အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 22, 2019
သီလစင်ကြယ်၍ ရဟန္တာဖြစ်သူ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻 လောကီရေး ရှုပ်ထွေး သာဝတၳိပြည်၌ အသပြာသန်းလေးရာချမ်းသာသော သန်းကြွယ် သဌေး ညီအစ်ကို နှစ်ယောက် ရှိ၏။ ညီငယ်က အိမ်ထောင်ပြု၍ အစ်ကိုကြီးက အိမ်ထောင်မပြုပဲ ညီငယ်ကို စောင့်ရှောက်နေ၏။ တနေ့တွင် ရှုပ်ထွေး ပွေလိမ်လှသော လောကီရေး ကိစ္စတွေကို အပြစ်မြင်ကာ ငြီးငွေ့လှသဖြင့် အစ်ကိုကြီးက ရဟန်း ပြုပြီးလျှင် တောရကျောင်း၌ တရား အားထုတ်နေ၏။ ဝိသမလောဘကြောင့် အမှား အမှန်ကို မခွဲခြားနိုင်သော ခယ်မက ထို ရဟန်းတော် လူထွက်လာလျှင် အမွေခွဲပေးရမည်စိုးသောကြောင့် လူဆိုးများအား ငွေပေး၍ ရဟန်းတော်ကို အသက်ခိုင်း၏။ လူဆိုးများသည် ရဟန်းတော်ရှိရာ တောသို့သွား၍ နေဝင် မိုးချုပ် အချိန်တွင် ရဟန်းတော်ကို သတ်ရန် ဖမ်းဆီးကြ၏။ ရဟန်းတော်က တည တရား အားထုတ်ခွင့်ပြု၍ နံနက်လင်းမှသတ်ရန် တောင်းပန်၏။ လူဆိုးများက မယုံကြည်ကြ။ ထွက်ပြေးလိမ့်မည်ဟု ထင်ကြ၏။ ရဟန်းတော်က အနီးရှိ ကျောက်တုံးကြီး တခုကို ကောက်ယူကာ ပေါင် နှစ်ဘက်စလုံးကို ထုရိုက်၍ ချိုးပစ်လိုက်မှပင် လူဆိုးများ ယုံကြည်စိတ်ချကာ စင်္ကြံဦး၌ မီးဖို၍ အိပ်လျက် စောင့်နေကြတော့၏။ သီလကို ဆင်ခြင် ရဟန်းတော်သည် ပေါင်ကျိုးသောဒဏ်ရာမှ နာကျင်သော ဝေဒနာကို ရှုမှတ်လျက် ခွာပြီးလျှင် ရဟန်း ဖြစ်သည်မှ စ၍ ပွတ်သစ်စ ခရုသင်းကဲ့သို့ဖြူစင်လှသော မိမိ၏ သီလကို ဆင်ခြင်မိသဖြင့် စိတ်ကြည်လင်ရွှင်လန်းကာ နှစ်သက် ဝမ်းမြောက်မှု ပီတိပါမောဇ္ဇတွေ တဖွားဖွား ဖြစ်ပေါ်လာ၏။ ထို နှစ်သက် ဝမ်းမြောက် စိတ်တွေကို ရှုမှတ်ပြန်ရာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဉာဏ်တွေ ရှင်းလင်းပြတ်သားစွာ ဖြစ်ပေါ်လာပြီးနောက် မိုးသောက်ယံတွင် ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်သွား၏။ ရဟန်းတော်၏ ဘွဲ့တော်မှာ အရှင်တိဿ ဖြစ်၏။ ဤ အရှင်၏ ဖြစ်ရပ်ကို ကြည့်လျှင် သီလ စင်ကြယ်ခြင်းကြောင့် စိတ်ကြည်လင် ရွှင်လန်းရာမှ အကျိုးအဆက်ဆက် ဖြစ်ပေါ်ကာ အရဟတ္တဖိုလ် အထိ ရရှိသွားသည်ကို တွေ့ရ၏။ လူတိုင်း ဆောက်တည်သင့် ဤမျှ အကျိုးကြီးမားသော သီလကို လူတိုင်း ကြိုးစား၍ ဆောက်တည် စောင့်ထိန်းသင့်ပေသည်။ မိမိ ဘာသာလည်း ဆောက်တည်ကောင်း၏။ ရဟန်းတော်တပါးပါးထံ၌လည်း ခံယူ ဆောက်တည်နိုင်၏။ မိမိ ဘာသာဆောက်တည်လျှင် လေးနက်မှု ရိုသေမှု အားပျော့၍ စောင့်စည်းစိတ် အားနည်း၏။ ရဟန်းတော် တပါးပါးထံ၌ ခံယူဆောက်တည်လျှင် လေးနက်မှု ရိုသေမှု အားကောင်း၍ စောင့်စည်းစိတ် ထက်သန်၏၊ အားကြီး၏။ မဆောက်တည်လျှင် အပြစ် မကင်းသော အလုပ်ကို မလုပ်ပဲ ရှောင်ကြဉ်ရာ၌ သီလ မဆောက်တည်ပဲလည်း ရှောင်ကြဉ်နိုင်၏။ ထို့ကြောင့်ပင် တချို့က " တို့မကောင်းမှုတွေမှ မလုပ်ပဲ၊ သီလ ဆောက်တည်နေဖို့၊ ဥပုသ်စောင့်နေဖို့ မလိုပါဘူး " ဟု ယူဆ ပြောဆိုတတ်ကြ၏။ ဤသို့ ယူဆ ပြောဆိုကြခြင်းမှာ မိမိ၏ ဟာကွက်ကို ဖာထေးလိုသောကြောင့် သော်လည်းကောင်း၊ လူ့စိတ် သဘာဝကို နားမလည်သောကြောင့် သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။ ခြားနားချက် လူ၏ စိတ်သဘာဝမှာ "မလုပ်ပါဘူး" ဟုနှုတ်က ထုတ်ဖော် ဝန်ခံထားသော အလုပ်တခုကို ကျူးလွန် ပြုလုပ်ရမည်ကို အလွန် ဝန်လေး၏။ မလုပ်မိအောင် အတတ်နိုင်ဆုံး စောင့်စည်း ထိန်းသိမ်းလိုစိတ် ထက်သန်၏။ နှုတ်က ထုတ်ဖော် ဝန်ခံမထားပဲ "မလုပ်ပါဘူး" ဟု စိတ်ဖြင့်သာ နှလုံးသွင်းထားရုံမျှ ဖြစ်လျှင် ပြုလုပ်ရမည်ကို ဝန်မလေးပေ။ ကျူးလွန်လိုစိတ် အနည်းငယ်ဖြစ်ရုံမျှနှင့်ပင် လွယ်လွယ်ဖြင့် ကျူးလွန် ပြုလုပ်တတ်ကြ၏။ ထို့ကြောင့် သီလကို ဆောက်တည်၍ မကောင်းမှု မပြုမိအောင် စောင့်ထိန်းလျှင် စောင့်ထိန်းလိုစိတ် အားကောင်း၍ လွန်ကျူး ဖောက်ဖျက်ရန် ခဲယဉ်း၏။ 'မကောင်းမှုကို မပြုလုပ်ခြင်းသာ ပဓာန' ဟု ယူဆကာ သီလကို မဆောက်တည်လျှင် စောင့်ထိန်းလိုစိတ် အားသေး၍ မကောင်းမှုကို ကျူးလွန်ရန် လွယ်ကူ၏။ မူရင်း credit 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏 သီလစင္ၾကယ္၍ ရဟႏၲာျဖစ္သူ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ေလာကီေရး ႐ႈပ္ေထြး သာဝတၳိျပည္၌ အသျပာသန္းေလးရာခ်မ္းသာေသာ သန္းၾကြယ္ သေဌး ညီအစ္ကို ႏွစ္ေယာက္ ရွိ၏။ ညီငယ္က အိမ္ေထာင္ျပဳ၍ အစ္ကိုႀကီးက အိမ္ေထာင္မျပဳပဲ ညီငယ္ကို ေစာင့္ေရွာက္ေန၏။ တေန႔တြင္ ႐ႈပ္ေထြး ေပြလိမ္လွေသာ ေလာကီေရး ကိစၥေတြကို အျပစ္ျမင္ကာ ၿငီးေငြ႕လွသျဖင့္ အစ္ကိုႀကီးက ရဟန္း ျပဳၿပီးလွ်င္ ေတာရေက်ာင္း၌ တရား အားထုတ္ေန၏။ ဝိသမေလာဘေၾကာင့္ အမွား အမွန္ကို မခြဲျခားႏိုင္ေသာ ခယ္မက ထို ရဟန္းေတာ္ လူထြက္လာလွ်င္ အေမြခြဲေပးရမည္စိုးေသာေၾကာင့္ လူဆိုးမ်ားအား ေငြေပး၍ ရဟန္းေတာ္ကို အသက္ခိုင္း၏။ လူဆိုးမ်ားသည္ ရဟန္းေတာ္ရွိရာ ေတာသို႔သြား၍ ေနဝင္ မိုးခ်ဳပ္ အခ်ိန္တြင္ ရဟန္းေတာ္ကို သတ္ရန္ ဖမ္းဆီးၾက၏။ ရဟန္းေတာ္က တည တရား အားထုတ္ခြင့္ျပဳ၍ နံနက္လင္းမွသတ္ရန္ ေတာင္းပန္၏။ လူဆိုးမ်ားက မယံုၾကည္ၾက။ ထြက္ေျပးလိမ့္မည္ဟု ထင္ၾက၏။ ရဟန္းေတာ္က အနီးရွိ ေက်ာက္တံုးႀကီး တခုကို ေကာက္ယူကာ ေပါင္ ႏွစ္ဘက္စလံုးကို ထု႐ိုက္၍ ခ်ိဳးပစ္လိုက္မွပင္ လူဆိုးမ်ား ယံုၾကည္စိတ္ခ်ကာ စႀကႍဦး၌ မီးဖို၍ အိပ္လ်က္ ေစာင့္ေနၾကေတာ့၏။ သီလကို ဆင္ျခင္ ရဟန္းေတာ္သည္ ေပါင္က်ိဳးေသာဒဏ္ရာမွ နာက်င္ေသာ ေဝဒနာကို ႐ႈမွတ္လ်က္ ခြာၿပီးလွ်င္ ရဟန္း ျဖစ္သည္မွ စ၍ ပြတ္သစ္စ ခ႐ုသင္းကဲ့သို႔ျဖဴစင္လွေသာ မိမိ၏ သီလကို ဆင္ျခင္မိသျဖင့္ စိတ္ၾကည္လင္ရႊင္လန္းကာ ႏွစ္သက္ ဝမ္းေျမာက္မႈ ပီတိပါေမာဇၨေတြ တဖြားဖြား ျဖစ္ေပၚလာ၏။ ထို ႏွစ္သက္ ဝမ္းေျမာက္ စိတ္ေတြကို ႐ႈမွတ္ျပန္ရာ အနိစၥ၊ ဒုကၡ၊ အနတၱ ဉာဏ္ေတြ ရွင္းလင္းျပတ္သားစြာ ျဖစ္ေပၚလာၿပီးေနာက္ မိုးေသာက္ယံတြင္ ကိေလသာ ကုန္ခန္း၍ ရဟႏၲာ ျဖစ္သြား၏။ ရဟန္းေတာ္၏ ဘြဲ႕ေတာ္မွာ အရွင္တိႆ ျဖစ္၏။ ဤ အရွင္၏ ျဖစ္ရပ္ကို ၾကည့္လွ်င္ သီလ စင္ၾကယ္ျခင္းေၾကာင့္ စိတ္ၾကည္လင္ ရႊင္လန္းရာမွ အက်ိဳးအဆက္ဆက္ ျဖစ္ေပၚကာ အရဟတၱဖိုလ္ အထိ ရရွိသြားသည္ကို ေတြ႕ရ၏။ လူတိုင္း ေဆာက္တည္သင့္ ဤမွ် အက်ိဳးႀကီးမားေသာ သီလကို လူတိုင္း ႀကိဳးစား၍ ေဆာက္တည္ ေစာင့္ထိန္းသင့္ေပသည္။ မိမိ ဘာသာလည္း ေဆာက္တည္ေကာင္း၏။ ရဟန္းေတာ္တပါးပါးထံ၌လည္း ခံယူ ေဆာက္တည္ႏိုင္၏။ မိမိ ဘာသာေဆာက္တည္လွ်င္ ေလးနက္မႈ ရိုေသမႈ အားေပ်ာ့၍ ေစာင့္စည္းစိတ္ အားနည္း၏။ ရဟန္းေတာ္ တပါးပါးထံ၌ ခံယူေဆာက္တည္လွ်င္ ေလးနက္မႈ ရိုေသမႈ အားေကာင္း၍ ေစာင့္စည္းစိတ္ ထက္သန္၏၊ အားႀကီး၏။ မေဆာက္တည္လွ်င္ အျပစ္ မကင္းေသာ အလုပ္ကို မလုပ္ပဲ ေရွာင္ၾကဥ္ရာ၌ သီလ မေဆာက္တည္ပဲလည္း ေရွာင္ၾကဥ္ႏိုင္၏။ ထို႔ေၾကာင့္ပင္ တခ်ိဳ႕က " တို႔မေကာင္းမႈေတြမွ မလုပ္ပဲ၊ သီလ ေဆာက္တည္ေနဖို႔၊ ဥပုသ္ေစာင့္ေနဖို႔ မလိုပါဘူး " ဟု ယူဆ ေျပာဆိုတတ္ၾက၏။ ဤသို႔ ယူဆ ေျပာဆိုၾကျခင္းမွာ မိမိ၏ ဟာကြက္ကို ဖာေထးလိုေသာေၾကာင့္ ေသာ္လည္းေကာင္း၊ လူ႕စိတ္ သဘာဝကို နားမလည္ေသာေၾကာင့္ ေသာ္လည္းေကာင္း ျဖစ္ေပလိမ့္မည္။ ျခားနားခ်က္ လူ၏ စိတ္သဘာဝမွာ "မလုပ္ပါဘူး" ဟုႏႈတ္က ထုတ္ေဖာ္ ဝန္ခံထားေသာ အလုပ္တခုကို က်ဴးလြန္ ျပဳလုပ္ရမည္ကို အလြန္ ဝန္ေလး၏။ မလုပ္မိေအာင္ အတတ္ႏိုင္ဆံုး ေစာင့္စည္း ထိန္းသိမ္းလိုစိတ္ ထက္သန္၏။ ႏႈတ္က ထုတ္ေဖာ္ ဝန္ခံမထားပဲ "မလုပ္ပါဘူး" ဟု စိတ္ျဖင့္သာ ႏွလံုးသြင္းထား႐ံုမွ် ျဖစ္လွ်င္ ျပဳလုပ္ရမည္ကို ဝန္မေလးေပ။ က်ဴးလြန္လိုစိတ္ အနည္းငယ္ျဖစ္႐ံုမွ်ႏွင့္ပင္ လြယ္လြယ္ျဖင့္ က်ဴးလြန္ ျပဳလုပ္တတ္ၾက၏။ ထို႔ေၾကာင့္ သီလကို ေဆာက္တည္၍ မေကာင္းမႈ မျပဳမိေအာင္ ေစာင့္ထိန္းလွ်င္ ေစာင့္ထိန္းလိုစိတ္ အားေကာင္း၍ လြန္က်ဴး ေဖာက္ဖ်က္ရန္ ခဲယဥ္း၏။ 'မေကာင္းမႈကို မျပဳလုပ္ျခင္းသာ ပဓာန' ဟု ယူဆကာ သီလကို မေဆာက္တည္လွ်င္ ေစာင့္ထိန္းလိုစိတ္ အားေသး၍ မေကာင္းမႈကို က်ဴးလြန္ရန္ လြယ္ကူ၏။ မူရင္း credit 🙏ခရီး သည္ မ်ားအားလံုးပဲ့ မဂၤလာပါ ခင္ဗ်ာ 🙏 🙏ျပန္လည္မ်ွေဝသူ ခရီး သည္ 🙏
via အလင္းေရာင္ ဓမၼ https://ift.tt/2W3JTUY
Newer Post
Older Post
Home