Sunday, October 13, 2019

#တရားနဲ့နေတဲ့သူရဲ့စရိုက် တရားနဲ့ နေတယ်ဆိုတာ ဝင်သက် ထွက်သက်လေးကိုပဲ အာရုံပြုပြီး ဝင်သက်လေးရဲ့ အစနဲ့အဆုံး ထွက်သက်လေးရဲ့ အစနဲ့အဆုံး ဒါလေးပဲကြည့်ပြီး သြော် မမြဲပါလားလို့ သဘောပေါက်နေတာကို ပြောတာ။ သူများအကြောင်း ကောင်းတာလည်း မတွေးဘူး။ မကောင်းတာလည်း မတွေးဘူး။ ချစ်တာလည်းမရှိဘူး။ မုန်းတာလည်းမရှိဘူး။ စိတ်လေးက အေးပြီး ငြိမ်နေတာ။ ဒါကို တရားနဲ့နေတယ်ပြောတာ။ ရန်လိုစိတ်လည်းမရှိဘူး။ လူတွေကို အမြင်မကြည်တာလည်း မရှိဘူး။ လူတွေကို အပြစ်လည်းမမြင်ဘူး။ သူတစ်ယောက်တည်း ပြည့်စုံနေ တယ်လေ။ ထမင်း ဝချင်မှဝမယ်။ ဒါပေမဲ့ ပြည့်စုံနေတယ်။ လှလှ ဝတ်ချင်မှဝတ်ရမယ်။ ဒါပေမဲ့ ပြည့်စုံနေတယ်။ နာမည်ကြီးချင်မှ ကြီးမယ်၊ ဒါပေမဲ့ ပြည့်စုံနေတယ်။ တစ်ယောက်တည်း အချိန်က များတယ်။ ဒါပေမဲ့ ပြည့်စုံနေတယ်။ အမြဲတမ်းစိတ်က အေးချမ်းနေတယ်။ မျက်နှာက ကြည်နေတယ်။ ဣနြေ္ဒက ငြိမ်နေတယ်။ မျက်နှာပေါ်မှာ အေးချမ်းမှု ထင်ရှားနေတယ်။ စကားသိပ်မပြောဘူး။ ပြောရင် အရမ်းအေးချမ်းတယ်။ နားဝင်ချိုတယ်။ ဒါပေမဲ့ သိပ်မပြောဘူး။ မေတ္တာပို့နေတတ်တယ်။ အရမ်းအေးချမ်းနေတာ။ အဲဒါ တရားနဲ့ နေတဲ့သူရဲ့ စရိုက်တစ်ချို့ပေါ့။ အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။ #Via - Paral Lei #တရားနဲ႕ေနတဲ့သူရဲ႕စရိုက္ တရားနဲ႕ ေနတယ္ဆိုတာ ဝင္သက္ ထြက္သက္ေလးကိုပဲ အာ႐ုံျပဳၿပီး ဝင္သက္ေလးရဲ႕ အစနဲ႕အဆုံး ထြက္သက္ေလးရဲ႕ အစနဲ႕အဆုံး ဒါေလးပဲၾကည့္ၿပီး ေၾသာ္ မၿမဲပါလားလို႔ သေဘာေပါက္ေနတာကို ေျပာတာ။ သူမ်ားအေၾကာင္း ေကာင္းတာလည္း မေတြးဘူး။ မေကာင္းတာလည္း မေတြးဘူး။ ခ်စ္တာလည္းမရွိဘူး။ မုန္းတာလည္းမရွိဘူး။ စိတ္ေလးက ေအးၿပီး ၿငိမ္ေနတာ။ ဒါကို တရားနဲ႕ေနတယ္ေျပာတာ။ ရန္လိုစိတ္လည္းမရွိဘူး။ လူေတြကို အျမင္မၾကည္တာလည္း မရွိဘူး။ လူေတြကို အျပစ္လည္းမျမင္ဘူး။ သူတစ္ေယာက္တည္း ျပည့္စုံေန တယ္ေလ။ ထမင္း ဝခ်င္မွဝမယ္။ ဒါေပမဲ့ ျပည့္စုံေနတယ္။ လွလွ ဝတ္ခ်င္မွဝတ္ရမယ္။ ဒါေပမဲ့ ျပည့္စုံေနတယ္။ နာမည္ႀကီးခ်င္မွ ႀကီးမယ္၊ ဒါေပမဲ့ ျပည့္စုံေနတယ္။ တစ္ေယာက္တည္း အခ်ိန္က မ်ားတယ္။ ဒါေပမဲ့ ျပည့္စုံေနတယ္။ အၿမဲတမ္းစိတ္က ေအးခ်မ္းေနတယ္။ မ်က္ႏွာက ၾကည္ေနတယ္။ ဣေျနၵက ၿငိမ္ေနတယ္။ မ်က္ႏွာေပၚမွာ ေအးခ်မ္းမႈ ထင္ရွားေနတယ္။ စကားသိပ္မေျပာဘူး။ ေျပာရင္ အရမ္းေအးခ်မ္းတယ္။ နားဝင္ခ်ိဳတယ္။ ဒါေပမဲ့ သိပ္မေျပာဘူး။ ေမတၱာပို႔ေနတတ္တယ္။ အရမ္းေအးခ်မ္းေနတာ။ အဲဒါ တရားနဲ႕ ေနတဲ့သူရဲ႕ စရိုက္တစ္ခ်ိဳ႕ေပါ့။ အရွင္သုစိတၱ (ေမာ္ကြၽန္း) ဆရာေတာ္။ #Via - Paral Lei


via အလင္းေရာင္ ဓမၼ https://ift.tt/2MEUl0v