Saturday, October 26, 2019

"သူမကောင်းလည်း ကိုယ်ကောင်းပါ " ═════════════════ ❖ မြတ်စွာဘုရားက . . . လောကမှာတဲ့ .... ❖ တစ်ချို့လူတွေက . . . ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်က ကောင်းလို့ ကိုယ်ကကောင်းနေတာ ။ ဆိုလိုတာက သူများတွေက တော်နေလို့ ကောင်းနေတဲ့ သူတော်ကောင်း ဖြစ်နေရတာ။ ❖ တစ်ချို့ကျတော့ . . . ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။ ပတ်ဝန်းကျင်က ကိုယ့့်အလိုအတိုင်းပြည့်နေတော့ သဘောကောင်းလိုက်တာ။ ပတ်ဝန်းကျင်အဆိုးနဲ့ တွေ့ရတဲ့အခါမှာ . . သဘောကောင်းသလား၊ မကောင်းဘူးလား? ဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။ ❖ တစ်ချို့ကျတော့လည်း . . . တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလည်းရှိသေးတယ်။ ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်း ရှိတတ်ပါတယ်။ ❖ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကောင်းနေတာကြောင့့်ဆိုရင် တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ " နိဝါတ" ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ " ဥပသန ္တ" စိတ်နှလုံးငြိမ်းအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ❖ ငါဟာ တကယ်သဘောကောင်းတဲ့သူလား ? ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာ၊ စိတ်မဆိုးတတ်တာလား ? စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား ? စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား ? ❖ ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။ တကယ့်ကို ပတ်ဝန်းကျင်ကမကောင်းတဲ့ကြားမှာ ငါကောင်းအောင်နေနိုင်ရဲ့လား ? ကိုယ့့်ကို ထော်လော်ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားမှာ ကိုယ့့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ဆိုတာကို စဉ်းစားကြည့်ပါ။ ...................................................................... မြတ်စွာဘုရားက လောကမှာတဲ့ ... ပတ်ဝန်းကျင်က ကောင်းလို့ ကိုယ်က ကောင်းနေတာ ။ ဆိုလိုတာက သူများတွေက တော်နေလို့ ကိုယ်က ကောင်းနေတဲ့ သူတော်ကောင်း ဖြစ်နေရတာ ။ တစ်ချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့ သဘောကောင်းနေတာ ။ အဲလို ပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ် ဖြစ်နေတာ။ " နိဝါတ " - ဘယ်တော့မှ စိတ်မဆိုးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့ ။ "ဥပသန္တ " - စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ ။ - ငါဟာ တကယ်သဘောကောင်းတဲ့သူလား ? - ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား ? - စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား ? - စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား ? - ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ? ဆိုတာ စဉ်းစားကြည့်ပါ။ ------------------------------------ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစ ရှေ့ပိုင်းမှာ သာဝတ္ထိပြည်မှာတဲ့ . . . .။ " ဝေဒေဟိကာ " ဆိုတဲ့ အိမ်ရှင်သူဌေးမကြီး တစ်ယောက် ရှိတယ်။ အဲဒီသူဋ္ဌေးမကြီးမှာ " ကာဠီ " ဆိုတဲ့ အိမ်စေ တစ်ယောက်ရှိတယ် ။ ကာဠီဟာ အရမ်းတော်တယ် ။ အိမ်ရှင်သူဌေးမကြီး ဘာမှ ပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်ဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။ အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက် ဒေါသထွက်တာ မရှိဘူး ။ ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ် ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။ အဲဒါကို ကာဠီဆိုတဲ့ ကျွန်မက စဉ်းစားတယ် ။ ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးက ကောင်းနေတာလား ? ငါမလုပ်ပဲထားရင် ငါ့အပေါ် သူကောင်းနိုင်ပါ့မလား ဆိုပြီး သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ် ။ ------------------------------------------------ နောက်တနေ့မနက်ကစပြီး ကာဠီဟာ အိပ်ယာမထဘူး။ သူဌေးမကြီးက နေမကောင်းလို့ အိပ်နေတာလား မေးတော့ မထချင်လို့ လို့ ပြန်ဖြေတယ် ။ သူဌေးမကြီး ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွက် လေသံမာလာတယ်။ အဲဒီတစ်နေ့တော့ ဒီတိုင်း ထားလိုက်တယ် ။ နောက်တစ်နေ့ကျပြန်တော့လဲ မထပြန်ဘူး။ အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေ ကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ် ။ ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ် ။ ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကို လှည့်ပြီး . . . " ဒီမှာ ကြည့်ကြပါဦး , အရမ်းသဘောကောင်းပြီး စိတ်ထား ကောင်းတဲ့ , အရပ်က ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကို ကြည့်ပါ " ဆိုပြီး အော်တယ် ။ ကာဠီက ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ် ။ အဲဒီနေ့ကစပြီး သဘောကောင်းတဲ့ အိမ်ရှင်မဟာ ဆိုးတဲ့ အိမ်ရှင်မ ဖြစ်သွားတော့တယ် ။ --------------------------------------- ဒီနေရာမှာ အဋ္ဌာကထာဆရာကြီးက ရေးထားတာ မှတ်သားစရာ ကောင်းတယ် ။ ၁ - " ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ " ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။ ၂ - " ဒေါသော ခဏေနေဝ ပတ္တယတိ" မကောင်းသတင်းကျတော့ ချက်ချင်း ပြန့်တယ် တဲ့ ။ ဂုဏ်တစ်ခုရဖို့ ဆိုတာ အချိန်အများကြီး လိုတယ် ။ လူတစ်ယောက် ဂုဏ်တက်လာဖို့ " ဝုန်း " "ဒိုင်း " ဆိုပြီး တက်မလာဘူး ။ သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။ အဲဒီအချိန်ကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာ လို့ ဖြစ်လာတော့တာပဲ ။ ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲ ဆိုရင် - သူများတော်နေလို့ , ကောင်းနေတဲ့အကောင်းမျိုး မဖြစ်စေနဲ့တဲ့ ။ ပင်ကိုယ်က ကောင်းအောင်ကျင့်ပါ . . .လို့ ဒီလို ဟောတယ် ။ ပင်ကိုယ်က ကောင်းနေလို့ရှိရင် ဒီလို ရိုက်နှက်သည်အထိ ဘယ်ဖြစ်မလဲ ။ ----------------------------------- အဲဒီနောက်မှာ မြတ်စွာဘုရားက - လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံကြတဲ့အခါ - မဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ် ။ - ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံရမယ် ။ - ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောတာတွေ ကြုံရမယ်။ - အဲလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ ခံယူမလဲတဲ့ ။ - " မေတ္တာ " နဲ့ ခံယူပါ တဲ့။ - အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော် ။ "ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ" ( မေတ္တာနှလုံးအစဉ်သုံး ၊ စာ- ၁၈- ၂၄ ) မှ ကောက်နုတ်ပူဇော်ပါ၏ Credit - ဓမ္မ နှစ်သက်သူ ★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★ ❖ မေတ္တာဖြင့် ဓမ္မဒါန မျှဝေပူဇော်ပါသည်။ Thank_ Ko Lin. "သူမေကာင္းလည္း ကိုယ္ေကာင္းပါ " ═════════════════ ❖ ျမတ္စြာဘုရားက . . . ေလာကမွာတဲ့ .... ❖ တစ္ခ်ိဳ႕လူေတြက . . . ကိုယ့္အေပၚမွာ ပတ္ဝန္းက်င္က ေကာင္းလို႔ ကိုယ္ကေကာင္းေနတာ ။ ဆိုလိုတာက သူမ်ားေတြက ေတာ္ေနလို႔ ေကာင္းေနတဲ့ သူေတာ္ေကာင္း ျဖစ္ေနရတာ။ ❖ တစ္ခ်ိဳ႕က်ေတာ့ . . . ကိုယ့္ပတ္ဝန္းက်င္က သိပ္ေကာင္းတယ္ေလ။ ပတ္ဝန္းက်င္က ကိုယ့့္အလိုအတိုင္းျပည့္ေနေတာ့ သေဘာေကာင္းလိုက္တာ။ ပတ္ဝန္းက်င္အဆိုးနဲ႕ ေတြ႕ရတဲ့အခါမွာ . . သေဘာေကာင္းသလား၊ မေကာင္းဘူးလား? ဆိုတာကို ဆုံးျဖတ္ၾကည့္ရမယ္။ ❖ တစ္ခ်ိဳ႕က်ေတာ့လည္း . . . တစ္စုံတစ္ခုရၿပီးေတာ့ ဦးစားေပးခံေနရလို႔ သေဘာေကာင္းေနတာလည္းရွိေသးတယ္။ ဦးစားေပးခံရလို႔ သေဘာေကာင္းေနတာမ်ိဳးဟာလည္း ရွိတတ္ပါတယ္။ ❖ အဲဒီလိုပုဂၢိုလ္မ်ိဳးဟာ တကယ္သေဘာေကာင္းတာမ်ိဳး မဟုတ္ပါဘူး။ ပတ္ဝန္းက်င္ေကာင္းေနတာေၾကာင့့္ဆိုရင္ တကယ္ယဥ္ေက်းတဲ့ ပုဂၢိုလ္မ်ိဳး မဟုတ္ဘူး။ " နိဝါတ" ဘယ္ေတာ့မွ စိတ္မဆိုးတဲ့ပုဂၢိုလ္မ်ိဳး မဟုတ္ဘူး။ " ဥပသန ၱ" စိတ္ႏွလုံးၿငိမ္းေအးတဲ့ ပုဂၢိုလ္မ်ိဳး မဟုတ္ဘူး။ ❖ ငါဟာ တကယ္သေဘာေကာင္းတဲ့သူလား ? ပတ္ဝန္းက်င္ေကာင္းလို႔ ေကာင္းတာ၊ စိတ္မဆိုးတတ္တာလား ? စိတ္ဆိုးစရာမရွိလို႔ စိတ္မဆိုးတာလား ? စိတ္ဆိုးစရာေတြ႕ရင္ စိတ္ဆိုးမွာပါလား ? ❖ ပတ္ဝန္းက်င္ေကာင္းလို႔ ငါေကာင္းေနတာပါလား။ တကယ့္ကို ပတ္ဝန္းက်င္ကမေကာင္းတဲ့ၾကားမွာ ငါေကာင္းေအာင္ေနနိုင္ရဲ႕လား ? ကိုယ့့္ကို ေထာ္ေလာ္ကန့္လန့္လုပ္ေနတဲ့ သူေတြရဲ႕ၾကားမွာ ကိုယ့့္စိတ္ကို ဘယ္ေလာက္ထိန္းနိုင္သလဲ ဆိုတာကို စဥ္းစားၾကည့္ပါ။ ...................................................................... ျမတ္စြာဘုရားက ေလာကမွာတဲ့ ... ပတ္ဝန္းက်င္က ေကာင္းလို႔ ကိုယ္က ေကာင္းေနတာ ။ ဆိုလိုတာက သူမ်ားေတြက ေတာ္ေနလို႔ ကိုယ္က ေကာင္းေနတဲ့ သူေတာ္ေကာင္း ျဖစ္ေနရတာ ။ တစ္ခ်ိဳ႕က တစ္စုံတစ္ခုရၿပီး ဦးစားေပးခံေနရလို႔ သေဘာေကာင္းေနတာ ။ အဲလို ပုဂၢိုလ္မ်ိဳးဟာ တကယ္သေဘာေကာင္းတာ မဟုတ္ပါဘူး။ ပတ္ဝန္းက်င္ေကာင္းနဲ႕ ေတြ႕ေနလို႔ ယဥ္ေက်းတဲ့ပုဂၢိုလ္ ျဖစ္ေနတာ။ " နိဝါတ " - ဘယ္ေတာ့မွ စိတ္မဆိုးတဲ့ ပုဂၢိုလ္မ်ိဳး မဟုတ္ဘူးတဲ့ ။ "ဥပသႏၱ " - စိတ္ႏွလုံးေအးတဲ့ ပုဂၢိုလ္မ်ိဳး မဟုတ္ဘူး ။ ကိုယ့္ကိုယ္ကို ျပန္ၿပီး စဥ္းစားၾကည့္ပါ ။ - ငါဟာ တကယ္သေဘာေကာင္းတဲ့သူလား ? - ပတ္ဝန္းက်င္ေကာင္းလို႔ စိတ္မဆိုးတတ္တာလား ? - စိတ္ဆိုးစရာ မရွိလို႔ စိတ္မဆိုးတာလား ? - စိတ္ဆိုးစရာေတြ႕ရင္ စိတ္ဆိုးမွာလား ? - ကိုယ့္စိတ္ကို ဘယ္ေလာက္ထိန္းနိုင္သလဲ ? ဆိုတာ စဥ္းစားၾကည့္ပါ။ ------------------------------------ ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက ဒီသုတၱန္ရဲ႕ အစ ေရွ႕ပိုင္းမွာ သာဝတၳိျပည္မွာတဲ့ . . . .။ " ေဝေဒဟိကာ " ဆိုတဲ့ အိမ္ရွင္သူေဌးမႀကီး တစ္ေယာက္ ရွိတယ္။ အဲဒီသူ႒ေးမႀကီးမွာ " ကာဠီ " ဆိုတဲ့ အိမ္ေစ တစ္ေယာက္ရွိတယ္ ။ ကာဠီဟာ အရမ္းေတာ္တယ္ ။ အိမ္ရွင္သူေဌးမႀကီး ဘာမွ ျပန္ၾကည့္စရာမလိုေအာင္ အိမ္မႈကိစၥေတြအားလုံး အကုန္ျဖည့္ဆည္းလုပ္ကိုင္ေပးတယ္။ အဲဒီအခါ အိမ္ရွင္မႀကီးဟာ ႏွလုံးေအးခ်မ္းတဲ့အတြက္ ေဒါသထြက္တာ မရွိဘူး ။ ဒါေၾကာင့္ ပတ္ဝန္းက်င္က အိမ္ရွင္သူေဌးမႀကီးဟာ အလြန္စိတ္ေကာင္းရွိတယ္ ဆိုၿပီး ခ်ီးက်ဴးစကား ေျပာဆိုၾကတယ္။ အဲဒါကို ကာဠီဆိုတဲ့ ကြၽန္မက စဥ္းစားတယ္ ။ ငါေတာ္လို႔ ငါေကာင္းလို႔ ငါလုပ္ေပးေနလို႔ သူေဌးမႀကီးက ေကာင္းေနတာလား ? ငါမလုပ္ပဲထားရင္ ငါ့အေပၚ သူေကာင္းနိုင္ပါ့မလား ဆိုၿပီး သူေဌးမႀကီးရဲ႕စိတ္ကို စမ္းသပ္တယ္ ။ ------------------------------------------------ ေနာက္တေန႕မနက္ကစၿပီး ကာဠီဟာ အိပ္ယာမထဘူး။ သူေဌးမႀကီးက ေနမေကာင္းလို႔ အိပ္ေနတာလား ေမးေတာ့ မထခ်င္လို႔ လို႔ ျပန္ေျဖတယ္ ။ သူေဌးမႀကီး ေဒါသအနည္းငယ္ျဖစ္လာတဲ့အတြက္ ေလသံမာလာတယ္။ အဲဒီတစ္ေန႕ေတာ့ ဒီတိုင္း ထားလိုက္တယ္ ။ ေနာက္တစ္ေန႕က်ျပန္ေတာ့လဲ မထျပန္ဘူး။ အိမ္ရွင္သူေဌးမဟာ ေဒါသစိတ္ကေန ကိုယ္ထိလက္ေရာက္ ျဖစ္လာၿပီး ကာဠီကို ရိုက္ႏွက္ေတာ့တယ္ ။ ကာဠီရဲ႕ေခါင္းကို ရိုက္မိၿပီး ေသြးထြက္လာတယ္ ။ ဒီအခါ ကာဠီက အိမ္နီးခ်င္း ပတ္ဝန္းက်င္ကို လွည့္ၿပီး . . . " ဒီမွာ ၾကည့္ၾကပါဦး , အရမ္းသေဘာေကာင္းၿပီး စိတ္ထား ေကာင္းတဲ့ , အရပ္က ခ်ီးမြမ္းၾကတဲ့ သူေဌးမႀကီးရဲ႕ ရက္စက္ပုံကို ၾကည့္ပါ " ဆိုၿပီး ေအာ္တယ္ ။ ကာဠီက ေခါင္းအကြဲခံၿပီး စမ္းသပ္ခံတယ္ ။ အဲဒီေန႕ကစၿပီး သေဘာေကာင္းတဲ့ အိမ္ရွင္မဟာ ဆိုးတဲ့ အိမ္ရွင္မ ျဖစ္သြားေတာ့တယ္ ။ --------------------------------------- ဒီေနရာမွာ အ႒ာကထာဆရာႀကီးက ေရးထားတာ မွတ္သားစရာ ေကာင္းတယ္ ။ ၁ - " ဂုဏာ နာမ သဏိကံ အာဂစ္ဆႏၱိ " ဂုဏ္ဆိုတာ ျဖည္းျဖည္းခ်င္း တက္လာတယ္။ ၂ - " ေဒါေသာ ခေဏေနဝ ပတၱယတိ" မေကာင္းသတင္းက်ေတာ့ ခ်က္ခ်င္း ျပန့္တယ္ တဲ့ ။ ဂုဏ္တစ္ခုရဖို႔ ဆိုတာ အခ်ိန္အမ်ားႀကီး လိုတယ္ ။ လူတစ္ေယာက္ ဂုဏ္တက္လာဖို႔ " ဝုန္း " "ဒိုင္း " ဆိုၿပီး တက္မလာဘူး ။ သို႔ေသာ္ အျပစ္က်ေတာ့ မေကာင္းသတင္းက ခ်က္ခ်င္းထြက္တယ္။ အဲဒီအခ်ိန္ကစၿပီးေတာ့ ေဝေဒဟိကာ သူေဌးမႀကီးဟာ ဆိုးလိုက္တာ ဆိုးလိုက္တာ လို႔ ျဖစ္လာေတာ့တာပဲ ။ ဒါေၾကာင့္ ျမတ္စြာဘုရားက ဘယ္လိုေဟာသလဲ ဆိုရင္ - သူမ်ားေတာ္ေနလို႔ , ေကာင္းေနတဲ့အေကာင္းမ်ိဳး မျဖစ္ေစနဲ႕တဲ့ ။ ပင္ကိုယ္က ေကာင္းေအာင္က်င့္ပါ . . .လို႔ ဒီလို ေဟာတယ္ ။ ပင္ကိုယ္က ေကာင္းေနလို႔ရွိရင္ ဒီလို ရိုက္ႏွက္သည္အထိ ဘယ္ျဖစ္မလဲ ။ ----------------------------------- အဲဒီေနာက္မွာ ျမတ္စြာဘုရားက - ေလာကမွာ လူေတြဟာ အခ်င္းခ်င္း ဆက္ဆံၾကတဲ့အခါ - မဟုတ္မမွန္ ေျပာတာေတြလည္း ရွိခ်င္ရွိမယ္ ။ - ရိုင္းရိုင္းျပျပ ေျပာတာေတြလည္း ႀကဳံရမယ္ ။ - က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိတာေတြလည္း ေျပာတာေတြ ႀကဳံရမယ္။ - အဲလိုႀကဳံလာခဲ့လို႔ရွိရင္ ျမတ္စြာဘုရားက အဲဒီစကားမုန္တိုင္းေတြကို ဘာနဲ႕ ခံယူမလဲတဲ့ ။ - " ေမတၱာ " နဲ႕ ခံယူပါ တဲ့။ - အဲဒီေနရာမွာ ေမတၱာႏွလုံး အစဥ္သုံးလို႔ ေျပာတာေနာ္ ။ "ေဒါက္တာအရွင္နႏၵမာလာဘိဝံသ" ( ေမတၱာႏွလုံးအစဥ္သုံး ၊ စာ- ၁၈- ၂၄ ) မွ ေကာက္ႏုတ္ပူေဇာ္ပါ၏ Credit - ဓမၼ ႏွစ္သက္သူ ★ _/\\_ သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ၊ _/\\_ ★ ❖ ေမတၱာျဖင့္ ဓမၼဒါန မွ်ေဝပူေဇာ္ပါသည္။ Thank_ Ko Lin.


via အလင္းေရာင္ ဓမၼ https://ift.tt/31TCatW