Thursday, October 24, 2019

{သီလရနံ့ သီလဟူသည်} အခါတပါး မြတ်စွာဘုရားအား အရှင်အာနန္ဒာက ဤသို့လျှောက်ထား၏။ "မြတ်စွာဘုရား၊ အမြစ်နံ့သာ၊ အနှစ်နံ့သာ၊ အပွင့်နံ့သာသုံးမျိုးတို့၏ အနံ့သည် လေစုန် လေအောက်သို့သာလျှင် သွားပါ၏။ လေညာ လေဆန်သို့ မသွားပါ။ လေစုန် လေကြေသို့လည်းကောင်း၊ လေဆန် လေညာသို့လည်းကောင်း သွားနိုင်သော တစ်စုံတစ်ခုသော အနံ့ရှိပါသလော" ဘုရားရှင်က- "အာနန္ဒာ-ပန်းအနံ့သည် လေဆန်လေညာသို့ မသွား၊ စန္ဒကူး၊ တောဇလပ်၊ စပယ်၊ ကြက်ရုံးပန်းအနံ့တို့သည်လည်း လေဆန် လေညာသို့မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လေဆန် လေညာသို့ သွား၏။ သူတော်ကောင်းတို့၏ အနံ့သည် အရပ်မျက်နှာအားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏" "အာနန္ဒာ-စန္ဒကူး၊ တောင်ဇလပ်၊ ကြာညို၊ မြတ်လေး၊ ကြက်ရုံးပန်းတို့၏ အနံ့အမျိုးမျိုးတို့ထက် ထိန်းသိမ်းစောင့်စည်းအပ်သော သီလရနံ့သည်သာ အတုမရှိ မြတ်၏" ဟု ဟောကြားတော်မူသည်။ ကိုယ်ကျင့်တရား ကောင်းသူ၊ သီလရှိသူသည် မိမိ၏ အပြော၊ အလုပ်၊ ကြံစည်စိတ်ကူးမှုတို့၏ သန့်စင်မှုကြောင့် တစ်စုံတစ်ရာ စိုးရိမ်သောက ဗျာပါဒ မရှိချေ။ စိတ်အေးချမ်းသာ နေရသည်။ မိမိ၏ ကောင်းသော ဂုဏ်သတင်းကို ပတ်ဝန်းကျင်က ဆောင်ကြဉ်းပေးသည်။ ကိုယ်တိုင် လုံ့လစိုက်ရန် မလိုပေ။ လက်ရှိဘဝတွင် ကောင်းကျိုးရှိရုံသာမက သေလွန်သည့်အခါတွင်လည်း ကောင်းရာသုဂတိဘုံမှ လွဲ၍ အခြားရောက်စရာ မရှိပေ။ ထို့ကြောင့်ပင်- သဂ္ဂါရောဟဏ သောပါနံ၊ အညံ သီလသမံကုတော ဒွါရံဝါပန၊ နိဗ္ဗာန၊ နဂရဿ ပဝေသန သီလနှင့်တူသော အခြားသောနတ်ပြည်တက်ကြောင်း စောင်းတန်းလေခါးသည် အဘယ်မှာ ရှိအံ့နည်း။ နိဗ္ဗာန်ရွှေပြည်သို့ဝင်ခြင်း၌ သီလနှင့်တူသောတံခါးသည် အဘယ်မှာ ရှိအံ့နည်းဟူ၍ မြတ်စွာ ဘုရားရှင်က ဟောကြားခဲ့ခြင်းဖြစ်ပေသည်။ သီလလှေခါး၊ သီလတံခါးမှ သုဂတိဘုံသို့ တက်လှမ်းဝင်ရောက်ကြရုံသာ။ #သီလဟူသည် သီလဟူသောစကားသည် ပါဠိအတိုင်း ခေါ်ဆိုထားသော မြန်မာဝေါဟာရ ဖြစ်သည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌- "ကိံသီလန္တိ စေတနာသီလံ စေတသိကံသီလံ၊ အဝီတက္ကမောသီလန္တိ" ဟူ၍ ဟောတော်မူသည်။ အဓိပ္ပါယ်မှာ စေတနာသည် သီလမည်၏။ စေတသိက်တို့သည် သီလမည်၏။ ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရ တရားသည် သီလမည်၏။ မလွန်ကျူးခြင်းသည် သီလမည်၏ဟူ၍ ဖြစ်သည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣနြေ္ဒခြောက်ပါးတို့ကို မကောင်းသောအာရုံများဘက်သို့ မရောက်အောင် ပိတ်ဆို့စောင့်ရှောက်ခြင်း၊ မကောင်းမှုကို မကျူးလွန်ခြင်း၊ ထိုသို့ မကောင်းမှု မကျူးလွန်မိစေရန် တိုက်တွန်းသည့် စိတ်စေတသိက် ဖြစ်ပေါ်အောင် မွေးမြူခြင်းတို့သည် သီလပင် ဖြစ်သည်။ "သီလန"ဟူသော အနက်သဘောကြောင့်လည်း သီလဟူ၍ ခေါ်ခြင်းဖြစ်သည်။ သီလနအနက်မှာ ကာယကံ၊ ဝစီကံတို့ကို သိမ်းသိမ်းဆည်းဆည်း ကောင်းစွာ သိုမှီးထားခြင်း၊ ကုသိုလ်ဖြစ်ကုန်သော တရားတို့၏ တည်ရာ မှီရာ ဖြစ်ခြင်းတို့ပင် ဖြစ်သည်။ ချုပ်၍ ဆိုရလျှင် "ကာယကံမှု၊ ဝစီကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့နူးညံ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားများ အဆင့်ဆင့် ဖြစ်ပွားအောင် အခြေခံအကြောင်းရင်းအဖြစ် ဆောင်ရွက်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုခြင်း ဖြစ်သည်။ [သီလ (သို့မဟုတ်) ကိုယ်ကျင့်တရား စာအုပ် စာ ၇၊ ၁၀] share & copy {သီလရနံ့ သီလဟူသညျ} အခါတပါး မွတျစှာဘုရားအား အရှငျအာနန်ဒာက ဤသို့လြှောကျထား၏။ "မွတျစှာဘုရား၊ အမွဈနံ့သာ၊ အနှဈနံ့သာ၊ အပှငျ့နံ့သာသုံးမြိုးတို့၏ အနံ့သညျ လစေုနျ လအေောကျသို့သာလြှငျ သှားပါ၏။ လညော လဆေနျသို့ မသှားပါ။ လစေုနျ လကွေသေို့လညျးကောငျး၊ လဆေနျ လညောသို့လညျးကောငျး သှားနိုငျသော တဈစုံတဈခုသော အနံ့ရှိပါသလော" ဘုရားရှငျက- "အာနန်ဒာ-ပနျးအနံ့သညျ လဆေနျလညောသို့ မသှား၊ စန်ဒကူး၊ တောဇလပျ၊ စပယျ၊ ကွကျရုံးပနျးအနံ့တို့သညျလညျး လဆေနျ လညောသို့မသှား၊ သူတောျကောငျးတို့၏ အနံ့သညျသာ လဆေနျ လညောသို့ သှား၏။ သူတောျကောငျးတို့၏ အနံ့သညျ အရပျမကြျနှာအားလုံးတို့သို့ ပြံ့နှံ့လှိုငျကွူ၏" "အာနန်ဒာ-စန်ဒကူး၊ တောငျဇလပျ၊ ကွာညို၊ မွတျလေး၊ ကွကျရုံးပနျးတို့၏ အနံ့အမြိုးမြိုးတို့ထကျ ထိနျးသိမျးစောငျ့စညျးအပျသော သီလရနံ့သညျသာ အတုမရှိ မွတျ၏" ဟု ဟောကွားတောျမူသညျ။ ကိုယျကငြျ့တရား ကောငျးသူ၊ သီလရှိသူသညျ မိမိ၏ အပွော၊ အလုပျ၊ ကွံစညျစိတျကူးမှုတို့၏ သနျ့စငျမှုကွောငျ့ တဈစုံတဈရာ စိုးရိမျသောက ဗြာပါဒ မရှိခြေ။ စိတျအေးခမြျးသာ နရေသညျ။ မိမိ၏ ကောငျးသော ဂုဏျသတငျးကို ပတျဝနျးကငြျက ဆောငျကွဉျးပေးသညျ။ ကိုယျတိုငျ လုံ့လစိုကျရနျ မလိုပေ။ လကျရှိဘဝတှငျ ကောငျးကြိုးရှိရုံသာမက သလှေနျသညျ့အခါတှငျလညျး ကောငျးရာသုဂတိဘုံမှ လှဲ၍ အခွားရောကျစရာ မရှိပေ။ ထို့ကွောငျ့ပငျ- သဂ်ဂါရောဟဏ သောပါနံ၊ အညံ သီလသမံကုတော ဒှါရံဝါပန၊ နိဗ်ဗာန၊ နဂရူ ပဝသေန သီလနှငျ့တူသော အခွားသောနတျပွညျတကျကွောငျး စောငျးတနျးလခေါးသညျ အဘယျမှာ ရှိအံ့နညျး။ နိဗ်ဗာနျရှှပွေညျသို့ဝငျခွငျး၌ သီလနှငျ့တူသောတံခါးသညျ အဘယျမှာ ရှိအံ့နညျးဟူ၍ မွတျစှာ ဘုရားရှငျက ဟောကွားခဲ့ခွငျးဖွဈပသေညျ။ သီလလှခေါး၊ သီလတံခါးမှ သုဂတိဘုံသို့ တကျလှမျးဝငျရောကျကွရုံသာ။ #သီလဟူသညျ သီလဟူသောစကားသညျ ပါဠိအတိုငျး ခေါျဆိုထားသော မွနျမာဝေါဟာရ ဖွဈသညျ။ ပဋိသမ်ဘိဒါမဂျပါဠိတောျ၌- "ကိံသီလန်တိ စတေနာသီလံ စတေသိကံသီလံ၊ အဝီတက်ကမောသီလန်တိ" ဟူ၍ ဟောတောျမူသညျ။ အဓိပ်ပါယျမှာ စတေနာသညျ သီလမညျ၏။ စတေသိကျတို့သညျ သီလမညျ၏။ ပိတျဆို့စောငျ့ရှောကျခွငျး သံဝရ တရားသညျ သီလမညျ၏။ မလှနျကြူးခွငျးသညျ သီလမညျ၏ဟူ၍ ဖွဈသညျ။ မကြျစိ၊ နား၊ နှာခေါငျး၊ လြှာ၊ ကိုယျ၊ စိတျဟူသော ဣနွေ်ဒခွောကျပါးတို့ကို မကောငျးသောအာရုံမြားဘကျသို့ မရောကျအောငျ ပိတျဆို့စောငျ့ရှောကျခွငျး၊ မကောငျးမှုကို မကြူးလှနျခွငျး၊ ထိုသို့ မကောငျးမှု မကြူးလှနျမိစရေနျ တိုကျတှနျးသညျ့ စိတျစတေသိကျ ဖွဈပေါျအောငျ မှေးမွူခွငျးတို့သညျ သီလပငျ ဖွဈသညျ။ "သီလန"ဟူသော အနကျသဘောကွောငျ့လညျး သီလဟူ၍ ခေါျခွငျးဖွဈသညျ။ သီလနအနကျမှာ ကာယကံ၊ ဝစီကံတို့ကို သိမျးသိမျးဆညျးဆညျး ကောငျးစှာ သိုမှီးထားခွငျး၊ ကုသိုလျဖွဈကုနျသော တရားတို့၏ တညျရာ မှီရာ ဖွဈခွငျးတို့ပငျ ဖွဈသညျ။ ခြုပျ၍ ဆိုရလြှငျ "ကာယကံမှု၊ ဝစီကံမှုတို့ကို ရုနျ့ရငျးကွမျးတမျးစှာ ဖွဈခှငျ့မပေးဘဲ သိမျမှေ့နူးညံ့အောငျ ကောငျးစှာထားတတျသောကွောငျ့လညျးကောငျး၊ ကုသိုလျတရားမြား အဆငျ့ဆငျ့ ဖွဈပှားအောငျ အခွခေံအကွောငျးရငျးအဖွဈ ဆောငျရှကျတတျသောကွောငျ့လညျးကောငျး သီလဟု ခေါျဆိုခွငျး ဖွဈသညျ။ [သီလ (သို့မဟုတျ) ကိုယျကငြျ့တရား စာအုပျ စာ ၇၊ ၁၀] share & copy


via အလင်းရောင် ဓမ္မ https://ift.tt/2pQ9Kni