Saturday, October 26, 2019

ကိလေသာတောက ရုန်းထွက်လိုက်စမ်းပါ ဒကာကြီး။ ဒကာကြီး"--------"သို့ ဒကာကြီးရဲ့ ဒါန အမေးကို ဖြေပေးတာ ဒီလောက်ဆိုရင် လိုရင်းတော့ မိမယ်ထင်ပါတယ်။ ဒကာကြီးက အလုပ်သိပ်များတော့ ဒကာကြီးရဲ့ခံယူချက်နဲ့ အတွေးအခေါ် ရည်ရွယ်ချက်တွေက မှားနေတယ်လို့တော့ ဦးဇင်း - မဝေဖန်လိုပါဘူး။ ဒါပေမယ့် ဒကာကြီးရေ- တရားအားထုတ်တယ်ဆိုတာ တောထွက်မှ သားမယားကိုစွန့်မှ ပစ္စည်းဥစ္စာကိုစွန့်မှ ရမယ်ထင်နေရင်တော့ "မှားနေပြီ"လို့ ဦးဇင်း- ပြောပါရစေ။ အပြင်ဘန်း ရုပ်ဝတ္ထုကြီး တောထွက်သွားတာ သားမယားတွေ စွန့်သွားတာ ပစ္စည်းဥစ္စာတွေ စွန့်သွားတာ ဒါတွေက အထောက်အပံ့ကောင်းတော့ မှန်တယ် တရားရကြောင်းတော့ မဟုတ်ပါဘူး။ အပြင်က အမြင်နဲ့ စွန့်တာထက် အတွင်းက အသိနဲ့စွန့်တာက လိုရင်းပါ။ ဒီလိုပြောတော့ တောထွက်တာ အပိုပဲလို့ ဆိုတာမဟုတ်ဘူးနော်။ ထွက်နိုင်ရင်တော့ ကြံ့ဂျိုလို အငြိအတွယ် မရှိ သွားရတာ ဖြောင့်တန်းတာပေါ့။ မထွက်နိုင်ရင်လည်း သမင်ဂျိုလို ငြိလိုက်ဖယ်လိုက်နဲ့တော့ သွားရမှာပေါ့။ ဒါပေမယ့် ရောက်တာခြင်းတော့ အတူတူပါပဲ။ မိုင်တစ်ရာခရီးဟာ ဘယ်လောက်ပဲ ဝေးကွာပါစေ ပထမဆုံးထွက်တဲ့ ခြေလှမ်းက အရေးကြီးဆုံးပါ။ အဲဒီခြေလှမ်း မပါရင် အဲဒီ မိုင်တစ်ရာခရီးဟာ ဘယ်လိုမှ ရောက်စရာ အကြောင်းမရှိပါဘူး။ ပထမဆုံးခြေလှမ်းသာ စထွက်လိုက်မယ်ဆိုရင် အချိန်တန် လိုရာခရီး ရောက်ပါတယ်။ နှေးနှေးသွားရင် နှေးနှေးမှရောက်မယ်။ မြန်မြန်သွားနိုင်တဲ့သူက မြန်မြန်ရောက်မယ်။ ဒါပဲ ကွာသွားတာပါ။ ဒီမှာလည်း ဓမ္မအလုပ်ကို လုပ်ချင်တဲ့စိတ်လေးနဲ့သာ ယုံကြည်ချက်ပါပါနဲ့ စ- လုပ်လိုက်စမ်းပါ။ အချိန်တန်ရင် လိုရာခရီး ရောက်ပါလိမ့်မယ်။ အပြင်စွန့်နိုင်တာထက် အတွင်းစွန့်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အပြင်မှာ အမြင်ကောင်းဖို့ထက် အတွင်းစိတ် လုပ်ဆောင်ချက် တကယ်ကောင်းဖို့က ပိုအရေးကြီးပါတယ်။ ဥပမာလေးတစ်ခု ဦးဇင်း- ပြောပြမယ့့့့် ရွာတစ်ရွာမှာ တံငါလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်တဲ့။ တစ်နေ့တော့ ချောင်းထဲမှာ ငါးဖမ်းရင်း တစ်ယောက်သော သူငယ်ချင်းက သူနဲ့အတူ ငါးဖမ်းနေတဲ့သူ့ သူငယ်ချင်းကို ပြောသတဲ့- "သူငယ်ချင်း ဒီနေ့ ဥပုသ်နေ့ မဟုတ်လား။ ငါတို့တစ်ထွေ အရွယ်ရောက်ကတည်းက ငါးဖမ်းလာရတာ ကုသိုလ်ကောင်းမှုလည်း တစ်ခါမှ မလုပ်ဖူးဘူး။ ဒီနေ့ ငါတော့ ဘုန်းကြီးကျောင်းကို သွားပြီး ဥပုသ်စောင့်ချင်တယ်။ အဲဒါ မင်းလဲ လိုက်ခဲ့ပါ"လို့ ခေါ်သတဲ့။ သူငယ်ချင်းဖြစ်သူကလည်း - "လုပ်နိုင်ရင် ကောင်းတာပေါ့ သူငယ်ချင်းရယ်။ ဒါပေမယ့် ငါကတော့ သားသမီးတွေကများတော့ နားလို့ မရဘူး။ ဒီတော့ မင်းပဲသွားပါ။ ငါကတော့ မလိုက်နိုင်သေးပါဘူးကွာ။ မင်း- ဥပုသ်စောင့်သွားမယ်ဆိုရင် သွားပါ။ မင်းရဲ့ ငါးဖမ်းမြှုံးတွေကို ငါ ဖော်ပေးထားပါမယ်။ စိတ်ဖြောင့်ဖြောင့်သာ သွားပါ"လို့ ဆိုသတဲ့။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်က ဘုန်းကြီးကျောင်းကို ဥပုသ်စောင့် သွားတယ်။ တစ်ယောက်ကတော့ ချောင်းထဲမှာ ငါးဖမ်းရင်း နေရစ်ခဲ့သတဲ့။ အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ဘုန်းကြီးကျောင်းကို ရောက်နေတဲ့သူက လူပုဂ္ဂိုလ်ကြီးက ဘုန်းကြီးရှေ့မှာ သီလယူနေပေမယ့် စိတ်က ငါးဖမ်းတဲ့ဆီကို ရောက်နေတယ်။ "ငါ့သူငယ်ချင်း- ငါ့မြှုံး(ငါးထောင်ပုံး)တွေကို ကုန်အောင်မှ ဖော်ပေးပါ့မလား။ ဖမ်းလို့မိတဲ့ ငါးတွေရော ငါ့ကို အကုန်မှ ပြန်ပေးပါ့မလား။ ယူများ ထားမလား" ဆိုပြီး သောကဖြစ်နေတယ်တဲ့။ လူကတော့ ဘုန်းကြီးကျောင်းမှာနော်။ ပါးစပ်က သီလပေးတာကို လိုက်ဆိုနေရပေမယ့် စိတ်ကတော့ ငါးဖမ်းတဲ့ဆီကို ရောက်နေတယ်။ နောက်တစ်ယောက့့့် သူကတော့ ချောင်းထဲမှာ သူ့အတွက်ရော သူ့- သူငယ်ချင်းအတွက်ရော ငါးဖမ်းနေရတယ်။ ထောင်ထားတဲ့ မြှုံးတွေ လိုက်ဖော်နေရတယ်။ နှစ်ယောက်စာ လုပ်နေရတော့ ပင်ပန်းပြီး နားတဲ့အခိုက်မှာ စဉ်းစားသတဲ့။ "အင်းးးး ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးကျောင်းမှာ ကောင်းမှုကုသိုလ် လုပ်နေတယ်။ တော်ပါပေတယ်။ ငါကတော့ သူလိုမလုပ်နိုင်တော့ နားတဲ့အချိန်မှာ ငါ ငယ်ငယ်က သင်ဖူးထားတဲ့ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော် တွေကို ပွားများနေမယ်" ဆိုပြီး ငါးဖမ်းလှေပေါ်မှာ ဂုဏ်တော်ပွားနေသတဲ့။ လူက ငါးဖမ်းလှေပေါ်မှာ။ စိတ်က ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်ကို ရောက်နေတယ်။ ဒီနေရာမှာ ဦးဇင်း- ပြောချင်တာက "ခန္ဓာ"ရောက်နေတဲ့ နေရာဟာ အဓိကမဟုတ်ဘူး။ ကိုယ်တွေးနေတဲ့ ကိုယ်သိနေတဲ့ ကိုယ့်စိတ်ရဲ့ လုပ်ဆောင်ချက်ကသာ အဓိကပဲ။ ရောက်တဲ့နေရာရော ထားတဲ့- စိတ်ထားရော နှစ်ခုလုံး ပြည့်စုံရင်တော့ အကောင်းဆုံးပေါ့။ တရားအားထုတ်တဲ့အလုပ်ဟာ ခန္ဓာနဲ့ လုပ်ရတဲ့အလုပ် မဟုတ်ဘူး။ စိတ်နဲ့ ဉာဏ်နဲ့ လုပ်ရတဲ့အလုပ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်စိတ် ကိုယ့်အသိ ဒီခန္ဓာရဲ့ ဣရိယာပုဒ် လေးပါးစလုံးအပေါ်မှာ လှုပ်ရှားတိုင်းသိ ပြောင်းလဲတိုင်းသိနေဖို့ အဓိကပါ။ "သိ- ပြီးရော" "ဘာမှလုပ်စရာမလိုဘူး"လို့ပြောတာ မဟုတ်ဘူးနော်။ ခန္ဓာရဲ့ပြောင်းလဲမှုတိုင်းကို "သိနေ"လို့ပြောတာ။ လုပ်ငန်းစဉ်သဘာဝကို ဂဃနဏ သိဖို့တော့လိုတယ်။ နောက်တစ်ခါ - အများနဲ့နေတဲ့အခါမှာလည်း ချီးမွမ်း-ကဲ့ရဲ့ခြင်းဒဏ်ခံနိုင်ဖို့ သည်းခံနိုင်ဖို့ လိုတယ်။ တစ်ယောက်ထဲနေတဲ့အခါ ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိနေဖို့ လိုတယ်။ ဝေဖန်မှုတွေ ငြင်းခုံမှုတွေ သုံးသပ်မှုတွေနဲ့ အချိန်တွေကို မဖြုန်းမိပါနဲ့။ ဝေဖန်ချင်ရင် ကိုယ့်ခန္ဓာကိုယ်ပဲ ဝေဖန်ပါ။ သုံးသပ်ချင်ရင် ကိုယ့်ကိုယ်ကိုပဲ သုံးသပ်ပါ။ ကဲ့ရဲ့ချင်ရင် ကိုယ့်ရဲ့မကောင်းမှုကိုပဲ ကဲ့ရဲ့လိုက်ပါ။ ချီးမွမ်းချင်ရင် ကိုယ့်ရဲ့ကောင်းမှုကို ချီးမွမ်းလိုက်ပါ။ သားမယားကြားမှာ ပစ္စည်းဥစ္စာတွေကြားမှာ အများသူငါနဲ့ နေရတဲ့ကြားမှာ ဆိုတော့ သမင်ဂျိုလိုတော့ သွားရမှာပေါ့လေ။ စိတ်ဓာတ်ခိုင်မာဖို့တော့ လိုတယ်ပေါ့နော်။ မဖြစ်နိုင်ဘူး မလုပ်နိုင်ပါဘူး ဆိုပြီး မသွားဘဲတော့ မနေပါနဲ့ ဒကာကြီး။ ဘာဖြစ်လို့လဲဆိုတော့ ဒီခန္ဓာက အသေဘက်ကို မနားတမ်း ပြေးနေလို့။ ကိုယ်ကသာ အကြောင်းအမျိုးမျိုးပြပြီး နေ့ရွေ့ညရွေ့ လုပ်နေပေမယ့် အချိန်နဲ့ သေလမ်းက မနားတမ်းပြေးသွားနေတာ။ နားချိန် ရပ်နေတဲ့အချိန်ဆိုတာ မရှိဘူးတဲ့။ ဒါကြောင့် "ဒါန သီလ"လောက်နဲ့ တင်းတိမ်မနေဘဲနဲ့ ခန္ဓာက တောမထွက်နိုင်တောင် ကိလေသာတောက ရုန်းထွက်လိုက်ပါ ဒကာကြီး့့့ သံသရာလွတ်လမ်း ရှာလိုက်စမ်းပါ ဒကာကြီး့့့ ကာမေ ကာမေသနာယျေယ ကာလော ကာလောမတေဋ္ဌိတာ ပူရေ ပူရေတဗ္ဗံ ဓမ္မံ အဒ္ဓါ အဒ္ဓါန သံသရံ။ ကာမေသနာယျေယ - သောက်လေငတ်လေ ဆားငံရေသို့ ငါးထွေအာရုံ ကာမဂုံကို တော်ရုံနှိုင်းခြင့် သင့်ရုံနှင့်မနေ အထွေထွေရှာမှီးသဖြင့်။ မေ - ငါ့အား။ ကာ - အဘယ်မှာလျှင် သံသရာလမ်းကြောင်း ကောင်းနိုင်ဖို့ ရှိပါတော့မည်နည်း။ ကာလော- အသက်ကိုခွင်း စက်ကြိုးသွင်းသည့် သေမင်းယုတ် အမိုက်ဆိုးကြီးသည်။ ဧယျ - နှစ်…လ…နေ့ရက် မချိန်းချက်ဘဲ ဆက်ဆက်ကြီး လာရောက်တော့မည်တကား။ အမတေဋ္ဌိတာ- စက်ရှင်သေမင်း သူ့လက်တွင်းက လွတ်ကင်းဝေးကွာ ချမ်းသာရာကို ခန္ဓာအသက် မငဲ့ကွက်ဘဲ ရက်ရက်ရဲရဲ အားခဲ၍ ရှာမှီးခြင်းငှာ။ ကာလော - သီးမျိုးစုံ ပဒေသာဘဝ ခုတွေ့ရ၍ နေ့ညမကွာ ချိန်ခါသင့်မြတ်လှပေပြီ။ အဒ္ဓါနံ - ဘဝ ဘဝါ ဤမျှသာဟု သင်္ချာဂဏန်း ဆုံးခန်းမရှိ ရှည်လျားစွာ ကာလပတ်လုံး(ဝါ) နာပွဲ သေပွဲ ချိမ့်ချိမ့်သဲ၍ ထပ်လဲပူပန် သိမ့်သိမ့်ညံသော သံသရာခရီး လမ်းရှည်ကြီး၌။ သံသရံ - မြုပ်ချည်ပေါ်ချည် အတည်မနား သံသရန္တော ဆုံလည်နွားသို့ ကျက်စားရသူ ရှင်လူ အများသည်။ ပူရေတဗ္ဗံ - စ လယ် ဆုံး သုံးပါးလုံးပင် ကောင်းစုံလင်၍ တွင်တွင်ဆည်းပူး အထူးဖြည့်ကျင့်အပ်သော။ ဓမ္မံ - ကျွတ်ဖို့ဧကန် တရားမှန်ကို။ အဒ္ဓါ - မချွတ်မလွဲ တစ်သန်ထဲသာလျှင်။ ပူရေ ပူရေယျ- ဥခေါင်းလောင်မီး အရေးကြီးသို့ သုတ်သီးသုတ်ပြာ ပါယ်နှင့်ကွာအောင် ဘာဘာကိုမျှ မယုယဘဲ စိတ်ချ၍သာ ဖြည့်ကျင့် ဆည်းပူးကြရာသတည်း။ ဒကာတော် သူငယ်ချင်းတစ်ယောက် အမြင်မှန်မှသည် အမှန်မြင်ဆီသို့ ရောက်နိုင်ပါစေ။ မေတ္တာများစွာဖြင့်- ဦးဓမ္မသာရ(ဆေးသဲ့တောင်) #ဓမ္မနှစ်သက်သူ ကိလသောတောက ရုနျးထှကျလိုကျစမျးပါ ဒကာကွီး။ ဒကာကွီး"--------"သို့ ဒကာကွီးရဲ့ ဒါန အမေးကို ဖွပေေးတာ ဒီလောကျဆိုရငျ လိုရငျးတော့ မိမယျထငျပါတယျ။ ဒကာကွီးက အလုပျသိပျမြားတော့ ဒကာကွီးရဲ့ခံယူခကြျနဲ့ အတှေးအခေါျ ရညျရှယျခကြျတှကေ မှားနတေယျလို့တော့ ဦးဇငျး - မဝဖေနျလိုပါဘူး။ ဒါပမေယျ့ ဒကာကွီးရေ- တရားအားထုတျတယျဆိုတာ တောထှကျမှ သားမယားကိုစှနျ့မှ ပစ်စညျးဥစ်စာကိုစှနျ့မှ ရမယျထငျနရေငျတော့ "မှားနပွေီ"လို့ ဦးဇငျး- ပွောပါရစေ။ အပွငျဘနျး ရုပျဝတ်ထုကွီး တောထှကျသှားတာ သားမယားတှေ စှနျ့သှားတာ ပစ်စညျးဥစ်စာတှေ စှနျ့သှားတာ ဒါတှကေ အထောကျအပံ့ကောငျးတော့ မှနျတယျ တရားရကွောငျးတော့ မဟုတျပါဘူး။ အပွငျက အမွငျနဲ့ စှနျ့တာထကျ အတှငျးက အသိနဲ့စှနျ့တာက လိုရငျးပါ။ ဒီလိုပွောတော့ တောထှကျတာ အပိုပဲလို့ ဆိုတာမဟုတျဘူးနောျ။ ထှကျနိုငျရငျတော့ ကွံ့ဂြိုလို အငွိအတှယျ မရှိ သှားရတာ ဖွောငျ့တနျးတာပေါ့။ မထှကျနိုငျရငျလညျး သမငျဂြိုလို ငွိလိုကျဖယျလိုကျနဲ့တော့ သှားရမှာပေါ့။ ဒါပမေယျ့ ရောကျတာခွငျးတော့ အတူတူပါပဲ။ မိုငျတဈရာခရီးဟာ ဘယျလောကျပဲ ဝေးကှာပါစေ ပထမဆုံးထှကျတဲ့ ခွလှေမျးက အရေးကွီးဆုံးပါ။ အဲဒီခွလှေမျး မပါရငျ အဲဒီ မိုငျတဈရာခရီးဟာ ဘယျလိုမှ ရောကျစရာ အကွောငျးမရှိပါဘူး။ ပထမဆုံးခွလှေမျးသာ စထှကျလိုကျမယျဆိုရငျ အခြိနျတနျ လိုရာခရီး ရောကျပါတယျ။ နှေးနှေးသှားရငျ နှေးနှေးမှရောကျမယျ။ မွနျမွနျသှားနိုငျတဲ့သူက မွနျမွနျရောကျမယျ။ ဒါပဲ ကှာသှားတာပါ။ ဒီမှာလညျး ဓမ်မအလုပျကို လုပျခငြျတဲ့စိတျလေးနဲ့သာ ယုံကွညျခကြျပါပါနဲ့ စ- လုပျလိုကျစမျးပါ။ အခြိနျတနျရငျ လိုရာခရီး ရောကျပါလိမ့ျမယျ။ အပွငျစှနျ့နိုငျတာထကျ အတှငျးစှနျ့နိုငျဖို့က ပိုအရေးကွီးပါတယျ။ အပွငျမှာ အမွငျကောငျးဖို့ထကျ အတှငျးစိတျ လုပျဆောငျခကြျ တကယျကောငျးဖို့က ပိုအရေးကွီးပါတယျ။ ဥပမာလေးတဈခု ဦးဇငျး- ပွောပွမယျ့့့့ ရှာတဈရှာမှာ တံငါလုပျနတေဲ့ သူငယျခငြျးနှဈယောကျ ရှိတယျတဲ့။ တဈနေ့တော့ ခြောငျးထဲမှာ ငါးဖမျးရငျး တဈယောကျသော သူငယျခငြျးက သူနဲ့အတူ ငါးဖမျးနတေဲ့သူ့ သူငယျခငြျးကို ပွောသတဲ့- "သူငယျခငြျး ဒီနေ့ ဥပုသျနေ့ မဟုတျလား။ ငါတို့တဈထှေ အရှယျရောကျကတညျးက ငါးဖမျးလာရတာ ကုသိုလျကောငျးမှုလညျး တဈခါမှ မလုပျဖူးဘူး။ ဒီနေ့ ငါတော့ ဘုနျးကွီးကြောငျးကို သှားပွီး ဥပုသျစောငျ့ခငြျတယျ။ အဲဒါ မငျးလဲ လိုကျခဲ့ပါ"လို့ ခေါျသတဲ့။ သူငယျခငြျးဖွဈသူကလညျး - "လုပျနိုငျရငျ ကောငျးတာပေါ့ သူငယျခငြျးရယျ။ ဒါပမေယျ့ ငါကတော့ သားသမီးတှကေမြားတော့ နားလို့ မရဘူး။ ဒီတော့ မငျးပဲသှားပါ။ ငါကတော့ မလိုကျနိုငျသေးပါဘူးကှာ။ မငျး- ဥပုသျစောငျ့သှားမယျဆိုရငျ သှားပါ။ မငျးရဲ့ ငါးဖမျးမွှုံးတှကေို ငါ ဖောျပေးထားပါမယျ။ စိတျဖွောငျ့ဖွောငျ့သာ သှားပါ"လို့ ဆိုသတဲ့။ ဒီလိုနဲ့ သူငယျခငြျးတဈယောကျက ဘုနျးကွီးကြောငျးကို ဥပုသျစောငျ့ သှားတယျ။ တဈယောကျကတော့ ခြောငျးထဲမှာ ငါးဖမျးရငျး နရေဈခဲ့သတဲ့။ အဲဒီမှာ ဇာတျလမျးစတာပဲ။ ဘုနျးကွီးကြောငျးကို ရောကျနတေဲ့သူက လူပုဂ်ဂိုလျကွီးက ဘုနျးကွီးရှေ့မှာ သီလယူနပေမေယျ့ စိတျက ငါးဖမျးတဲ့ဆီကို ရောကျနတေယျ။ "ငါ့သူငယျခငြျး- ငါ့မွှုံး(ငါးထောငျပုံး)တှကေို ကုနျအောငျမှ ဖောျပေးပါ့မလား။ ဖမျးလို့မိတဲ့ ငါးတှရေော ငါ့ကို အကုနျမှ ပွနျပေးပါ့မလား။ ယူမြား ထားမလား" ဆိုပွီး သောကဖွဈနတေယျတဲ့။ လူကတော့ ဘုနျးကွီးကြောငျးမှာနောျ။ ပါးစပျက သီလပေးတာကို လိုကျဆိုနရေပမေယျ့ စိတျကတော့ ငါးဖမျးတဲ့ဆီကို ရောကျနတေယျ။ နောကျတဈယောကျ့့့ သူကတော့ ခြောငျးထဲမှာ သူ့အတှကျရော သူ့- သူငယျခငြျးအတှကျရော ငါးဖမျးနရေတယျ။ ထောငျထားတဲ့ မွှုံးတှေ လိုကျဖောျနရေတယျ။ နှဈယောကျစာ လုပျနရေတော့ ပငျပနျးပွီး နားတဲ့အခိုကျမှာ စဉျးစားသတဲ့။ "အငျးးးး ငါ့သူငယျခငြျးကတော့ ဘုနျးကွီးကြောငျးမှာ ကောငျးမှုကုသိုလျ လုပျနတေယျ။ တောျပါပတေယျ။ ငါကတော့ သူလိုမလုပျနိုငျတော့ နားတဲ့အခြိနျမှာ ငါ ငယျငယျက သငျဖူးထားတဲ့ ဘုရားဂုဏျတောျ တရားဂုဏျတောျ သံဃာဂုဏျတောျ တှကေို ပှားမြားနမေယျ" ဆိုပွီး ငါးဖမျးလှပေေါျမှာ ဂုဏျတောျပှားနသေတဲ့။ လူက ငါးဖမျးလှပေေါျမှာ။ စိတျက ဘုရားဂုဏျ တရားဂုဏျ သံဃာဂုဏျကို ရောကျနတေယျ။ ဒီနရောမှာ ဦးဇငျး- ပွောခငြျတာက "ခန်ဓာ"ရောကျနတေဲ့ နရောဟာ အဓိကမဟုတျဘူး။ ကိုယျတှေးနတေဲ့ ကိုယျသိနတေဲ့ ကိုယျ့စိတျရဲ့ လုပျဆောငျခကြျကသာ အဓိကပဲ။ ရောကျတဲ့နရောရော ထားတဲ့- စိတျထားရော နှဈခုလုံး ပွညျ့စုံရငျတော့ အကောငျးဆုံးပေါ့။ တရားအားထုတျတဲ့အလုပျဟာ ခန်ဓာနဲ့ လုပျရတဲ့အလုပျ မဟုတျဘူး။ စိတျနဲ့ ဉာဏျနဲ့ လုပျရတဲ့အလုပျဆိုတာ မမေ့ပါနဲ့။ ကိုယျ့စိတျ ကိုယျ့အသိ ဒီခန်ဓာရဲ့ ဣရိယာပုဒျ လေးပါးစလုံးအပေါျမှာ လှုပျရှားတိုငျးသိ ပွောငျးလဲတိုငျးသိနဖေို့ အဓိကပါ။ "သိ- ပွီးရော" "ဘာမှလုပျစရာမလိုဘူး"လို့ပွောတာ မဟုတျဘူးနောျ။ ခန်ဓာရဲ့ပွောငျးလဲမှုတိုငျးကို "သိနေ"လို့ပွောတာ။ လုပျငနျးစဉျသဘာဝကို ဂဃနဏ သိဖို့တော့လိုတယျ။ နောကျတဈခါ - အမြားနဲ့နတေဲ့အခါမှာလညျး ခြီးမှမျး-ကဲ့ရဲ့ခွငျးဒဏျခံနိုငျဖို့ သညျးခံနိုငျဖို့ လိုတယျ။ တဈယောကျထဲနတေဲ့အခါ ကိုယျ့ခန်ဓာအကွောငျး ကိုယျသိနဖေို့ လိုတယျ။ ဝဖေနျမှုတှေ ငွငျးခုံမှုတှေ သုံးသပျမှုတှနေဲ့ အခြိနျတှကေို မဖွုနျးမိပါနဲ့။ ဝဖေနျခငြျရငျ ကိုယျ့ခန်ဓာကိုယျပဲ ဝဖေနျပါ။ သုံးသပျခငြျရငျ ကိုယျ့ကိုယျကိုပဲ သုံးသပျပါ။ ကဲ့ရဲ့ခငြျရငျ ကိုယျ့ရဲ့မကောငျးမှုကိုပဲ ကဲ့ရဲ့လိုကျပါ။ ခြီးမှမျးခငြျရငျ ကိုယျ့ရဲ့ကောငျးမှုကို ခြီးမှမျးလိုကျပါ။ သားမယားကွားမှာ ပစ်စညျးဥစ်စာတှကွေားမှာ အမြားသူငါနဲ့ နရေတဲ့ကွားမှာ ဆိုတော့ သမငျဂြိုလိုတော့ သှားရမှာပေါ့လေ။ စိတျဓာတျခိုငျမာဖို့တော့ လိုတယျပေါ့နောျ။ မဖွဈနိုငျဘူး မလုပျနိုငျပါဘူး ဆိုပွီး မသှားဘဲတော့ မနပေါနဲ့ ဒကာကွီး။ ဘာဖွဈလို့လဲဆိုတော့ ဒီခန်ဓာက အသဘေကျကို မနားတမျး ပွေးနလေို့။ ကိုယျကသာ အကွောငျးအမြိုးမြိုးပွပွီး နေ့ရှေ့ညရှေ့ လုပျနပေမေယျ့ အခြိနျနဲ့ သလေမျးက မနားတမျးပွေးသှားနတော။ နားခြိနျ ရပျနတေဲ့အခြိနျဆိုတာ မရှိဘူးတဲ့။ ဒါကွောငျ့ "ဒါန သီလ"လောကျနဲ့ တငျးတိမျမနဘေဲနဲ့ ခန်ဓာက တောမထှကျနိုငျတောငျ ကိလသောတောက ရုနျးထှကျလိုကျပါ ဒကာကွီး့့့ သံသရာလှတျလမျး ရှာလိုကျစမျးပါ ဒကာကွီး့့့ ကာမေ ကာမသေနာယြယေ ကာလော ကာလောမတဋေ်ဌိတာ ပူရေ ပူရတေဗ်ဗံ ဓမ်မံ အဒ်ဓါ အဒ်ဓါန သံသရံ။ ကာမသေနာယြယေ - သောကျလငေတျလေ ဆားငံရသေို့ ငါးထှအောရုံ ကာမဂုံကို တောျရုံနှိုငျးခွငျ့ သငျ့ရုံနှငျ့မနေ အထှထှေရှောမှီးသဖွငျ့။ မေ - ငါ့အား။ ကာ - အဘယျမှာလြှငျ သံသရာလမျးကွောငျး ကောငျးနိုငျဖို့ ရှိပါတော့မညျနညျး။ ကာလော- အသကျကိုခှငျး စကျကွိုးသှငျးသညျ့ သမေငျးယုတျ အမိုကျဆိုးကွီးသညျ။ ဧယြ - နှဈ…လ…နေ့ရကျ မခြိနျးခကြျဘဲ ဆကျဆကျကွီး လာရောကျတော့မညျတကား။ အမတဋေ်ဌိတာ- စကျရှငျသမေငျး သူ့လကျတှငျးက လှတျကငျးဝေးကှာ ခမြျးသာရာကို ခန်ဓာအသကျ မငဲ့ကှကျဘဲ ရကျရကျရဲရဲ အားခဲ၍ ရှာမှီးခွငျးငှာ။ ကာလော - သီးမြိုးစုံ ပဒသောဘဝ ခုတှေ့ရ၍ နေ့ညမကှာ ခြိနျခါသငျ့မွတျလှပပွေီ။ အဒ်ဓါနံ - ဘဝ ဘဝါ ဤမြှသာဟု သငျ်ခြာဂဏနျး ဆုံးခနျးမရှိ ရှညျလြားစှာ ကာလပတျလုံး(ဝါ) နာပှဲ သပှေဲ ခြိမျ့ခြိမျ့သဲ၍ ထပျလဲပူပနျ သိမ့ျသိမ့ျညံသော သံသရာခရီး လမျးရှညျကွီး၌။ သံသရံ - မွုပျခညြျပေါျခညြျ အတညျမနား သံသရန်တော ဆုံလညျနှားသို့ ကကြျစားရသူ ရှငျလူ အမြားသညျ။ ပူရတေဗ်ဗံ - စ လယျ ဆုံး သုံးပါးလုံးပငျ ကောငျးစုံလငျ၍ တှငျတှငျဆညျးပူး အထူးဖွညျ့ကငြျ့အပျသော။ ဓမ်မံ - ကြှတျဖို့ဧကနျ တရားမှနျကို။ အဒ်ဓါ - မခြှတျမလှဲ တဈသနျထဲသာလြှငျ။ ပူရေ ပူရယြေ- ဥခေါငျးလောငျမီး အရေးကွီးသို့ သုတျသီးသုတျပွာ ပါယျနှငျ့ကှာအောငျ ဘာဘာကိုမြှ မယုယဘဲ စိတျခြ၍သာ ဖွညျ့ကငြျ့ ဆညျးပူးကွရာသတညျး။ ဒကာတောျ သူငယျခငြျးတဈယောကျ အမွငျမှနျမှသညျ အမှနျမွငျဆီသို့ ရောကျနိုငျပါစေ။ မတေ်တာမြားစှာဖွငျ့- ဦးဓမ်မသာရ(ဆေးသဲ့တောငျ) #ဓမ်မနှဈသကျသူ


via အလင်းရောင် ဓမ္မ https://ift.tt/344gDjq