဆိုတာ အကုသိုလ်ပါ။ ကိလေသာ ဝင်နေလို့ ကိလေသာ အရှိန်ကောင်းလို့ ဖြစ်ရတာပါ။ စိတ်ချမ်းသာမှုဆိုတာ ကုသိုလ်ပါ။ သတိရှိလို့ ဓာတ်ခံကောင်း နှလုံးသွင်းကောင်းရှိလို့ စိတ်ချမ်းသာရတာပါ။ ကုသိုလ်စိတ်ချမ်းသာမှုအမျိုးမျိုးမှာ ၀ိပဿနာ ကုသိုလ်စိတ်ဟာ လောကီစိတ် ချမ်းသာမှုတွေထဲက အဆင့်အမြင့်ဆုံးပါပဲ။ သတိရှိမှ ကုသိုလ်စိတ်ဖြစ် ကုသိုလ်စိတ် ဖြစ်ပြီး ဉာဏ်ပါလာမှ ရုပ် နာမ်သဘောကို သိနိုင်မြင်နိုင်ပါတယ်။ တရားသိချင်ရင် သတိရှိတဲ့ ကုသိုလ် စိတ်ချမ်းသာမှု ဖြစ်ရပါတယ်။ မပြောင်းဘဲ ကြာကြာထိုင်တာနဲ့ ပြောင်းပြင်ပြီး ထိုင်တာနဲ့ ဘယ်ဟာက ပိုပြီး တရားသိနိုင်ပါ သလဲဆိုတာ ဆက်ပြီးဖြေကြည့်ကြရအောင်။ အချိုးအစားမကျတဲ့ ထိုင်နေမှုကြောင့် ဒါမှမဟုတ် ကြာလာတဲ့အခါ နာကျင်ကိုက်ခဲမှု ကိုယ်ဆင်းရဲမှုတွေ ပြင်းစွာဖြစ်လာပါတယ်။ ကိုယ်ဆင်းရဲရင် စိတ်ဆင်းရဲတတ်ပါတယ်။ ​ဒေါသ အကုသိုလ်စိတ် ဖြစ်တတ်ပါတယ်။ အဖြစ်လည်း များပါတယ်။ မပြောင်းမပြင်နဲ့ ဆိုလို့သာ ထိုင်နေရတယ်။ မကျေနပ်စိတ် ဖြစ်နေရင် အရှုခံအာရုံ ရုပ်နာမ်ကို မမြင်နိုင်ပါဘူး။ နာကျင်ကိုက်ခဲမှုကိုပဲမြင်ပြီး ​ဒေါသပဲ ဖြစ်နေပါတယ်။ ပြောင်းချင်တယ်။ မပြောင်းရဲလို့ ဆိုတာမျိုးဟာ တရားမသိနိုင်ပါဘူး။ ဒါဖြင့် ပြောင်းချင်လို့ ပြောင်းတယ်ဆိုပါစို့။ အနာသက်သာရုံ ကျင်တာပျောက်သွားရုံ တင်းတာ လျော့သွားရုံ ဒီလောက် ရည်ရွယ်ချက်နဲ့ပြောင်းရင် အနာတော့ သက်သာချင် သက်သာမယ်။ ကျင်တာ ပျောက်ချင်ပျောက်မယ်။ တင်းတာ လျော့ရင်လျော့မယ်။ တရား​တော့ သိလိုက်မှာမဟုတ်ပါဘူး။ ကြာကြာထိုင်ချင်တဲ့ ပုဂ္ဂိုလ်အတွက် နာကျင်မှုကို အောင့်ခံလို့ပဲဖြစ်ဖြစ် အာရုံပြောင်းလို့ဘဲ ဖြစ်ဖြစ် အကျင့်လုပ်ပြီး ထိုင်သွားရင် (၁၀) မိနစ်ကနေ နာရီဝက် နာရီဝက်ကနေ (၁)နာရီ၊ (၂) နာရီ တစ်နေကုန်ဆိုတာ ထိုင်နိုင်လာပါတယ်။ ကြာကြာထိုင်ချင်ရင် ထိုင်ကျင့် တိုးတိုးပြီး လုပ်ပါ။ ကြာလာရင် အကျင့်ရပြီး ထိုင်နိုင်လာပါတယ်။ တရားသိချင်ရင်တော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ​အေးအေးဆေး​ဆေး အချိန်တိုင်း သတိဝီရိယ​ကောင်းတွေနဲ့ ကြိုးစားပြီး ကြည့်ပါ။ တရားသိနိုင်လာပါတယ်။ ကြာကြာထိုင်တာ မထိုင်တာနဲ့ တရားသိတာ မသိတာနဲ့ကို မရောထွေးပါစေနဲ့။ ထိုင်ချင်ရင် ထိုင်နိုင်အောင်ကျင့် တရားသိချင်ရင် တရားသိအောင် ကျင့်ပါ။ ....................................... *ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ* ..................🙏🙏🙏 *၀ိပဿနာ တရားသင်တန်း အမေးအဖြေများသင်တန်း အမှတ်စဉ် (၂)* .............

via အလင်းရောင် ဓမ္မ https://ift.tt/2OazQeK