အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 23, 2019
" စိတ်ညစ်ရင် အာရုံပြောင်းလိုက်ပါ " ~~~~~~~~~~~~~~~~~~~ #ရဝေနွယ်(အင်းမ) ဘဝမှာ အမြဲတမ်း ပျော်ရွှင်တက်ကြွနေဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ ။ တစ်ခါတလေ ပျော်မယ် ၊ တစ်ခါတလေ စိတ်ညစ်မယ် ၊ တစ်ခါတလေ ဘာမှအသုံးမဝင်တဲ့ တောထဲက သစ်ဆွေးတုံးကြီးလို ခံစားချင် ခံစားရမယ် ။ ဒါ ဘာဖြစ်လို့လဲ လို့ မေးရင် . . . အာရုံ ကြောင့်လို့ ယေဘူယျ ဖြေလို့ ရပါတယ် ၊ ဘဝခရီးတလျှောက်မှာ အာရုံမျိုးစုံနဲ့ တွေ့နေရမှာပါ ။ နှစ်သက်တဲ့အာရုံ ၊ မနှစ်သက်တဲ့ အာရုံ တွေ တွေ့ရမယ် ၊ တခါတလေ အာရုံတစ်ခုကြောင့် ကိုယ့်ရဲ့ ဘဝလမ်းကြောင်း ပျောက်နေတတ် တာတောင် ရှိတတ်ပါတယ် ။ ဒါက ကြုံတွေ့ရသူအတွက် အလွန် အန္တရာယ် များလှပါတယ် ။ ဒီတော့ ဘာလုပ်မလဲ ? အာရုံပြောင်းပစ်လိုက်ဖို့ပါပဲ ။ အာရုံပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး သီဟိုဠ်ဓမ္မဝတ္ထုလေးတစ်ပုဒ် ပြောပြချင်ပါတယ် ။ ---------------------------------------------- တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ တိဿဆိုတဲ့ ကိုရင် တစ်ပါး ရှိခဲ့ဖူးတယ် ၊ တစ်နေ့မှာ စိတ်ညစ်စရာ အာရုံနဲ့တွေ့ပြီး လူထွက်ချင်လာပါသတဲ့ ။ ဒါကြောင့် ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ် ။ ဒီတော့ ဆရာဘုန်းကြီးက . . "အင်း . . အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး ၊ အာရုံကြောက့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပြန်ကုပေးမှပဲ ၊ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ် ၊ အာရုံသစ် တစ်ခု ပြောင်းပေးမယ် " ဆိုပြီး တွေးမိပုံရတယ် ။ ကောင်းပြီ ငါ့တပည့် ၊ လူထွက်ဖို့ ဆုံးဖြတ်ရင်လည်း မတားလိုဘူး ။ ဒါပေမယ့် ငါတို့နေတဲ့ကျောင်းဟာ ချိုးရေ အလွန် ရှားတယ် ။ လူမထွက်ခင် ငါတို့ကို ရေပေါရာ စိတ္တရတောင်ကို ပို့ပေးခဲ့ပါ" လို့ မိန့်လိုက်ပါတယ် ။ ကိုရင်တိဿကလည်း ဆရာဘုန်းကြီး ပြောတဲ့အတိုင်း သူ့ဆရာကို စိတ္တရတောင်ကို ပို့ပေးရှာတယ် ၊ စိတ္တရတောင်ကို ထပ်ရောက်တော့ ဆရာဘုန်းကြီးက ဘယ်လို ထပ်မိန့်သလဲ ဆိုတော့ . . . "ငါ့တပည့်ရယ်. . ဒီစိတ္တရတောင်တွေမှာရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင် သံဃိကကျောင်းတွေ ဆိုတော့ အစစဆင်ခြင် ရတယ် ။ သိပ်လွတ်လပ်မှု မရှိဘူး ၊ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး လိုချင်တယ် ၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ် ၊ ကိုရင်တိဿလဲ လူထွက်ခါနီး ဆရာသမားကို နောက်ဆုံးပြုစုပေးခြင်း ဆိုတဲ့အသိနဲ့ တက်တက်ကြွကြွ ပြုပေးရှာတယ် ။ ကိုရင်တိဿဟာ ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့်ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာ သေခြာစဉ်းစား တယ် ၊ ပြီးတော့မှ ဥတုသုံးပါးနဲ့ သင့်လျော်မယ့် တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်း စတူးပါတယ် ။ အံ့သြဖို့ကောင်းတာက ကိုရင်တိဿဟာ နောက်ဆုံး အခွင့်အရေး ဆိုတဲ့ နှလုံးသွင်းနဲ့ အလုပ်သုံးခုကို တပြိုင်နက်ထဲ လုပ်နေတာပဲ ၊ ၁။ကမ္မဋ္ဌာန်းကျောင်းအတွက် လှိုဏ်ဂူတူးတာရယ် ၊ ၂။ဆရာဘုန်းကြီးဆီမှာ သင်ခဲ့တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဖတ်သရဇ္စျယ် နေတာရယ် ၊ ၃။တေဇောကသိုဏ်းကို ရှုမှတ်ပွားများနေတာရယ်ပါ ။ ထပ်ပြီးအံ့သြဖို့ ကောင်းတာက ကျောင်းပြီးစီးတဲ့အချိန် ၊ ကျမ်းရွတ်ဆိုပြီးချိန် မှာ ပွားများနေတဲ့ တေဇောဓာတ်ဟာလည်း အပ္ပနာစျာန်အဆင့်ထိ ရောက်လာခဲ့တာပါပဲ ။ ကိုရင်တိဿလည်း ဝမ်းသာအားရနဲ့ ကျောင်းဆောင်ပြီးသွားကြောင်း ဆရာဘုန်းကြီးကို သွားလျှောက်တဲ့အခါ ဆရာဘုန်းကြီးက လှိုဏ်ဂူကျောင်းကလေးကို ကြည့်ပြီး ဘယ်လို ထပ်မိန့်သလဲ ဆိုတော့ . . . အိုး. . . . ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား ၊ ငါတော်တော် သဘောကျပါတယ် ၊ ငါ့တပည့် ပင်ပင်ပမ်းပမ်း နဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေး ဆိုတော့ ငါ့တပည့်က ဒီနေ့တစ်ရက်တော့ အရင်နေလိုက်ပါဦး ၊ ငါ့တပည့်လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာ ၊ ငါတို့ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့ စွမ်းနိုင်သလောက် ရှုပွားလိုက်ပါဦး " . . . . လို့ ဆက်မိန့်ပြန်ပါတယ် ။ ကိုရင်တိဿလည်း ဆရာ့စကားအတိုင်း မိမိပြုလုပ်ထားတဲ့ လှုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ် ၊ လှိုဏ်ဂူလေးကလည်း အသစ်လှလှလေး ၊ ရာသီဥတုကလည်း သာယာ ၊ ဒီတော့ ကိုရင်တိဿရဲ့ စိတ်ထဲ ဝမ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ် ။ ပြီးတော့ တေဇောကသိုင်းပွားပြီး အပ္ပနာစျာဉ်အထိလည်း ရထားတော့ ပီတိနဲ့ရတဲ့အပ္ပနာစျာဉ်ကို အခြေခံပြီး တရား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတော့တယ် ။ ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကို မှန်းပြီး ဦးချပြီးတော့ . . . "သြော်. . . စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကို ယိမ်းမနေပါလား ၊ အာရုံပြောင်းလိုက်တာနဲ့ ဘဝ တစ်ဆစ်ချိုးပြီး အမြင့်ဆုံးပန်းတိုင် တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားတာပါလား" လို့ ဆင်ခြင်မိလိုက်ပါသတဲ့ . . . ။ ကဲ. . . စာဖတ်ညီငယ်, ညီမတို့ရေ ၊ စိတ်ညစ်ရင် စိတ်ညစ်တဲ့အတိုင်း မထားပါနဲ့ ၊ လောကပြစ် ၊ ဓမ္မပြစ် မဖြစ်စေတဲ့ ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို ပြောင်းလိုက်ပါနော်. . .။ ကျမ်းကိုး #မူလပဏ္ဏာသအဋ္ဌကထာ(ပ)တွဲ၊ စာမျက်နှာ (၃၅၉ ) #ရဝေနွယ်(အင်းမ)၏ "ကုသိုလ်ဖြစ်အောင်တွေးမယ်" Credit - #ဓမ္မ နှစ်သက်သူ April 18-10-19 " စိတ္ညစ္ရင္ အာ႐ုံေျပာင္းလိုက္ပါ " ~~~~~~~~~~~~~~~~~~~ #ရေဝႏြယ္(အင္းမ) ဘဝမွာ အၿမဲတမ္း ေပ်ာ္႐ႊင္တက္ႂကြေနဖို႔ဆိုတာ အေတာ္မလြယ္တဲ့ ကိစၥပါ ။ တစ္ခါတေလ ေပ်ာ္မယ္ ၊ တစ္ခါတေလ စိတ္ညစ္မယ္ ၊ တစ္ခါတေလ ဘာမွအသုံးမဝင္တဲ့ ေတာထဲက သစ္ေဆြးတုံးႀကီးလို ခံစားခ်င္ ခံစားရမယ္ ။ ဒါ ဘာျဖစ္လို႔လဲ လို႔ ေမးရင္ . . . အာ႐ုံ ေၾကာင့္လို႔ ေယဘူယ် ေျဖလို႔ ရပါတယ္ ၊ ဘဝခရီးတေလွ်ာက္မွာ အာ႐ုံမ်ိဳးစုံနဲ႕ ေတြ႕ေနရမွာပါ ။ ႏွစ္သက္တဲ့အာ႐ုံ ၊ မႏွစ္သက္တဲ့ အာ႐ုံ ေတြ ေတြ႕ရမယ္ ၊ တခါတေလ အာ႐ုံတစ္ခုေၾကာင့္ ကိုယ့္ရဲ႕ ဘဝလမ္းေၾကာင္း ေပ်ာက္ေနတတ္ တာေတာင္ ရွိတတ္ပါတယ္ ။ ဒါက ႀကဳံေတြ႕ရသူအတြက္ အလြန္ အႏၱရာယ္ မ်ားလွပါတယ္ ။ ဒီေတာ့ ဘာလုပ္မလဲ ? အာ႐ုံေျပာင္းပစ္လိုက္ဖို႔ပါပဲ ။ အာ႐ုံေျပာင္းလဲမႈရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႕ ပတ္သက္ၿပီး သီဟိုဠ္ဓမၼဝတၳဳေလးတစ္ပုဒ္ ေျပာျပခ်င္ပါတယ္ ။ ---------------------------------------------- တစ္ခါတုန္းက သီဟိုဠ္ကြၽန္းမွာ တိႆဆိုတဲ့ ကိုရင္ တစ္ပါး ရွိခဲ့ဖူးတယ္ ၊ တစ္ေန႕မွာ စိတ္ညစ္စရာ အာ႐ုံနဲ႕ေတြ႕ၿပီး လူထြက္ခ်င္လာပါသတဲ့ ။ ဒါေၾကာင့္ ဆရာဘုန္းႀကီးကို သြားေလွ်ာက္ပါတယ္ ။ ဒီေတာ့ ဆရာဘုန္းႀကီးက . . "အင္း . . အာ႐ုံေၾကာင့္ ျဖစ္တဲ့စိတ္ဟာ အၿမဲတမ္း အဆိုးဘက္ကိုခ်ည္း ယိမ္းမေနဘူး ၊ အာ႐ုံေၾကာက့္ ျဖစ္တဲ့စိတ္ကို အာ႐ုံနဲ႕ ျပန္ကုေပးမွပဲ ၊ လူဆိုတာ အာ႐ုံသစ္ကို အေျခတည္ၿပီး ေပ်ာ္႐ႊင္တတ္ၾကတယ္ ၊ အာ႐ုံသစ္ တစ္ခု ေျပာင္းေပးမယ္ " ဆိုၿပီး ေတြးမိပုံရတယ္ ။ ေကာင္းၿပီ ငါ့တပည့္ ၊ လူထြက္ဖို႔ ဆုံးျဖတ္ရင္လည္း မတားလိုဘူး ။ ဒါေပမယ့္ ငါတို႔ေနတဲ့ေက်ာင္းဟာ ခ်ိဳးေရ အလြန္ ရွားတယ္ ။ လူမထြက္ခင္ ငါတို႔ကို ေရေပါရာ စိတၱရေတာင္ကို ပို႔ေပးခဲ့ပါ" လို႔ မိန့္လိုက္ပါတယ္ ။ ကိုရင္တိႆကလည္း ဆရာဘုန္းႀကီး ေျပာတဲ့အတိုင္း သူ႕ဆရာကို စိတၱရေတာင္ကို ပို႔ေပးရွာတယ္ ၊ စိတၱရေတာင္ကို ထပ္ေရာက္ေတာ့ ဆရာဘုန္းႀကီးက ဘယ္လို ထပ္မိန့္သလဲ ဆိုေတာ့ . . . "ငါ့တပည့္ရယ္. . ဒီစိတၱရေတာင္ေတြမွာရွိတဲ့ ေက်ာင္းေတြဟာ သံဃာပိုင္ သံဃိကေက်ာင္းေတြ ဆိုေတာ့ အစစဆင္ျခင္ ရတယ္ ။ သိပ္လြတ္လပ္မႈ မရွိဘူး ၊ ဒါေၾကာင့္ ကိုယ္ပိုင္ေက်ာင္းေလး လိုခ်င္တယ္ ၊ ျဖစ္နိုင္ရင္ စီစဥ္ေပးခဲ့ပါဦးကြယ္ ၊ ကိုရင္တိႆလဲ လူထြက္ခါနီး ဆရာသမားကို ေနာက္ဆုံးျပဳစုေပးျခင္း ဆိုတဲ့အသိနဲ႕ တက္တက္ႂကြႂကြ ျပဳေပးရွာတယ္ ။ ကိုရင္တိႆဟာ ဆရာဘုန္းႀကီး ကမၼ႒ာန္း အားထုတ္ဖို႔ အဆင္ေျပမယ့္ေက်ာင္းပုံစံကို စိတ္ကူးနဲ႕ ဦးစြာ ေသျခာစဥ္းစား တယ္ ၊ ၿပီးေတာ့မွ ဥတုသုံးပါးနဲ႕ သင့္ေလ်ာ္မယ့္ ေတာင္ေျခတစ္ခုမွာ လွိုဏ္ေခါင္း စတူးပါတယ္ ။ အံ့ၾသဖို႔ေကာင္းတာက ကိုရင္တိႆဟာ ေနာက္ဆုံး အခြင့္အေရး ဆိုတဲ့ ႏွလုံးသြင္းနဲ႕ အလုပ္သုံးခုကို တၿပိဳင္နက္ထဲ လုပ္ေနတာပဲ ၊ ၁။ကမၼ႒ာန္းေက်ာင္းအတြက္ လွိုဏ္ဂူတူးတာရယ္ ၊ ၂။ဆရာဘုန္းႀကီးဆီမွာ သင္ခဲ့တဲ့ သံယုတၱနိကာယ္က်မ္းႀကီးကို ႐ြတ္ဖတ္သရဇၥ်ယ္ ေနတာရယ္ ၊ ၃။ေတေဇာကသိုဏ္းကို ရႈမွတ္ပြားမ်ားေနတာရယ္ပါ ။ ထပ္ၿပီးအံ့ၾသဖို႔ ေကာင္းတာက ေက်ာင္းၿပီးစီးတဲ့အခ်ိန္ ၊ က်မ္း႐ြတ္ဆိုၿပီးခ်ိန္ မွာ ပြားမ်ားေနတဲ့ ေတေဇာဓာတ္ဟာလည္း အပၸနာစ်ာန္အဆင့္ထိ ေရာက္လာခဲ့တာပါပဲ ။ ကိုရင္တိႆလည္း ဝမ္းသာအားရနဲ႕ ေက်ာင္းေဆာင္ၿပီးသြားေၾကာင္း ဆရာဘုန္းႀကီးကို သြားေလွ်ာက္တဲ့အခါ ဆရာဘုန္းႀကီးက လွိုဏ္ဂူေက်ာင္းကေလးကို ၾကည့္ၿပီး ဘယ္လို ထပ္မိန့္သလဲ ဆိုေတာ့ . . . အိုး. . . . ေကာင္းလိုက္တဲ့ လွိုဏ္ဂူေလးပါလား ၊ ငါေတာ္ေတာ္ သေဘာက်ပါတယ္ ၊ ငါ့တပည့္ ပင္ပင္ပမ္းပမ္း နဲ႕ လုပ္ထားတဲ့ လွိုဏ္ဂူေလး ဆိုေတာ့ ငါ့တပည့္က ဒီေန႕တစ္ရက္ေတာ့ အရင္ေနလိုက္ပါဦး ၊ ငါ့တပည့္လူထြက္သြားရင္ ရဟန္းတရားနဲ႕ ေဝးသြားမွာ ၊ ငါတို႔ေပးထားတဲ့ ကမၼ႒ာန္းနည္းေလးနဲ႕ စြမ္းနိုင္သေလာက္ ရႈပြားလိုက္ပါဦး " . . . . လို႔ ဆက္မိန့္ျပန္ပါတယ္ ။ ကိုရင္တိႆလည္း ဆရာ့စကားအတိုင္း မိမိျပဳလုပ္ထားတဲ့ လႈဏ္ဂူထဲမွာပဲ တရားရႈမွတ္မႈကို စပါတယ္ ၊ လွိုဏ္ဂူေလးကလည္း အသစ္လွလွေလး ၊ ရာသီဥတုကလည္း သာယာ ၊ ဒီေတာ့ ကိုရင္တိႆရဲ႕ စိတ္ထဲ ဝမ္းေျမာက္မႈ ပီတိေတြ ျဖစ္လာပါတယ္ ။ ၿပီးေတာ့ ေတေဇာကသိုင္းပြားၿပီး အပၸနာစ်ာဥ္အထိလည္း ရထားေတာ့ ပီတိနဲ႕ရတဲ့အပၸနာစ်ာဥ္ကို အေျခခံၿပီး တရား အားထုတ္လိုက္တာ ရဟႏၱာ ျဖစ္သြားပါေတာ့တယ္ ။ ဒီေတာ့မွ ဆရာ့ေက်းဇူးကို သိၿပီး ဆရာရွိရာအရပ္ကို မွန္းၿပီး ဦးခ်ၿပီးေတာ့ . . . "ေၾသာ္. . . စိတ္ဆိုတာ အၿမဲတမ္း အဆိုးဘက္ကို ယိမ္းမေနပါလား ၊ အာ႐ုံေျပာင္းလိုက္တာနဲ႕ ဘဝ တစ္ဆစ္ခ်ိဳးၿပီး အျမင့္ဆုံးပန္းတိုင္ တစ္ခုကို မထင္မွတ္ဘဲ ေရာက္သြားတာပါလား" လို႔ ဆင္ျခင္မိလိုက္ပါသတဲ့ . . . ။ ကဲ. . . စာဖတ္ညီငယ္, ညီမတို႔ေရ ၊ စိတ္ညစ္ရင္ စိတ္ညစ္တဲ့အတိုင္း မထားပါနဲ႕ ၊ ေလာကျပစ္ ၊ ဓမၼျပစ္ မျဖစ္ေစတဲ့ ကိုယ္ႏွစ္သက္ရာ အာ႐ုံသစ္တစ္ခုခုကို ေျပာင္းလိုက္ပါေနာ္. . .။ က်မ္းကိုး #မူလပဏၰာသအ႒ကထာ(ပ)တြဲ၊ စာမ်က္ႏွာ (၃၅၉ ) #ရေဝႏြယ္(အင္းမ)၏ "ကုသိုလ္ျဖစ္ေအာင္ေတြးမယ္" Credit - #ဓမၼ ႏွစ္သက္သူ April
via အလင္းေရာင္ ဓမၼ https://ift.tt/2WcIBXK
Newer Post
Older Post
Home