အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 23, 2019
* အမွေးတိုင်ပူဇော်ခြင်းနဲ့ပတ်သတ်၍ * 🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹 မေး။ ။ အရှင်ဘုရား မေးခွန်းနောက်တစ်ခုလောက် မေးပါရစေ။ ဖယောင်းတိုင်၊ အမွေးတိုင် ထွန်းတယ်ဆိုတာ လေထဲကို ကာဗွန်တိုင် အောက်ဆိုက်များစေတယ်။ လေထု ညစ်ညမ်းမှုသာဖြစ်စေပြီး ဘာမှထူးမှာမဟုတ်ဘူးဆိုတာ မှန်ပါသလားဘုရား။ ဖြေ။ ။ အင်း ဒီမေးခွန်းဟာလည်း တကယ်သိသင့်တဲ့ မေးခွန်းလေးပါ။ မြတ်စွာဘုရားရှေ့မှာ အမွေးတိုင်ပူဇော်တယ်၊ ဆီးမီးပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုပူဇော်ရတယ်ဆိုတာကို မသိကြတာက များပါတယ်။ တကယ်တော့ မြတ်ဗုဒ္ဓဟာ ကိလေသာအားလုံး ကင်စင်ပြီးဖြစ်လို့ အမွေးနံ့သာ စသည်တို့ မလိုအပ်တော့ပါ။ မြတ်ဗုဒ္ဓခန္ဓာကိုယ်တော်၌လည်း အညစ်အကြေးများမရှိဘဲ ကင်းစင်နေပါတယ်။ အဲဒီလို အမွေးနံ့သာစသည်တို့လည်း အလိုမရှိ၊ သူကိုယ်တိုင်၌လည်း အညစ်အကြေး ကင်းစင်နေတဲ့ မြတ်ဗုဒ္ဓဟာ အဘယ့်ကြောင့် အမွေးနံ့သာ ပူဇော်ခြင်း၊ ပန်းများပူဇော်ခြင်းတို့ကို လက်ခံရသလဲဆိုတာ သေချာစဉ်းစား ကြည့်သင့်ပါတယ်။ မြတ်ဗုဒ္ဓဟာ စာရေးသူတို့ သတ္တဝါတွေအပေါ်မှာ မဟာကရုဏာတော်ရှင် ဖြစ်တယ်ဆိုတာ ဒီဟာကို ထောက်ဆကြည့်တာနဲ့ပင် အတော်လေး ကြည်ညိုစရာ လေးစားစရာ ကောင်းလှပါတယ်။ သူ့အတွက် မလိုအပ်တဲ့အရာတွေ သူတစ်ပါးက လာပြုလုပ်တာကို လက်ခံခြင်းဟာ မဟာကရုဏာရှင်မို့သာ တခြားမည်သူမျှ လက်ခံလိမ့်မည်မဟုတ်ပေ။ စာရေးသူတို့ လူသားများတွင် တစ်စုံတစ်ယောက်ဟာ ရေမွှေးအကောင်းဆုံးတွေ သုံးထားတယ်ဆိုပါစို့၊ အဲဒီလူကို တစ်ယောက်ယောက်က သူ့ရေမွေးလောက် မကောင်းတဲ့အနံ့ဆိုးတဲ့ အနံ့တစ်ခုနဲ့ ဖြန့်ပက်ပေးမည်ဆိုရင် မဟာကရုဏာရှင်မဟုတ်တဲ့ စာရေးသူတို့လူသားများ သည်းခံခွင့်လွတ်မှာ မဟုတ်သလို အသာတကြည်နဲ့လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ အင်း မြတ်ဗုဒ္ဓကတော့ မဟာကရုဏာရှင်ဖြစ်တဲ့အတွက် သူ့ပင်ကိုယ်သဘာဝလောက် အမွေးနံ့သာမရှိတဲ့ အမွေးတိုင်၊ ပန်းများ သူနားမှာ ပူဇော်ခြင်းကို လက်ခံထားပေးတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါတွေကို သနားငဲ့ညာပြီး တရားထူး မြန်မြန်ရစေချင်လို့ပါ။ အမွေးတိုင် ပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ တကယ်တော့ အဲဒီအမွေးတိုင်၊ ပန်းပွင့်တို့ရဲ့ ဖြစ်ပျက်ကို ရှု့မြင်ပြီး မိမိရဲ့ခန္ဓကိုယ်ကိုလည်း ရှု့တတ်အောင်လို့ပါ။ အမွေးတိုင်လေး ကို ကြည့်လိုက်ရင် တစ်စတစ်စနဲ့ လောင်းမြိုက်ကုန်ဆုံးပြီး ပြာဖြစ်ကာ မြေကြီးထဲ ရောက်သွားပါတယ်။ အဲဒီလိုပဲ မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးလာပြီးကနေ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ နောက်ဆုံးပျက်စီးပြီး မြေကြီးဖြစ်သွားပါတယ်။ ဘယ်လောက်ပင် မိမိတို့က မာန်မာနတွေတက်ပြီး ပြုပြင်စေကာမှု ခန္ဓာကိုယ်ကြီးကတော့ ပျက်စီးရင်း ပျက်စီးလျက်ပါ။ ဒီလို အမြဲတမ်းပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ရှာဖွေကျွေးမွေးရ၊ ပြုပြင်ပေးရနဲ့ မိမိမှာနေ့စဉ် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေ ဖြစ်နေပါတယ်။ တချို့ဆို သာမာန်လုပ်ရိုးလုပ်စဉ် လောဘ၊ ဒေါသသာမကဘဲ သူများထက်သာလွန်တဲ့ မတရားမှု လောဘ ဒေါသတွေဖြစ်ပြီး ငါးပါးသီလတွေ ကျုးလွန်ကြကာ မကောင်းမှုများကို သူများထက်ပိုလွန်၍ ပြုလုပ်နေကြပါတယ်။ မိမိခန္ဓာကိုယ်ကြီးဟာ အမွေးတိုင်လိုပဲ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ ပျက်စီးသွားမည်ဆိုတာကို နေ့စဉ်နဲ့အမျှ သတိရှိနေမယ်ဆိုရင် သာမာန်ထက်ပိုတဲ့ ကိလေသာမကောင်းမှုများ မိမိသန္တာန်မှာမဖြစ်ဘဲ ကောင်းမှုကုသိုလ်များကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေမှာ သေချာပါတယ်။ ဒါကြောင့် မိမိတို့ဟာ ကောင်းမှုကုသိုလ်များပြုလုပ်ပေးရင်းနဲ့ မိမိသန္တာန်မှာရှိတဲ့ ကိလေသာများကို နည်းနည်းချင်းပယ်သတ်သွားရမှာပါ။ အမွေးတိုင်နည်းတူ ပန်းပွင့်တို့ ဖယောင်းမီးတို့ ပူဇော်ခိုင်းခြင်းဟာလည်း အခုလို အဖြစ်အပျက်များကို ကျောင်းမှာလာခိုက်၊ ဘုရားရှေ့မှာရှိနေခိုက်တွင် တရားရှု့မှတ် တတ်အောင်နှင့် တရားရှု့မှတ်ရန် ပူဇော်ခိုင်းခြင်း၊ ခွင့်ပြုခြင်းဖြစ်ပါတယ်။ ဖယောင်မီးလှူလို့ အသိဉာဏ်ကောင်းခြင်းစတဲ့ အကျိုးတွေရရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ထိုအကျိုးများဟာ သာမညအရာသာဖြစ်ပြီး တရားရှု့မှတ်ဖို့ရန်သာ အဓိကအချက်ဖြစ်ပါတယ်။ မိမိတို့လူသားများက အမွေးတိုင်ပူဇော်ရခြင်း၊ ပန်းပူဇော်ရခြင်း၊ ဆီးမီးပူဇော်ရခြင်းများရဲ့ အဓိကအဓိပ္ပါယ်ကို သေချာကျနစွာမသိတဲ့အတွက် ဖြစ်သလိုတွေးကာ ဖြစ်သလိုလုပ်နေကြတာပါ။ ဘုရားစေတီ၊ ဆင်းတုတော်ရှေ့တွင် ဆီးမီးထွန်းပူဇော်ရင် တချို့က ဘုရားကို မီးပူတိုက်သလိုဖြစ်အောင် ဘုရားနားကပ်ကာ ပူဇော်သူများကိုလည်း စာရေးသူတွေ့ဖူးပါတယ်။ သို့သော် စာရေးသူ ပါးစပ်နဲ့ပြောရင် အပြစ်တင်ခံရမှာမို့ စာနဲ့ပဲ ပြောလိုက်ရခြင်းပါ။ ဆီးမီးပူဇော်ခြင်း၊ အမွေးတိုင်လှူခြင်းများဟာ မိမိအတွက်သာ အဓိကဖြစ်ပြီး ဘုရားနားကပ်ထားရန် မလိုပေ။ ဘုရားရှေ့၀ယ် မိမိမြင်လောက်တဲ့ နေရာဆိုရင် ရပါတယ်။ ယခုခေတ် ဆီးမီးပူဇော်ရာ၀ယ် လျှပ်စစ်မီးများနဲ့ ပူဇော်ကြတာကို တွေ့ရပါတယ်။ အဲဒီလို လျှပ်စစ်မီးနဲ့ ပူဇော်ခြင်းဟာ မိမိတို့အဓိကလုပ်ရမဲ့ တရားရှု့မှတ်ရန် မဖြစ်နိုင်တဲ့အတွက် အဓိကအကျိုးတော့ ရရှိတော့မှာမဟုတ်ပေ။ လျှပ်စစ်မီးပူဇော်တဲ့ အကျိုးသာ ရရှိပါလိမ့်မယ်။ တကယ်တော့ မြတ်ဗုဒ္ဓဟာ ခြောက်ပါးသောရောင်ခြည်တော်များနဲ့ ပြည့်စုံသူဖြစ်တဲ့အတွက် မည်သည့်အလင်းရောင်ကမျှ မထိုးဖောက်နိုင်ပါ။ သို့သော် သတ္တဝါများအတွက် တရားရှု့မှတ်နိုင်ရန် မြတ်ဗုဒ္ဓက သူ့ရှေ့မှာ ဆီးမီးပူဇော်ခွင့် ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ အမွေးတိုင်ကဲ့သို့ တစ်စတစ်စနဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီးမပျက်စီးခင် မာန်မာနလောဘစတဲ့ မကောင်းမှုများမှရှောင်ကြဉ်ကာ ခန္ဓာကိုယ်ကြီးကို တရားသဘောနဲ့နေ့စဉ်ရှု့မှတ်ပြီး ကောင်းမှုများပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..............။ ' Posted By ဆန်နီနေမင်း 🙏🙏🙏🙏🙏🙏🙏🙏 #ဓမ္မနှစ်သက်သူ* အမှေးတိုငျပူဇောျခွငျးနဲ့ပတျသတျ၍ * 🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹 မေး။ ။ အရှငျဘုရား မေးခှနျးနောကျတဈခုလောကျ မေးပါရစေ။ ဖယောငျးတိုငျ၊ အမှေးတိုငျ ထှနျးတယျဆိုတာ လထေဲကို ကာဗှနျတိုငျ အောကျဆိုကျမြားစတေယျ။ လထေု ညဈညမျးမှုသာဖွဈစပွေီး ဘာမှထူးမှာမဟုတျဘူးဆိုတာ မှနျပါသလားဘုရား။ ဖွေ။ ။ အငျး ဒီမေးခှနျးဟာလညျး တကယျသိသငျ့တဲ့ မေးခှနျးလေးပါ။ မွတျစှာဘုရားရှေ့မှာ အမှေးတိုငျပူဇောျတယျ၊ ဆီးမီးပူဇောျတယျ၊ ပနျးပူဇောျတယျဆိုတာ ဘာကွောငျ့ ဘယျလိုပူဇောျရတယျဆိုတာကို မသိကွတာက မြားပါတယျ။ တကယျတော့ မွတျဗုဒ်ဓဟာ ကိလသောအားလုံး ကငျစငျပွီးဖွဈလို့ အမှေးနံ့သာ စသညျတို့ မလိုအပျတော့ပါ။ မွတျဗုဒ်ဓခန်ဓာကိုယျတောျ၌လညျး အညဈအကွေးမြားမရှိဘဲ ကငျးစငျနပေါတယျ။ အဲဒီလို အမှေးနံ့သာစသညျတို့လညျး အလိုမရှိ၊ သူကိုယျတိုငျ၌လညျး အညဈအကွေး ကငျးစငျနတေဲ့ မွတျဗုဒ်ဓဟာ အဘယျ့ကွောငျ့ အမှေးနံ့သာ ပူဇောျခွငျး၊ ပနျးမြားပူဇောျခွငျးတို့ကို လကျခံရသလဲဆိုတာ သခြောစဉျးစား ကွညျ့သငျ့ပါတယျ။ မွတျဗုဒ်ဓဟာ စာရေးသူတို့ သတ်တဝါတှအေပေါျမှာ မဟာကရုဏာတောျရှငျ ဖွဈတယျဆိုတာ ဒီဟာကို ထောကျဆကွညျ့တာနဲ့ပငျ အတောျလေး ကွညျညိုစရာ လေးစားစရာ ကောငျးလှပါတယျ။ သူ့အတှကျ မလိုအပျတဲ့အရာတှေ သူတဈပါးက လာပွုလုပျတာကို လကျခံခွငျးဟာ မဟာကရုဏာရှငျမို့သာ တခွားမညျသူမြှ လကျခံလိမျ့မညျမဟုတျပေ။ စာရေးသူတို့ လူသားမြားတှငျ တဈစုံတဈယောကျဟာ ရမှေှေးအကောငျးဆုံးတှေ သုံးထားတယျဆိုပါစို့၊ အဲဒီလူကို တဈယောကျယောကျက သူ့ရမှေေးလောကျ မကောငျးတဲ့အနံ့ဆိုးတဲ့ အနံ့တဈခုနဲ့ ဖွနျ့ပကျပေးမညျဆိုရငျ မဟာကရုဏာရှငျမဟုတျတဲ့ စာရေးသူတို့လူသားမြား သညျးခံခှငျ့လှတျမှာ မဟုတျသလို အသာတကွညျနဲ့လညျး ခှငျ့ပွုမှာ မဟုတျပါဘူး။ အငျး မွတျဗုဒ်ဓကတော့ မဟာကရုဏာရှငျဖွဈတဲ့အတှကျ သူ့ပငျကိုယျသဘာဝလောကျ အမှေးနံ့သာမရှိတဲ့ အမှေးတိုငျ၊ ပနျးမြား သူနားမှာ ပူဇောျခွငျးကို လကျခံထားပေးတယျ။ ဒါဟာ ဘာဖွဈလို့လဲဆိုတော့ သတ်တဝါတှကေို သနားငဲ့ညာပွီး တရားထူး မွနျမွနျရစခေငြျလို့ပါ။ အမှေးတိုငျ ပူဇောျတယျ၊ ပနျးပူဇောျတယျဆိုတာ တကယျတော့ အဲဒီအမှေးတိုငျ၊ ပနျးပှငျ့တို့ရဲ့ ဖွဈပကြျကို ရှု့မွငျပွီး မိမိရဲ့ခန်ဓကိုယျကိုလညျး ရှု့တတျအောငျလို့ပါ။ အမှေးတိုငျလေး ကို ကွညျ့လိုကျရငျ တဈစတဈစနဲ့ လောငျးမွိုကျကုနျဆုံးပွီး ပွာဖွဈကာ မွကွေီးထဲ ရောကျသှားပါတယျ။ အဲဒီလိုပဲ မိမိရဲ့ ခန်ဓာကိုယျကွီးဟာ မှေးလာပွီးကနေ တဈရကျတဈရကျနဲ့ ကုနျဆုံးကာ နောကျဆုံးပကြျစီးပွီး မွကွေီးဖွဈသှားပါတယျ။ ဘယျလောကျပငျ မိမိတို့က မာနျမာနတှတေကျပွီး ပွုပွငျစကောမှု ခန်ဓာကိုယျကွီးကတော့ ပကြျစီးရငျး ပကြျစီးလကြျပါ။ ဒီလို အမွဲတမျးပကြျစီးနတေဲ့ ခန်ဓာကိုယျကွီးအတှကျ ရှာဖှကြှေေးမှေးရ၊ ပွုပွငျပေးရနဲ့ မိမိမှာနေ့စဉျ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလသောတှေ ဖွဈနပေါတယျ။ တခြို့ဆို သာမာနျလုပျရိုးလုပျစဉျ လောဘ၊ ဒေါသသာမကဘဲ သူမြားထကျသာလှနျတဲ့ မတရားမှု လောဘ ဒေါသတှဖွေဈပွီး ငါးပါးသီလတှေ ကြုးလှနျကွကာ မကောငျးမှုမြားကို သူမြားထကျပိုလှနျ၍ ပွုလုပျနကွေပါတယျ။ မိမိခန်ဓာကိုယျကွီးဟာ အမှေးတိုငျလိုပဲ တဈရကျတဈရကျနဲ့ ကုနျဆုံးကာ ပကြျစီးသှားမညျဆိုတာကို နေ့စဉျနဲ့အမြှ သတိရှိနမေယျဆိုရငျ သာမာနျထကျပိုတဲ့ ကိလသောမကောငျးမှုမြား မိမိသန်တာနျမှာမဖွဈဘဲ ကောငျးမှုကုသိုလျမြားကို နေ့စဉျနဲ့အမြှ ပွုလုပျနမှော သခြောပါတယျ။ ဒါကွောငျ့ မိမိတို့ဟာ ကောငျးမှုကုသိုလျမြားပွုလုပျပေးရငျးနဲ့ မိမိသန်တာနျမှာရှိတဲ့ ကိလသောမြားကို နညျးနညျးခငြျးပယျသတျသှားရမှာပါ။ အမှေးတိုငျနညျးတူ ပနျးပှငျ့တို့ ဖယောငျးမီးတို့ ပူဇောျခိုငျးခွငျးဟာလညျး အခုလို အဖွဈအပကြျမြားကို ကြောငျးမှာလာခိုကျ၊ ဘုရားရှေ့မှာရှိနခေိုကျတှငျ တရားရှု့မှတျ တတျအောငျနှငျ့ တရားရှု့မှတျရနျ ပူဇောျခိုငျးခွငျး၊ ခှငျ့ပွုခွငျးဖွဈပါတယျ။ ဖယောငျမီးလှူလို့ အသိဉာဏျကောငျးခွငျးစတဲ့ အကြိုးတှရေရှိတာတော့ မှနျပါတယျ။ ဒါပမေဲ့ ထိုအကြိုးမြားဟာ သာမညအရာသာဖွဈပွီး တရားရှု့မှတျဖို့ရနျသာ အဓိကအခကြျဖွဈပါတယျ။ မိမိတို့လူသားမြားက အမှေးတိုငျပူဇောျရခွငျး၊ ပနျးပူဇောျရခွငျး၊ ဆီးမီးပူဇောျရခွငျးမြားရဲ့ အဓိကအဓိပ်ပါယျကို သခြောကနြစှာမသိတဲ့အတှကျ ဖွဈသလိုတှေးကာ ဖွဈသလိုလုပျနကွေတာပါ။ ဘုရားစတေီ၊ ဆငျးတုတောျရှေ့တှငျ ဆီးမီးထှနျးပူဇောျရငျ တခြို့က ဘုရားကို မီးပူတိုကျသလိုဖွဈအောငျ ဘုရားနားကပျကာ ပူဇောျသူမြားကိုလညျး စာရေးသူတှေ့ဖူးပါတယျ။ သို့သောျ စာရေးသူ ပါးစပျနဲ့ပွောရငျ အပွဈတငျခံရမှာမို့ စာနဲ့ပဲ ပွောလိုကျရခွငျးပါ။ ဆီးမီးပူဇောျခွငျး၊ အမှေးတိုငျလှူခွငျးမြားဟာ မိမိအတှကျသာ အဓိကဖွဈပွီး ဘုရားနားကပျထားရနျ မလိုပေ။ ဘုရားရှေ့၀ယျ မိမိမွငျလောကျတဲ့ နရောဆိုရငျ ရပါတယျ။ ယခုခတျေ ဆီးမီးပူဇောျရာ၀ယျ လြှပျစဈမီးမြားနဲ့ ပူဇောျကွတာကို တှေ့ရပါတယျ။ အဲဒီလို လြှပျစဈမီးနဲ့ ပူဇောျခွငျးဟာ မိမိတို့အဓိကလုပျရမဲ့ တရားရှု့မှတျရနျ မဖွဈနိုငျတဲ့အတှကျ အဓိကအကြိုးတော့ ရရှိတော့မှာမဟုတျပေ။ လြှပျစဈမီးပူဇောျတဲ့ အကြိုးသာ ရရှိပါလိမျ့မယျ။ တကယျတော့ မွတျဗုဒ်ဓဟာ ခွောကျပါးသောရောငျခွညျတောျမြားနဲ့ ပွညျ့စုံသူဖွဈတဲ့အတှကျ မညျသညျ့အလငျးရောငျကမြှ မထိုးဖောကျနိုငျပါ။ သို့သောျ သတ်တဝါမြားအတှကျ တရားရှု့မှတျနိုငျရနျ မွတျဗုဒ်ဓက သူ့ရှေ့မှာ ဆီးမီးပူဇောျခှငျ့ ပေးခဲ့ခွငျးဖွဈပါတယျ။ နိဂုံးခြုပျအနနေဲ့ အမှေးတိုငျကဲ့သို့ တဈစတဈစနဲ့ ပကြျစီးနတေဲ့ ခန်ဓာကိုယျကွီးမပကြျစီးခငျ မာနျမာနလောဘစတဲ့ မကောငျးမှုမြားမှရှောငျကွဉျကာ ခန်ဓာကိုယျကွီးကို တရားသဘောနဲ့နေ့စဉျရှု့မှတျပွီး ကောငျးမှုမြားပွုလုပျနိုငျကွပါစလေို့ ဆန်ဒပွုလကြျ..............။ ' Posted By ဆနျနီနမေငျး 🙏🙏🙏🙏🙏🙏🙏🙏 #ဓမ်မနှဈသကျသူ
via အလင်းရောင် ဓမ္မ https://ift.tt/2P9pgF8
Newer Post
Older Post
Home