Monday, October 21, 2019

**အတု** 🍁🍁🍁🍁 *ကိုယ့်ကိုယ်မကြောက်သူ့ကိုကြောက် အကြောက်မစစ်သေး။ *ကိုယ်မှာမမုန်း သူကိုမုန်း အမုန်းမစစ်သေး။ * မတည့်လျှင်ပစ် တည့်လျှင်ချစ် မိတ်စစ်မဟုတ်သေး။ * မှန်လျှင်သာချစ် မှားသော်လစ် ရန်စစ်မဟုတ်သေး။ * မလိုသော်စွန့် လိုမစွန့် အစွန့်မဟုတ်သေး။ * ပျော်လှူ မျှော်လှူ မတော်လှူ ပူဇော်မစစ်သေး။ * ခိုးလှူ ဘတ်လှူ ညစ်ပတ်လှူ သူတော်မစစ်သေး။ * ဖြစ်ပျက်မရှု လှူ ပေါင်းစု ကောင်းမှုမစစ်သေး။ * အပြစ်နှင့်စပ် ထိုရလဒ် အမြတ်မစစ်သေး။ * ကိုယ်ကျင့်ကိုဖျက် ကြီးပွားချက် အတက်မစစ်သေး။ * စွဲလမ်းသူမှာ သနားရာ ကရုဏာမစစ်သေး။ * ကိုယ့်အောက်သူ့မှာ ဝမ်းမြောက်ရာ မုဒိတာမစစ်သေး။ * မုန်းသောကြောင့်သာ စွန့်ပစ်ခွာ ဥပေက္ခာမစစ်သေး။ * ကောင်းရာသို့မှီ စိတ်သာကြည် ခန္တီမစစ်သေး။ * ပြောင်းလဲတတ်ရာ ဓမ္မတာ သစ္စာမစစ်သေး။ * သူပြော၌သာ ကွဲသိရာ ပညာမစစ်သေး။ * သူချင်းစကား အငြင်းပွား တရားမစစ်သေး။ * ဖြစ်ပျက်မမြင် စခန်းလျှင် လမ်းစဉ်မစစ်သေး။ * တိုက်ခိုက်မရှိ ငြိမ်သက်ဘိ သမာဓိမစစ်သေး။ * ခဏသာကောင်း ကြာသော်ညောင်း အကောင်းမစစ်သေး။ * ပျက်စီးပြီးမှ ချမ်းသာရ သုခမစစ်သေး။ * အငြိမ်းမလာ သိမလာ ဘာဝနာမစစ်သေး။ * အေးကးအေး၏ မငြိမ်းဘိ မုတ္တိမစစ်သေး။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး။ Credit ဓမ်မရတနာ


via အလင်းရောင် ဓမ္မ https://ift.tt/32Aa6N7