Friday, October 25, 2019

တစ်ခါ တစ်ခါ ပြောမိတတ်တယ်။ အဘိဓမ္မာ လေ့လာတော့ သုတ္တန်တရားတွေ မနာတတ်တော့ဘူးလို့။ အဲဒီတော့ သုတ္တန်နဲ့ အဘိဓမ္မာကို မကွဲလို့ အဲဒီလို သွားပြောမိတာ။ ဘုရားဟောတာ သုတ္တန်နဲ့ အဘိဓမ္မာဆိုတာ Explain လုပ်တာလေးလောက်ပဲ ကွာတာ။ အနှစ်သာရချင်းက အတူတူပဲ။ အဘိဓမ္မာဆိုတာ ပုဂ္ဂိုလ်မပါပဲနဲ့ ဓမ္မသက်သက်ကို Point out လုပ်ပြီးတော့ Explain လုပ်ထားတာ။ အများအားဖြင့်။ အဘိဓမ္မာရဲ့ system ကပေါ့နော်။ System လေးတွေပဲ မတူတာ တရားအနှစ်သာရက အတူတူပဲ။ အဘိဓမ္မာ သင်နေတဲ့သူတွေအနေနဲ့ တို့က အဘိဓမ္မမှဆိုပြီး သုတ္တန်ကို မျက်စောင်း သွားမထိုးလေနဲ့။ သုတ္တန်နဲ့ အဘိဓမ္မာ အတူတူပဲလို့ မှတ်ရမယ်။ သုတ္တန္တ ဆိုတာ မြတ်စွာဘုရားက တရားထူး တရားမြတ်ရတဲ့ ပုဂ္ဂိုလ်တွေက သုတ္တန္တနဲ့ ရကြတာလေ။ ဓမ္မစင်္ကြာတို့ အနတ္တလက္ခဏသုတ်တို့ဆိုတာတွေက သုတ္တန္တ၊ တစ်ချိူ့ အဲဒီလို ပြောတာ သွားကြည့်မိတယ်။ သြော် ဘာဖြစ်လို့များ ဒီလို ပြောလိုကိပါလိမ့်လို့။ အဘိဓမ္မာသင်နေလို့ သုတ္တန်တရားတောင် မနာတတ် တဲ့ သူတွေ သွားတွေ့လိုက်တယ်ပေါ့။ စိတ်ထဲမှာ အံ့သြတုန်လှုပ်မိသွားတယ်။ တစ်ဖက်ကို ဦးစားပေးရင် တစ်ဖက်ကို ပယ်ဖျက်တာမျိုးတွေက မဖြစ်သင့်တဲ့ဟာ တွေ။ ဒါကြောင့်မို့လို့ တစ်ခါတစ်ခါ ဟောပြောကြတာ တွေ ကြားရတယ်။ဝိပဿနာ ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ သမထက ဘုရားဟော မဟုတ်ဘူး။ သံသရာဝဋ်က မလွတ်နိုင်ဘူးဆိုတဲ့ အပြောတွေ ပြောလာကြတယ်။ ဝိပဿနာကို emphasis လုပ်ရင်းကနေပြီးတော့ သမထကို သွားပြီး ရှုံ့ချပုတ်ခတ်တာမျိုး သွားလုပ် တယ်။ အဲဒါမျိုးလည်း တစ်ကယ် မလုပ်သင့်တဲ့ဟာ တွေနော်။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒွေမေဘိက္ခဝေ ဓမ္မာဘာဝေတဗ္ဗ သမထောစ ဝိပဿနာစ ဒီတရားနှစ်ခုဟာ ပွားအောင်လုပ်ရမဲ့ ဖြစ်ပွားစေရမဲ့ တရားတွေ။ ဘာတွေတုန်းဆိုတော့ သမထ နဲ့ ဝိပဿနာလို့ ဒီလို ဟောခဲ့တာ။ အဲဒီတော့ တစ်ဖက်က ကိုယ့်ကိုယ်ကိုယ် ဘုရားမဟော တာကို၊ ဘုရားဟောတာကို ပယ်ဖျက်ပြီးသား ဖြစ်သွား တယ်ဆိုတော့ တစ်ကယ်ကတော့ မကောင်းဘူး။ အတော် အန္တရာယ်ကြီးတဲ့ အပြောမျိုးတွေပေါ့။ အဲဒါတွေက။ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ဟောကြားသော ဝိဘင်္ဂကျမ်းတရားတော် အား နာယူ၍ ပြန်လည်ပူဇော်မျှဝေပါသည်။ Posted by Words of Buddha တစ္ခါ တစ္ခါ ေျပာမိတတ္တယ္။ အဘိဓမၼာ ေလ့လာေတာ့ သုတၱန္တရားေတြ မနာတတ္ေတာ့ဘူးလို႔။ အဲဒီေတာ့ သုတၱန္နဲ႕ အဘိဓမၼာကို မကြဲလို႔ အဲဒီလို သြားေျပာမိတာ။ ဘုရားေဟာတာ သုတၱန္နဲ႕ အဘိဓမၼာဆိုတာ Explain လုပ္တာေလးေလာက္ပဲ ကြာတာ။ အႏွစ္သာရခ်င္းက အတူတူပဲ။ အဘိဓမၼာဆိုတာ ပုဂၢိုလ္မပါပဲနဲ႕ ဓမၼသက္သက္ကို Point out လုပ္ၿပီးေတာ့ Explain လုပ္ထားတာ။ အမ်ားအားျဖင့္။ အဘိဓမၼာရဲ႕ system ကေပါ့ေနာ္။ System ေလးေတြပဲ မတူတာ တရားအႏွစ္သာရက အတူတူပဲ။ အဘိဓမၼာ သင္ေနတဲ့သူေတြအေနနဲ႕ တို႔က အဘိဓမၼမွဆိုၿပီး သုတၱန္ကို မ်က္ေစာင္း သြားမထိုးေလနဲ႕။ သုတၱန္နဲ႕ အဘိဓမၼာ အတူတူပဲလို႔ မွတ္ရမယ္။ သုတၱႏၱ ဆိုတာ ျမတ္စြာဘုရားက တရားထူး တရားျမတ္ရတဲ့ ပုဂၢိုလ္ေတြက သုတၱႏၱနဲ႕ ရၾကတာေလ။ ဓမၼစၾကၤာတို႔ အနတၱလကၡဏသုတ္တို႔ဆိုတာေတြက သုတၱႏၱ၊ တစ္ခ်ိဴ႕ အဲဒီလို ေျပာတာ သြားၾကည့္မိတယ္။ ေၾသာ္ ဘာျဖစ္လို႔မ်ား ဒီလို ေျပာလိုကိပါလိမ့္လို႔။ အဘိဓမၼာသင္ေနလို႔ သုတၱန္တရားေတာင္ မနာတတ္ တဲ့ သူေတြ သြားေတြ႕လိုက္တယ္ေပါ့။ စိတ္ထဲမွာ အံ့ၾသတုန္လႈပ္မိသြားတယ္။ တစ္ဖက္ကို ဦးစားေပးရင္ တစ္ဖက္ကို ပယ္ဖ်က္တာမ်ိဳးေတြက မျဖစ္သင့္တဲ့ဟာ ေတြ။ ဒါေၾကာင့္မို႔လို႔ တစ္ခါတစ္ခါ ေဟာေျပာၾကတာ ေတြ ၾကားရတယ္။ဝိပႆနာ က်င့္ေနတဲ့ ပုဂၢိုလ္ဟာ သမထက ဘုရားေဟာ မဟုတ္ဘူး။ သံသရာဝဋ္က မလြတ္နိုင္ဘူးဆိုတဲ့ အေျပာေတြ ေျပာလာၾကတယ္။ ဝိပႆနာကို emphasis လုပ္ရင္းကေနၿပီးေတာ့ သမထကို သြားၿပီး ရႈံ႕ခ်ပဳတ္ခတ္တာမ်ိဳး သြားလုပ္ တယ္။ အဲဒါမ်ိဳးလည္း တစ္ကယ္ မလုပ္သင့္တဲ့ဟာ ေတြေနာ္။ ျမတ္စြာဘုရားကိုယ္တိုင္ကိုက ေဒြေမဘိကၡေဝ ဓမၼာဘာေဝတဗၺ သမေထာစ ဝိပႆနာစ ဒီတရားႏွစ္ခုဟာ ပြားေအာင္လုပ္ရမဲ့ ျဖစ္ပြားေစရမဲ့ တရားေတြ။ ဘာေတြတုန္းဆိုေတာ့ သမထ နဲ႕ ဝိပႆနာလို႔ ဒီလို ေဟာခဲ့တာ။ အဲဒီေတာ့ တစ္ဖက္က ကိုယ့္ကိုယ္ကိုယ္ ဘုရားမေဟာ တာကို၊ ဘုရားေဟာတာကို ပယ္ဖ်က္ၿပီးသား ျဖစ္သြား တယ္ဆိုေတာ့ တစ္ကယ္ကေတာ့ မေကာင္းဘူး။ အေတာ္ အႏၱရာယ္ႀကီးတဲ့ အေျပာမ်ိဳးေတြေပါ့။ အဲဒါေတြက။ ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာနႏၵမာလာဘိဝံသ ဆရာေတာ္ေဟာၾကားေသာ ဝိဘဂၤက်မ္းတရားေတာ္ အား နာယူ၍ ျပန္လည္ပူေဇာ္မွ်ေဝပါသည္။ Posted by Words of Buddha


via အလင္းေရာင္ ဓမၼ https://ift.tt/32OgKPS