အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 26, 2019
တရားအမှတ် မျက်ခြည်မပြတ်နဲ့ 🌷🌸🍁🌷🌸🍁🌷🌸🍁🌷 အသက်လေးဆယ်…ကံကောင်းတုန်းက ဒါနမှုတွေ အားရအောင်ပြုခဲ့ပြီးပြီ။ အခု အသက်ငါးဆယ်မှာတော့ဖြင့် ဉာဏ်ကောင်းတုန်းမှာ အနည်းဆုံး ကိုယ်စိတ်ငြိမ်သက်အောင် ကြိုးစားသင့်ကြပါပြီ။ ဒီအချိန်မှာ သတိပြုစရာတွေကတော့… • ကိုယ့်မာနကို ချိုးနှိမ်ဖို့ကြိုးစားပါမှ သူ့မာနက လွှမ်းမိုးလာတတ်တယ်၊ • ကိုယ့်ရာဂကို ပစ်ပယ်ဖို့ကြိုးစားပါမှ သူ့ရာဂက နှိုးဆွလာတတ်တယ်၊ • ကိုယ့်ဒေါသကို ခွာထုတ်နေပါမှ သူ့ဒေါသက ဖိစီးလာတတ်တယ်။ လယ်ကန်သင်း ကတွတ်ပေါက်မှာ ခဲလုံး အတားအဆီးများ ပိတ်ဆို့ချထားစဉ်တုန်းက လာသမျှ ရေ ရှေ့မတိုးသော်လည်းပဲ ပိတ်ဆို့ခဲ ခွာရှဲပေးလိုက်ရင် ရေတွင် ဒလဟောစီးဝင်လာသလိုပါပဲ။ တစ်ဖက်သားတို့ရဲ့ ကြွားဝါဝင့်ကြွားမှု၊ မြှူ ဆွယ်လမ်းပေးမှု၊ စိန်ခေါ်မှုစတဲ့ အပြင်ရန်တွေကလည်းဒုနဲ့ဒေး၊ကိုယ်တွင်းရှိ လက်ထက်လက်ငုတ်များကလည်း ဇောင်းထဲကမြင်းလိုပဲ။ ဟိုတုန်းက အိမ်ထောင်ဝန်၊ စီးပွားဝန်တွေ ထမ်းနေရလို့ ကိုယ်စိတ်နှလုံး ဂျုန်းဂျုန်းကျ(ချုန်းချုန်းကျ)မို့ မထသာပေမယ့် ယခုအားမယ် နားမယ်မှ မကြံသေးဘူး၊ ဒီကိလေသာက အရင်ထကြွတော့တာပဲ။ စိတ်ရဲ့သဘာဝကို ဆရာတော်ဘုရားက အဲဒီလောက်ထိ နှိုက်ချွတ်ပြထားပါတယ်။ ဒါ့ကြောင့် စိတ်ကို ပေါက်လွှတ်ပဲစား ပစ်ထားရင် သွားနေကျစားကျက်တန်းသွားပြီး သူတစ်ပါးအာရုံတွေကို အတွေ့ဖြင့်ခိုးကြောင် ခိုးဝှက် သွားစားတော့မယ်။ အာရုံတစ်ချက်မှားလျှင် ကိလေသာဓားတစ်ချက် အခုတ်ခံရတော့မှာ သေချာတယ်။ ကိလေသာ ဓားတစ်ချက်ထိမိလျှင် စိတ်ဒဏ်ရာရမှာကလည်းမလွဲဘူး။ ရာဂစိတ်ကြောင့် ဖြစ်တဲ့ဒဏ်ရာ အဲဒီရာဂဆေး၊ ကာမဆေး ကျွေးမှပျောက်ကင်းသက်သာတတ်တယ်။ မာန၊ ဒေါသ၊ မောဟ စတဲ့ ဒဏ်ရာတွေမှာလည်း သူ့ဆေးနဲ့သူမှ ပျောက်ကင်းတတ်တာမျိုးချည်းပဲ။ အနာထကြွတိုင်း လူမမာညည်းတွားရသလို ကိလေသာထကြွတိုင်း စိတ်ကစားနေလျှင် လူကြီးကိုယ်နဲ့ ကလေးစိတ်ဖြစ်နေတော့ ‘လူကြီးမင်း’ဖြစ်မလာနိုင်တော့ဘူး။ ဒါ့ကြောင့် အရွယ်နဲ့လိုက်ဖက်တဲ့ စိတ်သဘောထားကြီးမြင့်မှုမျိုး ရောက်အောင် စိတ်ကစားမှုကို ထိန်းကျောင်းပေးနိုင်မယ့် ကျင့်စဉ်တစ်ခု ကို လက်စွဲထားဖို့ လိုအပ်လာပါပြီ။ ဘယ်ကျင့်စဉ်ကျင့်ကျင့် သတိမလွတ်ဖို့သာအဓိက။ စိတ်ဆိုတာ ငယ်ပေါင်းကိလေသာနဲ့ သံယောဇဉ်ပြတ်ဖို့ အခက်သား။ ကိလေသာဆိုတာကလည်း အမြှူ အခွာက ပါးနပ်သား။ မယားလိုချင်တုန်းက မယားနဲ့ပြပြီး လိုချင်တာ ခံစားခဲ့ကြသလို တရားလိုချင်ပြန်တော့လည်းကိလေသာက လိုချင်တာလေးပြပြီး သတိလွတ်အောင် လုပ်ဆောင်တတ်ရဲ့။ သတိတစ်ချက် လွတ်ရင် စိတ်နဲ့ အကြိုက် ပေါင်းမိသွားပြီး ရှုကွက်ထဲ အာရုံကောင်းလေးများ မိနေရင် ကြိုက်စိတ် ပေါ်လာတတ်တယ်။ သတိတစ်ချက်လျော့လို့စိတ်နဲ့မကြိုက်ပေါင်းမိ သွားပြန်ရင်လည်း မကြိုက်စိတ် ထလာပြီး ရှုကွက်ထဲက အာရုံဆိုး ပေါ်လာတာနဲ့ မကျေချမ်းချင်တော့ဘူး။ သတိတစ်ချက်မှေးလို့ အာရုံရေးရေးပေါ်နေပြန်ရင်လည်း စိတ်နဲ့မသိပြန်လည်ပေါင်းမိကြပြီးမသိစိတ် ဖြစ်သွားပြန်ကရော။ ဒါမှမဟုတ်ရင်လည်း စိတ်နဲ့အကြိုက်ပေါင်းပြီး စိတ်ကြိုက်အာရုံဟောင်းတွေဆီပြန်သွား၊ ကောင်းနိုးရာရာ အဟောင်းအဆွေးများကို နွှေးပြီး စားမြုံ့ပြန်နေတတ်တယ်။ မကြိုက်စိတ်ကလည်း မကျေနပ်တာပြန်အာရုံပြု ပြီး ရင်ထုလား ထုနေရဲ့။ သတိပါသော်မှ ပြတ်တောင်းပြတ်တောင်းဖြစ်နေရင် ကိလေသာကြားဝင်ပြီး စိတ်ကစားမှုတွေ တစ်သီတစ်တန်းကြီး ပေါ်နေတတ်လေရဲ့။ ဒါ့ကြောင့် ဘယ်ကျင့်စဉ်နဲ့ကျင့်ကျင့် သတိမလွတ်ဖို့ဟာ စိတ်ကစားမှုကို ထိန်းကျောင်း ခြင်းရဲ့ သော့ချက်လို့မှတ်ပါလေ…လို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက အထူးသတိပေးထားပါတယ်။ သည်လိုသာ သတိရဲ့မပြတ်ရှုမှတ်မှုနဲ့ စေ့စပ်မှု၊ စူးစိုက်မှု နှစ်ဖက်ညှပ်ပြီးစိတ်ရိုင်းကို ကျုံးသွင်းလိုက်ရင် စိတ်ရိုင်းဟာ ယဉ်လာမယ်။ ပြေးနေတဲ့စိတ်ငြိမ်လာမယ်။ စိတ်မှာကြိုက် မကြိုက် မသိဆိုတာတွေ မကပ်သာတော့ဘူး၊ မကောင်းမှုတွေအားလုံးထွက်ပြေးသွားကြတဲ့အချိန် ကိုယ်စိတ်ငြိမ်သက်မှုထဲမှာသိရာကို အဖြေရှာကြည့်၊ အရှိကို အမှန်အတိုင်း သိလာမယ်လို့ ဆရာတော်ဘုရားကြီးက အာမခံချက် ပေးတော်မူပါတယ်။ ဒါကြောင့် တရားအမှတ် မျက်ခြည်မပြတ်ခြင်းဟာ မင်္ဂလာရဲ့ ထက်သန် အားကောင်းတဲ့ ခြေလှမ်းဖြစ်ကြောင်း ကောင်းစွာဆင်ခြင်ခွင့် ရကြပါလေပြီ။ ☆Buddhavasa Tiloka☆ credit : Marga Ashin တရားအမွတ္ မ်က္ျခည္မျပတ္နဲ႕ 🌷🌸🍁🌷🌸🍁🌷🌸🍁🌷 အသက္ေလးဆယ္…ကံေကာင္းတုန္းက ဒါနမႈေတြ အားရေအာင္ျပဳခဲ့ၿပီးၿပီ။ အခု အသက္ငါးဆယ္မွာေတာ့ျဖင့္ ဉာဏ္ေကာင္းတုန္းမွာ အနည္းဆုံး ကိုယ္စိတ္ၿငိမ္သက္ေအာင္ ႀကိဳးစားသင့္ၾကပါၿပီ။ ဒီအခ်ိန္မွာ သတိျပဳစရာေတြကေတာ့… • ကိုယ့္မာနကို ခ်ိဳးႏွိမ္ဖို႔ႀကိဳးစားပါမွ သူ႕မာနက လႊမ္းမိုးလာတတ္တယ္၊ • ကိုယ့္ရာဂကို ပစ္ပယ္ဖို႔ႀကိဳးစားပါမွ သူ႕ရာဂက ႏွိုးဆြလာတတ္တယ္၊ • ကိုယ့္ေဒါသကို ခြာထုတ္ေနပါမွ သူ႕ေဒါသက ဖိစီးလာတတ္တယ္။ လယ္ကန္သင္း ကတြတ္ေပါက္မွာ ခဲလုံး အတားအဆီးမ်ား ပိတ္ဆို႔ခ်ထားစဥ္တုန္းက လာသမွ် ေရ ေရွ႕မတိုးေသာ္လည္းပဲ ပိတ္ဆို႔ခဲ ခြာရွဲေပးလိုက္ရင္ ေရတြင္ ဒလေဟာစီးဝင္လာသလိုပါပဲ။ တစ္ဖက္သားတို႔ရဲ႕ ႂကြားဝါဝင့္ႂကြားမႈ၊ ျမႇူ ဆြယ္လမ္းေပးမႈ၊ စိန္ေခၚမႈစတဲ့ အျပင္ရန္ေတြကလည္းဒုနဲ႕ေဒး၊ကိုယ္တြင္းရွိ လက္ထက္လက္ငုတ္မ်ားကလည္း ေဇာင္းထဲကျမင္းလိုပဲ။ ဟိုတုန္းက အိမ္ေထာင္ဝန္၊ စီးပြားဝန္ေတြ ထမ္းေနရလို႔ ကိုယ္စိတ္ႏွလုံး ဂ်ဳန္းဂ်ဳန္းက်(ခ်ဳန္းခ်ဳန္းက်)မို႔ မထသာေပမယ့္ ယခုအားမယ္ နားမယ္မွ မႀကံေသးဘူး၊ ဒီကိေလသာက အရင္ထႂကြေတာ့တာပဲ။ စိတ္ရဲ႕သဘာဝကို ဆရာေတာ္ဘုရားက အဲဒီေလာက္ထိ ႏွိုက္ခြၽတ္ျပထားပါတယ္။ ဒါ့ေၾကာင့္ စိတ္ကို ေပါက္လႊတ္ပဲစား ပစ္ထားရင္ သြားေနက်စားက်က္တန္းသြားၿပီး သူတစ္ပါးအာ႐ုံေတြကို အေတြ႕ျဖင့္ခိုးေၾကာင္ ခိုးဝွက္ သြားစားေတာ့မယ္။ အာ႐ုံတစ္ခ်က္မွားလွ်င္ ကိေလသာဓားတစ္ခ်က္ အခုတ္ခံရေတာ့မွာ ေသခ်ာတယ္။ ကိေလသာ ဓားတစ္ခ်က္ထိမိလွ်င္ စိတ္ဒဏ္ရာရမွာကလည္းမလြဲဘူး။ ရာဂစိတ္ေၾကာင့္ ျဖစ္တဲ့ဒဏ္ရာ အဲဒီရာဂေဆး၊ ကာမေဆး ေကြၽးမွေပ်ာက္ကင္းသက္သာတတ္တယ္။ မာန၊ ေဒါသ၊ ေမာဟ စတဲ့ ဒဏ္ရာေတြမွာလည္း သူ႕ေဆးနဲ႕သူမွ ေပ်ာက္ကင္းတတ္တာမ်ိဳးခ်ည္းပဲ။ အနာထႂကြတိုင္း လူမမာညည္းတြားရသလို ကိေလသာထႂကြတိုင္း စိတ္ကစားေနလွ်င္ လူႀကီးကိုယ္နဲ႕ ကေလးစိတ္ျဖစ္ေနေတာ့ ‘လူႀကီးမင္း’ျဖစ္မလာနိုင္ေတာ့ဘူး။ ဒါ့ေၾကာင့္ အ႐ြယ္နဲ႕လိုက္ဖက္တဲ့ စိတ္သေဘာထားႀကီးျမင့္မႈမ်ိဳး ေရာက္ေအာင္ စိတ္ကစားမႈကို ထိန္းေက်ာင္းေပးနိုင္မယ့္ က်င့္စဥ္တစ္ခု ကို လက္စြဲထားဖို႔ လိုအပ္လာပါၿပီ။ ဘယ္က်င့္စဥ္က်င့္က်င့္ သတိမလြတ္ဖို႔သာအဓိက။ စိတ္ဆိုတာ ငယ္ေပါင္းကိေလသာနဲ႕ သံေယာဇဥ္ျပတ္ဖို႔ အခက္သား။ ကိေလသာဆိုတာကလည္း အျမႇူ အခြာက ပါးနပ္သား။ မယားလိုခ်င္တုန္းက မယားနဲ႕ျပၿပီး လိုခ်င္တာ ခံစားခဲ့ၾကသလို တရားလိုခ်င္ျပန္ေတာ့လည္းကိေလသာက လိုခ်င္တာေလးျပၿပီး သတိလြတ္ေအာင္ လုပ္ေဆာင္တတ္ရဲ႕။ သတိတစ္ခ်က္ လြတ္ရင္ စိတ္နဲ႕ အႀကိဳက္ ေပါင္းမိသြားၿပီး ရႈကြက္ထဲ အာ႐ုံေကာင္းေလးမ်ား မိေနရင္ ႀကိဳက္စိတ္ ေပၚလာတတ္တယ္။ သတိတစ္ခ်က္ေလ်ာ့လို႔စိတ္နဲ႕မႀကိဳက္ေပါင္းမိ သြားျပန္ရင္လည္း မႀကိဳက္စိတ္ ထလာၿပီး ရႈကြက္ထဲက အာ႐ုံဆိုး ေပၚလာတာနဲ႕ မေက်ခ်မ္းခ်င္ေတာ့ဘူး။ သတိတစ္ခ်က္ေမွးလို႔ အာ႐ုံေရးေရးေပၚေနျပန္ရင္လည္း စိတ္နဲ႕မသိျပန္လည္ေပါင္းမိၾကၿပီးမသိစိတ္ ျဖစ္သြားျပန္ကေရာ။ ဒါမွမဟုတ္ရင္လည္း စိတ္နဲ႕အႀကိဳက္ေပါင္းၿပီး စိတ္ႀကိဳက္အာ႐ုံေဟာင္းေတြဆီျပန္သြား၊ ေကာင္းနိုးရာရာ အေဟာင္းအေဆြးမ်ားကို ႏႊေးၿပီး စားၿမဳံ႕ျပန္ေနတတ္တယ္။ မႀကိဳက္စိတ္ကလည္း မေက်နပ္တာျပန္အာ႐ုံျပဳ ၿပီး ရင္ထုလား ထုေနရဲ႕။ သတိပါေသာ္မွ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနရင္ ကိေလသာၾကားဝင္ၿပီး စိတ္ကစားမႈေတြ တစ္သီတစ္တန္းႀကီး ေပၚေနတတ္ေလရဲ႕။ ဒါ့ေၾကာင့္ ဘယ္က်င့္စဥ္နဲ႕က်င့္က်င့္ သတိမလြတ္ဖို႔ဟာ စိတ္ကစားမႈကို ထိန္းေက်ာင္း ျခင္းရဲ႕ ေသာ့ခ်က္လို႔မွတ္ပါေလ…လို႔ ေက်းဇူးရွင္ဆရာေတာ္ဘုရားႀကီးက အထူးသတိေပးထားပါတယ္။ သည္လိုသာ သတိရဲ႕မျပတ္ရႈမွတ္မႈနဲ႕ ေစ့စပ္မႈ၊ စူးစိုက္မႈ ႏွစ္ဖက္ညွပ္ၿပီးစိတ္ရိုင္းကို က်ဳံးသြင္းလိုက္ရင္ စိတ္ရိုင္းဟာ ယဥ္လာမယ္။ ေျပးေနတဲ့စိတ္ၿငိမ္လာမယ္။ စိတ္မွာႀကိဳက္ မႀကိဳက္ မသိဆိုတာေတြ မကပ္သာေတာ့ဘူး၊ မေကာင္းမႈေတြအားလုံးထြက္ေျပးသြားၾကတဲ့အခ်ိန္ ကိုယ္စိတ္ၿငိမ္သက္မႈထဲမွာသိရာကို အေျဖရွာၾကည့္၊ အရွိကို အမွန္အတိုင္း သိလာမယ္လို႔ ဆရာေတာ္ဘုရားႀကီးက အာမခံခ်က္ ေပးေတာ္မူပါတယ္။ ဒါေၾကာင့္ တရားအမွတ္ မ်က္ျခည္မျပတ္ျခင္းဟာ မဂၤလာရဲ႕ ထက္သန္ အားေကာင္းတဲ့ ေျခလွမ္းျဖစ္ေၾကာင္း ေကာင္းစြာဆင္ျခင္ခြင့္ ရၾကပါေလၿပီ။ ☆Buddhavasa Tiloka☆ credit : Marga Ashin
via အလင္းေရာင္ ဓမၼ https://ift.tt/2JpT90n
Newer Post
Older Post
Home