Wednesday, October 23, 2019

သေနည်းသင်တန်း တက်ထားပါ ************************ ဖတ်ကြည့်နော်… ဘဝသံသရာမှာ မျောပါနေကြတဲ့ သူသူငါငါ သတ္တဝါတွေအတွက် သေနည်းသင်တန်းကို ပြောပြမယ်။ သေနည်းသင်တန်း တက်ထားဖို့ လိုပါတယ်။ ဒါ အရေးကြီးဆုံးပဲ။ လူတိုင်းတစ်နေ့မှာ…မုချ သေရမှာ မလွဲဘူး။ ကြောက်ဖို့ မလိုပါဘူး။ ကြောက်လို့လည်း မရဘူး။ ကြိုတင် ပြင်ဆင်ထားလို့ရအောင် သေနည်းသုံးမျိုး ပြောပြမယ်နော်… ၁။ငါတော့…ဒီတောင်က မကျော်တော့ဘူး လို့ ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့်။ မိမိတစ်သက်တာအတွင်း ပြုလုပ်ဘူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်း လုပ်ဘူးကြတာချည်းပဲ။ တန်ဖိုး နည်းတာ များတာ လိုရင်း မဟုတ်ဘူး။ ဒုဋ္ဌဂါမဏိ မင်းကြီးလို မိမိစိတ် အကြည်လင်ဆုံး အကျေနပ်ဆုံး အလှူတစ်ခုကိုပဲ ဆင်ခြင်နေ။ ၂။ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာ တစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှ မဟုတ်ရင်လဲ (၃)ရောဂါက ပြင်းထန်လို့ ဆေးတွေလွန်နေလို့ သတိမရတစ်ချက် ရတစ်ချက် ကယောင်ကတမ်း ဖြစ်တယ်ပဲ ထား သတိရလာတာနဲ့ ဗုဒ္ဓံ သရဏံ ဂစၧာမိ ဓမ္မံသရဏံ ဂစၧာမိ သံဃံသရဏံ ဂစၧာမိ ရွတ်နေ။ ဒါက လူတိုင်း ရပြီးသားပါ။ ဒီ( ၃ )နည်း တစ်နည်းနည်းနှင့် သေရင် အနည်းဆုံး နတ်ပြည်ရောက်မှာ သေချာပါတယ်။ ကျေးဇူးရှင် နယ်ခြားတောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး အရှင်ဥတ္တမသာရ။ Credit မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း) )ေသနည္းသင္တန္း တက္ထားပါ ************************ ဖတ္ၾကည့္ေနာ္… ဘဝသံသရာမွာ ေမ်ာပါေနၾကတဲ႔ သူသူငါငါ သတၱဝါေတြအတြက္ ေသနည္းသင္တန္းကို ေျပာျပမယ္။ ေသနည္းသင္တန္း တက္ထားဖို႔ လိုပါတယ္။ ဒါ အေရးႀကီးဆံုးပဲ။ လူတိုင္းတစ္ေန႔မွာ…မုခ် ေသရမွာ မလြဲဘူး။ ေၾကာက္ဖို႔ မလိုပါဘူး။ ေၾကာက္လို႔လည္း မရဘူး။ ႀကိဳတင္ ျပင္ဆင္ထားလို႔ရေအာင္ ေသနည္းသံုးမ်ိဳး ေျပာျပမယ္ေနာ္… ၁။ငါေတာ့…ဒီေတာင္က မေက်ာ္ေတာ့ဘူး လို႔ ကိုယ့္ဟာကိုယ္ သိလာၿပီဆိုလွ်င္ အနားမွာ ဘယ္သူမွ မလာေစႏွင့္။ မိမိတစ္သက္တာအတြင္း ျပဳလုပ္ဘူးတဲ႔ အလွဴေတြကို စဥ္းစားၾကည့္။ ဒါနကို လူတိုင္း လုပ္ဘူးၾကတာခ်ည္းပဲ။ တန္ဖိုး နည္းတာ မ်ားတာ လိုရင္း မဟုတ္ဘူး။ ဒု႒ဂါမဏိ မင္းႀကီးလို မိမိစိတ္ အၾကည္လင္ဆံုး အေက်နပ္ဆံုး အလွဴတစ္ခုကိုပဲ ဆင္ျခင္ေန။ ၂။ဒါမွမဟုတ္ ကိုယ္ရႈမွတ္ေနက် ဘာဝနာ တစ္ခုခုကို ႏွလံုးသြင္းေန။ ဒါမွ မဟုတ္ရင္လဲ (၃)ေရာဂါက ျပင္းထန္လို႔ ေဆးေတြလြန္ေနလို႔ သတိမရတစ္ခ်က္ ရတစ္ခ်က္ ကေယာင္ကတမ္း ျဖစ္တယ္ပဲ ထား သတိရလာတာနဲ႔ ဗုဒၶံ သရဏံ ဂစၧာမိ ဓမၼံသရဏံ ဂစၧာမိ သံဃံသရဏံ ဂစၧာမိ ရြတ္ေန။ ဒါက လူတိုင္း ရၿပီးသားပါ။ ဒီ( ၃ )နည္း တစ္နည္းနည္းႏွင့္ ေသရင္ အနည္းဆံုး နတ္ျပည္ေရာက္မွာ ေသခ်ာပါတယ္။ ေက်းဇူးရွင္ နယ္ျခားေတာင္တန္း သာသနာျပဳ ဆရာေတာ္ဘုရားႀကီး အရွင္ဥတၱမသာရ။ Credit ေမတၱာျဖင့္… အရွင္ပုည( ဝကုန္း )


via အလင္းေရာင္ ဓမၼ https://ift.tt/32GzC3l