Sunday, October 20, 2019

ခန္ဓာမှာသာလမ်းဆုံးပါစေ 💥💥💥💥💥💥 လောဘ ဒေါသ မောဟတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ဘဝတွေ တရားအားထုတ်တဲ့အခါ ကိလေသာကံကြွင်းတွေများလွန်းလို့ အရိုးကြေကြေ အရေခမ်းခမ်း အားထုတ်ရတာပေါ့။ ဘဝကအေးအေးချမ်းချမ်း နေခဲ့ရပြီး ကိလေသာတွေ အဖြစ်နည်းသလို သီလ သမာဓိ ဖြူစင် တည်ကြည်ပြီး ငြိမ်းချမ်းတဲ့သူမျိုးတွေ တရားအားထုတ်တဲ့အခါ အေးချမ်းလွယ်ကူစွာပဲ လွတ်မြောက်ကြရတာပေါ့။ တစ်ချို့တော့လဲ တရားအနှစ်သာရကို နားလည်တန်ဘိုးထားကြပေမဲ့ ဒီဘဝ တရားရခြင်လဲရ မရခြင်လဲ ဒုတိယဘဝမှာရလဲ နေပါ့စေဆိုပြီး အေးအေးဆေးဆေး အားထုတ်ကြတာပေါ့။ အချို့ကြတော့လဲ မြန်မြန်တရားရပြီး ဒီခန္ဓာဒုက္ခဝဋ်ကနေ မြန်မြန်လွတ်ရင် မြန်မြန်အေးရောဆိုပြီး ပြင်းပြင်းထန်ထန်အားထုတ်ကြပါတယ်။ အချိန်တိုအတွင်း ရအောင်ကြိုးစားအားထုတ်ကြတာမျိုးပေါ့။ မည်မျှပင် အခြေနေတွေကွာခြားကြပါစေ တစ်သံသရာလုံးမှာ ပြုခဲ့ကြတဲ့ ကာယကံ ဝစီကံ မနောကံ စတဲ့ ကုသိုလ် အကုသိုလ် ကံကြွင်းအားလုံးကို ကျေပျက်အောင် ရှုမှတ်ကြရတာချည်းပါပဲ။ ဒါ့ကြောင့်ယုတ်ညံ့တဲ့ ဝီရိယမျိုးနဲ့တော့ မည်သူမျှ တရားထူးမရနိုင်ပါဘူး။ လောကကနေလွန်မြောက်ဖို့အတွက် တစ်သံသရာလုံး အတ္တဒိဌိနဲ့ စွဲယူထားတဲ့ ခန္ဓာကိုမစွန့်နိုင်မခြင်း မလွန်မြောက်နိုင်ကြပါဘူး။ လူတွေအနီးအပါးမှာ ဖြစ်ကြတဲ့ ပြိတ္တာတွေ အမျှဝေသံကြားရင် လုံးနေအောင်ပြေးကြတာ ကျွတ်မှာကြောက်ကြလို့ပေါ့။ ကျွတ်တယ် လွတ်တယ်ဆိုတာက ပိုကောင်းတဲ့ ဘဝသစ်တစ်ခုကိုရမှာပေါ့ ဒါပေမဲ့ ဘဝဟောင်းက သေပေးရတာလေ မရဏ ဒုက္ခနဲ့ရင်ဆိုင်ပြီးမှ ဘဝသစ်ကရမှာကိုး။ သေရမှာ ကြောက်ကြတာပေါ့။ အခုသေရင် အခုနတ်ပြည်ရမယ် သေရဲလားလို့ မေးကြည့်ပါရစေ။ စဉ်းစားလေ အခုသေရဲလားလို့။ တစ်သံသရာလုံးမှာ ငါလို့ အတ္တဒိဌိနဲ့ အသေဆုပ်ကိုင်ခဲ့တဲ့ ခန္ဓာကြီးကို စွန့်လွှတ်ဖို့က လွယ်လွယ်လား ခကခြကလြား စဥြးစားပါ။ အသကျကိုပဓာနမထားပဲ သေလိုက သေပါစေဆိုတဲ့ဝိရိယရှိသူမှသာ လောက ကနေ လွန်တော့ပေမပေါ့။ ဘဝဟောင်းကို မစွန့်နိုင်ပဲ မစွန့်ရဲပဲ ဘဝသစ်က ဘယ်လိုရနိုင်ပါ့မလဲ။ အပယ်လေးဝကို အချိန်မရွေးကျရောက်နိင်တဲ့ ပုထုဇနဘဝကို အတ္တဒိဌိနဲ့စွဲကိုင်ထားတာကို အစွန့်လွှတ်မခြင်း လောကုတ္တရာနယ်သား အရိယာ ခန္ဓာဆိုတာ ရကိုရမလာနိုင်ဘူး။ ဒါကိုသေသေခြာခြာမှတ်စေခြင်ပါတယ်။ တစ်သံသရာလုံး အပါယ်လေးဝမှာ ကစဉ့်ကလျား ပြေးလွှားကျက်စားခဲ့ရ ဒုက္ခခံခဲ့ရလို့ စိတ်အစဉ်မှာကပ်ငြိနေတဲ့ အကုသိုလ် စေတသိက်ပေါင်းအန္တကျေပျက်ဖို့ ရှုမှတ်ရမဲ့လုံ့လ... တစ်သံသရာလုံး အတ္တနဲ့ယူထားတဲ့ အစွဲကျွတ်အောင် ကိလေသာဟူသမျှ ဖြူလွသွားသည်အထိ အားထုတ်နိုင်ဖို့ကတော့ သာမာန် အညံ့စား လုံ့လမျိုးနဲ့ မရနိုင်ပါဘူး။ အတ္တဒိဌိအစွဲကို စွန့်ရဲအောင် စွန့်နိုင်အောင် စ်န့်လွှတ်ပေးဆပ်ရဲတဲ့ သတ္တိထူးဖြစ်တဲ့ အရိုးကြွင်းစေ အရေကြွင်းစေ အကြောကြွင်းစေ အသွေးသားခမ်းစေ.....ဆိုတဲ့ အာတာပီ ဝိရိယထူးမျိုး ပေါ်လာသည်အထိ အားထုတ်နိုင်သူမှသာ... အရိယာဖြစ်ပေတော့မပေါ့။ ခပ်ညံ့ညံ့ဝီရိယမျိုးနဲ့ အရိယာဖြစ်ပါတယ်ဆိုရင် သူကအတုပေါ့။ တရားထူးရလွယ်သူဆိုတာ ဟုတ်ခြင်လဲ ဟုတ်ပေမပေါ့ ဒါပေမဲ့ ဝီရိယဆိုတာကို နားလည်တတ်ဖို့တော့ လိုပါလိမ့်မယ်။ ဒါ့ကြောင့် တရားထူးဆိုတာက ခပ်လွယ်လွယ်နဲ့ ရနိုင်ပါတယ်ဆိုရင် အလွယ်လမ်းကိုလိုက်ပြီး ခပ်ပေါ့ပေါ့ရထားတဲ့ အတုအယောင်သာသနာ ဖြစ်ပါလိမ့်မယ်။ သို့သော် တရားထူးဆိုတာဟာ ခက်ခဲနက်နဲစွာ သင်ယူပြီး အားထုတ်ကျင့်ကြံရတာမျိုး မဟုတ်ပဲ ၊ မှန်ကန်တဲ့ အသိ အကျင့်ရှိရင် လုံလောက်တဲ့ လုံ့လ ဝီရိယရှိရင် ရနိုင်တယ်ဆိုတာတော့ သတိပြုရမှာပါ။ မှန်ကန်တဲ့...အသိ မှန်ကန်တဲ့....အကျင့် မှန်ကန်တဲ့....နှလုံးသွင်းမှု လုံလောက်တဲ့...လုံ့လပြုမှု ပြီးပြည့်စုံစေတဲ့...ဝီရိယ စတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မရှိပဲ ဘယ်သူမှ ...တရားထူးရဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆရာတု ဆရာယောင်တွေရဲ့ စကားကို နားယောင်ပြီး.... သူတို့ပါးစပ်ဖျားမှာလမ်းအဆုံးမခံပဲ မိမိခန္ဓာပြတဲ့...အဆုံးကို မြင်အောင် ရှုမှတ်ရင်း.... ခန္ဓမှာ လမ်းဆုံးကြစေလိုပါတယ်။ ခန္ဓာမှာလမ်းဆုံးသူကိုသာ ဘုရားရှင်က သာဓုခေါ်ပါလိမ့်မယ်ခင်ဗျာ။ သာယာချမ်းမြေ့ကြပါစေ Credit,သစ္စာနီ Ko Gyi...© ခႏၶာမွာသာလမ္းဆုံးပါေစ 💥💥💥💥💥💥💥💥 ေလာဘ ေဒါသ ေမာဟေတြနဲ႕ ႐ုန္းကန္ခဲ့ရတဲ့ဘဝေတြ တရားအားထုတ္တဲ့အခါ ကိေလသာကံႂကြင္းေတြမ်ားလြန္းလို႔ အရိုးေၾကေၾက အေရခမ္းခမ္း အားထုတ္ရတာေပါ့။ ဘဝကေအးေအးခ်မ္းခ်မ္း ေနခဲ့ရၿပီး ကိေလသာေတြ အျဖစ္နည္းသလို သီလ သမာဓိ ျဖဴစင္ တည္ၾကည္ၿပီး ၿငိမ္းခ်မ္းတဲ့သူမ်ိဳးေတြ တရားအားထုတ္တဲ့အခါ ေအးခ်မ္းလြယ္ကူစြာပဲ လြတ္ေျမာက္ၾကရတာေပါ့။ တစ္ခ်ိဳ႕ေတာ့လဲ တရားအႏွစ္သာရကို နားလည္တန္ဘိုးထားၾကေပမဲ့ ဒီဘဝ တရားရျခင္လဲရ မရျခင္လဲ ဒုတိယဘဝမွာရလဲ ေနပါ့ေစဆိုၿပီး ေအးေအးေဆးေဆး အားထုတ္ၾကတာေပါ့။ အခ်ိဳ႕ၾကေတာ့လဲ ျမန္ျမန္တရားရၿပီး ဒီခႏၶာဒုကၡဝဋ္ကေန ျမန္ျမန္လြတ္ရင္ ျမန္ျမန္ေအးေရာဆိုၿပီး ျပင္းျပင္းထန္ထန္အားထုတ္ၾကပါတယ္။ အခ်ိန္တိုအတြင္း ရေအာင္ႀကိဳးစားအားထုတ္ၾကတာမ်ိဳးေပါ့။ မည္မွ်ပင္ အေျခေနေတြကြာျခားၾကပါေစ တစ္သံသရာလုံးမွာ ျပဳခဲ့ၾကတဲ့ ကာယကံ ဝစီကံ မေနာကံ စတဲ့ ကုသိုလ္ အကုသိုလ္ ကံႂကြင္းအားလုံးကို ေက်ပ်က္ေအာင္ ရႈမွတ္ၾကရတာခ်ည္းပါပဲ။ ဒါ့ေၾကာင့္ယုတ္ညံ့တဲ့ ဝီရိယမ်ိဳးနဲ႕ေတာ့ မည္သူမွ် တရားထူးမရနိုင္ပါဘူး။ ေလာကကေနလြန္ေျမာက္ဖို႔အတြက္ တစ္သံသရာလုံး အတၱဒိဌိနဲ႕ စြဲယူထားတဲ့ ခႏၶာကိုမစြန့္နိုင္မျခင္း မလြန္ေျမာက္နိုင္ၾကပါဘူး။ လူေတြအနီးအပါးမွာ ျဖစ္ၾကတဲ့ ၿပိတၱာေတြ အမွ်ေဝသံၾကားရင္ လုံးေနေအာင္ေျပးၾကတာ ကြၽတ္မွာေၾကာက္ၾကလို႔ေပါ့။ ကြၽတ္တယ္ လြတ္တယ္ဆိုတာက ပိုေကာင္းတဲ့ ဘဝသစ္တစ္ခုကိုရမွာေပါ့ ဒါေပမဲ့ ဘဝေဟာင္းက ေသေပးရတာေလ မရဏ ဒုကၡနဲ႕ရင္ဆိုင္ၿပီးမွ ဘဝသစ္ကရမွာကိုး။ ေသရမွာ ေၾကာက္ၾကတာေပါ့။ အခုေသရင္ အခုနတ္ျပည္ရမယ္ ေသရဲလားလို႔ ေမးၾကည့္ပါရေစ။ စဥ္းစားေလ အခုေသရဲလားလို႔။ တစ္သံသရာလုံးမွာ ငါလို႔ အတၱဒိဌိနဲ႕ အေသဆုပ္ကိုင္ခဲ့တဲ့ ခႏၶာႀကီးကို စြန့္လႊတ္ဖို႔က လြယ္လြယ္လား ခကျခကၾလား စဥျးစားပါ။ အသက်ကိဳပဓာနမထားပဲ ေသလိုက ေသပါေစဆိုတဲ့ဝိရိယရွိသူမွသာ ေလာက ကေန လြန္ေတာ့ေပမေပါ့။ ဘဝေဟာင္းကို မစြန့္နိုင္ပဲ မစြန့္ရဲပဲ ဘဝသစ္က ဘယ္လိုရနိုင္ပါ့မလဲ။ အပယ္ေလးဝကို အခ်ိန္မေ႐ြးက်ေရာက္နိင္တဲ့ ပုထုဇနဘဝကို အတၱဒိဌိနဲ႕စြဲကိုင္ထားတာကို အစြန့္လႊတ္မျခင္း ေလာကုတၱရာနယ္သား အရိယာ ခႏၶာဆိုတာ ရကိုရမလာနိုင္ဘူး။ ဒါကိုေသေသျခာျခာမွတ္ေစျခင္ပါတယ္။ တစ္သံသရာလုံး အပါယ္ေလးဝမွာ ကစဥ့္ကလ်ား ေျပးလႊားက်က္စားခဲ့ရ ဒုကၡခံခဲ့ရလို႔ စိတ္အစဥ္မွာကပ္ၿငိေနတဲ့ အကုသိုလ္ ေစတသိက္ေပါင္းအႏၱေက်ပ်က္ဖို႔ ရႈမွတ္ရမဲ့လုံ႕လ... တစ္သံသရာလုံး အတၱနဲ႕ယူထားတဲ့ အစြဲကြၽတ္ေအာင္ ကိေလသာဟူသမွ် ျဖဴလြသြားသည္အထိ အားထုတ္နိုင္ဖို႔ကေတာ့ သာမာန္ အညံ့စား လုံ႕လမ်ိဳးနဲ႕ မရနိုင္ပါဘူး။ အတၱဒိဌိအစြဲကို စြန့္ရဲေအာင္ စြန့္နိုင္ေအာင္ စ္န့္လႊတ္ေပးဆပ္ရဲတဲ့ သတၱိထူးျဖစ္တဲ့ အရိုးႂကြင္းေစ အေရႂကြင္းေစ အေၾကာႂကြင္းေစ အေသြးသားခမ္းေစ.....ဆိုတဲ့ အာတာပီ ဝိရိယထူးမ်ိဳး ေပၚလာသည္အထိ အားထုတ္နိုင္သူမွသာ... အရိယာျဖစ္ေပေတာ့မေပါ့။ ခပ္ညံ့ညံ့ဝီရိယမ်ိဳးနဲ႕ အရိယာျဖစ္ပါတယ္ဆိုရင္ သူကအတုေပါ့။ တရားထူးရလြယ္သူဆိုတာ ဟုတ္ျခင္လဲ ဟုတ္ေပမေပါ့ ဒါေပမဲ့ ဝီရိယဆိုတာကို နားလည္တတ္ဖို႔ေတာ့ လိုပါလိမ့္မယ္။ ဒါ့ေၾကာင့္ တရားထူးဆိုတာက ခပ္လြယ္လြယ္နဲ႕ ရနိုင္ပါတယ္ဆိုရင္ အလြယ္လမ္းကိုလိုက္ၿပီး ခပ္ေပါ့ေပါ့ရထားတဲ့ အတုအေယာင္သာသနာ ျဖစ္ပါလိမ့္မယ္။ သို႔ေသာ္ တရားထူးဆိုတာဟာ ခက္ခဲနက္နဲစြာ သင္ယူၿပီး အားထုတ္က်င့္ႀကံရတာမ်ိဳး မဟုတ္ပဲ ၊ မွန္ကန္တဲ့ အသိ အက်င့္ရွိရင္ လုံေလာက္တဲ့ လုံ႕လ ဝီရိယရွိရင္ ရနိုင္တယ္ဆိုတာေတာ့ သတိျပဳရမွာပါ။ မွန္ကန္တဲ့...အသိ မွန္ကန္တဲ့....အက်င့္ မွန္ကန္တဲ့....ႏွလုံးသြင္းမႈ လုံေလာက္တဲ့...လုံ႕လျပဳမႈ ၿပီးျပည့္စုံေစတဲ့...ဝီရိယ စတဲ့ ရင္းႏွီးျမႇုပ္ႏွံမႈေတြ မရွိပဲ ဘယ္သူမွ ...တရားထူးရဖို႔ မျဖစ္နိုင္ပါဘူး။ ဒါ့ေၾကာင့္ ဆရာတု ဆရာေယာင္ေတြရဲ႕ စကားကို နားေယာင္ၿပီး.... သူတို႔ပါးစပ္ဖ်ားမွာလမ္းအဆုံးမခံပဲ မိမိခႏၶာျပတဲ့...အဆုံးကို ျမင္ေအာင္ ရႈမွတ္ရင္း.... ခႏၶမွာ လမ္းဆုံးၾကေစလိုပါတယ္။ ခႏၶာမွာလမ္းဆုံးသူကိုသာ ဘုရားရွင္က သာဓုေခၚပါလိမ့္မယ္ခင္ဗ်ာ။ သာယာခ်မ္းေျမ့ၾကပါေစ Credit,သစၥာနီ Ko Gyi...©


via အလင္းေရာင္ ဓမၼ https://ift.tt/2VVRd4M