Saturday, October 26, 2019

ဆပ်၍မကုန်သော မိဘ ဂုဏ်ရည် ၁၃ လီ မိဘကျေးဇူး ဆပ်ဖူးနိုင်ကြပါစေ ===================== (၁) သုဟဒယဂုဏ် ဆိုတဲ့ အရိုး ၊ အကြော ၊ အသွေး သားထဲက စိမ့်ပြီးသားသ္မီးကိုချစ်ခြင်း ။ (၂) ဗြဟ္မာဂုဏ် ဆိုတဲ့ မေတ္တာ ၊ ဂရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ လေးပါးနှင့် စောင့်ရှောက် ခြင်း ။ ( ၃) ဇနေတ္တိဂုဏ် ဆိုတဲ့ အသက်စွန့်ပြီး မွေးသော အမေ ၊ အသက်စွန့်ပြီး ရှာကျွေးသောအဖေဖြစ်ခြင်း (၄) ပေါသကဂုဏ် ဆိုတဲ့ အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏အရိပ် ရခြင်း ။ (၅) ပေါသနန္တိဂုဏ် ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။ (၆)ဒေဿတာရာဂုဏ် ဆိုတဲ့ စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း ၊ဆွမ်းကပ်နည်း ၊ ကြီးသူကို ရိုသေငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။ (၇) အာပါဒကာဂုဏ် ဆိုတဲ့ ဘေးရန်ကင်းစေ ရန်အသက်စွန့်ပြီး ကာကွယ်စောင့်ရှောင့်ခြင်း ။ (၈) တေသယန္တိဂုဏ် ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။ (၉) ပုဗ္ဗာဒေ၀တာဂုဏ် ဆိုတဲ့ အိမ်ဦးနတ် ဖခင် ၊မိခင် ဖြစ်ခြင်း ။ (၁၀)ပုဗ္ဗာစရိယဂုဏ် ဆိုတဲ့ လက်ဦးဆရာမည်ထိုက်စွာ စာရိတ္တမပျက်စီးစေရန်ဘာသာရေးနှင့် သိမ်းသွင်းခြင်း။ (၁၁)ဂေါပါယန္တိဂုဏ် ဆို တဲ့ စား၀တ်နေရေး၊ ပညာရေး မပူပင်ရအောင်လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း ။ (၁၂) အာယုနေယျဂုဏ် ဆိုတဲ့ ပစ္စည်း လေးပါးဖြင့် ကန်တော့ခံရသည် ပုဂ္ဂိုလ်ဖြစ်ခြင်း ။ (၁၃)အနာမဋ္ဌဂုဏ် ဆိုတဲ့ ရဟန်းဆွမ်းမဘုဉ်းမပေးမိ မိဘနှစ်ပါးအား အရင်ဆုံးဆွမ်းစားစေခြင်း အခွင့်ရရှိသောမိဘနှစ်ပါးဖြစ်ခြင်းတို့ဖြစ်၏။ Cd# Naung Yoe


via အလင်းရောင် ဓမ္မ https://ift.tt/31KlogI