အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 24, 2019
<^>#ပစ္စုပ္ပန်ကံကို_ကောင်းအောင်လုပ် ••••••••••••••••••••••••••••••• ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။ ပစ္စုပ္ပန်ကံကိုသာ ကောင်းအောင် လုပ်နေ။ အတိတ်ကံက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြင်လို့မရတော့့ဘူး။ သူ့အကျိုးပေးအတိုင်း လာတော့မှာ... ဘယ်ဗေဒင်ဆရာဆီမှလည်း သွားမနေနဲ့။ မရဘူးနော်။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့အခါ… တစ်ချိန်က အကြောင်းကောင်းခဲ့လို့ အကျိုးလာကောင်းတာ။ ဒီအချိန်မှာ ဘဝင်မမြင့်မိစေနဲ့။ မဖြစ်ချင်တာတွေ ဖြစ်နေတဲ့အခါ… တစ်ချိန်က အကြောင်းမကောင်းခဲ့လို့ အကျိုးပေးကလည်း လာမကောင်းတာ။ ဒီအချိန်မှာ နှလုံးသွင်း မမှားမိစေနဲ့။ အရေးကြီးတယ်။ မကောင်းတဲ့သူတွေနဲ့ တွေ့ရတာဟာလည်း ကိုယ်တစ်ချိန်က မကောင်းခဲ့လို့။ အကြောင်းမကောင်းခဲ့လို့ အကျိုးမကောင်းတာ။ ဒါက သဘာဝတရားနော်။ ဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့။ တူသော အကျိုးပေးတာ... လက်ရှိ ပစ္စုပ္ပန်ကံကိုသာ ကောင်းအောင် လုပ်ထား။ ခုအကြောင်းကောင်းအောင် လုပ်နေရင် နောင်အကျိုးပေး ကောင်းလာလိမ့်မယ်။ အတိတ်က ဖြစ်ခဲ့တဲ့ ပူဆွေးခြင်းတွေကို ဖြတ်တောက်ပစ်။ နောင်ဖြစ်လတ္တံ့ ပူဆွေးခြင်းတွေကိုလည်း မဖြစ်စေနဲ့။ လက်ရှိ ပူဆွေးခြင်းတွေကိုလည်း သိမ်းပိုက်မထားနဲ့။ ဒါဆိုရင် လွတ်မြောက် ငြိမ်းချမ်းပါလိမ့်မယ်။ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ Paral Lel 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 #ကောင်းကျိူးလိုရာပြည့်ကြပါစေ <^>#ပစၥဳပၸန္ကံကို_ေကာင္းေအာင္လုပ္ ••••••••••••••••••••••••••••••• ဒီေန႕ကစၿပီး ဘယ္သူ႕ကိုမွ အျပစ္မတင္နဲ႕။ ပစၥဳပၸန္ကံကိုသာ ေကာင္းေအာင္ လုပ္ေန။ အတိတ္ကံက ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ျပင္လို႔မရေတာ့့ဘူး။ သူ႕အက်ိဳးေပးအတိုင္း လာေတာ့မွာ... ဘယ္ေဗဒင္ဆရာဆီမွလည္း သြားမေနနဲ႕။ မရဘူးေနာ္။ ျဖစ္ခ်င္တာေတြ ျဖစ္ေနတဲ့အခါ… တစ္ခ်ိန္က အေၾကာင္းေကာင္းခဲ့လို႔ အက်ိဳးလာေကာင္းတာ။ ဒီအခ်ိန္မွာ ဘဝင္မျမင့္မိေစနဲ႕။ မျဖစ္ခ်င္တာေတြ ျဖစ္ေနတဲ့အခါ… တစ္ခ်ိန္က အေၾကာင္းမေကာင္းခဲ့လို႔ အက်ိဳးေပးကလည္း လာမေကာင္းတာ။ ဒီအခ်ိန္မွာ ႏွလုံးသြင္း မမွားမိေစနဲ႕။ အေရးႀကီးတယ္။ မေကာင္းတဲ့သူေတြနဲ႕ ေတြ႕ရတာဟာလည္း ကိုယ္တစ္ခ်ိန္က မေကာင္းခဲ့လို႔။ အေၾကာင္းမေကာင္းခဲ့လို႔ အက်ိဳးမေကာင္းတာ။ ဒါက သဘာဝတရားေနာ္။ ဘယ္သူ႕ကိုမွ အျပစ္တင္မေနနဲ႕။ တူေသာ အက်ိဳးေပးတာ... လက္ရွိ ပစၥဳပၸန္ကံကိုသာ ေကာင္းေအာင္ လုပ္ထား။ ခုအေၾကာင္းေကာင္းေအာင္ လုပ္ေနရင္ ေနာင္အက်ိဳးေပး ေကာင္းလာလိမ့္မယ္။ အတိတ္က ျဖစ္ခဲ့တဲ့ ပူေဆြးျခင္းေတြကို ျဖတ္ေတာက္ပစ္။ ေနာင္ျဖစ္လတၱံ့ ပူေဆြးျခင္းေတြကိုလည္း မျဖစ္ေစနဲ႕။ လက္ရွိ ပူေဆြးျခင္းေတြကိုလည္း သိမ္းပိုက္မထားနဲ႕။ ဒါဆိုရင္ လြတ္ေျမာက္ ၿငိမ္းခ်မ္းပါလိမ့္မယ္။ ဒယ္အိုးဆရာေတာ္ ၪူးသုမဂၤလ Paral Lel 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 #ေကာင္းက်ိဴးလိုရာျပည့္ၾကပါေစ
via အလင္းေရာင္ ဓမၼ https://ift.tt/2PgPTIA
Newer Post
Older Post
Home