Wednesday, October 23, 2019

" ကုသိုလ်နှင့် အကုသိုလ် " 🌷💫💫💫💫💫💫🌷 စိတ်ကို ပူလောင်စေတဲ့ အရာမှန်သမျှ အကုသိုလ်ပဲ။ လောဘ ဒေါသ မောဟကို အကြောင်းရင်းခံပြီးတော့ လုပ်တယ်။ လုပ်နေဆဲ အခိုက်အတန့်မှာလည်း လောဘ ဒေါသ မောဟတွေ ဖြစ်နေ တယ်ဆိုရင် ဒါက အကုသိုလ်ပေါ့။ အဲဒါနဲ့ ဆန့်ကျင်ဘက်က အလောဘ အဒေါသ အမောဟပေါ့။ လောဘကင်း ဒေါသကင်း မောဟ ကင်းတာကို အခြေခံတယ်။ လုပ်နေဆဲ အခိုက်အတန့်မှာလည်း လောဘ ဒေါသ မောဟတွေ ကင်းနေ တယ်ဆိုရင် အဲဒါက ကုသိုလ်ပေါ့။ ဘ၀အကျိုးပေး စိတ်အကျိုးပေး ဆိုပြီး နှစ်မျိုးရှိရာမှာ … ဘ၀အကျိုးပေးအနေနဲ့ ကောင်းကျိုး ဖြစ်နိုင်တဲ့ အလုပ်ဆိုရင် ကုသိုလ်ပေါ့။ ဆိုးကျိုးဖြစ်နိုင်တဲ့ အလုပ်ဆိုရင် အကုသိုလ်ပေါ့။ စိတ်အကျိုးပေးအနေနဲ့လည်း စိတ်ကောင်းစိတ်မြတ်ဖြစ်ပြီး စိတ်ကို ကြည်လင်မှု အေးချမ်းမှုတွေ ဖြစ်စေနိုင်တဲ့ အလုပ်ဆိုရင် ကုသိုလ်ပေါ့။ စိတ်ဆိုးစိတ်ယုတ်ဖြစ်ပြီး စိတ်ပူလောင်မှု စိတ်ညစ်နွမ်းမှု စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေ နိုင်တဲ့ အလုပ်ဆိုရင် အကုသိုလ်ပေါ့။ ဒါက အလွယ်ကူဆုံးနဲ့ အခြေခံအကျဆုံးပါပဲ။ ကုသိုလ်ဆိုရင် ရတနာသုံးပါးနဲ့ ပတ်သက်တာ လှူဒါန်းတာလုပ်မှ ကုသိုလ်လို့ ထင်နေမှာလေ။ အကုသိုလ်ဆိုရင်လည်း သတ်မှ ဖြတ်မှ ခိုးမှ လိမ်မှ အကုသိုလ်လို့ ထင်နေမှာလေ။ အဲလိုမဟုတ်ဘူး။ စိတ်ကို ပူလောင်စေတဲ့ အရာမှန်သမျှ အကုသိုလ်ပဲ။ ဥပမာ လူတစ်ယောက်ကို မကျေမနပ် ဖြစ်နေတယ်။ သူ့ကို ရိုက်မှ ပုတ်မှ အော်ဟစ်ဆဲဆိုမှ အကုသိုလ်မဟုတ်ဘူး။ လူတစ်ယောက်ကို မကျေမနပ်ဖြစ်ပြီး စိတ်ထဲကနေ ပေါက်ကွဲနေတယ်လို့ဆိုရင် ဒါ အကုသိုလ်ဖြစ်နေတာ။ အကုသိုလ်အလုပ် လုပ်နေတာပဲ။ လူတစ်ယောက်က ကိုယ့်အပေါ်မှာ မကျေမနပ် ဖြစ်ဖွယ်ရာလုပ်ပေမယ့် သူ့အပေါ်မှာ မကျေမနပ် ဖြစ်မနေဘူး။ နားလည်ပေးတယ်။ ခွင့်လွှတ်ပေးတယ်။ ကျေနပ်ပေးတယ်ဆိုရင် အဲဒါကိုက ကုသိုလ်ပဲ။ လူတစ်ယောက်ကိုသွားပြီး လှူဒါန်းလိုက်မှ ကူညီလိုက်မှ ကုသိုလ်ရတာ မဟုတ်ဘူး။ လူတစ်ယောက်က ကိုယ့်အပေါ်မှာ ပြောဆိုတာ ပြုမူတာနဲ့ပတ်သက်လို့ သြော် ဒါက… သူ့ဝါသနာနဲ့သူပဲ။ သူ့သဘာဝ ပါပဲလေဆိုပြီး နားလည်ခွင့်လွှတ်ပေးတယ်။ သူ့အပေါ်မှာ မေတ္တာမပျက်ဘူးဆိုရင် အဲဒီစိတ်ကလေးကိုက ကုသိုလ်ပဲ။ မကျေနပ်တဲ့စိတ် ပေါက်ကွဲတယ်ဆိုတဲ့ စိတ်ကို စွန့်လွှတ်နိုင်တာ အဲဒီစိတ်ကို အဖြစ်မခံတာကိုက ကုသိုလ်ပဲ။ ဟိုလိုကြီးမှ ကုသိုလ်မဟုတ်ဘူး။ ဒီလိုလေးလည်း ကုသိုလ်ပဲပေါ့။ ဟိုလိုကြီးဆိုတာက လူတွေက ကုသိုလ်လို့ပြောထားတဲ့ အလုပ်ကြီးတွေ။ ဆွမ်းလောင်းတာတွေ တရားထိုင်တာတွေ တရားနာတာတွေ လုပ်တာကတော့ ဟိုလိုကြီး ကုသိုလ်ပေါ့။ အဲဒီကုသိုလ်တွေတင်မက ဒီလိုလေး ကုသိုလ်ဆိုတာက ကိုယ့်စိတ်ကလေးကို အမြဲတမ်း သတိထားပြီးတော့ … ဘာတွေနဲ့ပဲကြုံကြုံ စိတ်အေးချမ်းအောင် စိတ်ကြည်လင်အောင် နေတတ်တာ… လူတိုင်းအပေါ်မှာ နားလည်ခွင့်လွှတ်ပေး နိုင်တာ။ လူတိုင်းအပေါ်မှာ မေတ္တာနဲ့ ဆက်ဆံတာ… ဆိုပါတော့။ လူတစ်ယောက်နဲ့ တွေ့လိုက် တဲ့အချိန်မှာ မျက်နှာကြောတင်းကြီးနဲ့ မိုက်ကြည့် ကြည့်လိုက်တယ်ဆိုရင် အဲဒါ အကုသိုလ်ပဲလေ။ အဲဒီလိုမဟုတ်ဘဲနဲ့ လူတစ်ယောက်ကို တွေ့တာနဲ့ ကြည်ကြည်လင်လင် ပြုံးပြုံး ရွှင်ရွှင်လေးနဲ့ နှုတ်ဆက်လိုက်တယ်ဆိုရင် ဒါ ကုသိုလ်ပဲ။ သူ့ကို မကျေနပ်တဲ့ အချက်တစ်ချက်ကို သူ့မြင် တာနဲ့ ချက်ချင်းတွေးမိပြီး မျက်နှာခပ်တင်းတင်း နဲ့ နေလိုက်တယ်ဆိုရင် အဲဒါ အကုသိုလ်ပဲ။ ကိုယ့်အပေါ်မှာ မကောင်းကြံခဲ့ဖူးတဲ့သူ မကောင်းတာ လုပ်ခဲ့ဖူးတဲ့သူကို ပက်ပင်း တွေ့ပေမယ့် သည်းခံခွင့်လွှတ်ပြီးတော့ တည်တည်ငြိမ်ငြိမ်လေး အေးအေးချမ်းချမ်း လေး နှုတ်ဆက်နိုင်တယ်ဆိုရင် အဲဒါကုသိုလ်ပဲ။ ကုသိုလ် အကုသိုလ်ဆိုတာက အချိန်တိုင်းဖြစ်နေတာပဲ။ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) 💥💥💥 မေတ္တာဖြင့် #LaWarSo " ကုသိုလ္ႏွင့္ အကုသိုလ္ " 🌷💫💫💫💫💫💫🌷 စိတ္ကို ပူေလာင္ေစတဲ့ အရာမွန္သမွ် အကုသိုလ္ပဲ။ ေလာဘ ေဒါသ ေမာဟကို အေၾကာင္းရင္းခံၿပီးေတာ့ လုပ္တယ္။ လုပ္ေနဆဲ အခိုက္အတန့္မွာလည္း ေလာဘ ေဒါသ ေမာဟေတြ ျဖစ္ေန တယ္ဆိုရင္ ဒါက အကုသိုလ္ေပါ့။ အဲဒါနဲ႕ ဆန့္က်င္ဘက္က အေလာဘ အေဒါသ အေမာဟေပါ့။ ေလာဘကင္း ေဒါသကင္း ေမာဟ ကင္းတာကို အေျခခံတယ္။ လုပ္ေနဆဲ အခိုက္အတန့္မွာလည္း ေလာဘ ေဒါသ ေမာဟေတြ ကင္းေန တယ္ဆိုရင္ အဲဒါက ကုသိုလ္ေပါ့။ ဘ၀အက်ိဳးေပး စိတ္အက်ိဳးေပး ဆိုၿပီး ႏွစ္မ်ိဳးရွိရာမွာ … ဘ၀အက်ိဳးေပးအေနနဲ႕ ေကာင္းက်ိဳး ျဖစ္နိုင္တဲ့ အလုပ္ဆိုရင္ ကုသိုလ္ေပါ့။ ဆိုးက်ိဳးျဖစ္နိုင္တဲ့ အလုပ္ဆိုရင္ အကုသိုလ္ေပါ့။ စိတ္အက်ိဳးေပးအေနနဲ႕လည္း စိတ္ေကာင္းစိတ္ျမတ္ျဖစ္ၿပီး စိတ္ကို ၾကည္လင္မႈ ေအးခ်မ္းမႈေတြ ျဖစ္ေစနိုင္တဲ့ အလုပ္ဆိုရင္ ကုသိုလ္ေပါ့။ စိတ္ဆိုးစိတ္ယုတ္ျဖစ္ၿပီး စိတ္ပူေလာင္မႈ စိတ္ညစ္ႏြမ္းမႈ စိတ္ရႈပ္ေထြးမႈေတြ ျဖစ္ေစ နိုင္တဲ့ အလုပ္ဆိုရင္ အကုသိုလ္ေပါ့။ ဒါက အလြယ္ကူဆုံးနဲ႕ အေျခခံအက်ဆဳံးပါပဲ။ ကုသိုလ္ဆိုရင္ ရတနာသုံးပါးနဲ႕ ပတ္သက္တာ လႉဒါန္းတာလုပ္မွ ကုသိုလ္လို႔ ထင္ေနမွာေလ။ အကုသိုလ္ဆိုရင္လည္း သတ္မွ ျဖတ္မွ ခိုးမွ လိမ္မွ အကုသိုလ္လို႔ ထင္ေနမွာေလ။ အဲလိုမဟုတ္ဘူး။ စိတ္ကို ပူေလာင္ေစတဲ့ အရာမွန္သမွ် အကုသိုလ္ပဲ။ ဥပမာ လူတစ္ေယာက္ကို မေက်မနပ္ ျဖစ္ေနတယ္။ သူ႕ကို ရိုက္မွ ပုတ္မွ ေအာ္ဟစ္ဆဲဆိုမွ အကုသိုလ္မဟုတ္ဘူး။ လူတစ္ေယာက္ကို မေက်မနပ္ျဖစ္ၿပီး စိတ္ထဲကေန ေပါက္ကြဲေနတယ္လို႔ဆိုရင္ ဒါ အကုသိုလ္ျဖစ္ေနတာ။ အကုသိုလ္အလုပ္ လုပ္ေနတာပဲ။ လူတစ္ေယာက္က ကိုယ့္အေပၚမွာ မေက်မနပ္ ျဖစ္ဖြယ္ရာလုပ္ေပမယ့္ သူ႕အေပၚမွာ မေက်မနပ္ ျဖစ္မေနဘူး။ နားလည္ေပးတယ္။ ခြင့္လႊတ္ေပးတယ္။ ေက်နပ္ေပးတယ္ဆိုရင္ အဲဒါကိုက ကုသိုလ္ပဲ။ လူတစ္ေယာက္ကိုသြားၿပီး လႉဒါန္းလိုက္မွ ကူညီလိုက္မွ ကုသိုလ္ရတာ မဟုတ္ဘူး။ လူတစ္ေယာက္က ကိုယ့္အေပၚမွာ ေျပာဆိုတာ ျပဳမူတာနဲ႕ပတ္သက္လို႔ ေၾသာ္ ဒါက… သူ႕ဝါသနာနဲ႕သူပဲ။ သူ႕သဘာဝ ပါပဲေလဆိုၿပီး နားလည္ခြင့္လႊတ္ေပးတယ္။ သူ႕အေပၚမွာ ေမတၱာမပ်က္ဘူးဆိုရင္ အဲဒီစိတ္ကေလးကိုက ကုသိုလ္ပဲ။ မေက်နပ္တဲ့စိတ္ ေပါက္ကြဲတယ္ဆိုတဲ့ စိတ္ကို စြန့္လႊတ္နိုင္တာ အဲဒီစိတ္ကို အျဖစ္မခံတာကိုက ကုသိုလ္ပဲ။ ဟိုလိုႀကီးမွ ကုသိုလ္မဟုတ္ဘူး။ ဒီလိုေလးလည္း ကုသိုလ္ပဲေပါ့။ ဟိုလိုႀကီးဆိုတာက လူေတြက ကုသိုလ္လို႔ေျပာထားတဲ့ အလုပ္ႀကီးေတြ။ ဆြမ္းေလာင္းတာေတြ တရားထိုင္တာေတြ တရားနာတာေတြ လုပ္တာကေတာ့ ဟိုလိုႀကီး ကုသိုလ္ေပါ့။ အဲဒီကုသိုလ္ေတြတင္မက ဒီလိုေလး ကုသိုလ္ဆိုတာက ကိုယ့္စိတ္ကေလးကို အၿမဲတမ္း သတိထားၿပီးေတာ့ … ဘာေတြနဲ႕ပဲႀကဳံႀကဳံ စိတ္ေအးခ်မ္းေအာင္ စိတ္ၾကည္လင္ေအာင္ ေနတတ္တာ… လူတိုင္းအေပၚမွာ နားလည္ခြင့္လႊတ္ေပး နိုင္တာ။ လူတိုင္းအေပၚမွာ ေမတၱာနဲ႕ ဆက္ဆံတာ… ဆိုပါေတာ့။ လူတစ္ေယာက္နဲ႕ ေတြ႕လိုက္ တဲ့အခ်ိန္မွာ မ်က္ႏွာေၾကာတင္းႀကီးနဲ႕ မိုက္ၾကည့္ ၾကည့္လိုက္တယ္ဆိုရင္ အဲဒါ အကုသိုလ္ပဲေလ။ အဲဒီလိုမဟုတ္ဘဲနဲ႕ လူတစ္ေယာက္ကို ေတြ႕တာနဲ႕ ၾကည္ၾကည္လင္လင္ ၿပဳံးၿပဳံး ႐ႊင္႐ႊင္ေလးနဲ႕ ႏႈတ္ဆက္လိုက္တယ္ဆိုရင္ ဒါ ကုသိုလ္ပဲ။ သူ႕ကို မေက်နပ္တဲ့ အခ်က္တစ္ခ်က္ကို သူ႕ျမင္ တာနဲ႕ ခ်က္ခ်င္းေတြးမိၿပီး မ်က္ႏွာခပ္တင္းတင္း နဲ႕ ေနလိုက္တယ္ဆိုရင္ အဲဒါ အကုသိုလ္ပဲ။ ကိုယ့္အေပၚမွာ မေကာင္းႀကံခဲ့ဖူးတဲ့သူ မေကာင္းတာ လုပ္ခဲ့ဖူးတဲ့သူကို ပက္ပင္း ေတြ႕ေပမယ့္ သည္းခံခြင့္လႊတ္ၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္ေလး ေအးေအးခ်မ္းခ်မ္း ေလး ႏႈတ္ဆက္နိုင္တယ္ဆိုရင္ အဲဒါကုသိုလ္ပဲ။ ကုသိုလ္ အကုသိုလ္ဆိုတာက အခ်ိန္တိုင္းျဖစ္ေနတာပဲ။ ဆရာေတာ္ အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ) 💥💥💥 ေမတၱာျဖင့္ #LaWarSo


via အလင္းေရာင္ ဓမၼ https://ift.tt/2MD1Q9y