အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 20, 2019
"ဘေးအစစ်ကြီးသုံးပါး" =============== (တိကနိပါတ် အဂုင်္တ္တိုရ် ဘယသုတ်) ✳✳✳✳✳✳✳✳✳ ချစ်သားတို့... တစ်ရံရောအခါ လူ့ပြည်တစ်ခွင် အကုန်စင်အောင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား၏။ ရွာ၊နိဂုံ၊ မင်းနေပြည်၊အားလုံးပင် မီးလောင်မှုဖြစ်ပွားလို့ လူ တွေဟာ မီးဘေးလွတ်ရာ ထွက်ပြေးကြ၏။ မိမိ အိမ် သူအိမ်သားချင်းပင်ဖြစ်သော်လည်း စောင့်ခေါ်၍မသွားနိုင်ကြချေ။ တစ်ဦးချင်း ကိုယ်ထွက်ရုန်းကာ ထွက်ပြေးကြရ၏။ ဒီလိုအခါမျိုးမှာ အမေကလည်း သားကို တွေ့မြင်ခွင့်မရ။ သားကလည်း အမေကိုတွေ့ မြင်ခွင့်မရ။ အဲဒီ မီးဘေးကြီးက "ပဌမ အမာတာပုတ္တိ က"ဘေးကြီးဖြစ်၏။ ချစ်သားတို့... တရံရောအခါ လူ့ပြည်တစ်ခွင်အကုန်စင်အောင် မိုးအကြီး အကျယ်ရွာသွန်းမှုဖြစ်ပွား၏။ မိုးအကြီး အကျယ်ရွာခြင်းကြောင့် ရေအလျင်ကြီးစွာဖြစ်ပေါ် လာပြီး ရွာ၊ နိဂုံး ၊မင်းနေပြည် အားလုံးပင် ရေထဲ မျောပါကုန်၏။ အဲဒီလို လူ့ပြည်တစ်ခွင် ရေဘေး အကြီးအကျယ် ဖြစ်ပွားသည့်အခါ လူတွေလည်း ရေထဲမျောပါသွားကြပြီး တစ်မိသားချင်းပင် တစ်စု တစ်စည်းတည်းမရှိချေ။ ရောက်မိရောက်ရာ ရောက် ကြရကုန်၏။ ဒီလိုအခါမျိုးမှာ အမေကလည်း သားကို တွေ့မြင်ခွင့်မရ။သားကလည်း အမေကို တွေ့မြင် ခွင့်မရ။ အဲဒီလို ရေဘေးကြီးကို "ဒိတိယ အမာတာ ပုတ္တိက"ဘေးလို့ခေါ်၏။ ချစ်သားတို့.... တစ်ရံရောအခါ လူ့ပြည်တွင် သူပုန်ဘေးကြီးဖြစ်ပေါ် လာ၏။ အဲဒီ သူပုန်တွေဟာ တိုင်းစွန် ပြည်နား ဇနပုဒ် မျာကို အတင်းအဓမ္မ နှိပ်စက် ဖျက်ဆီးကြ၏။ ချစ်သားတို့...အဲဒီ သူပုန်ဘေးကြီးဖြစ်ပေါ်လာသည့်အခါ ပြည်သူ ပြည်သားတွေ ကိုယ်လွတ်ရုန်းပြီး ခြေဦးတည့်ရာ ပြေးကြကုန်၏။ ဒီလိုအခါမျိုးမှာ အမေကလည်း သားကိုတွေ့ခွင့်မရ။ သားကလည်း အမေကို တွေ့ခွင့်မရ။ အဲဒီ သူပုန်ဘေးကြီးက "တတိယ အမာ တာပုတ္တိက"ဘေးလို့ခေါ်၏။ ချစ်သားတို့....ယခုလောကီလူသားတို့ ပြောနေသည့် မီးဘေးကြီးမှာလည်း ပြေးရင်း လွှားရင်းသော်လည်း ကောင်း၊ မီးဘေးလွတ်ရာ တနေရာမှာ ပုန်းနေသော် လည်းကောင်း လွတ်နိုင်သေး၏။ ချစ်သားတို့.... ရေဘေးကြီးဖြစ်ပွားလာလျှင်လည်း ရေမှာ မျောပါရင်း သစ် ဝါး ထင်းတုံး ဖောင်စသည် တို့ကို မှီတွယ်၍ ရေဘေးမှ တရံတစ်ခါ လွတ်နိုင်သေး၏။ ချစ်သားတို့... ယခုလောကီလူသားတို့ပြောနေကြသည့် စစ်ဘေး ကြီးမှာလည်း ပြေးရင်း လွှားရင်း တနေရာမှာ ပုန်း နေလျှင် အသက်ဘေးမှလွတ်နိုင်သေး၏။ ချစ်သားတို့...ဒါကြောင့် ဒီ " မီးဘေး၊ ရေဘေး၊သူပုန် ဘေး" ဤ ဘေးကြီးသုံးပါးကို ဘေးအစစ်လို့မမှတ် သင့်ချေ။ "သမာတာ ပုတ္တိက"ဘေးကြီးသုံးပါးလို့သာ ခေါ်ထိုက်ပေ၏။ ချစ်သားတို့.... နားယူကြ၊ မှတ်သားကြ၊ ငါဘုရား ဟောပြမည့် "အမာတာ ပုတ္တိက"ဘေးကြီးသုံးပါးမှာ အမေက လည်း သားကို မကယ်နိုင်။သားကလည်း အမေ့ ကို မကယ်နိုင်ခြင်းကြောင့် ဘေးအစစ် "အမာတာ ပုတ္တိက"ဘေးကြီးတွေလို့ခေါ်၏။ ချစ်သားတို့.... အဲဒီ ဘေးအစစ်သုံးပါးက... ၁။ ။ဇရာဘေး(အိုဘေးကြီး) ၂။ ။ဗျာဓိဘေး(နာဘေးကြီး) ၃။ ။မရဏဘေး(သေဘေးကြီး) ဒီဘေးကြီးသုံးပါးမှာ အမေကလည်း သားကို မကယ်နိုင်။ သားကလည်း အမေ့ကို မကယ်နိုင်ချေ။ ချစ်သားတို့..... အမေဖြစ်သူက ဆံဖြူ သွားကျိုး အရေတွန့်လိပ် မျက်စိမှုန် နားထိုင်း ခါးကိုင်း ကုန်းကွ အသားအရေ တွေပိန်ချိုင့်ပြီး အိုမင်း မစွမ်းဖြစ်နေသည့်သားကို မြင်၍.... "သား၏ ကိုယ်စား အမေအိုပါရစေ.. ငါ့သား မအိုပါစေလင့်"ဟု စောင့်ရှောက် ကယ်တင် ခြင်းငှါ မစွမ်းနိုင်ချေ။ သားဖြစ်သူကလည်း အမေ့ကိုယ်စား သားအိုပါရစေ အမေ မအိုပါစေလင့်ဟု စောင့်ရှောက် ကယ်တင်ခြင်း ငှါမစွမ်းနိုင်ချေ။ ချစ်သားတို့.... အမေဖြစ်သူက အနာရောဂါဖြင့် ပြင်းစွာနှိုပ်စက်၍ ချမ်းသာကွက် ဘယ်မမြင် လွန်မင်စွာ နာကျင်ပြီး အလွန်ပင်ဆင်းရဲ ကိုယ့်ရဲ့ ကျင်ကြီး ကျင်ငယ်ကို ကိုမျှ ကိုယ်မသုတ်သင်နိုင်၊ ကျင်ကြီး ကျင်ငယ် ရွံ ဖွယ် အညစ်အကြေးတွေ ပေရေ လူးလဲလျက် အိပ်ရာထက်တွင် လှဲကာ သူများထူမှ ထနိုင် သူများ ကျွေးမှ စားနိုင်သည့် သားကိုမြင်၍.... ငါ့သား၏ ကိုစား အမေနာပါရစေ ၊ငါ့သား အနာပါ စေလင့်ဟု စောင့်ရှောက် ကယ်မခြင်းငှါ မစွမ်းနိုင်ချေ ထို့အတူသားဖြစ်သူကလည်း အမေ့ကိုစား သားနာ ပါရစေ အမေ မနာပါစေလင့်ဟု စောင့်ရှောက်ကယ် တင်ခြင်းငှါ မစွမ်းနိုင်ချေ။ ချစ်သားတို့... အမေဖြစ်သူက သေဆုံးသွားသည့်သားကိုမြင်ရ၍... သား၏ ကိုယ်စား အမေ သေပါရစေ ငါ့သား မသေ ပါစေလင့်ဟု စောင့်ရှောက် ကယ်တင်ခြင်းငှါ မစွမ်း နိုင်ပါချေ။ သားဖြစ်သူကလည်း သေဆုံးသွားတဲ့ အမေ့ကို မြင်၍.... "အမေ့ကိုစား သားသေပါရစေ.. အမေ မသေပါစေလင့်ဟု စောင့်ရှောက်ကယ်တင် ခြင်းငှါ မစွမ်းနိုင်ဘူးချစ်သားတို့။ ဒါကြောင့် .... ဒီ အိုဘေးကြီး၊နာဘေးကြီး၊သေဘေးကြီးဆိုတဲ့ အမာတာပုတ္တိက အမေကလည်း သားကိုမကယ် နိုင်။ သားကလည်း အမေ့ကို မကယ်နိုင်သည့် ဘေး အစစ်ကြီးသုံးပါးဟူ၍ သင်ချစ်သားတို့ မှတ်ယူအပ်၏။ ချစ်သားတို့.... ထို အိုဘေး၊နာဘေး၊သေဘေးတို့မှ လွှတ်ကင်းလို ကြလျှင် ဒါန၊သီလ၊ဘာဝနာ သုံးပါးဆုံအောင်ပြု ကျင့်အပ်၏။ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ် အပ်၏။ ကောင်းမှုကုသိုလ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်အပ်၏။ မိမိတို့ရဲ့ စိတ်မှာ ကိလေသာ တွေ မဝင်အောင် အားထုတ်အပ်၏။ ထိုမှသာလျှင် သင်ချစ်သားတို့သည် ရုပ် နာမ် ဓမ္မ သင်္ခါရတရားတို့ ၏ ဖြစ်ခြင်း ပျက်ခြင်းကို ဉာဏ်ဖြင့်ထိုးထွင်းသိမြင် ၍ လေးမဂ် လေးဖိုလ်ရကာ အိုးဘေးကြီးကင်းရာ၊ နာဘေးကြီးကင်းနာ၊ သေဘေးကြီးကင်းရာ၊ မြတ် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပေလိမ့်မည်။ ။ (အဂုင်္တ္တိုရ် ဘယသုတ်) မည်သူကမှ မည်သူ့ကိုမကယ်နိုင် +++++++++++++++++++++ ရဘေး မီးဘေး ပြည်ပျက်လေးကား ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏။ အိုဘေး၊ နာဘေး၊ သေခြင်းဘေးဟုဤ ဘေးသုံးပါး လွန်းကြီးမားကား၊ သားနှင့် အမိဖြစ်တုံဘိလည်း မျက်စိအောက်တွင်၊ ရင်ခွင်တင်လျှက် ၊သက်သက်ရေးပိုင်း၊ မကယ်နိုင်ဘူး။ ။ (မန်လည်ဆရာတော်ကြီး) ဓမ္မကို ဖြန့်ဝေသောသူသည် သာသနာပြုသူမည်၏။ ဒါကြောင့်.... ခွင့်မတောင်းဘဲ(share/copy)လုပ်နိုင်ပါသည်။ မေတ္တာဖြင့်.... ယထာဘူတခေမိန္ဒ 15-7-2018 "ေဘးအစစ္ႀကီးသုံးပါး" =============== (တိကနိပါတ္ အဂုတၤၱိုရ္ ဘယသုတ္) ✳✳✳✳✳✳✳✳✳ ခ်စ္သားတို႔... တစ္ရံေရာအခါ လူ႕ျပည္တစ္ခြင္ အကုန္စင္ေအာင္ မီးအႀကီးအက်ယ္ေလာင္ကြၽမ္းမႈျဖစ္ပြား၏။ ႐ြာ၊နိဂုံ၊ မင္းေနျပည္၊အားလုံးပင္ မီးေလာင္မႈျဖစ္ပြားလို႔ လူ ေတြဟာ မီးေဘးလြတ္ရာ ထြက္ေျပးၾက၏။ မိမိ အိမ္ သူအိမ္သားခ်င္းပင္ျဖစ္ေသာ္လည္း ေစာင့္ေခၚ၍မသြားနိုင္ၾကေခ်။ တစ္ဦးခ်င္း ကိုယ္ထြက္႐ုန္းကာ ထြက္ေျပးၾကရ၏။ ဒီလိုအခါမ်ိဳးမွာ အေမကလည္း သားကို ေတြ႕ျမင္ခြင့္မရ။ သားကလည္း အေမကိုေတြ႕ ျမင္ခြင့္မရ။ အဲဒီ မီးေဘးႀကီးက "ပဌမ အမာတာပုတၱိ က"ေဘးႀကီးျဖစ္၏။ ခ်စ္သားတို႔... တရံေရာအခါ လူ႕ျပည္တစ္ခြင္အကုန္စင္ေအာင္ မိုးအႀကီး အက်ယ္႐ြာသြန္းမႈျဖစ္ပြား၏။ မိုးအႀကီး အက်ယ္႐ြာျခင္းေၾကာင့္ ေရအလ်င္ႀကီးစြာျဖစ္ေပၚ လာၿပီး ႐ြာ၊ နိဂုံး ၊မင္းေနျပည္ အားလုံးပင္ ေရထဲ ေမ်ာပါကုန္၏။ အဲဒီလို လူ႕ျပည္တစ္ခြင္ ေရေဘး အႀကီးအက်ယ္ ျဖစ္ပြားသည့္အခါ လူေတြလည္း ေရထဲေမ်ာပါသြားၾကၿပီး တစ္မိသားခ်င္းပင္ တစ္စု တစ္စည္းတည္းမရွိေခ်။ ေရာက္မိေရာက္ရာ ေရာက္ ၾကရကုန္၏။ ဒီလိုအခါမ်ိဳးမွာ အေမကလည္း သားကို ေတြ႕ျမင္ခြင့္မရ။သားကလည္း အေမကို ေတြ႕ျမင္ ခြင့္မရ။ အဲဒီလို ေရေဘးႀကီးကို "ဒိတိယ အမာတာ ပုတၱိက"ေဘးလို႔ေခၚ၏။ ခ်စ္သားတို႔.... တစ္ရံေရာအခါ လူ႕ျပည္တြင္ သူပုန္ေဘးႀကီးျဖစ္ေပၚ လာ၏။ အဲဒီ သူပုန္ေတြဟာ တိုင္းစြန္ ျပည္နား ဇနပုဒ္ မ်ာကို အတင္းအဓမၼ ႏွိပ္စက္ ဖ်က္ဆီးၾက၏။ ခ်စ္သားတို႔...အဲဒီ သူပုန္ေဘးႀကီးျဖစ္ေပၚလာသည့္အခါ ျပည္သူ ျပည္သားေတြ ကိုယ္လြတ္႐ုန္းၿပီး ေျခဦးတည့္ရာ ေျပးၾကကုန္၏။ ဒီလိုအခါမ်ိဳးမွာ အေမကလည္း သားကိုေတြ႕ခြင့္မရ။ သားကလည္း အေမကို ေတြ႕ခြင့္မရ။ အဲဒီ သူပုန္ေဘးႀကီးက "တတိယ အမာ တာပုတၱိက"ေဘးလို႔ေခၚ၏။ ခ်စ္သားတို႔....ယခုေလာကီလူသားတို႔ ေျပာေနသည့္ မီးေဘးႀကီးမွာလည္း ေျပးရင္း လႊားရင္းေသာ္လည္း ေကာင္း၊ မီးေဘးလြတ္ရာ တေနရာမွာ ပုန္းေနေသာ္ လည္းေကာင္း လြတ္နိုင္ေသး၏။ ခ်စ္သားတို႔.... ေရေဘးႀကီးျဖစ္ပြားလာလွ်င္လည္း ေရမွာ ေမ်ာပါရင္း သစ္ ဝါး ထင္းတုံး ေဖာင္စသည္ တို႔ကို မွီတြယ္၍ ေရေဘးမွ တရံတစ္ခါ လြတ္နိုင္ေသး၏။ ခ်စ္သားတို႔... ယခုေလာကီလူသားတို႔ေျပာေနၾကသည့္ စစ္ေဘး ႀကီးမွာလည္း ေျပးရင္း လႊားရင္း တေနရာမွာ ပုန္း ေနလွ်င္ အသက္ေဘးမွလြတ္နိုင္ေသး၏။ ခ်စ္သားတို႔...ဒါေၾကာင့္ ဒီ " မီးေဘး၊ ေရေဘး၊သူပုန္ ေဘး" ဤ ေဘးႀကီးသုံးပါးကို ေဘးအစစ္လို႔မမွတ္ သင့္ေခ်။ "သမာတာ ပုတၱိက"ေဘးႀကီးသုံးပါးလို႔သာ ေခၚထိုက္ေပ၏။ ခ်စ္သားတို႔.... နားယူၾက၊ မွတ္သားၾက၊ ငါဘုရား ေဟာျပမည့္ "အမာတာ ပုတၱိက"ေဘးႀကီးသုံးပါးမွာ အေမက လည္း သားကို မကယ္နိုင္။သားကလည္း အေမ့ ကို မကယ္နိုင္ျခင္းေၾကာင့္ ေဘးအစစ္ "အမာတာ ပုတၱိက"ေဘးႀကီးေတြလို႔ေခၚ၏။ ခ်စ္သားတို႔.... အဲဒီ ေဘးအစစ္သုံးပါးက... ၁။ ။ဇရာေဘး(အိုေဘးႀကီး) ၂။ ။ဗ်ာဓိေဘး(နာေဘးႀကီး) ၃။ ။မရဏေဘး(ေသေဘးႀကီး) ဒီေဘးႀကီးသုံးပါးမွာ အေမကလည္း သားကို မကယ္နိုင္။ သားကလည္း အေမ့ကို မကယ္နိုင္ေခ်။ ခ်စ္သားတို႔..... အေမျဖစ္သူက ဆံျဖဴ သြားက်ိဳး အေရတြန့္လိပ္ မ်က္စိမႈန္ နားထိုင္း ခါးကိုင္း ကုန္းကြ အသားအေရ ေတြပိန္ခ်ိဳင့္ၿပီး အိုမင္း မစြမ္းျဖစ္ေနသည့္သားကို ျမင္၍.... "သား၏ ကိုယ္စား အေမအိုပါရေစ.. ငါ့သား မအိုပါေစလင့္"ဟု ေစာင့္ေရွာက္ ကယ္တင္ ျခင္းငွါ မစြမ္းနိုင္ေခ်။ သားျဖစ္သူကလည္း အေမ့ကိုယ္စား သားအိုပါရေစ အေမ မအိုပါေစလင့္ဟု ေစာင့္ေရွာက္ ကယ္တင္ျခင္း ငွါမစြမ္းနိုင္ေခ်။ ခ်စ္သားတို႔.... အေမျဖစ္သူက အနာေရာဂါျဖင့္ ျပင္းစြာႏွိုပ္စက္၍ ခ်မ္းသာကြက္ ဘယ္မျမင္ လြန္မင္စြာ နာက်င္ၿပီး အလြန္ပင္ဆင္းရဲ ကိုယ့္ရဲ႕ က်င္ႀကီး က်င္ငယ္ကို ကိုမွ် ကိုယ္မသုတ္သင္နိုင္၊ က်င္ႀကီး က်င္ငယ္ ႐ြံ ဖြယ္ အညစ္အေၾကးေတြ ေပေရ လူးလဲလ်က္ အိပ္ရာထက္တြင္ လွဲကာ သူမ်ားထူမွ ထနိုင္ သူမ်ား ေကြၽးမွ စားနိုင္သည့္ သားကိုျမင္၍.... ငါ့သား၏ ကိုစား အေမနာပါရေစ ၊ငါ့သား အနာပါ ေစလင့္ဟု ေစာင့္ေရွာက္ ကယ္မျခင္းငွါ မစြမ္းနိုင္ေခ် ထို႔အတူသားျဖစ္သူကလည္း အေမ့ကိုစား သားနာ ပါရေစ အေမ မနာပါေစလင့္ဟု ေစာင့္ေရွာက္ကယ္ တင္ျခင္းငွါ မစြမ္းနိုင္ေခ်။ ခ်စ္သားတို႔... အေမျဖစ္သူက ေသဆုံးသြားသည့္သားကိုျမင္ရ၍... သား၏ ကိုယ္စား အေမ ေသပါရေစ ငါ့သား မေသ ပါေစလင့္ဟု ေစာင့္ေရွာက္ ကယ္တင္ျခင္းငွါ မစြမ္း နိုင္ပါေခ်။ သားျဖစ္သူကလည္း ေသဆုံးသြားတဲ့ အေမ့ကို ျမင္၍.... "အေမ့ကိုစား သားေသပါရေစ.. အေမ မေသပါေစလင့္ဟု ေစာင့္ေရွာက္ကယ္တင္ ျခင္းငွါ မစြမ္းနိုင္ဘူးခ်စ္သားတို႔။ ဒါေၾကာင့္ .... ဒီ အိုေဘးႀကီး၊နာေဘးႀကီး၊ေသေဘးႀကီးဆိုတဲ့ အမာတာပုတၱိက အေမကလည္း သားကိုမကယ္ နိုင္။ သားကလည္း အေမ့ကို မကယ္နိုင္သည့္ ေဘး အစစ္ႀကီးသုံးပါးဟူ၍ သင္ခ်စ္သားတို႔ မွတ္ယူအပ္၏။ ခ်စ္သားတို႔.... ထို အိုေဘး၊နာေဘး၊ေသေဘးတို႔မွ လႊတ္ကင္းလို ၾကလွ်င္ ဒါန၊သီလ၊ဘာဝနာ သုံးပါးဆုံေအာင္ျပဳ က်င့္အပ္၏။ မေကာင္းမႈမွန္သမွ်ကို ေရွာင္ၾကဥ္ အပ္၏။ ေကာင္းမႈကုသိုလ္တို႔ကို ျပည့္စုံေအာင္ ျဖည့္က်င့္အပ္၏။ မိမိတို႔ရဲ႕ စိတ္မွာ ကိေလသာ ေတြ မဝင္ေအာင္ အားထုတ္အပ္၏။ ထိုမွသာလွ်င္ သင္ခ်စ္သားတို႔သည္ ႐ုပ္ နာမ္ ဓမၼ သခၤါရတရားတို႔ ၏ ျဖစ္ျခင္း ပ်က္ျခင္းကို ဉာဏ္ျဖင့္ထိုးထြင္းသိျမင္ ၍ ေလးမဂ္ ေလးဖိုလ္ရကာ အိုးေဘးႀကီးကင္းရာ၊ နာေဘးႀကီးကင္းနာ၊ ေသေဘးႀကီးကင္းရာ၊ ျမတ္ နိဗၺာန္ကို မ်က္ေမွာက္ျပဳၾကရေပလိမ့္မည္။ ။ (အဂုတၤၱိုရ္ ဘယသုတ္) မည္သူကမွ မည္သူ႕ကိုမကယ္နိုင္ +++++++++++++++++++++ ရေဘး မီးေဘး ျပည္ပ်က္ေလးကား ဆယ္ေရးတစ္ေရး ကယ္နိုင္ေသး၏။ အိုေဘး၊ နာေဘး၊ ေသျခင္းေဘးဟုဤ ေဘးသုံးပါး လြန္းႀကီးမားကား၊ သားႏွင့္ အမိျဖစ္တုံဘိလည္း မ်က္စိေအာက္တြင္၊ ရင္ခြင္တင္လွ်က္ ၊သက္သက္ေရးပိုင္း၊ မကယ္နိုင္ဘူး။ ။ (မန္လည္ဆရာေတာ္ႀကီး) ဓမၼကို ျဖန့္ေဝေသာသူသည္ သာသနာျပဳသူမည္၏။ ဒါေၾကာင့္.... ခြင့္မေတာင္းဘဲ(share/copy)လုပ္နိုင္ပါသည္။ ေမတၱာျဖင့္.... ယထာဘူတေခမိႏၵ 15-7-2018
via အလင္းေရာင္ ဓမၼ https://ift.tt/2oNosvb
Newer Post
Older Post
Home