Saturday, October 26, 2019

ရှင်မဟာ​​မောဂ္ဂလာန်နှင့် မစ္ဆရိယ ကောသိယသူဌေးကြီး 🙏🙏🙏🙏🙏🙏🙏🙏 လွှတ် ချ လိုက် ပါ _______________ တစ်ခါတုန်းက ရာဇဂြိုဟ်မြို့နဲ့ မနီးမဝေး အရပ်မှာ သက္ကာရနိဂုံးဆိုတဲ့ ရွာတစ်ရွာ ရှိခဲ့ဖူးပါတယ်။ ရွာရဲ့ အဓိက ဇာတ်ကောင် ကတော့ ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဋ္ဌေးကြီး မစ္ဆရိယကောသိယ ပါ။ သူက နာမည်နဲ့လိုက်အောင် ကပ်စေးနှဲလွန်း သူကြီးပါ။ သူများတွေ ကပ်စေးနှဲတာက သူတပါးကို မပေးချင်၊ မကျွေးချင်တာ။ ကိုယ်အတွက်တော့ သဒ္ဓါကြပါသေးတယ်။ သူကတော့ လူထူးဆန်း၊ တစ်ရာမှာ တစ်ယောက်သာ ရှိနိုင်မယ့် လူစားမျိ ုး။ သူများလည်း မကျွေးချင်၊ မပေးချင်သလို ကိုယ်ကိုယ်တိုင်လည်း အငတ်ခံပြီး ကပ်စေးနှဲတာ။ ဇနီးတွေ၊ သား,သမီးတွေ၊ ဆွေမျိုးတွေကိုလည်း မသဒ္ဓါဘူး။ ချမ်းသာတယ်ဆိုပေမဲ့ ကောင်းကောင်းမွန်မွန် မစားရ၊ မ၀တ်ရ၊ မနေရဘူး။ ဇနီးနဲ့ သားသမီးတွေတောင် မသဒ္ဓါတာ၊ ရဟန်သံဃာတွေကို လှူဖို့၊ တန်းဖို့ဆိုတာ ဝေလာဝေးပေါ့။ ကုန်မှာကြောက်တဲ့စိတ်နဲ့ ရသမျှ အကုန် ဂိုဒေါင်ထဲ ထည့်တယ်။ ဒီခေတ်အလိုဆို အကုန်ဘဏ်အပ်ထားတယ် ဆိုရမှာပေါ့။ ဒီဘက်ခေတ်မှာတော့ သူ့လောက်ကပ်စေး နှဲတဲ့သူ ရှိမယ်မထင်ဘူး။ ဦးဇင်းပတ်၀န်း ကျင်မှာတော့ အဲ့လိုသူဋ္ဌေးမျိုး မတွေ့ဖူး သေးဘူး။ ဦးကပ်စေးကြီးက နေ့စဉ် ဘုရင့်နန်းတော်၀င်ပြီး အခစားရတယ်။ အမှုထမ်းရတယ်ပေါ့။ တစ်နေ့ နန်းတော်က အပြန်၊ လမ်းဘေး ဇရပ်တစ်ခုမှာ မုယောမုန့်၊ အိုးကင်းမုန့်တွေကို ပျော်ပျော်ပါးပါး လုပ်စားနေတဲ့သူတွေကို သူတွေ့လိုက်တယ်။ ဒါနဲ့ သူလည်း စားချင်စိတ်ဖြစ်သွားတယ်။ စားချင်စိတ်က နည်းနည်းမဟုတ်ဘူး။ ပြင်းပြင်း ပြပြကို ဖြစ်တာ။ တစ်ခါတလေ စားစရာ တစ်ခုခုကို အငမ်းမရ ချဉ်ချင်တပ် တဲ့ သဘောမျိုး။ စားလည်း စားချင်တယ်။ စားချင်လို့ လုပ်ခိုင်းရင်လည်း သူများတွေလည်း စားချင်လာမယ်။ အဲ့ကျရင် သူတို့အတွက်ပါ ပိုလုပ်ရမယ်။ ဆန်တွေ၊ ဆီတွေ တအားကုန်မယ် ဆိုတဲ့အတွေးနဲ့ ဘယ်သူ့မှ ထုတ်မပြောဘူး။ စားချင်စိတ်က အောင့်ထားလေ။ကြီးလာလေပဲ။ ကုတင်ပေါ်တက်ပြီး ဟိုဘက်လှည့် အိပ်၊ ဒီဘက်လှည့်အိပ်နဲ့ စားချင်စိတ်ကို ဖျောက်ကြည့်တယ်။ ပိုပို ဆိုးလာလေပဲ။ သူတပါးကို မပေးချင်၊ မကျွေးချင်၊ မမျှချင် တဲ့ မစ္ဆရိယစိတ်က သူ့ကို လောင်ကျွမ်းနေ တာ။ အတွင်းက အပူရှိန်က အပြင်မျက်နှာကိုပါ လာရိုက်တယ်။ မျက်နှာက မှုန်ကုတ်ကုတ် ဖြစ် လာတယ်။ ဟိုလူကို မကြည်သလို ဒီလူကို မကျေနပ်သလိုနဲ့ အကြည့်တွေ၊ အပြောတွေက ဘုဆတ်ဆတ်ဖြစ်လာတယ်။ ဒါကို သတိထားမိတဲ့ ဇနီးဖြစ်သူက ဘာဖြစ်ချင်လို့လဲ၊ တစ်ခုခုကို လိုချင်လို့လား"လို့ အတင်းမေးတော့မှ မုန့်စားချင်တဲ့အကြောင်း ပြောပြတယ်။ ဒါတောင် သူများတွေ ကြွေးရမှာစိုးလို့ ဘုံခုနှစ်ဆင့်တိုက်ပေါ် တက်ပြီး လုပ်ခိုင်းတယ်။ သူ့ဇနီးအတွက်တောင် မပါဘူး။ သူတစ်ယောက် စာပဲ လုပ်ရမယ်တဲ့။ သူအတွက်တောင် တကယ် မနေနိုင်၊ မထိုင်နိုင်ဖြစ်လို့ ချက်ခိုင်းတာ။ ဒါတောင် ဆန်ကောင်းနဲ့ မလုပ်ခိုင်းဘူး။ ညံ့ပေ့ ဆိုးပေ့ဆိုတဲ့ ဆန်းကွဲနဲ့ လုပ်ခိုင်းတာ။ ဘုံခုနှစ်ဆင့်၊ တံခါးခုနှစ်ဆင့် အဆင့်ဆင့် ပိတ်ပြီး နှစ်ယောက်ထဲ မုန့်လုပ်စားဖို့ ပြင် ဆင်ပါတယ်။ ထိုအခြင်းအရာကို သိတော်မူ၊ မြင်တော်မူတဲ့ မြတ်စွာဘုရားရှင်က နံနက်စောစော အရှင်မဟာမောဂ္ဂလာန်ကို ခေါ်တော်မူ၍ - ချစ်သား မောဂ္ဂလာန် ... ရာဇဂြိုဟ်မြို့အနီး သက္ကာရနိဂုံးရွာက မစ္ဆရိယကောသိယသူဋ္ဌေးကြီးကတော့ သူများတွေကို မပေးချင်၊ မကျွေးချင်လို့ ဘုံခုနှစ်ဆင့်အထက် တက်ပြီး မုန့်လုပ် စားနေတယ်။ သူဋ္ဌေးကြီးကို ပူလောင်စေတဲ့ မစ္ဆရိယအပူ၊ လောဘမီးကျီးခဲတွေကို ငြိမ်ပေးလိုက်ပါ။ ပြီးတဲ့အခါ ကောင်းနိုးရာရာ စားသောက် ဖွယ်တွေကို ယူဆောင်စေပြီ ဇေတ၀န် ကျောင်းသို့ သင့်အစွမ်းနဲ့ ခေါ်ဆောင်ခဲ့ပါ။ ယနေ့ ငါ ဘုရားရှင်နဲ့ ရဟန်းငါးရာတို့ သူဋ္ဌေးကြီးလှူဒါန်းတဲ့ မုန့်ဆွမ်းကို ဘုဉ်းပေးဖို့ စောင့်နေမယ်လို့ မိန့်တော်မူလိုက် ပါတယ်။ အရှင်မဟာမောဂ္ဂလာန်လည်း သင်္ကန်းရုံ သပိတ်လွယ်ကာ သူဋ္ဌေးကြီးလင်မယား မုန့်လုပ်နေတဲ့ ဘုံခုနှစ်ဆင့်အနားမှာ စင်္ကြန်လျှောက်တော်မူပါတယ်။ တွေးမိတာလေးပါ။ သားသမီးတွေတောင် မကျွေးချင်လို့ အမြင့်ဆုံးအထက်တက်ပြီး လုပ်စားပါတယ်ဆို အလှူခံဘုန်းကြီးက ကြွလာရသေးတယ်ဆိုပြီး သူဋ္ဌေးကြီး ဘယ်လောက်များ စိတ်ဆိုးလိုက်မလဲ မသိဘူး။ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် ကြီးကလည်း မလှူမချင်း မကြွဘူးဆိုပြီ ပေ လျှောက်နေတယ်။ ကိုယ်တော် ကိုယ်တော့်ဘာသာ စင်္ကြန်လျှောက် နေရုံမကလို့ တင်ပလ္လင်ခွေထိုင်နေလည်း နည်းနည်းတောင် ရမယ် မထင်နဲ့" လို့ သူဋ္ဌေး ကြီးက ပြောလိုက်တယ်။ အရှင်မဟာမောဂ္ဂလာန်လည်း တံခါး၀မှာ တင်ပလ္လင်ခွေကာ ထိုင်နေတော်မူပြန်ပါ တယ်။ အဲ့ဒီအခါ သူဋ္ဌေးကြီးက ကိုယ့်တော်ဘာသာ တင်ပလ္လင်ခွေ ထိုင်နေရုံ မကလို့ အခိုးအငွေ့တွေ လွတ်ရင် တောင် မလှူနိုင်ဘူးလို့ ထပ်ပြောပြန်တယ်။ အရှင်မဟာမောဂ္ဂလာန်လည်း ထိုင်နေရာမှ အခန်းတစ်ခုံးလုံးကို မီးအခိုးအငွေ့တွေ လွှတ်ပါတယ်။ အဲ့ဒီအခါ သူဋ္ဌေးကြီး သူတိုက် မီးလောင်မှာကြောက်လို့ ဘာမှ ထပ်မပြောရဲတော့ဘူး။ မီးခိုးတွေမွှန်ပြီး မျက်စိတွေ ရဲလာတယ်။ ဒီရဟန်း နည်းနည်းမှ မရရင်တော့ ဘယ်လိုပြောပြော၊ ဘယ်လိုနှင်ထုတ် ထုတ် ပြန်မှာ မဟုတ်တော့ဘူးဆိုတာ သိသွားတယ်။ အဲ့ဒါကြောင့် ရှင်မရယ် နည်းနည်းလောက် လှူလိုက်စမ်းပါဆိုပြီး ချက်ခိုင်းတယ်။ သူဋ္ဌေးကတော်ကြီးလည်း ဇွန်းလေးနဲ့ မုန့်ဖက် နည်းနည်း ခပ်ပြီ အိုးထဲထည့်လိုက်တာ မုန့်က အကြီးကြီး ဖြစ်သွားတယ်။ ဟယ် ဒီမိန်းမ အသုံးမကျဘူးဆိုပြီး သူဋ္ဌေးကြီး ကိုယ်တိုင် ဇွန်းဖျားလေးနဲ့ ခပ်ပြီး သူကိုယ်တိုင် ကြော်တာ။ သူကြော်တဲ့မုန့်က ပိုပို ကြီးလာတယ်။ ကြော်လေ ကြီးလေ။ ကြီးလေ သေးအောင်ကြော်လေနဲ့ ချွေးပျံစ ပြုလာတယ်။ မထူးပါဘူး။ ကြော်ပြီးသားထဲက နည်းနည်း ဖဲ့လှူမယ်ဆိုပြီး ဖဲ့ကြည့်တာ မရဘူး။ လုပ်ပြီးသားမုန့်တွေက အကုန်ပူကပ်နေ တယ်။ ခွာလို့ မရဘူး။ သူဋ္ဌေးကြီးတစ် ယောက်ထဲ ဖဲ့မရတော့ လင်းမယားနှစ်ယောက် တစ်ယောက်တစ်ဖက်ကိုင်ပြီး ဖဲ့ကြတယ်။ ဒါပေမဲ့ အရှင်မြတ်ရဲ့ တန်ခိုး တော်ကြောင့် ဖဲ့မရဘူး။ လင်မယားနှစ်ယောက် လုံး ချွေးတစ်လုံးလုံး ဖြစ်လာတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ ဖဲ့မရတာနဲ့ အရှင်မရယ် ငါလည်း မောလွန်းလို့ စားချင် စိတ်မရှိတော့ပါဘူး။ တစ်တောင်းလုံးသာ လှူလိုက်တော့ပါဆိုပြီ ခြေပစ်လက်ပစ် ထိုင်ချင်လိုက်တယ်။ သူဋ္ဌေးမကြီးလည်း အရှင်မောဂ္ဂလာန်သပိတ်ထဲ သွားလှူတယ်။ အဲ့ဒီအခါ အရှင်မောဂ္ဂလာန်က တရားစဟောပါ တယ်။ သူဋ္ဌေးကြီးနဲ့ သူဋ္ဌေးမကြီးလည်း မောမော ပန်းပန်း မာန်မာနကျနေချိန် ဆိုတော့ တရားတော် အပေါ် စိတ်ညွတ်သွားကြတယ်။ ပေးကမ်းစွန့်ကြဲခြင်းရဲ့ အကျိုးကျေးဇူး။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဟောဖော်ညွှန်ပြတော့ သူဋ္ဌေးကြီးတို့ လင်မယားနှစ်ဦးလုံး ရတနာသုံးပါး အပေါ် ကြည်ညိုသွား ကြတယ်။ နောက်ဆုံး မြတ်စွာဘုရားနဲ့ ရဟန်းငါးရာ တို့ကို မုန့်ဆွမ်းတွေနဲ့ ပြုစုလုပ်ကျွေးခဲ့ကြ တယ်။ မြတ်စွာဘုရားရှင်ရဲ့ ဆွမ်းအနုမော ဒနာတရားကို နားယူပြီးတဲ့အခါ လင်မယားနှစ်ဦး လုံး သောတာပန်တွေ တည်သွားကြပြီး သေလွန် တဲ့အခါ နတ်ပြည် ရောက်သွားကြပါတယ်။ #မစ္ဆရိယဆိုတာ ၀န်တိုတဲ့သဘောပါ။ ကိုယ်ပိုင်တဲ့ ပစ္စည်းကို သူတပါးလက်ထဲ မရောက်အောင် ဆုပ်ကိုင်ထားတာ။ မစ္ဆရိယစိတ်ရှိတဲ့သူတွေရဲ့လက်တွေဟာ ဆုပ်ထားတဲ့ လက်တွေပါ။(မစ္ဆရိယနဲ့ ပတ်သက် ပြီး စာပေမှာ မစ္ဆရိယ ငါးမျိုးရှိတယ် ဆိုပြီး ပြထားပေမယ့် ဒီမှာတော့ မရေးလိုတော့ဘူး။) #ပစ္စည်းဥစ္စာဆိုတာ ဒီတစ်ဘ၀ ဒီတစ်နပ်စာပဲ သုံးလို့ရတာ။ နောက်ဘ၀အထိ ယူသွား လို့ မရဘူး။ ပစ္စည်းဥစ္စာဆိုတာ မီးကျီးခဲနဲ့ တူတယ်။ နောက်ပြီးတော့ မီးကျီးခဲဟာ မီးမွှေးတဲ့နေရာ၊ ချက်တဲ့ပြုတ်တဲ့နေရာ၊ မီးထွန်းတဲ့နေရာ စတဲ့ ကောင်းပြီး အကျိုးရှိမဲ့နေရာတွေမှာ စနစ်တကျ အသုံးချရင် အကျိုးများတယ်။ အဲ့လိုစနစ်တကျ အသုံးမချဘဲ ငါ့ မီးကျီးခဲ ဆိုပြီး #ဆုပ်ကိုင်ထားလို့ကတော့ ဆုပ်ကိုင်ထား တဲ့လက် သေချာပေါက် ပူမှာပဲ။ ဆုတ်ကိုင်လေ ပူရလေပဲ။ လွှတ်မချနိုင်သရွေ့၊ အကျိုးရှိရှိ အသုံးမချနိုင်သရွေ့ ပူလောင်နေရဦးမှာပဲ။ ပစ္စည်းဥစ္စာဆိုတာ လှူ တတ်မှ၊ ယူတတ်မှ၊ အကျိုးရှိရှိ အသုံးချတတ်မှ မြတ်တာ။ အရင်း မရှုံးမှာ ။ မစ္ဆရိယစိတ် များတဲ့လူဟာ အချိန်တိုင် ပူလောင် နေရတတ်တယ်။ ဒီ၀တ္ထုပါတဲ့ သူဋ္ဌေးကြီးကိုပဲ ကြည့်၊ပစ္စည်းဥစ္စာတွေ ကျိကျိတက် ချမ်းသာပေမဲ့ ၀န်တိုတဲ့ စိတ်ကြောင့် ကိုယ်တိုင်လည်း မစားရက် သူတပါးလည်း မပေးရက်ဘူး။ မုန့်လေးတစ်ချက် စားချင်တာတောင် ကုန်ခမ်းသွားမှာ ၊ သူတပါး ကို ပေးရမှာ စိုးတဲ့စိတ်ကြောင့် နေ့နေ့ညည သူ့မှာ ပူလောင်နေရတယ်။ ဘ၀ဆိုတာ ခဏလေးပါ။ ဘာတွေကို မက်မောပြီး ဘာတွေကို ဆုပ်ကိုင်ထား ချင်နေရတာလဲ။ ဆုပ်ကိုင်လေ ပူရလေပါပဲ။ ပစ္စည်းဥစ္စာမှာ ပူလောင်စေတာ မဟုတ်ပါဘူး။ ကိုယ့်ထက်သာမှာ မလိုလားတဲ့စိတ်တွေ၊ ကိုယ်ချမ်းသာသလို မချမ်းသာစေချင်တဲ့ စိတ်တွေ၊ ကိုယ့်ထက် နိမ့်ကျစေချင်တဲ့ စိတ်တွေ၊ မဝေမျှလိုတဲ့ စိတ်တွေ၊ ကိုယ်သာပိုင်ချင် ကိုယ်သာနိုင်ချင်တဲ့ စိတ်တွေ၊ ကိုယ့်ကိုယ်သာ ချစ်စေချင်တဲ့ စိတ်တွေ,ကရော မပူလောင်စေဘူးလား။ ပူလောင်စေ တာပါပဲ။ နည်းနည်းဆုပ်ကိုင်ထားတဲ့ သူဟာ နည်းနည်း ပူလောင်ရသလို များများဆုပ်ကိုင် ထားတဲ့ လူဟာ များများ ပူလောင်ရမှာပဲ။ လူ့ဘ၀ ခဏလေးအတွင်းမှာ အပူတွေနဲ့ပဲ အချိန်ကုန်ခံ တော့မှာလား။ ပစ္စည်းဥစ္စာ၊ ရာထူး အာဏာပါဝါတွေ၊ မကောင်းတဲ့ စိတ်ဆိုး,စိတ်ယုတ်မာတွေ ဆိုတာ ကိုယ်က မြဲနေအောင် ဘယ်လိုပဲ ဆုပ်ကိုင်ထား ဆုပ်ကိုင်းထား တစ်ချိန်မှာ အကုန်ထားခဲ့ရမှာပါ။ အဲ့ဒီတော့ သူ့မထား ခဲ့ချင်မှာပင် ကိုယ်က အရင်လွှတ်ချလိုက်ပါ။ မစ္ဆရိယကောသိယ သူဋ္ဌေးကြီးဟာ မုန့်တစ်ချက် လွှတ်ချနိုင်တော့ မုန့်တစ်ချက်စာ ချမ်းသာခဲ့ရတယ် မဟုတ်ပါလား။ နောက်ဆုံး မုန့်အချက်ပေါင်းများစွာ လွှတ်ချနိုင်ခဲ့တော့ သောတာပတ္တိမဂ်၊သောတာ ပတ္တိဖိုလ်ရပြီး နတ်ရွာသုဂတိ ရောက်ခဲ့ရတယ် လေ။ မိမိတို့ရဲ့ နေ့စဉ်ဘ၀ထဲမှာရော ဆုပ်ကိုင်ထားတာတွေ ဘယ်လောက်များ များ ရှိနေမလဲ။ မိမိတို့ရဲ့ လက်ထဲမှာရော မသိလိုပဲဖြစ်ဖြစ်၊ သိသိနဲ့ပဲဖြစ်ဖြစ် ဆုပ်ကိုင် ထားမိတဲ့ မီးကျီးခဲတွေ ဘယ်လောက် တောင် များနေပြီလဲ။ ဘယ်လောက်တောင် ပူလောင်ခံနေရပြီလဲ။ လွှတ် ချ လိုက် ပါ ။ နည်းနည်း လွှတ်ချနိုင်လေ နည်းနည်း ချမ်းသာလေ။ များများ လွှတ်ချနိုင်လေ များများ ချမ်းသာလေပါ။ အလုံးစုံ လွှတ် ချနိုင်ရင်တော့ ပြောဖွယ်ရာ မရှိဘူးပေါ့။ #Credit အကိုး ။ ။ ၁။ ကိုယ်ကျင့် အဘိဓမ္မာ ၂။ ဓမ္မပဒ၊ ပုပ္ဖ၀ဂ်၊ မစ္ဆရိယကောသိယသေဋ္ဌိ၀တ္ထု။ 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 မစ်ဆရိယ ကောသိယသူဌေးကွီး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 လှှတျ ခြ လိုကျ ပါ _______________ တဈခါတုနျးက ရာဇဂွိုဟျမွို့နဲ့ မနီးမဝေး အရပျမှာ သက်ကာရနိဂုံးဆိုတဲ့ ရှာတဈရှာ ရှိခဲ့ဖူးပါတယျ။ ရှာရဲ့ အဓိက ဇာတျကောငျ ကတော့ ကုဋရှေဈဆယျ ခမြျးသာတဲ့ သူဋ်ဌေးကွီး မစ်ဆရိယကောသိယ ပါ။ သူက နာမညျနဲ့လိုကျအောငျ ကပျစေးနှဲလှနျး သူကွီးပါ။ သူမြားတှေ ကပျစေးနှဲတာက သူတပါးကို မပေးခငြျ၊ မကြှေးခငြျတာ။ ကိုယျအတှကျတော့ သဒ်ဓါကွပါသေးတယျ။ သူကတော့ လူထူးဆနျး၊ တဈရာမှာ တဈယောကျသာ ရှိနိုငျမယျ့ လူစားမြိ ုး။ သူမြားလညျး မကြှေးခငြျ၊ မပေးခငြျသလို ကိုယျကိုယျတိုငျလညျး အငတျခံပွီး ကပျစေးနှဲတာ။ ဇနီးတှေ၊ သား,သမီးတှေ၊ ဆှမြေိုးတှကေိုလညျး မသဒ်ဓါဘူး။ ခမြျးသာတယျဆိုပမေဲ့ ကောငျးကောငျးမှနျမှနျ မစားရ၊ မ၀တျရ၊ မနရေဘူး။ ဇနီးနဲ့ သားသမီးတှတေောငျ မသဒ်ဓါတာ၊ ရဟနျသံဃာတှကေို လှူဖို့၊ တနျးဖို့ဆိုတာ ဝလောဝေးပေါ့။ ကုနျမှာကွောကျတဲ့စိတျနဲ့ ရသမြှ အကုနျ ဂိုဒေါငျထဲ ထညျ့တယျ။ ဒီခတျေအလိုဆို အကုနျဘဏျအပျထားတယျ ဆိုရမှာပေါ့။ ဒီဘကျခတျေမှာတော့ သူ့လောကျကပျစေး နှဲတဲ့သူ ရှိမယျမထငျဘူး။ ဦးဇငျးပတျ၀နျး ကငြျမှာတော့ အဲ့လိုသူဋ်ဌေးမြိုး မတှေ့ဖူး သေးဘူး။ ဦးကပျစေးကွီးက နေ့စဉျ ဘုရငျ့နနျးတောျ၀ငျပွီး အခစားရတယျ။ အမှုထမျးရတယျပေါ့။ တဈနေ့ နနျးတောျက အပွနျ၊ လမျးဘေး ဇရပျတဈခုမှာ မုယောမုနျ့၊ အိုးကငျးမုနျ့တှကေို ပြောျပြောျပါးပါး လုပျစားနတေဲ့သူတှကေို သူတှေ့လိုကျတယျ။ ဒါနဲ့ သူလညျး စားခငြျစိတျဖွဈသှားတယျ။ စားခငြျစိတျက နညျးနညျးမဟုတျဘူး။ ပွငျးပွငျး ပွပွကို ဖွဈတာ။ တဈခါတလေ စားစရာ တဈခုခုကို အငမျးမရ ခဉြျခငြျတပျ တဲ့ သဘောမြိုး။ စားလညျး စားခငြျတယျ။ စားခငြျလို့ လုပျခိုငျးရငျလညျး သူမြားတှလေညျး စားခငြျလာမယျ။ အဲ့ကရြငျ သူတို့အတှကျပါ ပိုလုပျရမယျ။ ဆနျတှေ၊ ဆီတှေ တအားကုနျမယျ ဆိုတဲ့အတှေးနဲ့ ဘယျသူ့မှ ထုတျမပွောဘူး။ စားခငြျစိတျက အောငျ့ထားလေ။ကွီးလာလပေဲ။ ကုတငျပေါျတကျပွီး ဟိုဘကျလှညျ့ အိပျ၊ ဒီဘကျလှညျ့အိပျနဲ့ စားခငြျစိတျကို ဖြောကျကွညျ့တယျ။ ပိုပို ဆိုးလာလပေဲ။ သူတပါးကို မပေးခငြျ၊ မကြှေးခငြျ၊ မမြှခငြျ တဲ့ မစ်ဆရိယစိတျက သူ့ကို လောငျကြှမျးနေ တာ။ အတှငျးက အပူရှိနျက အပွငျမကြျနှာကိုပါ လာရိုကျတယျ။ မကြျနှာက မှုနျကုတျကုတျ ဖွဈ လာတယျ။ ဟိုလူကို မကွညျသလို ဒီလူကို မကြနေပျသလိုနဲ့ အကွညျ့တှေ၊ အပွောတှကေ ဘုဆတျဆတျဖွဈလာတယျ။ ဒါကို သတိထားမိတဲ့ ဇနီးဖွဈသူက ဘာဖွဈခငြျလို့လဲ၊ တဈခုခုကို လိုခငြျလို့လား"လို့ အတငျးမေးတော့မှ မုနျ့စားခငြျတဲ့အကွောငျး ပွောပွတယျ။ ဒါတောငျ သူမြားတှေ ကွှေးရမှာစိုးလို့ ဘုံခုနှဈဆငျ့တိုကျပေါျ တကျပွီး လုပျခိုငျးတယျ။ သူ့ဇနီးအတှကျတောငျ မပါဘူး။ သူတဈယောကျ စာပဲ လုပျရမယျတဲ့။ သူအတှကျတောငျ တကယျ မနနေိုငျ၊ မထိုငျနိုငျဖွဈလို့ ခကြျခိုငျးတာ။ ဒါတောငျ ဆနျကောငျးနဲ့ မလုပျခိုငျးဘူး။ ညံ့ပေ့ ဆိုးပေ့ဆိုတဲ့ ဆနျးကှဲနဲ့ လုပျခိုငျးတာ။ ဘုံခုနှဈဆငျ့၊ တံခါးခုနှဈဆငျ့ အဆငျ့ဆငျ့ ပိတျပွီး နှဈယောကျထဲ မုနျ့လုပျစားဖို့ ပွငျ ဆငျပါတယျ။ ထိုအခွငျးအရာကို သိတောျမူ၊ မွငျတောျမူတဲ့ မွတျစှာဘုရားရှငျက နံနကျစောစော အရှငျမဟာမောဂ်ဂလာနျကို ခေါျတောျမူ၍ - ခစြျသား မောဂ်ဂလာနျ ... ရာဇဂွိုဟျမွို့အနီး သက်ကာရနိဂုံးရှာက မစ်ဆရိယကောသိယသူဋ်ဌေးကွီးကတော့ သူမြားတှကေို မပေးခငြျ၊ မကြှေးခငြျလို့ ဘုံခုနှဈဆငျ့အထကျ တကျပွီး မုနျ့လုပျ စားနတေယျ။ သူဋ်ဌေးကွီးကို ပူလောငျစတေဲ့ မစ်ဆရိယအပူ၊ လောဘမီးကြီးခဲတှကေို ငွိမျပေးလိုကျပါ။ ပွီးတဲ့အခါ ကောငျးနိုးရာရာ စားသောကျ ဖှယျတှကေို ယူဆောငျစပွေီ ဇတေ၀နျ ကြောငျးသို့ သငျ့အစှမျးနဲ့ ခေါျဆောငျခဲ့ပါ။ ယနေ့ ငါ ဘုရားရှငျနဲ့ ရဟနျးငါးရာတို့ သူဋ်ဌေးကွီးလှူဒါနျးတဲ့ မုနျ့ဆှမျးကို ဘုဉျးပေးဖို့ စောငျ့နမေယျလို့ မိနျ့တောျမူလိုကျ ပါတယျ။ အရှငျမဟာမောဂ်ဂလာနျလညျး သငျ်ကနျးရုံ သပိတျလှယျကာ သူဋ်ဌေးကွီးလငျမယား မုနျ့လုပျနတေဲ့ ဘုံခုနှဈဆငျ့အနားမှာ စငျ်ကွနျလြှောကျတောျမူပါတယျ။ တှေးမိတာလေးပါ။ သားသမီးတှတေောငျ မကြှေးခငြျလို့ အမွငျ့ဆုံးအထကျတကျပွီး လုပျစားပါတယျဆို အလှူခံဘုနျးကွီးက ကွှလာရသေးတယျဆိုပွီး သူဋ်ဌေးကွီး ဘယျလောကျမြား စိတျဆိုးလိုကျမလဲ မသိဘူး။ အရှငျမဟာမောဂ်ဂလာနျမထရျေမွတျ ကွီးကလညျး မလှူမခငြျး မကွှဘူးဆိုပွီ ပေ လြှောကျနတေယျ။ ကိုယျတောျ ကိုယျတောျ့ဘာသာ စငျ်ကွနျလြှောကျ နရေုံမကလို့ တငျပလ်လငျခှထေိုငျနလေညျး နညျးနညျးတောငျ ရမယျ မထငျနဲ့" လို့ သူဋ်ဌေး ကွီးက ပွောလိုကျတယျ။ အရှငျမဟာမောဂ်ဂလာနျလညျး တံခါး၀မှာ တငျပလ်လငျခှကော ထိုငျနတေောျမူပွနျပါ တယျ။ အဲ့ဒီအခါ သူဋ်ဌေးကွီးက ကိုယျ့တောျဘာသာ တငျပလ်လငျခှေ ထိုငျနရေုံ မကလို့ အခိုးအငှေ့တှေ လှတျရငျ တောငျ မလှူနိုငျဘူးလို့ ထပျပွောပွနျတယျ။ အရှငျမဟာမောဂ်ဂလာနျလညျး ထိုငျနရောမှ အခနျးတဈခုံးလုံးကို မီးအခိုးအငှေ့တှေ လှှတျပါတယျ။ အဲ့ဒီအခါ သူဋ်ဌေးကွီး သူတိုကျ မီးလောငျမှာကွောကျလို့ ဘာမှ ထပျမပွောရဲတော့ဘူး။ မီးခိုးတှမှေှနျပွီး မကြျစိတှေ ရဲလာတယျ။ ဒီရဟနျး နညျးနညျးမှ မရရငျတော့ ဘယျလိုပွောပွော၊ ဘယျလိုနှငျထုတျ ထုတျ ပွနျမှာ မဟုတျတော့ဘူးဆိုတာ သိသှားတယျ။ အဲ့ဒါကွောငျ့ ရှငျမရယျ နညျးနညျးလောကျ လှူလိုကျစမျးပါဆိုပွီး ခကြျခိုငျးတယျ။ သူဋ်ဌေးကတောျကွီးလညျး ဇှနျးလေးနဲ့ မုနျ့ဖကျ နညျးနညျး ခပျပွီ အိုးထဲထညျ့လိုကျတာ မုနျ့က အကွီးကွီး ဖွဈသှားတယျ။ ဟယျ ဒီမိနျးမ အသုံးမကဘြူးဆိုပွီး သူဋ်ဌေးကွီး ကိုယျတိုငျ ဇှနျးဖြားလေးနဲ့ ခပျပွီး သူကိုယျတိုငျ ကွောျတာ။ သူကွောျတဲ့မုနျ့က ပိုပို ကွီးလာတယျ။ ကွောျလေ ကွီးလေ။ ကွီးလေ သေးအောငျကွောျလနေဲ့ ခြှေးပြံစ ပွုလာတယျ။ မထူးပါဘူး။ ကွောျပွီးသားထဲက နညျးနညျး ဖဲ့လှူမယျဆိုပွီး ဖဲ့ကွညျ့တာ မရဘူး။ လုပျပွီးသားမုနျ့တှကေ အကုနျပူကပျနေ တယျ။ ခှာလို့ မရဘူး။ သူဋ်ဌေးကွီးတဈ ယောကျထဲ ဖဲ့မရတော့ လငျးမယားနှဈယောကျ တဈယောကျတဈဖကျကိုငျပွီး ဖဲ့ကွတယျ။ ဒါပမေဲ့ အရှငျမွတျရဲ့ တနျခိုး တောျကွောငျ့ ဖဲ့မရဘူး။ လငျမယားနှဈယောကျ လုံး ခြှေးတဈလုံးလုံး ဖွဈလာတယျ။ နောကျဆုံးတော့ ဘယျလိုမှ ဖဲ့မရတာနဲ့ အရှငျမရယျ ငါလညျး မောလှနျးလို့ စားခငြျ စိတျမရှိတော့ပါဘူး။ တဈတောငျးလုံးသာ လှူလိုကျတော့ပါဆိုပွီ ခွပေဈလကျပဈ ထိုငျခငြျလိုကျတယျ။ သူဋ်ဌေးမကွီးလညျး အရှငျမောဂ်ဂလာနျသပိတျထဲ သှားလှူတယျ။ အဲ့ဒီအခါ အရှငျမောဂ်ဂလာနျက တရားစဟောပါ တယျ။ သူဋ်ဌေးကွီးနဲ့ သူဋ်ဌေးမကွီးလညျး မောမော ပနျးပနျး မာနျမာနကနြခြေိနျ ဆိုတော့ တရားတောျ အပေါျ စိတျညှတျသှားကွတယျ။ ပေးကမျးစှနျ့ကွဲခွငျးရဲ့ အကြိုးကြေးဇူး။ ရတနာသုံးပါးရဲ့ ဂုဏျကြေးဇူးတှကေို ဟောဖောျညှှနျပွတော့ သူဋ်ဌေးကွီးတို့ လငျမယားနှဈဦးလုံး ရတနာသုံးပါး အပေါျ ကွညျညိုသှား ကွတယျ။ နောကျဆုံး မွတျစှာဘုရားနဲ့ ရဟနျးငါးရာ တို့ကို မုနျ့ဆှမျးတှနေဲ့ ပွုစုလုပျကြှေးခဲ့ကွ တယျ။ မွတျစှာဘုရားရှငျရဲ့ ဆှမျးအနုမော ဒနာတရားကို နားယူပွီးတဲ့အခါ လငျမယားနှဈဦး လုံး သောတာပနျတှေ တညျသှားကွပွီး သလှေနျ တဲ့အခါ နတျပွညျ ရောကျသှားကွပါတယျ။ #မစ်ဆရိယဆိုတာ ၀နျတိုတဲ့သဘောပါ။ ကိုယျပိုငျတဲ့ ပစ်စညျးကို သူတပါးလကျထဲ မရောကျအောငျ ဆုပျကိုငျထားတာ။ မစ်ဆရိယစိတျရှိတဲ့သူတှရေဲ့လကျတှဟော ဆုပျထားတဲ့ လကျတှပေါ။(မစ်ဆရိယနဲ့ ပတျသကျ ပွီး စာပမှော မစ်ဆရိယ ငါးမြိုးရှိတယျ ဆိုပွီး ပွထားပမေယျ့ ဒီမှာတော့ မရေးလိုတော့ဘူး။) #ပစ်စညျးဥစ်စာဆိုတာ ဒီတဈဘ၀ ဒီတဈနပျစာပဲ သုံးလို့ရတာ။ နောကျဘ၀အထိ ယူသှား လို့ မရဘူး။ ပစ်စညျးဥစ်စာဆိုတာ မီးကြီးခဲနဲ့ တူတယျ။ နောကျပွီးတော့ မီးကြီးခဲဟာ မီးမှှေးတဲ့နရော၊ ခကြျတဲ့ပွုတျတဲ့နရော၊ မီးထှနျးတဲ့နရော စတဲ့ ကောငျးပွီး အကြိုးရှိမဲ့နရောတှမှော စနဈတကြ အသုံးခရြငျ အကြိုးမြားတယျ။ အဲ့လိုစနဈတကြ အသုံးမခဘြဲ ငါ့ မီးကြီးခဲ ဆိုပွီး #ဆုပျကိုငျထားလို့ကတော့ ဆုပျကိုငျထား တဲ့လကျ သခြောပေါကျ ပူမှာပဲ။ ဆုတျကိုငျလေ ပူရလပေဲ။ လှှတျမခနြိုငျသရှေ့၊ အကြိုးရှိရှိ အသုံးမခနြိုငျသရှေ့ ပူလောငျနရေဦးမှာပဲ။ ပစ်စညျးဥစ်စာဆိုတာ လှူ တတျမှ၊ ယူတတျမှ၊ အကြိုးရှိရှိ အသုံးခတြတျမှ မွတျတာ။ အရငျး မရှုံးမှာ ။ မစ်ဆရိယစိတျ မြားတဲ့လူဟာ အခြိနျတိုငျ ပူလောငျ နရေတတျတယျ။ ဒီ၀တ်ထုပါတဲ့ သူဋ်ဌေးကွီးကိုပဲ ကွညျ့၊ပစ်စညျးဥစ်စာတှေ ကြိကြိတကျ ခမြျးသာပမေဲ့ ၀နျတိုတဲ့ စိတျကွောငျ့ ကိုယျတိုငျလညျး မစားရကျ သူတပါးလညျး မပေးရကျဘူး။ မုနျ့လေးတဈခကြျ စားခငြျတာတောငျ ကုနျခမျးသှားမှာ ၊ သူတပါး ကို ပေးရမှာ စိုးတဲ့စိတျကွောငျ့ နေ့နေ့ညည သူ့မှာ ပူလောငျနရေတယျ။ ဘ၀ဆိုတာ ခဏလေးပါ။ ဘာတှကေို မကျမောပွီး ဘာတှကေို ဆုပျကိုငျထား ခငြျနရေတာလဲ။ ဆုပျကိုငျလေ ပူရလပေါပဲ။ ပစ်စညျးဥစ်စာမှာ ပူလောငျစတော မဟုတျပါဘူး။ ကိုယျ့ထကျသာမှာ မလိုလားတဲ့စိတျတှေ၊ ကိုယျခမြျးသာသလို မခမြျးသာစခေငြျတဲ့ စိတျတှေ၊ ကိုယျ့ထကျ နိမျ့ကစြခေငြျတဲ့ စိတျတှေ၊ မဝမြှေလိုတဲ့ စိတျတှေ၊ ကိုယျသာပိုငျခငြျ ကိုယျသာနိုငျခငြျတဲ့ စိတျတှေ၊ ကိုယျ့ကိုယျသာ ခစြျစခေငြျတဲ့ စိတျတှေ,ကရော မပူလောငျစဘေူးလား။ ပူလောငျစေ တာပါပဲ။ နညျးနညျးဆုပျကိုငျထားတဲ့ သူဟာ နညျးနညျး ပူလောငျရသလို မြားမြားဆုပျကိုငျ ထားတဲ့ လူဟာ မြားမြား ပူလောငျရမှာပဲ။ လူ့ဘ၀ ခဏလေးအတှငျးမှာ အပူတှနေဲ့ပဲ အခြိနျကုနျခံ တော့မှာလား။ ပစ်စညျးဥစ်စာ၊ ရာထူး အာဏာပါဝါတှေ၊ မကောငျးတဲ့ စိတျဆိုး,စိတျယုတျမာတှေ ဆိုတာ ကိုယျက မွဲနအေောငျ ဘယျလိုပဲ ဆုပျကိုငျထား ဆုပျကိုငျးထား တဈခြိနျမှာ အကုနျထားခဲ့ရမှာပါ။ အဲ့ဒီတော့ သူ့မထား ခဲ့ခငြျမှာပငျ ကိုယျက အရငျလှှတျခလြိုကျပါ။ မစ်ဆရိယကောသိယ သူဋ်ဌေးကွီးဟာ မုနျ့တဈခကြျ လှှတျခနြိုငျတော့ မုနျ့တဈခကြျစာ ခမြျးသာခဲ့ရတယျ မဟုတျပါလား။ နောကျဆုံး မုနျ့အခကြျပေါငျးမြားစှာ လှှတျခနြိုငျခဲ့တော့ သောတာပတ်တိမဂျ၊သောတာ ပတ်တိဖိုလျရပွီး နတျရှာသုဂတိ ရောကျခဲ့ရတယျ လေ။ မိမိတို့ရဲ့ နေ့စဉျဘ၀ထဲမှာရော ဆုပျကိုငျထားတာတှေ ဘယျလောကျမြား မြား ရှိနမေလဲ။ မိမိတို့ရဲ့ လကျထဲမှာရော မသိလိုပဲဖွဈဖွဈ၊ သိသိနဲ့ပဲဖွဈဖွဈ ဆုပျကိုငျ ထားမိတဲ့ မီးကြီးခဲတှေ ဘယျလောကျ တောငျ မြားနပွေီလဲ။ ဘယျလောကျတောငျ ပူလောငျခံနရေပွီလဲ။ လှှတျ ခြ လိုကျ ပါ ။ နညျးနညျး လှှတျခနြိုငျလေ နညျးနညျး ခမြျးသာလေ။ မြားမြား လှှတျခနြိုငျလေ မြားမြား ခမြျးသာလပေါ။ အလုံးစုံ လှှတျ ခနြိုငျရငျတော့ ပွောဖှယျရာ မရှိဘူးပေါ့။ #Credit အကိုး ။ ။ ၁။ ကိုယျကငြျ့ အဘိဓမ်မာ ၂။ ဓမ်မပဒ၊ ပုပ်ဖ၀ဂျ၊ မစ်ဆရိယကောသိယသဋေ်ဌိ၀တ်ထု။ 🙏ဓမ်မမိတျဆှမြေား ကောငျးကြိုး တရား တိုးပှားကွပါစေ🙏


via အလင်းရောင် ဓမ္မ https://ift.tt/2pgX9JB