အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 23, 2019
သူတော်ကောင်းနှင့်ပေါင်းဖော်ရခြင်း၏အကျိုး **************** သဗ်ဘိရဝေ သမာသထေ သဗ်ဘိကုဗ်ဗထေ သန်ထဝံ သတံသဒ္ဓမ္မ မညာယ သေယျော ဟောတိ နပါစိယော။ သဗ္ဘိရေဝ ပညာရှိသူတော်ကောင်းတို့နှင့်သာလျင် သမာသေထ ပေါင်းဖော်တန်ရာ၏ သဗ္ဘိ သူတော်ကောင်းတို့နှင့် သန္ထဝံပေါင်းဖော်ဆည်းကပ်ခြင်းကို ကုဗ္ဗေထ ပြုကုန်ရာ၏ သတံ ဘုရားအစရှိသောသူတော်ကောင်းတို့၏ သဒ္ဓမ္မံ ငါးပါးသောသီလ လေးပါးသောသတိပဌာန်အစရှိသောချီးမွင်းအပ်သောတရားကို အညာယ သိ၍ သေယျောမြတ်၏ဟောတိဖြစ်၏ ပါပိယော ယုတ်မာသည် နဟောတိမဖြစ်။ ဒေဝတာသံယုတ် အဌကတထာ သဗ္ဘိသုတ်မှ ရှေးလွန်လေပြီးသောအခါကုန်သည်ခုနှစ်ရာတို့သည် သင်္ဘောဖြင့် သမုဒ္ဒရာ၌့သွားကြလေသည် ခုနှစ်ရက်မြောက်သောနေ့တွင်သမုဒ္ဒရာ၌သွားနေစဉ်သင်္ဘောသည်ကွဲ၍ရေဝင်လေသည် ထိုအခါ သင်္ဘောတွင်ပါလာသောကုန်သည်တိုသည်မိမိတိုအားထားရာ အားကိုးနတ်တို့ကိုပူဇော်ပသ ကာ ငိုကြွေးကြကုန်လေ၏ အချို့သူတိုသည်လည်းတောင်ပန်ခြင်း မြည်တမ်းခြင်းဆူညံစွာအော်ဟစ်ကြလေသည် ထိုကုန်သည်တိုအထဲတွင်တစ်ယောက်သော ယောင်္ကျားသည် သင်္ဘောထွက်မည့်နေ့တွင် ရဟန်းသံဃာတို့အားမိမိလှူအပ်သောအလှူ ဆောက်တည်အပ်သော သရဏဂုံသီလကိုဆင်ခြင်နှလုံးသွင်းလျက် ကြောက်ရွံခြင်းကင်းလျက်နေ၏ တခြားကုန်သည်တို့က ထိုမကြောက်သောကုန်သည်ကိုမေးကြကုန်လေ၏ ငါသည်သေရမည့်ခန္ဓာရှိနေသည့်အတွက်အသေပြင်ဆင်မူကိုကြိုတင်၍သာပြု့ခဲ့လေသည် ထိုအခါမေးသောသူတို့က သင်၏အားကိုးရာအာထားရာကို ငါတို့အားလည်းပေးအပ်ပါလေဟုမေးကြတောင်းပန်ကြလေကုန်သည် ပေးလိုလည်းရပါကုန်သလားဟုဆိုလေသည် ထိုတစ်ယောက်သောယောင်္ကျားသည် ခုနှစ်ရာသောကုန်သည်တို့အား တစ်ရာဆီ ခုနှစ်စုဖွဲ့၍ သရဏဂုံနှင့် ငါးပါးသီလကိုပေးလေသည် သင်တိုသည် အခြားတစ်ပါးသောအားထားရာ ကိုးကွယ်ရားသည်မရှိ ဤခံယူဆောက်တည်ထားပြီးသော သရဏဂုံနှင့်သီလကိုသာလျင် ဆင်ခြင်နှလုံးကြကုန်လော့ ထိုကုန်သည်ခုနှစ်ရာတို့သည်သေလွန်သည်ရှိသော် တာဝတိ ံသာနတ်ပြည်၌နတ်ဖြစ်ကြလေသည် အတုလ္လပကာရီ နတ်သားမည်ကြကုန်လေသည် ထိုနတ်သားတို့သည်မိမိပြုခဲ့သောကုသိုလ်ကံကိုဆင်ခြင်လတ်သော် ဆရာကိုအမှီပြု၍ သူတော်ကောင်းကိုအမှီပြု၍နိတ်စည်းစီမ်ကိုရသောအဖြစ်ကိုသိကြလေသတည်း။ ထိုအကြောင်းအရာကိုမြတ်စွာဘုရားအထံနော်၌ဆရာ့ကျေးဇူးကိုလျောက်ထားလိုကာ သန်းကောင်းယံအချိန် ဇေတဝန်ကျောင်းတော်သို့ချဉ်းကပ်၍မြတ်စွားဘုရားအားသင့်တင့်သောအရပ်၌ ရပ်ကာလျောက်ထားလေသော် ဘုရားရှင်က အထက်ပါ ဂါထာဖြင့် * သဗ္ဘိရေဝ သမာသေထ သဗ်ဘိကုဗ်ဗထေ သန်ထဝံ သတံသဒ္ဓမ္မ မညာယ သေယျောဟောတိ နပါစိယော ဟောတော်မူလေသည်။ ဓမ္မမိတ်ဆွေအပေါင်းတို့သည့် သရဏဂုံနှင့်သီလကိုမြဲကြပါလို တိုက်တွန်းရင်း---
via အလင်းရောင် ဓမ္မ https://ift.tt/2ofHlGM
Newer Post
Older Post
Home