အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, October 14, 2019
🙏 မှန်ကန်သော မေတ္တာ ပို့နည်း 🙏 🌷🌷🌷🌷🌷🌷🌷🌷🌷🌷 မုန်းစရာ မတွေးနဲ့ 🌱🌱🌱🌱🌱 လူတစ်ယောက်အပေါ်မှာ မေတ္တာထားမယ်ဆိုရင် မုန်းစရာ ဘယ်တော့မှ မတွေးနဲ့။ ကောင်းတဲ့ အကွက်တွေကို တွေး။ အဲဒီ နည်းနဲ့မှ ဖျောက်လို့ ရတယ်။ သို့သော် မေတ္တာ အားကောင်း သွားပြီဆိုရင် သူက မုန်းစရာ အကွက်ကို မြင်ကို မမြင်တော့ဘူး။ အဲဒီ အဆင့် ရောက်သွားအောင် လုပ်ရမယ်။ ပစ်မှတ် လွဲချော်နေ 🌴🌴🌴🌴🌴🌴 အခုက မတော်တာကို ဝတ်ကျေတန်းကျေလေး ပို့နေတာ။ ရင်ထဲက အမုန်းတရား ပြုန်းနေတုန်းပဲ ရှိသေးတယ်။ မေတ္တာလုပ်တာ မထိရောက်ဘူးလေ ခုခေတ် ဒါကြောင့်မို့လို့ ထစ်ခနဲရှိ မုန်းကြပြီ၊ ရန်ဖြစ် ကြပြီ၊ ကွဲကြ ပြီ၊ ပြဲကြပြီ၊ အဲဒီလိုတွေ ဖြစ်နေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ (Target - ပစ်မှတ်)မှ မမှန်တာ။ မေတ္တာပို့ကတည်းက ကိုယ်ချမ်းသာချင်လို့ ပို့နေတာ။ မေတ္တာက ဘေးရန် အန္တရာယ်ကင်းတယ်ဆိုတာ ကိုယ် ဘေးရန် အန္တရာယ် ကင်းချင်တာနဲ့ မေတ္တာတွေ နင်းကန် စွတ်ပို့ အမုန်းတရားက ရှိနေတယ်။ အမုန်းစိတ်ပျောက်ဖို့ မေတ္တာပို့ 🌿🌿🌿🌿🌿🌿🌿🌿🌿 ဘုရားရှင်က “မေတ္တာ ဘာဝေတဗ္ဗာ ဒေါသဿ ပဟာနာယ - ရင်ထဲက အမုန်းစိတ်ပျောက်ဖို့ မေတ္တာ(ပို့)လုပ်ပါ ”လို့ ပြောတာ။ ကိုယ်ချမ်းသာဖို့ လုပ်ခိုင်းတာ မဟုတ်ဘူး။ သူများကို မေတ္တာပို့တယ်ဆိုတာ အမုန်းစိတ် ပျောက်အောင်။ အန္တရာယ်ကင်းဖို့ဆိုရင် ☘☘☘☘☘☘☘ ဟိုလူကလည်း “မေတ္တာပို့ပေးပါဦး၊ မေတ္တာပို့ပေးပါဦး” ရင်ထဲကတော့ အမုန်းတွေ အပြည့်။ ဘယ်လိုလုပ် အန္တရာယ် ကင်းမတုန်း။ တလွဲဆီ ဖြစ်နေတာ။ မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိတာလို “သောက်ဆေးကို လိမ်းဆေးလုပ်ပြီး လိမ်းနေတာ၊ သောက်ရမှာကို လိမ်းနေရုံနဲ့ မပျောက်ဘူး” တဲ့။ ဟုတ်တာပဲ အဲ့ဒါနော်။ မေတ္တာကို မှန်မှန်ကန်ကန် ပို့တတ်အောင် လုပ်။ မေတ္တာ အစားထိုးနည်း 🌳🌳🌳🌳🌳🌳🌳 ဘာအတွက် မေတ္တာပို့တာတုန်း။ ရင်ထဲက အမုန်းစိတ် ပျောက်အောင် မေတ္တာပို့ရတာ။ ကိုယ့်ရင်ထဲမှာ အမုန်းစိတ် ပျောက်သည်ထိအောင် မေတ္တာပို့ရမယ် ဒါကို ပြောတာ နော်။ မေတ္တာ အစားထိုးတယ်။ အမုန်းတရားကို မေတ္တာနဲ့ အစားထိုးတယ်။ သူများကို သွား အစားထိုးလို့ မရဘူး။ ကိုယ့်ရင်ထဲမှာ ထိုးရမယ်။ ဒီလို ဆိုလိုတယ်။ အဲဒါ သတ်တာနံ မနာပဘာဝ ဒဿန ပဒဌာနာ။ လူတစ်ယောက်ကို မေတ္တာ ပို့မယ်ဆိုရင် ကောင်းကွက်လေးကို ရှာ၊ ဆိုးတာတွေကို မကြည့်နဲ့၊ နှစ်သက်စရာကို ရှာရမယ်။ 🎄🎄🎄🎄🎄🎄🎄🎄 ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဓမ္မအနှစ်သာရacc 🙏 မွန္ကန္ေသာ ေမတၱာ ပို႔နည္း 🙏 🌷🌷🌷🌷🌷🌷🌷🌷🌷🌷 မုန္းစရာ မေတြးနဲ႕ 🌱🌱🌱🌱🌱 လူတစ္ေယာက္အေပၚမွာ ေမတၱာထားမယ္ဆိုရင္ မုန္းစရာ ဘယ္ေတာ့မွ မေတြးနဲ႕။ ေကာင္းတဲ့ အကြက္ေတြကို ေတြး။ အဲဒီ နည္းနဲ႕မွ ေဖ်ာက္လို႔ ရတယ္။ သို႔ေသာ္ ေမတၱာ အားေကာင္း သြားၿပီဆိုရင္ သူက မုန္းစရာ အကြက္ကို ျမင္ကို မျမင္ေတာ့ဘူး။ အဲဒီ အဆင့္ ေရာက္သြားေအာင္ လုပ္ရမယ္။ ပစ္မွတ္ လြဲေခ်ာ္ေန 🌴🌴🌴🌴🌴🌴 အခုက မေတာ္တာကို ဝတ္ေက်တန္းေက်ေလး ပို႔ေနတာ။ ရင္ထဲက အမုန္းတရား ျပဳန္းေနတုန္းပဲ ရွိေသးတယ္။ ေမတၱာလုပ္တာ မထိေရာက္ဘူးေလ ခုေခတ္ ဒါေၾကာင့္မို႔လို႔ ထစ္ခနဲရွိ မုန္းၾကၿပီ၊ ရန္ျဖစ္ ၾကၿပီ၊ ကြဲၾက ၿပီ၊ ၿပဲၾကၿပီ၊ အဲဒီလိုေတြ ျဖစ္ေနတယ္။ ဘာျဖစ္လို႔တုန္းဆိုေတာ့ (Target - ပစ္မွတ္)မွ မမွန္တာ။ ေမတၱာပို႔ကတည္းက ကိုယ္ခ်မ္းသာခ်င္လို႔ ပို႔ေနတာ။ ေမတၱာက ေဘးရန္ အႏၱရာယ္ကင္းတယ္ဆိုတာ ကိုယ္ ေဘးရန္ အႏၱရာယ္ ကင္းခ်င္တာနဲ႕ ေမတၱာေတြ နင္းကန္ စြတ္ပို႔ အမုန္းတရားက ရွိေနတယ္။ အမုန္းစိတ္ေပ်ာက္ဖို႔ ေမတၱာပို႔ 🌿🌿🌿🌿🌿🌿🌿🌿🌿 ဘုရားရွင္က “ေမတၱာ ဘာေဝတဗၺာ ေဒါသႆ ပဟာနာယ - ရင္ထဲက အမုန္းစိတ္ေပ်ာက္ဖို႔ ေမတၱာ(ပို႔)လုပ္ပါ ”လို႔ ေျပာတာ။ ကိုယ္ခ်မ္းသာဖို႔ လုပ္ခိုင္းတာ မဟုတ္ဘူး။ သူမ်ားကို ေမတၱာပို႔တယ္ဆိုတာ အမုန္းစိတ္ ေပ်ာက္ေအာင္။ အႏၱရာယ္ကင္းဖို႔ဆိုရင္ ☘☘☘☘☘☘☘ ဟိုလူကလည္း “ေမတၱာပို႔ေပးပါဦး၊ ေမတၱာပို႔ေပးပါဦး” ရင္ထဲကေတာ့ အမုန္းေတြ အျပည့္။ ဘယ္လိုလုပ္ အႏၱရာယ္ ကင္းမတုန္း။ တလြဲဆီ ျဖစ္ေနတာ။ မိုးကုတ္ဆရာေတာ္ႀကီး အမိန့္ရွိတာလို “ေသာက္ေဆးကို လိမ္းေဆးလုပ္ၿပီး လိမ္းေနတာ၊ ေသာက္ရမွာကို လိမ္းေန႐ုံနဲ႕ မေပ်ာက္ဘူး” တဲ့။ ဟုတ္တာပဲ အဲ့ဒါေနာ္။ ေမတၱာကို မွန္မွန္ကန္ကန္ ပို႔တတ္ေအာင္ လုပ္။ ေမတၱာ အစားထိုးနည္း 🌳🌳🌳🌳🌳🌳🌳 ဘာအတြက္ ေမတၱာပို႔တာတုန္း။ ရင္ထဲက အမုန္းစိတ္ ေပ်ာက္ေအာင္ ေမတၱာပို႔ရတာ။ ကိုယ့္ရင္ထဲမွာ အမုန္းစိတ္ ေပ်ာက္သည္ထိေအာင္ ေမတၱာပို႔ရမယ္ ဒါကို ေျပာတာ ေနာ္။ ေမတၱာ အစားထိုးတယ္။ အမုန္းတရားကို ေမတၱာနဲ႕ အစားထိုးတယ္။ သူမ်ားကို သြား အစားထိုးလို႔ မရဘူး။ ကိုယ့္ရင္ထဲမွာ ထိုးရမယ္။ ဒီလို ဆိုလိုတယ္။ အဲဒါ သတ္တာနံ မနာပဘာဝ ဒႆန ပဒဌာနာ။ လူတစ္ေယာက္ကို ေမတၱာ ပို႔မယ္ဆိုရင္ ေကာင္းကြက္ေလးကို ရွာ၊ ဆိုးတာေတြကို မၾကည့္နဲ႕၊ ႏွစ္သက္စရာကို ရွာရမယ္။ 🎄🎄🎄🎄🎄🎄🎄🎄 ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ဓမၼအႏွစ္သာရacc
via အလင္းေရာင္ ဓမၼ https://ift.tt/31bvgzL
Newer Post
Older Post
Home