Wednesday, October 23, 2019

အသေကောင်းဖို့ မိတ်ကောင်း လိုပါတယ်။ (ဤ post ကို သတိသံဝေဂ အလို့ငှာ သေသောသူ၏ ဖြစ်ရပ်မှန်ကို မသေသေးသောသူများ သိစေရန် မိခင်ကြီး၏ ဂုဏ်သိက္ခာဖြင့် ရေးပါသည်။) မိတ်ကောင်းဆိုတာ သူတစ်ပါး၏ အကျိုးကို မည်သည့်မျှော်လင့်ချက်မှ မပါဘဲ စောင့်ရှောက် ကူညီတတ်တဲ့သူကို ခေါ်ပါတယ်။ အဲဒီထဲမှာမှ လောကီ ဘဝအကျိုးစီးပွားကို ကူညီတတ်တဲ့ မိတ်ဆွေကောင်းထက် လောကထဲကအပြန် ဘဝကူးအကျိုးစီးပွားကို ကူညီနိုင်တဲ့ မိတ်ဆွေကောင်းက ပို၍ အရေးကြီးပါတယ်။ ဘဝအကျိုးစီးပွားကို ကူညီတာက တစ်ဘဝနဲ့ တစ်ခဏသာ ကောင်းကျိုးကို ဖြစ်စေတယ်။ ဘဝကူး အကျိုးစီးပွားကို ကူညီတာက လူတိုင်း လုပ်ပေးနိုင်ဖို့တော့ ခက်တယ်ပေါ့လေ။ ဘာဖြစ်လို့လည်းဆိုတော့ လောကီအကျိုး ကူညီတာက ကိုယ့်ဆီမှာ ပိုလျှံနေလို့ လိုနေတဲ့သူကို ပေးလိုက်ရတာ လွယ်တယ်။ လောကထဲက ပြန်ရတော့မယ့် သေခါနီးလူတစ်ယောက်ကို ကူညီဖို့ဆိုတာက ဓမ္မနဲ့သက်ဆိုင်တဲ့ အခြေခံဗဟုသုတလေးတွေ ရှိဖို့ လိုတယ်ပေါ့။ သေခါနီးလူရဲ့ အခြေအနေနဲ့ အချိန်အခါကို အသုံးချတတ်ဖို့ ဆုံးဖြတ်နိုင်ဖို့လည်း လိုပါတယ်။ ဦးဇင်းရဲ့ မိခင်ကြီး။ အသက်က(၈၃)နှစ်ဆိုတော့ မီးစာကုန် ဆီခန်းတဲ့အရွယ်။ အိုခြင်း နာခြင်းကအလွန် သေခြင်းက ခေါ်ဖို့ ခြိမ်းခြောက် လိုက်တော့ အိပ်ယာပေါ် ဗိုင်းကနဲလဲတယ်။ သတိ မရတော့ ရန်ကုန်မှာနေတဲ့ သားဖြစ်သူ ဦးဇင်းကို အမြန်လာဖို့ အကြောင်းကြားတယ်။ ဇာတိရွာကိုရောက်တော့ မိခင်ကြီးက အိပ်ယာပေါ်မှာ အသက်ရှူနေတာကလွဲပြီး ဘာအသိမှ မရှိ။ အသက်ကယ်ဆေး ထိုးထားတယ်တဲ့။ တစ်ညအိပ်ပြီး နောက်နေ့မနက် ၅ နာရီလောက်မှာ သတိပြန်လည်လာပြီး ရေတောင်းတယ်။ ရေသောက်ပြီး အမောပြေသွားပုံရတယ်-စကားတွေပြော။ အဲဒီမှာ အစွဲတွေ ဆုပ်ကိုင်ထားတာတွေ စတာပဲ။ ဦးဇင်းက တရားအသိနဲ့ ခန္ဓာကိုရှုနေဖို့ပြောတာ မရ။ သေမယ့်ရောဂါရဲ့ နှိပ်စက်မှုက သေမယ့်သူကို အကြီးမားဆုံး ဆင်းရဲဒုက္ခ ပေးတာပဲ။ သူသိထားတဲ့ တရားအသိက သေမယ့်ရောဂါခန္ဓာရဲ့ နှိပ်စက် မှုကိုကျော်ပြီး အသိမကပ်နိုင်တော့။ တရားအသိလေးကို အားကိုးပြီး သားသမီး မြေးမြစ်တွေနဲ့ အချိန်ကုန်ခဲ့သမျှ ဒုက္ခလှလှ တွေ့လေပြီ။ သတိမမြဲတဲ့ တရားအသိလေးကို အားကိုးလို့ ရမယ်ထင် ထားတာကိုက နောင်တရစရာ ဖြစ်နေ၏။ တရားအသိတွေ ဘယ်လောက်ရှိရှိ ယုံကြည်ချက်ကျလောက်တဲ့ လေ့ကျင့်မှု မရှိရင်တော့ သေပေါက်သေဝမှာ ဘယ်လိုမှ တရားအသိနဲ့ သေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တယ်ထင်တာက မိမိကိုယ်မိမိ အထင်ကြီးထားမှု တစ်ခုသာဖြစ်ပါလိမ့်မယ်။ မသေခင်က စိတ်ကူးယဉ်မှု တစ်ခုမျှသာ ဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ မိခင်ကြီးဟာ သမီး-လာပါဦး၊ သား-ကယ်ပါဦးနဲ့ အကူအညီတောင်းတဲ့အသံတွေ ငြီးငြူသံတွေကသာ ဖိစီးနေသည်။ အမောကလည်း ဖောက်။ အခြေအနေက တရားရှုခိုင်းလို့လည်း မဖြစ်တော့။ ဒီတော့ သူအားရင် အမြဲရွတ်နေကျ "ဗုဒ္ဓါ-ဗုဒ္ဓေါ-ဗုဒ္ဓေါ" ကိုသာ ရွတ်နေဖို့ သတိပေးကြည့်တယ်။ ခဏသာ ရွတ်နိုင်ပြီး နိမိတ်ဆိုးတွေက ပြန်ပေါ်လာပုံရ၏။ "သမီးရယ် အမေ့-ကျောအောက်မှာ သံပြားကြီး ကပ်နေတာ ဆွဲနှုတ်လိုက်စမ်းပါဟဲ့" "သားရေ- တုတ်ယူခဲ့စမ်း။ ခွေးတွေ ဝိုင်းလိုက်ပြီး ဆွဲနေတယ် မောင်းစမ်းပါဟဲ့" တော်တော်လေး တုန်လှုပ်မိလေပြီ။ အရင်က ဒီလို ငရဲနိမိတ်အကြောင်းကို ဆရာတော်ကြီးတွေ ဟောတာနဲ့ စာတွေထဲဖတ်ဘူးတာလောက်ပဲ သိခဲ့ရတာ။ အခု ကိုယ့်ရှေ့မှာ ကိုယ့်ရဲ့မိခင်ကြီးက ကိုယ့်လက်ကို အတင်းဆွဲထားပြီး ပြောနေတဲ့အသံတွေကို လက်တွေ့ကြား လိုက်ရတော့ ငရဲနိမိတ်တို့၏ သားကောင်ဖြစ်ရတော့မယ့် မိခင်ကြီးအတွက် စိတ်မကောင်း ဖြစ်ရလေပြီ။ မိမိစရောက်တဲ့ နှစ်ရက်လုံးလုံး နိမိတ်ဆိုးတွေရဲ့ ခြိမ်း ခြောက်မှုနဲ့သာ ရင်ဆိုင်နေရ၏။ မိခင်ကြီးသည် ဇောချွေးတွေပြန်ပြီး ကြောက်နေသည်။ နိမိတ်ဆိုးတွေကလည်း ဖျောက်မရလောက်အောင် ပေါ်နေပုံရ၏။ ဘေးမှာရှိနေတဲ့ သားသမီးတွေက ပရိတ် ပဋ္ဌာန်းတွေဖွင့်ပေးပြီး အာရုံလွဲပေးဖို့ကြိုးစားတာလည်း မအောင်မြင်။ ပေါ်နေမြဲမို့ အော်နေဆဲပင် ဖြစ်နေ၏။ အနားရှိနေတဲ့ သမီးလက်ကိုလည်း တအားဆွဲထား၏။ ဘယ်သူမှ ကြံရာမရ မလုပ်တတ် မကိုင်တတ်ဖြစ်နေ၏။ ကြည့်နေနိုင်တဲ့ စွမ်းအားလည်း မရှိတော့။ "ငါ-သားရဟန်းတစ်ပါး ရှိနေရဲ့နဲ့ ဒီအတိုင်းဆိုရင် မဖြစ်သေးပါဘူး"ဟု တွေးကာ အခြေအနေ တစ်ခု စီစဉ်ဖို့ ကြံစည်ရလေသည်။ "အဖေ-မုဆိုး၊ သား-ရဟန်း"ဝတ္ထုကို သတိရမိ၏။ ဒါနဲ့ အနီးမှာ အလွယ်ရှိနေတဲ့ အအေးဗူးလေးကို ကိုင်ခိုင်းပြီး ဦးဇင်းကို လှူဖို့ပြောကြည့်တယ်။ လှူတယ်။ အဲဒီလို အာရုံကောင်းလေး ဝင်လိုက်တဲ့အချိန်တော့ နိမိတ်ဆိုးအာရုံတွေက ပျောက်သွားပုံရပြီး ငြိမ်သွားတယ်။ မျက်နှာကလည်း ကြည်လင်တဲ့ဘက် ပြောင်းသွားတယ်။ စောစောက ကြောက်လန့်နေတဲ့ပုံ မရှိတော့ဘူး။ စိတ်ပြောင်းတော့ ရုပ်ကလည်း ပြောင်းလဲရလေပြီ။ လက်ထဲထည့်ထားတဲ့ အအေးဗူးလေးကို တစ်ရိုတစ်သေ ကပ်တယ်။ ဦးဇင်းကလည်း အကပ်ခံလိုက်တယ်ပေါ့။ ဒါပေမယ့် မကြာလိုက်ပါဘူး နိမိတ်ဆိုးတွေက ပြန်ဝင်လာပုံ ရပြီး နဂိုအတိုင်းပဲ ပြန်အော်နေရပြန်တယ်။ သမီးဖြစ်တဲ့သူကလည်း အမေ-ဘယ်တုန်းက ဘယ်လို ကုသိုလ်တွေ လုပ်ထားတယ် ဘာငြာ စသဖြင့်ပေါ့လေ ပြုထားခဲ့ဘူးတဲ့ ဘုရားတည် ကျောင်းပြင်ကုသိုလ်တွေကို ပြောပေးကြည့်တယ်- မရ။ အလှူအတန်း ပြုခဲ့ဘူးတာတွေကို ပြောပြကြည့်တယ်။ ဘာမှ ထူးမလာ။ အကြံ အိုက်လေပြီ။ အမေရဲ့ ကုသိုလ်ကံနဲ့တော့ မရတော့ဘူးဆိုတာ နားလည် လိုက်ရပြီမို့ မိမိရဲ့ကုသိုလ်ကံဘက်ကို ပြန်လှည့်ရ၏။ ဦးဇင်းက ၂၀၁၉ ဖေဖော်ဝါရီ ၂၀-ရက်နေ့က စပြီး တရားအားထုတ်နေတဲ့ အလုပ်အပြင် ဘုရားဂုဏ်တော် ကိုးပါးကို အနက်ပါထင်မြင်လာအောင် လေ့ကျင့်မှတ်သားကာ တစ်နေ့လျှင် ခေါက်ရေ(၂၀၀) နေ့စဉ်မပြတ် ရွတ်တယ်။ ရည်ရွယ်ချက်ကတော့ မြတ်စွာဘုရားရှင်ရဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သော တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ ဘုရားဂုဏ်တော်ကိုးပါးကို ရှစ်သောင်းလေးထောင်ပြည့် အောင် ရွတ်ဖတ်ပူဇော်နေတာပါ။ ဒီနေ့ ဒီအချိန်အထိ တစ်ရက်မှ ပျက်ရက် မရှိခဲ့ပါဘူး။ အကြောင်းကိစ္စပေါ်လို့ ခရီးသွားရရင်တောင် ရောက်တဲ့နေရာ မှာ ရွတ်တယ်။ ကားပေါ်မှာ ကြုံရင် ကားပေါ်မှာ ရွတ်တယ်။ အခုဆိုရင် ရွတ်လာတာ (၈)လ ကျော်လာပြီ။ ဦးဇင်း- သစ္စာဆိုရလေပြီ။ အမေ့အတွက် မဖြစ်နိုင်တာ-ဖြစ်နိုင်တာ အသာထား။ ငါသိသလောက် ငါလုပ်နိုင်သလောက် အမေ့ကျေးဇူးအတွက် လုပ်ကို လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပါ။ ပထမဆုံး နမော တဿ-နဲ့ ဘုရားရှိခိုးလိုက်တယ်။ မေတ္တာသုတ် ရွတ်တယ်။ သမ္ဗုဒ္ဓေ ရွတ်တယ်။ သံသရာဘဝအဆက်ဆက်မှ ယနေ့ထိတိုင် ဘုရား-တရား-သံဃာ ရတနာသုံးပါးနှင့်တကွ မိဘ ဆရာ သမားတို့အပေါ် ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်များကို ဝန်ချတောင်းပန်တယ်။ အရပ်ဆယ်မျက်နှာ မေတ္တာပို့တယ်။ ပြုသမျှကုသိုလ် သုံးဆယ့်တစ်ဘုံသားတွေ အမျှဝေတယ်။ ပြီးတော့မှ နေ့စဉ် အဓိဋ္ဌာန်ထားတဲ့ ဂုဏ်တော်ကိုးပါးကို အခေါက်(၂၀၀)ပြည့်အောင် ရွတ်တယ်။ ဒါက နေ့စဉ် ပုံမှန်လုပ်နေကျ အလုပ်။ ဒီနေ့ အမေ့အတွက် သစ္စာဆိုဖို့ ပုံမှန်လုပ်နေကျအပြင် သမ္ဗုဒ္ဓေ (၈၃)ခေါက် အမေ့အတွက် သက်စေ့ရွတ်တယ်။ ကိုယ်စောင့်နတ်ကစပြီး အိမ်စောင့်နတ် မြေစောင့်နတ် ရွာစောင့်နတ် သာသနာတော်စောင့်နတ် စတုလောကပါလ နတ်မင်းကြီးလေးပါးနဲ့တကွ အာကာသစိုး ဘုမ္မစိုး ရုက္ခစိုး အပေါင်းကို မေတ္တာပို့ပြီး- "ငါသည် မြတ်စွာဘုရားရှင်၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်ကို ပူဇော်တဲ့ အနေနဲ့ ဂုဏ်တော်ကိုးပါးကို နေ့စဉ်မပြတ် ရွတ်ဆိုလျက်ရှိ၏။ ဤ မှန်သောသစ္စာစကားကြောင့် မိခင်ကြီးအား ကျရောက်နေသော နိမိတ်ဆိုးများ ကင်းစင် လွင့်ပျောက်ပါစေသတည်း။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရွာစောင့်နတ်မှစ၍ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်များမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေသတည်း"ဟု သစ္စာဆိုလိုက်ပါတယ်။ တစ်ခါမှ မလုပ်ဘူးသောအလုပ်ကို လုပ်မိခြင်းဖြစ်၏။ မိမိလုပ်တာကိုလည်း ဘယ်သူမှ မရိပ်မိကြ။ သစ္စာဆိုပြီး နာရီဝက်လောက်ပဲ ကြာလိမ့်မယ် ထင်တယ်။ အမေ အသံမထွက်တော့။ နိမိတ်ဆိုးတွေပေါ်လာတိုင်း သားကယ်ပါ သမီးကယ်ပါ ဆိုတဲ့ အသံလည်း ထွက်မလာတော့။ ပုံမှန် အသက်ရှူလာတာကို သတိထားမိလိုက်တယ်။ ဆိုနေကျ ဗုဒ္ဓေါကို မပြတ်ရွတ်နိုင်လာတာ တွေ့လာရတယ်။ နိမိတ်ဆိုးတွေ မြင်ရတဲ့အသံ မထွက်လာတော့။ သူ့သမီး ဖွင့်ပေးထားတဲ့ ပရိတ်ကိုရပ်ပြီး ပဌာန်းတစ်လှည့် ပြောင်းဖွင့်ပေးဖို့ ပြောလာတယ်။ ဘယ်သူ့ကိုမှ ဘာစကားမှ မပြောတော့ဘဲ တရားမှတ်လိုက် ပဌာန်းတရားနာလိုက် ဗုဒ္ဓေါ ရွတ်လိုက်နဲ့ အေးအေးဆေးဆေး ဖြစ်သွားတာကို တွေ့မြင်လိုက်ရတယ်။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရွာစောင့်နတ်စတဲ့ သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတွေဟာ တကယ်ကူညီ တတ်ပါလားဆိုတာ သိခွင့်ရလိုက်တယ်။ မိမိလည်း ကိုယ်လုပ်လိုက်တဲ့ အကြံအစည်တစ်ခု အောင်မြင် တာကို တွေ့လိုက်ရတော့ ဝမ်းသာသွားမိတယ်။ သစ္စာဆိုရင် တကယ်ရနိုင်တယ်ဆိုတာ သိခွင့်ရလိုက်တယ်။ ကိုယ့်ဘက်က မှန်ကန်တဲ့ ပြည့်စုံမှုတော့ လိုတယ်ပေါ့။ မိခင်ကြီးရဲ့ နိမိတ်ဆိုးအန္တရာယ်တွေ ကင်းသွားတာတွေ့ရလို့ တစ်ယောက်ထဲ ကြိတ်ပြီးဝမ်းသာနေမိတယ်။ ဘယ်သူ့မှ မပြောဖြစ်ပါဘူး။ ပြောပြဖို့လည်း ဆန္ဒမရှိ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခါတရံမှာ လူ့သဘာဝက လက်တွေ့မဆန်တဲ့ ကိစ္စမျိုးတွေ တွေ့ကြုံလာရင် ယုံတဲ့သူရှိသလို လက်မခံတဲ့သူကလည်း ရှိနေတတ်ပါတယ်။ အဲဒီအခါ မယုံတဲ့သူက အပြစ်ပြောပြီး အကုသိုလ်ရမယ်။ ယုံတဲ့သူကလည်း လိုအပ်တာထက် ပိုတွေးသွားခဲ့ရင် မလိုလားအပ်တဲ့ အတွေးအခေါ်တွေနဲ့ ရှုတ်သွားနိုင်တယ်။ ဒါကြောင့် ဆိပ်ဆိပ်နေလိုက်ခြင်းက ထိခိုက်မှုမရှိတော့။ ဒါပေမယ့် မနက်မိုးလင်းတော့ နှမဖြစ်သူက သူ-ညက အမေ့ခေါင်းရင်းမှာ ရှိနေတဲ့ သစ်ပင်ပေါ်မှာ အဝတ်ဖြူကြီးနဲ့ လူလိုလို ဘာလိုလို တစ်ယောက် အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေတာတွေ့လို့ ကြောက်တဲ့အကြောင်း ပြောလာတယ်။ ဒါနဲ့ ဦးဇင်းလည်း ကိုယ်လုပ်ထားတဲ့ကိစ္စကို ဖွင့်ပြောလိုက်ပြီး ကြောက်စရာ သစ္ဆေ သရဲ နာနာဘာဝတွေ မဟုတ်ကြောင်း နှစ်သိမ့်ပေးလိုက်ရတယ်။ ဘယ်လောက်ပဲ မဟုတ်ပါဘူးလို့ ပြောပြော ကြောက်တဲ့သူ ကတော့ ကြောက်ကို ကြောက်တာပါပဲ။ ညပိုင်းရောက်တော့ အိမ်ခေါင်းရင်းကို မီးကြိုးဆွဲပြီး မီးလုံးကို ထိန်နေအောင် ထွန်းထားလိုက်ကြတယ်။ သတိထား ကြည့်နေတဲ့သူရှိနေတော့ မတွေ့ရဘူးပေါ့။ ဒါပေမယ့် ည-၁ နာရီခန့်လောက်မှာ ဦးဇင်းအိပ်နေတဲ့ တန်းလျားဘေးက သစ်သားနံရံကို "ဒေါက်-ဒေါက်-ဒေါက်"လို့ သုံးချက် လာခေါက်သွားတယ်။ ထကြည့်တော့ ဘာမှ မတွေ့ရပါဘူး။ သဘောကတော့ သူတို့ရှိနေတဲ့အကြောင်း သိအောင် လာပြော သွားတဲ့သဘောလို့ ယူဆလိုက်မိပါတယ်။ ဦးဇင်း ရောက်ပြီး သုံးရက်မြောက်နေ့ကစပြီး နောက်ဆုံး- သေသွားတဲ့ ရှစ်ရက်မြောက်နေ့အထိ ဘာငရဲ နိမိတ်မှ ပြန်ပေါ်မလာတော့ဘဲ တရားပြောပြတာလေးကို နာလိုက် ခန္ဓာဘက်လှည့်ပြီး တရားရှုမှတ်လိုက်နဲ့ အဆင် ပြေ အေးချမ်းသွားတာကို တွေ့လိုက်ရပါတယ်။ မရဏနဲ့ စစ်ခင်းရတဲ့ (၉)ရက်ကြာ တိုက်ပွဲမှာ နှစ်ရက်တိတိပဲ ငရဲနိမိတ်တွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ခံလိုက်ရပြီး ကျန်(၇)ရက်ကတော့ သား-ရဟန်းရဲ့ ဓမ္မစကားနဲ့ ဘဝခန္ဓာကို ငြင်သာစွာပဲ ဇာတ်သိမ်းသွားပါတော့တယ်။ သေတော့လည်း မျက်နှာလေး ကြည်လင်နေတာကို တွေ့ရ တော့ မိခင်ကြီးအပေါ် ငါ့ရဲ့လုပ်ဆောင်ချက်ဟာ အရာထင်ပေါက် ကျေးဇူးလည်း မြောက်ခဲ့ပြီမို့ ကိုယ့်ကိုယ်ကို ဝမ်းမြောက်မိတာလည်း အမှန်ပါ။ အကယ်၍သာ မိမိလုပ်ဆောင်ချက်ရဲ့ အကူအညီသာ မရခဲ့ပါမူ အမေ့ရဲ့လားရာဂတိသည် ကောင်းနိုင်ဖွယ်မရှိ။ ယခုတော့ အမေလည်း ဘဝကူးကောင်း မိမိသည်လည်း အနန္တမည်သော ကျေးဇူးတရားကို အထိုက် အလျောက် ဆပ်ခွင့်ရလိုက်တယ်ပေါ့ဗျာ။ ဤ post သည် သေမယ့်သူတိုင်း အရေးကြုံလာပါက အသုံးချလို့ ရနိုင်တယ်ဆိုတာကို သိစေချင်တာရယ် သစ္စာဆိုခြင်း၏ အရာမြောက်ပုံကို သိစေချင်တာရယ် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မြင်အပ်-မမြင် အပ်တဲ့ သူတော်စင် ပုဂ္ဂိုလ်တွေဟာ အားကိုးလို့ ရတယ်ဆိုတာ သိစေချင်တာရယ်ကြောင့် အမေ့ဂုဏ်သိက္ခာ ကို စတေးကာ ရေးသားလိုက်ရပေသည်။ သေနည်းကောင်းတစ်ခုဟု မှတ်ယူနိုင်ကြပါစေသော်။ ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ဦးဓမ္မသာရ(ဆေးသဲ့တောင်) အသကေောငျးဖို့ မိတျကောငျး လိုပါတယျ။ (ဤ post ကို သတိသံဝဂေ အလို့ငှာ သသေောသူ၏ ဖွဈရပျမှနျကို မသသေေးသောသူမြား သိစရေနျ မိခငျကွီး၏ ဂုဏျသိက်ခာဖွငျ့ ရေးပါသညျ။) မိတျကောငျးဆိုတာ သူတဈပါး၏ အကြိုးကို မညျသညျ့မြှောျလင့ျခကြျမှ မပါဘဲ စောငျ့ရှောကျ ကူညီတတျတဲ့သူကို ခေါျပါတယျ။ အဲဒီထဲမှာမှ လောကီ ဘဝအကြိုးစီးပှားကို ကူညီတတျတဲ့ မိတျဆှကေောငျးထကျ လောကထဲကအပွနျ ဘဝကူးအကြိုးစီးပှားကို ကူညီနိုငျတဲ့ မိတျဆှကေောငျးက ပို၍ အရေးကွီးပါတယျ။ ဘဝအကြိုးစီးပှားကို ကူညီတာက တဈဘဝနဲ့ တဈခဏသာ ကောငျးကြိုးကို ဖွဈစတေယျ။ ဘဝကူး အကြိုးစီးပှားကို ကူညီတာက လူတိုငျး လုပျပေးနိုငျဖို့တော့ ခကျတယျပေါ့လေ။ ဘာဖွဈလို့လညျးဆိုတော့ လောကီအကြိုး ကူညီတာက ကိုယျ့ဆီမှာ ပိုလြှံနလေို့ လိုနတေဲ့သူကို ပေးလိုကျရတာ လှယျတယျ။ လောကထဲက ပွနျရတော့မယျ့ သခေါနီးလူတဈယောကျကို ကူညီဖို့ဆိုတာက ဓမ်မနဲ့သကျဆိုငျတဲ့ အခွခေံဗဟုသုတလေးတှေ ရှိဖို့ လိုတယျပေါ့။ သခေါနီးလူရဲ့ အခွအေနနေဲ့ အခြိနျအခါကို အသုံးခတြတျဖို့ ဆုံးဖွတျနိုငျဖို့လညျး လိုပါတယျ။ ဦးဇငျးရဲ့ မိခငျကွီး။ အသကျက(၈၃)နှဈဆိုတော့ မီးစာကုနျ ဆီခနျးတဲ့အရှယျ။ အိုခွငျး နာခွငျးကအလှနျ သခွေငျးက ခေါျဖို့ ခွိမျးခွောကျ လိုကျတော့ အိပျယာပေါျ ဗိုငျးကနဲလဲတယျ။ သတိ မရတော့ ရနျကုနျမှာနတေဲ့ သားဖွဈသူ ဦးဇငျးကို အမွနျလာဖို့ အကွောငျးကွားတယျ။ ဇာတိရှာကိုရောကျတော့ မိခငျကွီးက အိပျယာပေါျမှာ အသကျရှူနတောကလှဲပွီး ဘာအသိမှ မရှိ။ အသကျကယျဆေး ထိုးထားတယျတဲ့။ တဈညအိပျပွီး နောကျနေ့မနကျ ၅ နာရီလောကျမှာ သတိပွနျလညျလာပွီး ရတေောငျးတယျ။ ရသေောကျပွီး အမောပွသှေားပုံရတယျ-စကားတှပွေော။ အဲဒီမှာ အစှဲတှေ ဆုပျကိုငျထားတာတှေ စတာပဲ။ ဦးဇငျးက တရားအသိနဲ့ ခန်ဓာကိုရှုနဖေို့ပွောတာ မရ။ သမေယျ့ရောဂါရဲ့ နှိပျစကျမှုက သမေယျ့သူကို အကွီးမားဆုံး ဆငျးရဲဒုက်ခ ပေးတာပဲ။ သူသိထားတဲ့ တရားအသိက သမေယျ့ရောဂါခန်ဓာရဲ့ နှိပျစကျ မှုကိုကြောျပွီး အသိမကပျနိုငျတော့။ တရားအသိလေးကို အားကိုးပွီး သားသမီး မွေးမွဈတှနေဲ့ အခြိနျကုနျခဲ့သမြှ ဒုက်ခလှလှ တှေ့လပွေီ။ သတိမမွဲတဲ့ တရားအသိလေးကို အားကိုးလို့ ရမယျထငျ ထားတာကိုက နောငျတရစရာ ဖွဈနေ၏။ တရားအသိတှေ ဘယျလောကျရှိရှိ ယုံကွညျခကြျကလြောကျတဲ့ လေ့ကငြျ့မှု မရှိရငျတော့ သပေေါကျသဝေမှာ ဘယျလိုမှ တရားအသိနဲ့ သနေိုငျဖို့ဆိုတာ မဖွဈနိုငျပါဘူး။ ဖွဈနိုငျတယျထငျတာက မိမိကိုယျမိမိ အထငျကွီးထားမှု တဈခုသာဖွဈပါလိမ့ျမယျ။ မသခေငျက စိတျကူးယဉျမှု တဈခုမြှသာ ဖွဈပါလိမ့ျမယျ။ ဒီလိုနဲ့ပဲ မိခငျကွီးဟာ သမီး-လာပါဦး၊ သား-ကယျပါဦးနဲ့ အကူအညီတောငျးတဲ့အသံတှေ ငွီးငွူသံတှကေသာ ဖိစီးနသေညျ။ အမောကလညျး ဖောကျ။ အခွအေနကေ တရားရှုခိုငျးလို့လညျး မဖွဈတော့။ ဒီတော့ သူအားရငျ အမွဲရှတျနကြေ "ဗုဒ်ဓါ-ဗုဒ်ဓေါ-ဗုဒ်ဓေါ" ကိုသာ ရှတျနဖေို့ သတိပေးကွညျ့တယျ။ ခဏသာ ရှတျနိုငျပွီး နိမိတျဆိုးတှကေ ပွနျပေါျလာပုံရ၏။ "သမီးရယျ အမေ့-ကြောအောကျမှာ သံပွားကွီး ကပျနတော ဆှဲနှုတျလိုကျစမျးပါဟဲ့" "သားရေ- တုတျယူခဲ့စမျး။ ခှေးတှေ ဝိုငျးလိုကျပွီး ဆှဲနတေယျ မောငျးစမျးပါဟဲ့" တောျတောျလေး တုနျလှုပျမိလပွေီ။ အရငျက ဒီလို ငရဲနိမိတျအကွောငျးကို ဆရာတောျကွီးတှေ ဟောတာနဲ့ စာတှထေဲဖတျဘူးတာလောကျပဲ သိခဲ့ရတာ။ အခု ကိုယျ့ရှေ့မှာ ကိုယျ့ရဲ့မိခငျကွီးက ကိုယျ့လကျကို အတငျးဆှဲထားပွီး ပွောနတေဲ့အသံတှကေို လကျတှေ့ကွား လိုကျရတော့ ငရဲနိမိတျတို့၏ သားကောငျဖွဈရတော့မယျ့ မိခငျကွီးအတှကျ စိတျမကောငျး ဖွဈရလပွေီ။ မိမိစရောကျတဲ့ နှဈရကျလုံးလုံး နိမိတျဆိုးတှရေဲ့ ခွိမျး ခွောကျမှုနဲ့သာ ရငျဆိုငျနရေ၏။ မိခငျကွီးသညျ ဇောခြှေးတှပွေနျပွီး ကွောကျနသေညျ။ နိမိတျဆိုးတှကေလညျး ဖြောကျမရလောကျအောငျ ပေါျနပေုံရ၏။ ဘေးမှာရှိနတေဲ့ သားသမီးတှကေ ပရိတျ ပဋ်ဌာနျးတှဖှေငျ့ပေးပွီး အာရုံလှဲပေးဖို့ကွိုးစားတာလညျး မအောငျမွငျ။ ပေါျနမွေဲမို့ အောျနဆေဲပငျ ဖွဈနေ၏။ အနားရှိနတေဲ့ သမီးလကျကိုလညျး တအားဆှဲထား၏။ ဘယျသူမှ ကွံရာမရ မလုပျတတျ မကိုငျတတျဖွဈနေ၏။ ကွညျ့နနေိုငျတဲ့ စှမျးအားလညျး မရှိတော့။ "ငါ-သားရဟနျးတဈပါး ရှိနရေဲ့နဲ့ ဒီအတိုငျးဆိုရငျ မဖွဈသေးပါဘူး"ဟု တှေးကာ အခွအေနေ တဈခု စီစဉျဖို့ ကွံစညျရလသေညျ။ "အဖေ-မုဆိုး၊ သား-ရဟနျး"ဝတ်ထုကို သတိရမိ၏။ ဒါနဲ့ အနီးမှာ အလှယျရှိနတေဲ့ အအေးဗူးလေးကို ကိုငျခိုငျးပွီး ဦးဇငျးကို လှူဖို့ပွောကွညျ့တယျ။ လှူတယျ။ အဲဒီလို အာရုံကောငျးလေး ဝငျလိုကျတဲ့အခြိနျတော့ နိမိတျဆိုးအာရုံတှကေ ပြောကျသှားပုံရပွီး ငွိမျသှားတယျ။ မကြျနှာကလညျး ကွညျလငျတဲ့ဘကျ ပွောငျးသှားတယျ။ စောစောက ကွောကျလနျ့နတေဲ့ပုံ မရှိတော့ဘူး။ စိတျပွောငျးတော့ ရုပျကလညျး ပွောငျးလဲရလပွေီ။ လကျထဲထညျ့ထားတဲ့ အအေးဗူးလေးကို တဈရိုတဈသေ ကပျတယျ။ ဦးဇငျးကလညျး အကပျခံလိုကျတယျပေါ့။ ဒါပမေယျ့ မကွာလိုကျပါဘူး နိမိတျဆိုးတှကေ ပွနျဝငျလာပုံ ရပွီး နဂိုအတိုငျးပဲ ပွနျအောျနရေပွနျတယျ။ သမီးဖွဈတဲ့သူကလညျး အမေ-ဘယျတုနျးက ဘယျလို ကုသိုလျတှေ လုပျထားတယျ ဘာငွာ စသဖွငျ့ပေါ့လေ ပွုထားခဲ့ဘူးတဲ့ ဘုရားတညျ ကြောငျးပွငျကုသိုလျတှကေို ပွောပေးကွညျ့တယျ- မရ။ အလှူအတနျး ပွုခဲ့ဘူးတာတှကေို ပွောပွကွညျ့တယျ။ ဘာမှ ထူးမလာ။ အကွံ အိုကျလပွေီ။ အမရေဲ့ ကုသိုလျကံနဲ့တော့ မရတော့ဘူးဆိုတာ နားလညျ လိုကျရပွီမို့ မိမိရဲ့ကုသိုလျကံဘကျကို ပွနျလှညျ့ရ၏။ ဦးဇငျးက ၂၀၁၉ ဖဖေောျဝါရီ ၂၀-ရကျနေ့က စပွီး တရားအားထုတျနတေဲ့ အလုပျအပွငျ ဘုရားဂုဏျတောျ ကိုးပါးကို အနကျပါထငျမွငျလာအောငျ လေ့ကငြျ့မှတျသားကာ တဈနေ့လြှငျ ခေါကျရေ(၂၀၀) နေ့စဉျမပွတျ ရှတျတယျ။ ရညျရှယျခကြျကတော့ မွတျစှာဘုရားရှငျရဲ့ ဓမ်မက်ခန်ဓာပေါငျး ရှဈသောငျးလေးထောငျ သော တရားတောျတှကေို ပူဇောျတဲ့အနနေဲ့ ဘုရားဂုဏျတောျကိုးပါးကို ရှဈသောငျးလေးထောငျပွညျ့ အောငျ ရှတျဖတျပူဇောျနတောပါ။ ဒီနေ့ ဒီအခြိနျအထိ တဈရကျမှ ပကြျရကျ မရှိခဲ့ပါဘူး။ အကွောငျးကိစ်စပေါျလို့ ခရီးသှားရရငျတောငျ ရောကျတဲ့နရော မှာ ရှတျတယျ။ ကားပေါျမှာ ကွုံရငျ ကားပေါျမှာ ရှတျတယျ။ အခုဆိုရငျ ရှတျလာတာ (၈)လ ကြောျလာပွီ။ ဦးဇငျး- သစ်စာဆိုရလပွေီ။ အမေ့အတှကျ မဖွဈနိုငျတာ-ဖွဈနိုငျတာ အသာထား။ ငါသိသလောကျ ငါလုပျနိုငျသလောကျ အမေ့ကြေးဇူးအတှကျ လုပျကို လုပျရမယျဆိုတဲ့စိတျနဲ့ပါ။ ပထမဆုံး နမော တူ-နဲ့ ဘုရားရှိခိုးလိုကျတယျ။ မတေ်တာသုတျ ရှတျတယျ။ သမ်ဗုဒ်ဓေ ရှတျတယျ။ သံသရာဘဝအဆကျဆကျမှ ယနေ့ထိတိုငျ ဘုရား-တရား-သံဃာ ရတနာသုံးပါးနှငျ့တကှ မိဘ ဆရာ သမားတို့အပေါျ ကံသုံးပါးတို့ဖွငျ့ ပွဈမှားမိသညျမြားကို ဝနျခတြောငျးပနျတယျ။ အရပျဆယျမကြျနှာ မတေ်တာပို့တယျ။ ပွုသမြှကုသိုလျ သုံးဆယျ့တဈဘုံသားတှေ အမြှဝတေယျ။ ပွီးတော့မှ နေ့စဉျ အဓိဋ်ဌာနျထားတဲ့ ဂုဏျတောျကိုးပါးကို အခေါကျ(၂၀၀)ပွညျ့အောငျ ရှတျတယျ။ ဒါက နေ့စဉျ ပုံမှနျလုပျနကြေ အလုပျ။ ဒီနေ့ အမေ့အတှကျ သစ်စာဆိုဖို့ ပုံမှနျလုပျနကေအြပွငျ သမ်ဗုဒ်ဓေ (၈၃)ခေါကျ အမေ့အတှကျ သကျစေ့ရှတျတယျ။ ကိုယျစောငျ့နတျကစပွီး အိမျစောငျ့နတျ မွစေောငျ့နတျ ရှာစောငျ့နတျ သာသနာတောျစောငျ့နတျ စတုလောကပါလ နတျမငျးကွီးလေးပါးနဲ့တကှ အာကာသစိုး ဘုမ်မစိုး ရုက်ခစိုး အပေါငျးကို မတေ်တာပို့ပွီး- "ငါသညျ မွတျစှာဘုရားရှငျ၏ ဓမ်မက်ခန်ဓာပေါငျး ရှဈသောငျးလေးထောငျသော တရားတောျကို ပူဇောျတဲ့ အနနေဲ့ ဂုဏျတောျကိုးပါးကို နေ့စဉျမပွတျ ရှတျဆိုလကြျရှိ၏။ ဤ မှနျသောသစ်စာစကားကွောငျ့ မိခငျကွီးအား ကရြောကျနသေော နိမိတျဆိုးမြား ကငျးစငျ လှငျ့ပြောကျပါစသေတညျး။ ကိုယျစောငျ့နတျ အိမျစောငျ့နတျ ရှာစောငျ့နတျမှစ၍ မွငျအပျ မမွငျအပျသော ပုဂ်ဂိုလျမြားမှ ကာကှယျစောငျ့ရှောကျပေးနိုငျပါစသေတညျး"ဟု သစ်စာဆိုလိုကျပါတယျ။ တဈခါမှ မလုပျဘူးသောအလုပျကို လုပျမိခွငျးဖွဈ၏။ မိမိလုပျတာကိုလညျး ဘယျသူမှ မရိပျမိကွ။ သစ်စာဆိုပွီး နာရီဝကျလောကျပဲ ကွာလိမျ့မယျ ထငျတယျ။ အမေ အသံမထှကျတော့။ နိမိတျဆိုးတှပေေါျလာတိုငျး သားကယျပါ သမီးကယျပါ ဆိုတဲ့ အသံလညျး ထှကျမလာတော့။ ပုံမှနျ အသကျရှူလာတာကို သတိထားမိလိုကျတယျ။ ဆိုနကြေ ဗုဒ်ဓေါကို မပွတျရှတျနိုငျလာတာ တှေ့လာရတယျ။ နိမိတျဆိုးတှေ မွငျရတဲ့အသံ မထှကျလာတော့။ သူ့သမီး ဖှငျ့ပေးထားတဲ့ ပရိတျကိုရပျပွီး ပဌာနျးတဈလှညျ့ ပွောငျးဖှငျ့ပေးဖို့ ပွောလာတယျ။ ဘယျသူ့ကိုမှ ဘာစကားမှ မပွောတော့ဘဲ တရားမှတျလိုကျ ပဌာနျးတရားနာလိုကျ ဗုဒ်ဓေါ ရှတျလိုကျနဲ့ အေးအေးဆေးဆေး ဖွဈသှားတာကို တှေ့မွငျလိုကျရတယျ။ ကိုယျစောငျ့နတျ အိမျစောငျ့နတျ ရှာစောငျ့နတျစတဲ့ သမ်မာဒဝေ နတျမွတျနတျကောငျးတှဟော တကယျကူညီ တတျပါလားဆိုတာ သိခှငျ့ရလိုကျတယျ။ မိမိလညျး ကိုယျလုပျလိုကျတဲ့ အကွံအစညျတဈခု အောငျမွငျ တာကို တှေ့လိုကျရတော့ ဝမျးသာသှားမိတယျ။ သစ်စာဆိုရငျ တကယျရနိုငျတယျဆိုတာ သိခှငျ့ရလိုကျတယျ။ ကိုယျ့ဘကျက မှနျကနျတဲ့ ပွညျ့စုံမှုတော့ လိုတယျပေါ့။ မိခငျကွီးရဲ့ နိမိတျဆိုးအန်တရာယျတှေ ကငျးသှားတာတှေ့ရလို့ တဈယောကျထဲ ကွိတျပွီးဝမျးသာနမေိတယျ။ ဘယျသူ့မှ မပွောဖွဈပါဘူး။ ပွောပွဖို့လညျး ဆန်ဒမရှိ။ ဘာဖွဈလို့လညျးဆိုတော့ တဈခါတရံမှာ လူ့သဘာဝက လကျတှေ့မဆနျတဲ့ ကိစ်စမြိုးတှေ တှေ့ကွုံလာရငျ ယုံတဲ့သူရှိသလို လကျမခံတဲ့သူကလညျး ရှိနတေတျပါတယျ။ အဲဒီအခါ မယုံတဲ့သူက အပွဈပွောပွီး အကုသိုလျရမယျ။ ယုံတဲ့သူကလညျး လိုအပျတာထကျ ပိုတှေးသှားခဲ့ရငျ မလိုလားအပျတဲ့ အတှေးအခေါျတှနေဲ့ ရှုတျသှားနိုငျတယျ။ ဒါကွောငျ့ ဆိပျဆိပျနလေိုကျခွငျးက ထိခိုကျမှုမရှိတော့။ ဒါပမေယျ့ မနကျမိုးလငျးတော့ နှမဖွဈသူက သူ-ညက အမေ့ခေါငျးရငျးမှာ ရှိနတေဲ့ သဈပငျပေါျမှာ အဝတျဖွူကွီးနဲ့ လူလိုလို ဘာလိုလို တဈယောကျ အမှောငျထဲမှာ ငုတျတုတျထိုငျနတောတှေ့လို့ ကွောကျတဲ့အကွောငျး ပွောလာတယျ။ ဒါနဲ့ ဦးဇငျးလညျး ကိုယျလုပျထားတဲ့ကိစ်စကို ဖှငျ့ပွောလိုကျပွီး ကွောကျစရာ သစ်ဆေ သရဲ နာနာဘာဝတှေ မဟုတျကွောငျး နှဈသိမျ့ပေးလိုကျရတယျ။ ဘယျလောကျပဲ မဟုတျပါဘူးလို့ ပွောပွော ကွောကျတဲ့သူ ကတော့ ကွောကျကို ကွောကျတာပါပဲ။ ညပိုငျးရောကျတော့ အိမျခေါငျးရငျးကို မီးကွိုးဆှဲပွီး မီးလုံးကို ထိနျနအေောငျ ထှနျးထားလိုကျကွတယျ။ သတိထား ကွညျ့နတေဲ့သူရှိနတေော့ မတှေ့ရဘူးပေါ့။ ဒါပမေယျ့ ည-၁ နာရီခနျ့လောကျမှာ ဦးဇငျးအိပျနတေဲ့ တနျးလြားဘေးက သဈသားနံရံကို "ဒေါကျ-ဒေါကျ-ဒေါကျ"လို့ သုံးခကြျ လာခေါကျသှားတယျ။ ထကွညျ့တော့ ဘာမှ မတှေ့ရပါဘူး။ သဘောကတော့ သူတို့ရှိနတေဲ့အကွောငျး သိအောငျ လာပွော သှားတဲ့သဘောလို့ ယူဆလိုကျမိပါတယျ။ ဦးဇငျး ရောကျပွီး သုံးရကျမွောကျနေ့ကစပွီး နောကျဆုံး- သသှေားတဲ့ ရှဈရကျမွောကျနေ့အထိ ဘာငရဲ နိမိတျမှ ပွနျပေါျမလာတော့ဘဲ တရားပွောပွတာလေးကို နာလိုကျ ခန်ဓာဘကျလှညျ့ပွီး တရားရှုမှတျလိုကျနဲ့ အဆငျ ပွေ အေးခမြျးသှားတာကို တှေ့လိုကျရပါတယျ။ မရဏနဲ့ စဈခငျးရတဲ့ (၉)ရကျကွာ တိုကျပှဲမှာ နှဈရကျတိတိပဲ ငရဲနိမိတျတှရေဲ့ တိုကျခိုကျမှုကို အလူးအလဲ ခံလိုကျရပွီး ကနြျ(၇)ရကျကတော့ သား-ရဟနျးရဲ့ ဓမ်မစကားနဲ့ ဘဝခန်ဓာကို ငွငျသာစှာပဲ ဇာတျသိမျးသှားပါတော့တယျ။ သတေော့လညျး မကြျနှာလေး ကွညျလငျနတောကို တှေ့ရ တော့ မိခငျကွီးအပေါျ ငါ့ရဲ့လုပျဆောငျခကြျဟာ အရာထငျပေါကျ ကြေးဇူးလညျး မွောကျခဲ့ပွီမို့ ကိုယျ့ကိုယျကို ဝမျးမွောကျမိတာလညျး အမှနျပါ။ အကယျ၍သာ မိမိလုပျဆောငျခကြျရဲ့ အကူအညီသာ မရခဲ့ပါမူ အမေ့ရဲ့လားရာဂတိသညျ ကောငျးနိုငျဖှယျမရှိ။ ယခုတော့ အမလေညျး ဘဝကူးကောငျး မိမိသညျလညျး အနန်တမညျသော ကြေးဇူးတရားကို အထိုကျ အလြောကျ ဆပျခှငျ့ရလိုကျတယျပေါ့ဗြာ။ ဤ post သညျ သမေယျ့သူတိုငျး အရေးကွုံလာပါက အသုံးခလြို့ ရနိုငျတယျဆိုတာကို သိစခေငြျတာရယျ သစ်စာဆိုခွငျး၏ အရာမွောကျပုံကို သိစခေငြျတာရယျ မိမိတို့ နထေိုငျရာ ပတျဝနျးကငြျမှာ ရှိနတေဲ့ မွငျအပျ-မမွငျ အပျတဲ့ သူတောျစငျ ပုဂ်ဂိုလျတှဟော အားကိုးလို့ ရတယျဆိုတာ သိစခေငြျတာရယျကွောငျ့ အမေ့ဂုဏျသိက်ခာ ကို စတေးကာ ရေးသားလိုကျရပသေညျ။ သနေညျးကောငျးတဈခုဟု မှတျယူနိုငျကွပါစသေောျ။ ကနြျးမာ ခမြျးသာ လိုရာဆန်ဒ ပွညျ့ဝကွပါစေ။ ဦးဓမ်မသာရ(ဆေးသဲ့တောငျ)


via အလင်းရောင် ဓမ္မ https://ift.tt/32GCaP0